Malwarebytes' Anti-Malware Pro 1.70.0.1100 Final

ဒီ Malwarebytes ဆော့ဝဲလ်လေးကတော့ စက်ကိုလေးအောင် ၊ ဟမ်းအောင်လုပ်တတ်တဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်ရှင်းလင်းပေးနိုင်တဲ့ နေရာမှာ အတော်လေး အသုံးဝင်ပါတယ်.. အရင်တုန်းကလည်း ဗါးရှင်းအဟောင်းတခု တင်ပေးထားဖူးပါတယ်..။ တချို့က ပြန်ဒေါင်းယူလို့ မရတော့တဲ့ အကြောင်း Cbox မှာ ခဏခဏ ရေးပေးထားပါတယ်..။ ဒီနေ့တော့ နောက်ထပ်အသစ်ထွက်လာတဲ့ ဗါးရှင်းအသစ်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ အသုံးပြုပုံ အစအဆုံးကို အရင်ပိုစ့်ဖြစ်တဲ့ Malwarebytes Anti-Malware PRO 1.65.0 ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ ပြန်ကြည့်ပေးပါ..။ အသုံးပြုနည်း အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရမယ့် Keygen လေး ထည့်ပေးထားပါတယ်..။ ဆော့ဝဲလ်ကို Install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပါ..။ Minimize ကျနေတဲ့ Task Bar မှ Trail Icon ထဲမှာပါ Exit နဲ့ ထွက်ပစ်လိုက်ပါ..။ ပြီးတော့မှ Keygen ကိုအရင်ဖွင့်ပါ.. Keygen ဖွင့်ပြီးမှ Install ထည့်ထားတဲ့ ဒီ Malwarebytes' Anti-Malware Pro 1.70.0.1100 Final ဗါးရှင်းကို ဖွင့်ပါ..။ Keygen ထဲက Key တွေကို copy-paste နဲ့ ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ.. အောက်မှာလည်း ပုံလေးတွေနဲ့ Keygen ထည့်တာကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.8 MB ရှိပါတယ်..။ 

AVG Internet Security Business Edition 2013 - 13.0.2793 Build 5877

ဒီကောင်လေးက မနေ့က တင်ပေးလိုက်တဲ့ ကောင်လေးထက်ပိုပြီး အစွမ်းထက်တဲ့ AVG Internet Security Business Edition 2013 ပါ..။ အသုံးပြုပုံကတော့ မနေ့က ကောင်လေးနဲ့ အတူတူပါပဲ..။ ဒီကောင်လေးက Business Edition မို့ မနေ့က ကောင်လေးထက် ဖိုင်ဆိုဒ်လည်း ပိုများပါတယ်..။ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာလည်း နာမည်ရှိတဲ့ ဆော့ဝဲလ်ကောင်လေးမို့.. Windows 8 အသုံးပြုသူများ အတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်ကောင်းလေးလည်း ဖြစ်တာကြောင့် ဒီနေ့ဒီကောင်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ မိမိတို့ ဝင်းဒိုးနဲ့ အဆင်ပြေမယ့် ဗါးရှင် 32-bit လား၊ 64-bit ဆိုတာကို အောက်က ဒါရိုက်ဒေါင်းလော့လင့်မှာ ရေးပေးထားပါတယ်.. ဒီကောင်လေးအတွက် keys တွေကိုလည်း အရင်ဒေါင်းလော့လင့်ထားတဲ့ စာမျက်နှာမှာ တင်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. အောက်မှာလည်း Keys ထည့်ပြထားပြီး အသုံးပြုပုံကို မနေ့ကပိုစ့်မှာ ဖေါ်ပြထားပြီးသားမို့ ဒီနေ့ပိုစ့်မှာတော့ အနည်းအကျဉ်းမျှသာ လုပ်ပြထားပါတယ်..။ နောက်တခုက Patch /Crack/keygen တွေကို ဖွင့်သုံးချင်တဲ့အခါ အရင်ဆုံး ဒီကောင်လေးကို Temporary Disable ပေးထားမှ အဲ့ဒီဖိုင်တွေကို ဖွင့်သုံးလို့ ရမှာပါ..။ အဲ့လိုလုပ်တတ်အောင်လည်း ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. 

AVG Internet Security 2013 - 2013.0.2677a5774

 AVG Antivirus ကို အရင်တုန်းက အစ်ကိုတစ်ယောက် တောင်းထားဖူးပါတယ်..။ ဖူးမရပဲ Trail ဗါးရှင်းတွေပဲ ရလာလို့ တင်မပေးတာပါ..။ ဒီကောင်လေးကတော့ AVG Internet Security 2013 အတွက်ပါ..။ Full သုံးလို့ ရမယ့် Keys တွေအများကြီး ထည့်ပေးထားပါတယ်..။ အောက်မှာ ဒီကောင်လေးကို Key ထည့်ပြထားးပြီ.. အသုံးပြုတတ်အောင်လို့ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. မိမိတို့ ဝင်းဒိုးရဲ့ ဗါးရှင်းအလိုက် 32-bit or 64-bit သက်ဆိုင်ရာ ဗါးရှင်းကို ရွေးပြီး ဒေါင်းယူပါ..။ ဆော့ဝဲလ်ကို မူရင်းဆိုဒ်ကနေ ဒါရိုက်လင့်ကို ဒေါင်းယူလို့ ရအောင် လင့်ပြန်ချိတ်ပေးထားပါတယ်.. သူ့အတွက် keys တွေကို ဒေါင်းလော့လင့် တင်ပေးထားတဲ့ စာမျက်နှာမှာ ဖေါ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..
အရင်တုန်းက အကိုတစ်ယောက်လည်း Windows 8 မှာ Antivirus ထည့်သုံးလို့ မရဘူးလို့ မေးဖူးပါတယ်.. ဒီ AVG Internet Security 2013 ကို ကျနော် Windows 8 နဲ့ အသုံးပြုပြထားတာပါ.. Windows 8 အသုံးပြုသူများအတွက် အဆင်ပြေစေမယ့် Antivirus ပရိုဂရမ်လေး တစ်ခုပါပဲ.. နောက်တခုက ဒီကောင်လးကို ထည့်ပေးပြီးရင် IDM အလုပ်လုပ်ဖို့ သူ့ရဲ့ Setting ထဲမှာပါ လိုက်ပြောင်းပေးရပါတယ်..။ အားလုံး အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Kaspersky All Version Keys 2012-2013 (21 December 2012)


ဒီဇင်ဘာ ၂၁ ရက်နေ့ထွက် နောက်ဆုံး Kaspersky All Version Keys 2012-2013 ကီးတွေပါ..။ ဒီဖိုင်လေးထဲမှာ Kav Remover Tool လေးပါ ထည့်ပေးထားပါတယ်..ဒီ Tool လေးနဲ့ Kaspersky Products တွေကို ပြန်ထုတ်ချင်တဲ့အခါ အလွယ်လေး ပြန်ထုတ်ပစ်လို့ ရမှာဖြစ်ပါတယ်..။ Key Files တွေများလွန်းတဲ့အတွက် မိမိတို့ အဆင်ပြေရာနဲ့သာ ဖူးလုပ်ပြီး အသုံးပြုပါ.. Kaspersky ဆော့ဝဲလ်ကိုတော့ မူရင်းဆိုဒ်မှာပဲ နောက်ဆုံးဗါးရှင်းတွေကို ဒေါင်းယူလိုက်ပါ.. ဒီလင့်မှာပါ.. http://usa.kaspersky.com/downloads/product-updates ၊ အောက်ကလင့်မှာလည်း ဒေါင်းယူလို့ ရပါတယ်.. http://www.kaspersky.com/productupdates မိမိတို့ အသုံးပြုချင်တဲ့ ဗါးရှင်းကို ရွေးပြီးဒေါင်းယူပါ..။ ကျနော်နမူနာတခု ဒေါင်းယူပြထားတဲ့ ပုံလေးတွေကို အောက်မှာ ကြည့်ကြည့်ပါ.. Keys တွေ၊ Key Files တွေထည့်နည်းကို အရင်တုန်းက တင်ပေးဖူးတဲ့ Kaspersky Antivirus 2013 ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ ပြန်ကြည့်ပေးပါ..။ ဒီ Keys တွေနဲ့ Key Files တွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က 2 MB ပဲရှိပါတယ်..

ESET NOD32 Antivirus & ESET Smart Security - User Name and Password (Product Keys)

ESET NOD32 Antivirus နဲ့ ESET Smart Security ဆော့ဝဲလ်တွေကို မူရင်းဆိုဒ်တွေမှာ သွားဒေါင်းယူလို့ ရအောင် အောက်မှာ လင့်ချိတ်ပေးထားပါတယ်.. မိမိတို့ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်ကို ရွေးပြီးဒေါင်းယူပါ.. ပြီးရင်တော့ အောက်က ဒေါင်းလော့လင့်ကနေ ဒီကောင်လေးတွေကို ၃လကျော် ဖူးသုံးလို့ ရမယ့် User Name နှင့် Password တွေကို သွားယူပြီးထည့်ပေးလိုက်ပါ.. ဒီကောင်လေးကို အသုံးပြုတတ်အောင်လို့ ကျနော် အစအဆုံး အောက်မှာ ပုံလေးတွေနဲ့ လုပ်ပြထားပါတယ်.. ဒီအမျိုးအစားကလည်း ဗိုင်းရပ်စ်သတ်တဲ့ ပရိုဂရမ်တွေထဲမှာ နာမည်ကြီးတဲ့ ဆော့ဝဲလ်ကောင်းတမျိုးပါပဲ.. အရင်တုန်းက ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် လိုက်ရှာဖူးပါတယ်.. သူ့အတွက်ရလာတဲ့ Crack တို့ ၊ Activator တို့က ရှာလို့တော့တွေ့တယ်..။ ဒီကောင်လေးတွေကို ဖူးသုံးလို့ ရအောင် လုပ်မပေးနိုင်ပါဘူး..။ ဒါကြောင့် တောင်းတဲ့လူရှိခဲ့ပေမယ့် ကျနော်တင်မပေးတာပါ.. အခုဒီ User Name နဲ့ Password တွေကျတော့ ကျနော်စမ်းသုံးကြည့်တာ အဆင်ပြေနေလို့.. ကျနော့်စက်မှာ Install ထည့်ထားပြီးသားကို ပြန်ထုတ်ပြီး.. အစအဆုံး ပုံလေးတွေနဲ့ လုပ်တတ်၊ အသုံးပြုတတ်အောင်  ပြန်ပြပေးထားပါတယ်..။ လုပ်ရတာတော့ မခက်ပါဘူး.. အားလုံကို အစအဆုံးပြပေးထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ မူရင်းဆိုဒ်မှာ သွားဒေါင်းယူလိုက်ပါဗျာ.. User Name နဲ့ Password ကိုလည်း ဒေါင်းလော့လင့် နေရာကနေ သွားယူနိုင်ပါတယ်..။

Picture Collage Maker Pro 3.3.7.3600

Picture Collage Maker ဆိုတဲ့အတိုင်း မိမိတို့ရဲ့ ပုံလေးတွေကို စိတ်ကြိုက် ဒီဇိုင်းမျိုးစုံ ဖန်တီးပြီး သုံးလို့ရတဲ့အတွက် အားလုံးပဲ အကြိုက်တွေ့လိမ့်မယ် ထင်ပါတယ်..။ နောက်ခံဒီဇိုင်းမျိုးစုံ ၊ ဖရိန်မျိုးစုံကို မိမိတို့ ပုံလေးတွေ တပုံမက အများကြီး ထည့်ပြီး JPEG ဓါတ်ပုံဖေါ်မတ်နဲ့ ထုတ်ယူလို့ ရသလို.. မိမိတို့ ကွန်ပျူတာ Desktop မှာလည်း မိမိတို့ ဖန်တီးထားတဲ့ နောက်ခံဖရိန်ပုံလေးတွေကို Wallpaper အဖြစ်ပါ တခါတည်း ထုတ်သုံးလို့ ရတဲ့အတွက် ကျနော်လည်း သဘောကျတဲ့ ကောင်လေးပါ..။ ဖရိန်ဒီဇိုင်းမျိုးစုံပါတဲ့ အတွက် စိတ်ကြိုက်ရွေးပြီး အသုံးပြုလို့ ရအောင် အောက်မှာ ဖရိန်လေးတွေကို ပြပေးထားပြီး.. ဒီကောင်လေးအတွက် ဖူးသုံလို့ရမယ့် Key လေးကိုပါ Notepad လေးနဲ့ ထည့်ပေးထားပါတယ်.. အသုံးပြုပုံကို ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်အောင် ပြပေးထားပါတယ်..။ သွက်လက်တဲ့ လူတွေအတွက် အသုံးပြုပုံကို မလိုအပ်ပေမယ့်.. ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးမပြုတတ်သေးတဲ့ သူများအတွက်တော့ ဒီကောင်လေးကို တခါတည်း အသုံပြုတတ်သွားအောင်လို့ ကျနော် ပုံလေးတွေနဲ့ နားလည်လွယ်အောင် လုပ်ပြပေးထားပါတယ်.. နောက်တခုက ကျနော်တင်ပေးထားတဲ့ ဘယ်ပိုစ့်ကိုပဲ ကြည့်ကြည့် ပုံတွေကိုပဲ ကြည့်တာမျိုးမဟုတ်ပဲ.. စာတွေပါ လော့လာဖတ်ပေးဖို့ လိုပါတယ်.. တချို့နေရာတွေမှာ ပုံတွေနဲ့ ပြပေးမှ အဆင်ပြေ၊ နားလည်နိုင်သလို တချို့နေရာတွေကျတော့ စာတွေလိုက်ဖတ်ပေးမှ နားလည်သဘောပေါက်မှာပါ..။ ဒါကြောင့်မို့ စာရော၊ ပုံရော တွဲပြီး လေ့လာမယ်ဆိုရင် မြန်မြန်ဆန်ဆန် လုပ်တတ်ကိုင်တတ်မှာ သေချာပါတယ်.. အခုဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 72.8 MB ရှိပါတယ်.. ကျနော့် Blog ညာဘက်အခြမ်း အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားတဲ့ ဖိုင်တွေ ဒေါင်းလော့ချနည်းပိုစ့်အတိုင်း ဒီဖိုင်ကို ဒေါင်းယူရမှာပါ..

Yamicsoft Windows7 Manager 4.1.9 Final (With Microsoft .Net Framework 4.0.30319)

အရင်ဆုံး သိဖို့လိုတာက ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကနေစပြီး အသုံးပြုလို့ ပြီးတဲ့အထိ အင်တာနက်လိုင်းကို ပိတ်ထားရပါမယ်.. လိုင်းဖွင့်လိုက်တာနဲ့ Full မဖြစ်တော့ပါဘူး..။ အဲ့ဒါလေးကို တချက်သတိပြုပါ..။ ဒီပရိုဂရမ်က ဖူးသုံးလို့ မရပါဘူးလို့ ပြောကြမှာ စိုးလို့ပါ.. ဒီကောင်လေးကို အသုံးပြုတိုင်းမှာ Connection ပိတ်ထားပြီးမှ အသုံးပြုရင် ဖူးသုံးလို့ ရပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုဖို့နဲ့ သူ့ထဲမှာပါတဲ့ Keygen ကို ဖွင့်သုံးနိုင်ဖို့ဆိုရင်.. စက်တော်တော်များများမှာ Microsoft .Net Framework ဆိုတဲ့ ဆော့ဝဲလ်တခု လိုပါလိမ့်မယ်.. အရင်တုန်းက တင်ပေးခဲ့တဲ့ Windows 7 Manager တခြားဗါးရှင်းတွေမှာ ဒီ MS .Net Frame ကို တင်ပေးခဲ့ပေမယ့် လင့်တွေပျက်ကုန်လို့ ပြန်ဒေါင်းလို့ မရတော့ပါဘူး.. ဒါကြောင့် ကျနော် Microsoft .Net Framework 4.0.30319 ကို ဒီဆော့ဝဲလ်နဲ့အတူ ပြန်တင်ပေးထားပါတယ်.. မူရင်း Microsoft ဝဘ်ဆိုဒ်မှာလည်း ဒီ .Net Framework ကို သွားယူလို့ ရပါတယ်.. Free ပေးပါတယ်..။ အခုဒီ Windows7 Manager 4.1.9 အသုံးပြုပုံကို အရင်ပိုစ့်တွေဖြစ်တဲ့ Windows7 Manager 4.1.3 နဲ့ Windows7 Manager 4.0.5 Portable ပိုစ့်တွေမှာ သွားပြန်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကတော့ နောက်ဆုံးထွက် Version လေးပါ..။ Windows 7 အတွက် အများကြီး သုံးလို့ရတဲ့အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြထားပါတယ်.. အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ .Net Framework က 41 MB ရှိပြီး.. Windows7 Manager 4.1.9 ကတော့ 9.1 MB ရှိပါတယ်..။ ဒေါင်းလော့ အဆင်မပြေသေးတဲ့ သူများကတော့ ဒေါင်းလော့ချနည်းပိုစ့်ကို Blog ညာဘက် အပေါ်ဆုံးမှာ ပြန်ကြည့်လိုက်ပါဗျာ..
ဒီပိုစ့်ရဲ့အောက်မှာတော့ ကျနော် ဖူးဖြစ်အောင် ဆော့ဝဲလ်နဲ့ .Net Framework ကို Install ထည့်ပြီးတဲ့အခါ Keygen နဲ့ ဖူးဖြစ်အောင် လုပ်ပြထားပါတယ်.. အသုံးပြုပုံကတော့ အရင်ပိုစ့်တွေမှာပဲ ပြန်ကြည့်ပေးပါ..

Internet Download Manager 6.14 Final Build 3




IDM က Update လေးထပ်ထွက်လာပြန်ပါတယ်..။ Internet Download Manager 6.14 Final Build 3 ပါ..။ ထုံးစံအတိုင်း ဒီဖိုင်လေးထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးထားတယ်..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို ကျနော့် Blog ရဲ့ ညာဘက် အပေါ်ဆုံးမှာ IDM ကို Patch ဖိုင်ဖြင့် ဖူးဗါးရှင်း ဖြစ်အောင်လုပ်နည်း နာမည်နဲ့ ရှာရလွယ်အောင် လင့်ချိတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ IDM ကို Update ပေးမိလို့ ဖူးသုံးလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် အဆင်ပြေအောင်လို့ ဒီလို နောက်ဆုံးထွက် လေးတွေကို ယူရလွယ်အောင် တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်.. ဒီဖိုင်ကို Blog ညာဘက်အခြမ်း အပေါ်မှာ လင့်ပြန်ချိတ်ပေးထားတဲ့  ဒေါင်းလော့ချနည်းပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..။ 

Ashampoo Burning Studio 12.0.3.0 Final

အရင်တင်ပေးထားခဲ့တဲ့ ဗါးရှင်းတွေက 9 နဲ့ 11 ပါ.. ဒီကောင်လေးကိုတော့ နောက်ဆုံးထွက် ဗါးရှင်းလေး Ashampoo Burning Studio 12.0.3.0 Final ပါ.. ကျနော်တို့ CD/DVD အခွေကူးချင်တဲ့ သူများအတွက် အသုံးပြုရလွယ်ကူတဲ့ အသုံးဝင်ဆော့ဝဲလ်ကောင်းလေးပါ.. အသုံးပြုနည်းကို အရင်တင်ပေးခဲ့ဖူးတဲ့ အခွေကူးနည်းလမ်းညွှန်ပိုစ့် ထဲက အတိုင်း အသုံးမပြုတတ်သေးတဲ့သူများ လေ့လာပြီး အသုံးပြုနိုင်ပါတယ်..။နောက်ပြီး ရုပ်ရှင်တွေကို Slide Show ဖန်တီးပြီး DVD နဲ့ Blu-ray Disc တွေမှာပါ တခါတည်း Burn လို့ ရပါတယ်.. ဝင်းဒိုးခွေတွေလို ISO ဖိုင်တွေ၊ ကူးပြီးသားခွေတွေကို ပြန်ဖျက်တာတွေ၊ Covers တွေ၊ Backup+Restore လုပ်တာတွေပါ အများကြီးသုံးလို့ ရပါတယ်..။ ဖူးသုံးလို့ရအောင် ဒီဖိုင်ထဲမှာ သူ့အတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်.. အရင် Patch ထည့်နည်းတွေနဲ့ အတူတူပါပဲ..။ Antivirus တွေကို ပိတ်ထားပြီးမှ  Patch ဖိုင်ကို ဖွင့်သုံးပါ..။ ဒီပိုစ့်မှာတော့ Patch မထည့်တတ်သေးတဲ့ သူများ၊ မသိသေးတဲ့ သူများအတွက် အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 170 MB ရှိပါတယ်.. ဒီဖိုင်ကို ဒေါင်းလော့ချနည်း ပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..

Business Cards MX.4.74 FINAL

ဒီကောင်လေးကတော့ Business Cards လေးတွေ ပြုလုပ်ချင်တဲ့ သူများအတွက် အဆင်ပြေစေမယ့် ကောင်လေးပါ..။ မိမိတို့ စိတ်ကြိုက် ဖရိန်လေးတွေကို ရွေးချယ်ပြုလုပ်လို့ရမယ့် ၊ ဒီဇိုင်းမျိုးစုံပါတဲ့ အသုံးပြုရတာလည်း လွယ်ကူတဲ့ ပရိုဂရမ်ကောင်းလေး တခုပါ.. သူ့အတွက် Full သုံးလို့ရမယ့် Key လေးကို Notepad လေးနဲ့ ထည့်ပေးထားပါတယ်.. အောက်မှာ ကျနော် အသုံးပြုပုံကို အနည်းငယ် ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 88 MB ရှိပါတယ်.. ဒေါင်းလော့ချနည်း ပိုစ့်ကို Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားတာ ဖြစ်တဲ့အတွက် ဒေါင်းလော့မယူတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်ကို အရင်ပြန်ကြည့်လိုက်ပါဗျာ.. အဆင်ပြေသွားပါလိမ့်မယ်..။

Format Factory 3.0.0 Final

ဟိုးအရင် ကျနော် Blog စလုပ်ခါစ အချိန်တုန်းက Format Factory ဆော့ဝဲလ်ကို တင်ပေးထားခဲ့ဖူးပါတယ်.. အဲ့ဒီပိုစ့်မှာ Youtube မှ သီချင်းများ Hand Phone ထဲသို့ထည့်နည်း ခေါင်းစဉ်နဲ့ ဒီဆော့ဝဲလ်ရဲ့ အသုံးပြုပုံကိုလည်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. ပြန်ကြည့်ချင်တဲ့သူများနဲ့ ဒီဆော့ဝဲလ်ကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ ဒီနေရာကနေ ပြန်ဝင်ကြည့်နိုင်ပါတယ်.. DVD/VCD ထဲက သီချင်တွေနဲ့ You Tube ကသီချင်းတွေကို ဖေါ်မတ်အားလုံးနီးပါး Convert ပြောင်းပေးနိုင်တဲ့ အတွက် လူတိုင်းကြိုက်တဲ့ ကောင်လေးပါ..။ ကျနော်လည်း ကွန်ပျူတာ စသုံးတတ်စ ကတည်းက အသုံးပြုလာတာ အခုချိန်ထိ အသုံးပြုနေတုန်းပါပဲ.. အသုံးပြုရတာ အဆင်ပြေ၊ လွယ်ကူတဲ့အတွက် ဖရီးတွေထဲမှာတော့ တန်ဖိုးရှိတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က နောက်ဆုံးထွက်ဆိုတော့ အရင်ကောင်တွေထက် ပိုများပါတယ်.. 51 MB ရှိပါတယ်..။ အောက်မှာတော့ ကျနော်စက်ထဲမှာ ဖေါ်မတ်ပြောင်းပြီးတဲ့အခါ Desktop မှာ အလွယ်ထုတ်ယူလို့ ရအောင်.. သူ့ရဲ့ Option ထဲဝင်ပြီး အနည်းငယ်ပြောင်းထားတာကို ဖေါ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို Blog ညာဘက် ထိပ်ဆုံးမှာ လင့်ချိတ်ပေးထားတဲ့ ဒေါင်းလော့ချနည်းပိုစ့်အတိုင်း ဒေါင်းယူရမှာပါ.. ဒေါင်းလော့ အဆင်မပြေတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ.. 

CCleaner Standard 3.26.1888


ဒီကောင်လေးကတော့ နောက်ဆုံးထွက်လာတဲ့ Update လေးပါ..။ အသုံးပြုပုံကတော့ အရင်တုန်းက တင်ပေးထားခဲ့တဲ့ ပိုစ့်အတိုင်းပါပဲ.. အသုံးပြုရတာလွယ်ပြီး Computer နဲ့ Browser တွေကို သွက်လက်မြန်ဆန်စေတဲ့ Tools လေးမို့လို့ Update ရတိုင်း ၊ (အရင်ပိုစ့်အဟောင်းတွေက ဒေါင်းလော့လင်တွေ အဆင်မပြေတော့လို့) ပြန်တင်ပေးလိုက်တာပါ.. အသုံးပြုနည်းကို မသိသေး ၊ မလုပ်တတ်သေးတဲ့သူများကတော့ အရင်ပိုစ့်ကို ဒီနေရာ ကနေ ပြန်ဝင်ကြည့်လိုက်ပါဗျာ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်က 4 MB ရှိပါတယ်.. ဒေါင်းလော့ချနည်းပိုစ့်ကို Blog ညာဘက်အခြမ်း အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားပါတယ်.. အဲ့ဒီနည်းအတိုင်း ဒီဖိုင်ကို ဒေါင်းယူရမှာပါ..။

Funny Photo Maker 2.2.1.0


ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို Photoshine ဆော့ဝဲလ်လိုမျိုး နောက်ခံ ဘက်ဂရောင်း ဖရိန်တွေ အများကြီးနဲ့ အလှဆုံးဖြစ်အောင် လုပ်ယူလို့ ရပါတယ်.. ဒီဇိုင်းမျိုးစုံ၊ ပိုက်ဆံပုံ(ဒေါ်လာပုံ)၊ လအလိုက် ပြက္ခဒိန်ပုံတွေနဲ့ တိရိစ္ဆန်ပုံလေးတွေပါ တော်တော်များများ ပါပါတယ်..။ နောက်ပြီး အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ဇော်ဂျီဖေါင့်နဲ့ မြန်မာစာလုံး အလှ၊ဒီဇိုင်းတွေပါ ဖန်တီးယူလို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..  ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ.. ဘား Key မှ ထည့်ပေးဖို့ လိုတဲ့ Full ဖြစ်ပြီးသားလေးပါ.. အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်..။ အောက်မှာ ကျနော်စမ်းထားတာလေးတွေကို ပုံလေးတွေနဲ့ ဖေါ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. Connection က ကျလိုက်၊ တက်လိုက်နဲ့မို့ လင့်တခုပဲ ရှိပါသေးတယ်.. နောက်ရက်တွေမှာ နောက်ထပ်လင့်တခု ထပ်တင်ပေးထားပါမယ်.. ဒီဖိုင်ကို ဒေါင်းလော့ချနည်း ပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..

ပျက်သွားတဲ့ ဒေါင်းလော့လင့်မှ Software File များပြန်တင်ပေးထားပါသည်

ပျက်သွားတဲ့ ဒေါင်းလော့လင့် ဖိုင်တွေထဲက တချို့တဝက်ကို ဒီနေ့ ပြန်တင်ပေးလိုက်ပါတယ်.. Cbox နဲ့ Comment တွေမှာ ပြန်တင်ပေးဖို့ တောင်းထားတဲ့ စာတွေကိုတော့ တောင်းတဲ့လူ များနေလို့ ပြန်မဖေါ်ပြတော့ပါဘူး.. မိမိတို့ လိုအပ်တဲ့ ဆော့ဝဲလ် ပါမပါ အောက်မှာ ကြည့်ပြီး ဒေါင်းယူနိုင်ပါတယ်..။  လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. နောက်ထပ် ပြန်တင်ပေးဖို့ တောင်းထားတဲ့.. တင်ပေးဖို့ ကျန်နေသေးတဲ့ ဖိုင်တွေကိုလည်း မကြာခင်ပြန်တင်ပေးထားပါမယ်..
Cyberlink Power Director 9
Webcam Max
Business Card Maker
All Adobe CS6 (crack) Activator
Windows 7 Manager
MS .Net Frame Work For Windows 7 Manager
Super Copier
Extreme  Cope
IDM 6.0.0 Beta Portable
IDM 6.9 Beta 3 Portable
On Screen Keyboard

GOM Player 2.1.47.5133



ဒီကောင်လေးကတော့ GOM Player နောက်ဆုံးထွက် Update အသစ်လေးပါ..။ VLC Media Player လိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ဖေါ်မတ်အားလုံးနီးပါးကို Support ပေးထားတဲ့အတွက် လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေးပါပဲ.. သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ.. ဒီနေ့မှပဲ တင်ပေးဖြစ်တော့တယ်..။ Windows Media Player နဲ့ FLV ဖေါ်မတ်သီးချင်းတွေကို ဖွင့်မရတဲ့အတွက် ဒီကောင်လေးကို အရင်သုံးဖူးလို့ ကျနော့်ဆီက နောက်ဆုံး Update လေးကို တင်ပေးဖို့ တောင်းထားတာပါ..။ ဒီ GOM Player လေးကတော့ FLV ဖေါ်မတ်သီချင်းတွေကိုလည်း ဖွင့်လို့ရပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.9 MB ရှိပါတယ်.. 

Internet Download Manager 6.14 Final Build 2


Internet Download Manager 6.14 Final Build 2 နောက်ထပ် ထပ်ထွက် လာပြန်ပါပြီ..။ ဒီဖိုင်ထဲမှာ Patch ဖိုင် လေးခု ထည့်ပေးထားပါတယ်.. တခုခုနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်.. IDM ကို Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်း ပိုစ့်ကို IDM 6.12 Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်.. မသိသေး၊ မလုပ်တတ်သေးတဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ.. IDM Update ပေးမိသူများနဲ့ IDM နောက်ဆုံးထွက် လေးတွေ မရှိသေးတဲ့သူမျးအတွက် အဆင်ပြေအောင်လို့ Update ထွက်တိုင်း တင်ပေးနေတာပါ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5. MB ရှိပါတယ်.. ဒီဖိုင်ကို ဒေါင်းလော့ချနည်း ပိုစ့်အတိုင်း ဒေါင်းယူရမှာ ဖြစ်ပါတယ်.. ဖိုင်တွေ ဒေါင်းလော့ချနည်းပိုစ့်ကို ကျနော့် Blog ရဲ့ Side Bar  ညာဘက်ထိပ်ပိုင်းမှာ လင့်ပြန်ချိတ်ပေးထားပါတယ်.. ဒေါင်းလော့အဆင်မပြေတဲ့ သူများ ဒေါင်းလော့ချနည်း ပိုစ့်ကို အလွယ်ပြန်ရှာကြည့်လို့ ရအောင်လို့ပါ..

KJ121026 - Windows 8 Activator

အီးတီ    11 December 2012 00:38
Install လုပ်မှာလား မေးတော့ ကီးဘုတ်မှ Y ကီးကို နှိပ်လိုက်ပါတယ် ဒါပေမယ့် ဘာမှထပ်မကျလားဘူး ဖြစ်နေတယ် update လဲ ပိတ်ထားတယ် အင်တာနက်လဲ ပိတ်ထားတယ် အကြိမ်ကြိမ်အခါခါလုပ်ကြည့်တယ် မရဘူး ဖြစ်နေတယ်ဗျာ အဲဒါ ဘယ်လို ဆက်လုပ်ရင်ကောင်းမလဲ အကြံပေးပါဦးဗျာ 
ဒီ Comment လေးကတော့ အရင်တင်ပေးထားခဲ့တဲ့ Windows 8 Activator ပိုစ့်မှာ ရေးထားခဲ့တဲ့ ကိုအီးတီရဲ့ Comment လေးပါ.. ဒီိနေ့တင်ပေးလိုက်တဲ့ Windows 8 Activator က နောက်တမျိုးပါ..။
ဒီကောင်လေးကတော့ ကျနော့်ဆရာဆီရောက်တုန်းက တောင်းလာတဲ့ Windows 8 Activator လေး.. ကျနော်အရင်တင်ပေးထားတဲ့ Windows 8 Activator က တချို့ Windows 8 ဗါးရှင်းတွေမှာ အလုပ်မလုပ်နိုင်ပါဘူး.. အဲ့ဒါကိုလည်း နောက်ပိုင်းမှ သိလာရတာပါ.. စသုံးတုန်းကတော့ ကျနော့်ဆီမှာ အဆင်ပြေလို့ တင်ပေးထားတာပါ.. နောက်ပိုင်းတော့ သူငယ်ချင်း အများစုက တချို့ဗါးရှင်းတွေမှာ အလုပ်မလုပ်တဲ့အကြောင်း ပြောလာကြလို့ နောက်ပိုင်းရထားတဲ့ထဲက စမ်းနေတာလည်း အဆင်မပြေ၊ အခုတော့ ကျနော့်ဆရာပေးလိုက်တဲ့ ဒီ Activator လေးနဲ့ အဆင်ပြေနေပြီ..။ သူငယ်ချင်း တစ်ယောက်စက်ကို Windows 8 တင်ပေးပြီး ဒီကောင်လေးနဲ့ လုပ်ပြထားတာပါ..။  ဒီ Activator တခုတည်းနဲ့ Windows 8 မှာ လိုအပ်တာလေးတွေ တော်တော်များများ သုံးလို့ရပါတယ်.. Windows 7 စတိုင် Gadgets တို့၊ Start Menu အတွက် 7 Style UI တို့၊ စက်ပိတ်ဖွင့် အလွယ်သုံး ShutDown Windows စတာတွေကို Desktop မှာ Right Click တချက်တောက်လိုက်တာနဲ့ အမြန်ဆုံး လုပ်ဆောင်လို့ ရသွားပါပြီ..။ အောက်မှာ ကျနော် သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. Windows 8 အတွက် လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 31.4 MB ရှိပါတယ်.. ဒီဖိုင်ကို ဒေါင်းလော့ချနည်းပိုစ့်ထဲက နည်းအတိုင်း ဒေါင်းယူရမှာပါ.. ဒေါင်းလော့မယူတတ်သေးတဲ့ သူများကလည်း အဲ့ဒီ ဒေါင်းလော့ချနည်းပိုစ့်ကို အရင်နားလည်အောင် ကြည့်ထားလိုက်ရင် နောက်ပိုင်း ဒေါင်းလော့ယူတာကို အလွယ်လေး အဆင်ပြေသွားပါလိမ့်မယ်..

HyperSnap 7.21.00 Final


 ဒီကောင်လေးကလည်း Blogger တွေအတွက် အသုံးဝင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ.. ကျနော်စမ်းသုံးကြည့်မိသလောက် အတော်လေး အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ကွန်ပျူတာ Desktop မှာ ပေါ်နေတဲ့ ပုံတွေကို မောက်စ်မျှားလေးပါ ပါအောင် ဓါတ်ပုံရိုက်ပြီး ယူလို့ရတဲ့ HyperSnap 7.21.00 Final နောက်ဆုံးထွက် လေးပါ.. အညွှန်းမျှားတွေထည့်ပြီး၊ ပုံကို Effect မျိုးစုံနဲ့ သပ်ရပ်လှပအောင် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ Ashampoo Snap 6 လို အသုံးပြုရ လွယ်ကူပါတယ်..။ သူ့အတွက် key ဖိုင်လေး၂ခု ထည့်ပေးထားပါတယ်.. ဒီ key တွေထည့်တော့မယ်ဆိုရင် အင်တာနက်လိုင်းကို အရင်ပိတ်ထားပြီးမှ ဒီပရိုဂရမ်ကို ဖွင့်ပြီး Key ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာ ကျနော် key ထည့်ပြထားပြီး ကျနော်စမ်းသုံးထားတဲ့ ပုံလေးတွေပါ နမူနာ ပြပေးထားပါတယ်..။ Effect တွေများလွန်းတဲ့အတွက် အားလုံးကို လုပ်ပြဖို့တော့ မဖြစ်နိုင်ပါဘူး.. ဒါကြောင့် အနည်းငယ် အသုံးပြုပြထား ပေးပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။ ဒီဖိုင်ကို ဒေါင်းလော့ချနည်း ပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..

Ashampoo Snap 6.0.3 Final

ဒီကောင်လေးကတော့ Ashampoo ကထုတ်တဲ့ Ashampoo Snap 6 နောက်ဆုံးထွက် ဗါးရှင်းလေးပါ.. ကျနော်တို့ Screenshot ရိုက်ထားတဲ့ ပုံတွေကို အညွှန်းတွေတပ်၊ မျှားတွေထည့်၊ စာတွေရေး စသဖြင့် အသုံးပြုလို့ ရတဲ့အတွက် Blog မှာ စာရေးတဲ့ Website သမားတွေအတွက် ပိုပြီး မသုံးတည့်စေမယ့် ကောင်လေးပါ..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ ဒီကောင်လေကို Install ထည့်ပြီးတာနဲ့ ဖွင့်လိုက်ရင် ကွန်ပျူတာ Screen မှာ ဒီကောင်လေးရဲ့ မုဝင်သွားပါလိမ့်မယ်.. အသုံးပြုမယ့်သူက ဓါတ်ပုံတွေ တပုံချင်းစီရိုက်ပြီး တခါတည်း လိုသလို ပြုပြင်ဖန်တီးယူလို့ ရတဲ့ သုံးရလွယ်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ.. သူ့အတွက် ဖူးဖြစ်အောင် လုပ်ဖို့ အထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ဖူးဖြစ်အောင် လုပ်နည်းကို ကျနော့် Blog မှာ အမြဲလာလည်နေတဲ့ သူများ အားလုံးလည်း သိပြီး၊ လုပ်တတ်လောက်ပြီမို့ အများကြီးလုပ်မပြတော့ပါဘူး.. အနည်းငယ်ကိုတော့ Full ဖြစ်တယ်ဆိုတာ သိအောင်လို့ ပုံနည်းနည်းနဲ့ ပြပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 28.3 MB ရှိပါတယ်.. ဒီဖိုင်ကို ဒေါင်းလော့ချနည်းပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..

IsoBuster Pro 3.1.0.0 Final


 ဒီကောင်လေးကို အရင်တုန်းကလည်း တခုတင်ပေးခဲ့ပါတယ်.. ကျနော်တို့ CD ထဲက သီချင်းတွေကို copy ကူးယူချင်တဲ့အခါ ကော်ပီကူးလို့ မရအောင် အခွေရောင်းတဲ့ဆိုင်တွေက ပိတ်ထားတတ်ကြပါတယ်.. အဲ့လို ပိတ်ထားတဲ့ CD ခွေထဲက သီချင်းတွေကို ဒီကောင်လေးနဲ့ copy ရအောင် ကူးယူလို့ အဆင်ပြေပါတယ်.. အသုံးပြုပုံကို အရင်တုန်းက တင်ပေးခဲ့တဲ့ IsoBuster 1.9.1 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ ဒီဗါးရှင်းနဲ့ လုပ်နည်းအတူတူပါပဲ.. အောက်မှာတော့ ကျနော်သူ့အတွက် Key နဲ့ Email တွေဖြည့်ပြထားပြီး ဖူးသုံးလို့ ရတဲ့ကောင်လေးပါ..။ အသုံးလိုတဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4. MB ရှိပါတယ်.. ဒီဖိုင်တွေကို ဒေါင်းလော့ချနည်း ပိုစ့်မှာ ရှင်းပြထားတဲ့အတိုင်း ဒေါင်းယူမှ အဆင်ပြေမှာပါ.. ဒေါင်းလော့ အဆင်မပြေတဲ့သူများကတော့ အဲ့ဒီ ဒေါင်းလော့ချနည်းပိုစ့်ကို ပြန်ကြည့်ပေးပါ.. အဆင်ပြေသွားပါလိမ့်မယ်..

BOOTMGR is missing Error - လက်တွေ့ဖြေရှင်းနည်း


ဒီဖြေရှင်းနည်းကို အရင်တုန်းကလည်း ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီတုန်းက ပိုစ့်မှာ Microsoft ကုမ္ပဏီက ထုတ်ပေးခဲ့တဲ့ နည်းနဲ့ လုပ်ပြပေးခဲ့တာဖြစ်ပြီး.. အခုဒီပိုစ့်မှာတော့ Microsoft ရဲ့ နည်းအပြင် ကျနော်တခြားနည်းတခုနဲ့ ထပ်ပေါင်းလိုက်လို့ အဆင်ပြေပြေ ဖြေရှင်းလို့ ရသွားတဲ့ နည်းလမ်းလေးမို့ လက်တွေ့ဖြေရှင်းနည်းလို့ ခေါင်းစဉ်တပ်လိုက်တာပါ..။ ဟိုးအရင်တုန်းက ဒီလိုနည်းလမ်းလေးတွေကို မသိခဲ့၊ မလုပ်တတ်ခဲ့စဉ်တုန်းက ဒီလိုဖြစ်လာရင် ဝင်းဒိုးအသစ်ပြန်တင်ပစ်လိုက်ပါတယ်.. ကျနော်ကိုယ်တိုင် ဒီလိုလုပ်ခဲ့တာပါ.. အခုဒီနည်းကို ရခဲ့တော့ ကျန်ခဲ့တဲ့ ၂ပါတ်လောက်က သူငယ်ချင်း တစ်ယောက်ရဲ့ စက်မှာ ဒီလို BOOTMGR is missing အယ်ရာပေါ်တဲ့အခါမှာ ဒီနည်းနဲ့ လက်တွေ့ဖြေရှင်းပေးလိုက်တာ အောင်မြင်ခဲ့ပါတယ်.. ဒါကြောင့် ဒီလို အယ်ရာမျိုးဖြစ်ပေါ်ခဲ့ရင် ဝင်းဒိုးထဲက မိမိတို့ရဲ့ Data တွေ မဆုံးရှုံးစေပဲ ဒီနည်းလေးနဲ့ ဖြေရှင်းလို့ ရအောင် ဒီနေ့ဒီပိုစ့်ကို အားလုံးအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေး တခုအဖြစ် ဖေါ်ပြပေးလိုက်ပါတယ်..။
နောက်တခုက ဒီလို BOOTMGR is missing အယ်ရာဖြေရှင်းဖို့ မိမိတို့စက်ကောင်းနေတဲ့ အချိန်မှာ မိမိတို့ကိုယ်တိုင် ဖန်တီးထားခဲ့တဲ့ System Repair Disc CD တချပ်လိုအပ်ပါတယ်..။ ဒီပိုစ့်ကို တင်ပေးရတဲ့ ရည်ရွယ်ချက်ထဲမှာ System Repair Disc ဖန်တီးထား၊ လုပ်ထားကြဖို့ သိစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်..။ System Repair Disc ပြုလုပ်ဖန်တီးနည်းကို အရင်တင်ပေးခဲ့တဲ့ ဝင်းဒိုး Recovery ပိုစ့်တွေမှာ ပုံလေးတွေနဲ့ ရှင်းပြပေးခဲ့ပြီးသားပါ.. လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်တွေကို ပြန်ကြည့်ပြီး ကိုယ်တိုင် System Repair Disc တွေဖန်တီးထားကြပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့ BOOTMGR is missing Error ပိုစ့်ကို ဒီပိုစ့်ကနေလည်း ပြန်ကြည့်လို့ ရပါတယ်..။ ဒီဖြေရှင်းနည်းလေးကို လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။

Internet Download Manager 6.14 Build 1 Final




IDM 6.14 Build 1 Final ဒီိနေ့ထွက် နောက်ဆုံး Update လေးပါ.. IDM ကို Update ပေးမိတဲ့သူများအတွက် အဆင်ပြေအောင် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်ပါတယ်..။ နောက်ပြီး IDM မရှိသေးတဲ့သူများလည်း အလွယ်တကူ ဒေါင်းယူအသုံးပြုနိုင်အောင်လို့ ဒီလိုနောက်ဆုံးထွက် လေးတွေကို တင်ပေးလိုက်ပါတယ်.. ဒီကောင်လေးအတွက် ဖူးလုပ်ပြီး အသုံးပြုလို့ ရမယ့် Patch နဲ့ Crack ဖိုင်လေးတွေပါ ဒီနောက်ဆုံးထွက်လေးထဲမှာ ထည့်ပေးထားပါတယ်.. မိမိတို့အတွက် အဆင်ပြေရာနဲ့သာ ဖူးဖြစ်အောင်လုပ်ပြီး အသုံးပြုကြပါ..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ လုပ်ပြထားပါတယ်.. မသိသေးတဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ.. နောက်တခုက Crack နဲ့ ဖူးဖြစ်အောင်လုပ်နည်းကိုလည်း Adobe CS6 အားလုံး ဖူးဖြစ်အောင်လုပ်နည်းပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးခဲ့ပါတယ်.. ဒီ Crack ဖိုင်လေးတွေကို 32-bit နဲ့ 64-bit အတွက် ၂မျိုးခွဲထည့်ပေးထားပါတယ်.. မိမိတို့ရဲ့ ဝင်းဒိုးဗါးရှင်းအတိုင်း ရွေးပြီးအသုံးပြုပေးလိုက်ပါ.. Crack ဖိုင်လေးကို IDM ရဲ့ C: >> Programs File >> IDM ထဲမှာ copy-paste နဲ့ထည့်ပြီးတဲ့အခါ အဲ့ဒီ crack ပေါ်မှာ Right Click >> Merge ကို တချက်ကလစ်ပေးလိုက်ရင် ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရသွားပါပြီ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..

မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း

ဒီနည်းလေးကလည်း Windows Recovery အတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ..။ ကျနော်တို့ အရင်တုန်းက Windows Image Backup File လုပ်နည်း ပိုစ့်မှာ ဟတ်ဒစ်ကို Partation တခုခွဲပြီး ၄င်း Partation ထဲမှာ  Image Backup File ကို သိမ်းတဲ့နည်းလေး ရေးပေးခဲ့ပါတယ်.. အဲ့ဒီနည်းနဲ့လည်း ဝင်းဒိုးအတွက် အဆင်ပြေသလို အခု ဒီနည်းကလည်း ဝင်းဒိုးအတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ.. တကယ်လို့ ကျနော်တို့ ဟတ်ဒစ်ထဲမှာ Partation တခုခွဲပြီး သိမ်းထားခဲ့တဲ့ Windows Image Backup File ဟာ Hard Disk ပျက်စီးသွားရင် ပြန်လည်ထုတ်ယူလို့ မရနိုင်တော့ပါဘူး.. အဲ့လိုအခါမျိုးတွေမှာ ဒီနည်းနဲ့ ဝင်းဒိုးကို DVD ချပ်တွေနဲ့ သိမ်းထားခဲ့မယ်ဆိုရင်.. Hard Disk ပျက်သွားလို့ Hard Disk နောက်တခု လဲသုံးတဲ့အခါမှာ ဒီ DVD ချပ်တွေထဲက မူရင်းအသုံးပြုခဲ့တဲ့ Original ဝင်းဒိုးကို အလွယ်တကူ Restore ပြန်လုပ်ပြီး ထုတ်သုံးလို့ ရမယ့် နည်းလမ်းကောင်းလေး တခုပါပဲ..။ အဲ့ဒီအတွက်တော့ DVD ခွေသစ် များများလိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ လက်ရှိအသုံးပြုနေတဲ့ ဝင်းဒိုးပေါ်မှာ မူတည်ပြီး ပရိုဂရမ်တွေများရင် များသလို DVD များများ လိုအပ်လို့ပါပဲ.. ကျနော်အခု လုပ်ပြထားတဲ့ စက်မှာတော့ DVD ၅ချပ် အသုံးပြုရပါတယ်..။ အရင်တုန်းက လုပ်ပေးခဲ့တဲ့ စက်မှာတော့ DVD ၃ချပ် ကုန်ပါတယ်.. ဘာလို့လဲဆိုတော့ အခုန ပြောသလို မိမိတို့ စက်ထဲမှာ Install ထည့်ထားတဲ့ ပရိုဂရမ် ဆော့ဝဲလ်တွေကြောင့် စက်တလုံးနဲ့ တလုံး မတူတာပါ..။ Install ထည့်ထားတဲ့ ပရိုဂရမ် တွေပေါ် မူတည်ပြီး DVD များများ လိုအပ်တာပါ..။ ဒါကြောင့် စက်အသစ်ဝယ်ဝယ်ချင်း (သို့မဟုတ်) ဝင်းဒိုးအသစ် တင်ပြီးပြီးချင်း ဘာဆော့ဝဲလ်မှာ Install မထည့်ရသေးတဲ့ အချိန်မျိုးမှာ ဒီလို DVD နဲ့ ဝင်းဒိုး Backup File လုပ်ထားရင် ပိုကောင်းပါတယ်.. အဲ့လိုဆိုရင် DVD ခွေလည်း ၃ချပ်လောက်ပဲ ကုန်ပါလိမ့်မယ်.. အခုဒီပိုစ့်မှာ လုပ်ပြထားတဲ့ ပုံတွေအတွက်တော့ DVD ဘယ်နှချပ်ကုန်မလဲဆိုတာ ကြိုမသိနိုင်လို့ ကျနော် DVD အခွေသစ် ၁၀ချပ်ကို လိုလိုမယ်မယ် အဆင်သင့် ပြင်ဆင်ထားတာပါ.. တကယ်ကုန်တာကတော့ ၅ ချပ်ကုန်ပါတယ်.. ပုံသေမမှတ်ပါနဲ့.. မိမိတို့စက်မှာ ဒီလိုလုပ်ရင်တော့ ၅ချပ်ထက်လည်း ပိုရင် ပိုကုန်နိုင်ပါတယ်.. ဒါကြောင့် DVD အခွေသစ် များများ စုထားပြီးမှ ဒီနည်းကို လုပ်ကြပါ.. ဒီနည်းကို အသုံးပြုဖို့ ဘာဆော့ဝဲလ်မှ မလိုပါဘူး.. ဒီအစီအစဉ်အတွက် Windows ထဲမှာ ပြုလုပ်ဖို့ Tools တွေပါပြီးသားပါ.. ဒီလုပ်နည်းကို လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..

Original Windows ဟုတ်၊မဟုတ် ဘယ်လို စမ်းစစ်မလဲ - Original Windows တွေမှာ Recovery Partation ကို Restore လုပ်နည်း

စာများလို့ စိတ်မညစ်ပါနဲ့ - ဗဟုသုတနဲ့ နည်းပညာလိုချင်ရင် စာများများဖတ်ပါ


ကျနော်ဒီလို ပိုစ့်လေးတွေကို တင်ပေးချင်နေတာ ကြာပါပြီ.. ဒါကတော့ ဗဟုသုတအတွက်ရော၊ မိမိတို့ကွန်ပျူတာမှာ မူရင်း(Original)ဝင်းဒိုး ဟုတ်မဟုတ်အတွက်ပါ.. စမ်းစစ်လို့ ရမယ့် နည်းလေးပါ.. တချို့က မိမိအသုံးပြုနေတဲ့ ဝင်းဒိုးဟာ မူရင်းလား.. ကော်ပီလားဆိုတာတောင် မသိကြပါဘူး.. ဒီလိုပဲ သုံးနေကြတာ သူများ Partation အပိုင်းခွဲဆိုခွဲတာပဲ၊ သူများက ဟတ်ဒစ်ကို Format ချဆိုချတာပဲ..၊ မိမိတို့ဝင်းဒိုးဟာ ဆိုင်ကဝယ်ကတည်းက ပါလာတဲ့ ကုမ္ပဏီက ထည့်ပေးလိုက်တဲ့ မူရင်းဝင်းဒိုးဆိုရင်တော့ Format ချတာတို့ ၊ Partation ခွဲတာတို့ လုပ်တာ အများကြီး သတိထားရပါတယ်.. ဘာလို့လဲဆိုတော့ ဟတ်ဒစ်အပိုင်းထဲမှာ မူရင်းဝင်းဒိုးအတွက် Recovery လုပ်ထားပေးတဲ့ Hidden Partition လို့ခေါ်တဲ့ Recovery Partation အပိုင်းကို မှားပြီး မဖျက်မိဖို့ပါပဲ.. မိမိတို့ဝင်းဒိုးဟာ အသုံးပြုတာ ကြာလာလို့ ဘယ်လောက်ပဲ ပျက်ပျက် ဒီမူရင်း ဝင်းဒိုးအတွက် Hidden Partition ထဲကနေ Recovery ဝင်းဒိုးကို ပြန်ခေါ်လိုက်ရင် ဝင်းဒိုးအသစ်တင်လိုက်သလိုပါပဲ.. မူရင်း(Original)ဝင်းဒိုးကို ပြန်ရမှာပါ.. အချိန်လည်း ကုန်တာသက်သာသလို Drivers တွေ လိုက်ရှာရတဲ့ ဒုက္ခကလည်း ကင်းဝေးပါတယ်..။ ဒီလိုမှ မဟုတ်ပဲ Partation တွေ Format ချပစ်လိုက်လို့ Hidden partition (Recovery) အပိုင်း ပါသွားရင်တော့ ဒီမူရင်းဝင်းဒိုးကို ဘယ်လိုမှ ပြန်ရှာလို့ မရနိုင်တော့ပါဘူး.. ကိုယ်က ဗဟုသုတရှိလို့ Image Backup File လုပ်ထားရင်တော့ နည်းနည်းတော်သေးပါတယ်.. ဘာမသိ၊ ညာမသိ သူများပြောတိုင်း Format ချုပစ်လိုက်ရင်တော့ မူရင်းဝင်းဒိုးကို ဆုံးရှုံးသွားပါပြီ.. အဲ့လိုဆိုရင်တော့ မူရင်းဝင်းဒိုးအတွက် တကယ်ပဲ နှမြောဖို့ ကောင်းပါတယ်.. တကယ်တော့ မူရင်းဝင်းဒိုးတွေဟာ ကော်ပီဝင်းဒိုးတွေထက် အများကြီး အားသာပါတယ်.. ဘယ်လိုတွေအားသာလဲဆိုတော့ ကျနော်စမ်းသပ်မိသလောက် ပြန်လည် ဝေမျှပေးခြင်းသာ ဖြစ်ပါတယ်.. မူရင်းဝင်းဒိုးတွေဟာ ကော်ပီဝင်းဒိုးတွေထက် စက်အဖွင့်၊ အပိတ် ပိုမြန်ပါတယ်.. ကော်ပီဝင်းဒိုးတွေထဲ Error တက်တာ နည်းပါတယ်.. ကော်ပီဝင်းဒိုးတွေမှာ Error ပိုများပါတယ်..။ နောက်ပြီး အမေရိကန်လို ဥရောပ နိုင်ငံမျိုးတွေမှာ ကော်ပီဝင်းဒိုး သုံးစွဲခွင့်မရှိပါဘူး.. အာရှမှာ အသုံးပြုနေတဲ့ ကော်ပီဝင်းဒိုးတွေ မေရိကန်လို နိုင်ငံမျိုးကို သယ်ဆောင်သွားခွင့် မရှိပါဘူး.. ကော်ပီဝင်းဒိုးတွေမှာ Activator တွေနဲ့ ကာပြီး အသုံးပြုကြတာ ဖြစ်တဲ့အတွက် ဝင်းဒိုး Update တွေကို ပိတ်ထားတတ်ကြပါတယ်.. Windows Update ပိတ်ထားတဲ့အတွက် ကော်ပီဝင်းဒိုးတွေမှာ Original Windows ထက် Error ပိုများရပါတယ်.. Windows Update လုပ်မိတာနဲ့ ကာထားတဲ့ Activator ကို ဖျက်ပစ်လိုက်လို့ Product Key တွေတောင်းပြီး Key မပေးနိုင်ရင် ရက်၃၀ ကြာတဲ့ အခါ Desktop မှာ မည်းသွားပါတယ်.. မူရင်းဝင်းဒိုးတွေမှာ ကျတော့ ဝင်းဒိုး Update လုပ်ပေးနိုင်လေ ကွန်ပျူတာရဲ့ အယ်ရာတွေ၊ ဗိုင်းရပ်စ်တွေနဲ့ Hack Tools တွေကို ပိုမိုကာကွယ်နိုင်လေ ပါပဲ..။ Windows Update က ဝင်းဒိုးကို ပိုမို Strong ဖြစ်စေပါတယ်..။
မိမိတို့ ကွန်ပျူတာ အသစ်တလုံး ဝယ်တဲ့အခါ မူရင်းဝင်းဒိုးလား၊ ကော်ပီဝင်းဒိုးလားဆိုတာ ကွန်ပျူတာ ပေါ်မှာ ကပ်ထားတဲ့ Windows 7 စတေကာ တဆိပ်ကို ကြည့်ပါ.. နောက်ပြီး ကွန်ပျူတာရဲ့ နောက်ကျောဘက်မှာ Producted Key ပါတဲ့ တဆိပ်ပြားကို ရှာကြည့်ပါ.. (အောက်မှာ ပုံနဲ့ပါ ပြထားပါတယ်) တချို့စက်တွေမှာ ဘက္ကထရီနေရာရဲ့ အတွင်းဘက်မှာ Producted Key တဆိပ်ပြားကို ကပ်ထားတတ်ပါတယ်..။ ရှာကြည့်ပါ.. မူရင်းဝင်းဒိုးတွေမှာ ဒီလိုတဆိပ်၂မျိုးပါပါတယ်.. အခုနောက်ပိုင်း တချို့က အတုတွေလုပ်လာကြပါတယ်.. အဲ့ဒီတော့ ကျနော်တို့က မဝယ်ခင်ကတည်းက အရင်မေးထားရပါမယ်.. မူရင်းဝင်းဒိုးလား ကော်ပီဝင်းဒိုးလားဆိုတာ မေးပါ.. အားမနာပါနဲ့.. မူရင်းလို့ပြောပေမယ့် တချို့က ကော်ပီဝင်းဒိုးတွေ ထည့်ပေးတတ်ကြပါတယ်.. မူရင်းဝင်းဒိုးအတိုင်းပဲ Cracked လုပ်ပြီး ထည့်ပေးတာပါ.. အဲ့လိုဆိုရင် ဝင်းဒိုးတင်တာ ဆော့ဝဲလ်ထည့်တာ တစ်နာရီလောက်တော့ စောင်းခိုင်းပါလိမ့်မယ်.. အဲ့လိုတစ်နာရီ စောင့်ခိုင်းရင်ကိုပဲ ဝင်းဒိုးအတုဆိုတာ သိလိုက်ပါ.. မူရင်းစက်ရုံထုတ်၊ ပါကင်ဖွင့်ဖွင့်ချင်း ပါလာတဲ့ မူရင်း ဝင်းဒိုးတွေဟာ ၅ မိနစ်ကျော်လေးပဲ ကြာပါတယ်.. စက်ကို ပါဝါဖွင့် Setting မှာ နာမည်ပေးယုံပဲ.. မိမိတို့ ရှေ့တင် လုပ်ပေးပါလိမ့်မယ်.. ဒါဆိုရင် မူရင်းဝင်းဒိုးပါ..။ ကော်ပီ ဝင်းဒိုးဆိုရင်တော့ လျှေက်ပါတ်လိုက်ပါအုန်း၊ တစ်နာရီနေမှ ပြန်လာခဲ့ပါလို့ ဆိုင်ကပြောပါလိမ့်မယ်.. ချွင်းချက်အနေနဲ့ ၁၀လက်မ ကွန်ပျူတာ အသေးလေးတွေမှာတော့ မိနစ်သုံးဆယ်လောက် ကြာတတ်ပါတယ်.. အဓိက သိထားရမှာက Original Windows တွေမှာ အပေါ်အောက် စတေကာ ၂ခုနဲ့၊ ဟတ်ဒစ်ထဲမှာ Recovery အတွက် Hidden Partation အပိုတခု ထည့်ပေးထားပါတယ်.. အဲ့ဒါကို တွေ့အောင်ရှာကြည့်ပါ.. (အောက်မှာ ပုံနဲ့ ပြထားပါတယ်) Recovery Partation ပါလာရင် ဝင်းဒိုးအစစ်ဆိုတာ သေချာသွားပါပြီ.. စက်အသစ်ဝယ်ကတည်းက ဆိုင်မှာ သေချာမေးလာရမှာက Recovery Partation ကို ဘယ်လို Restore ပြန်ထည့်ရမလဲ ဆိုတာပါ မေးလာရမှာပါ.. တချို့စက်တွေမှာ F9 ၊ တချို့စက်တွေကျ Alt+F10 ၊ တချို့စက်ကျ Ctrl+F12 စသဖြင့် မတူတဲ့အတွက် မိမိတို့ စက်အသစ်ဝယ်ကတည်းက မူရင်းဝင်းဒိုးဆိုရင် ဘယ် Keys တွေနဲ့ Restore ပြန်ထည့်ရလဲဆိုတာပါ သေသေချာချာ မေးထားပါ..။ ဒါမှ Recovery Partation ထဲက မူရင်းဝင်းဒိုး ပြန်ခေါ်တဲ့အခါ အလွယ်လေး အဆင်ပြေမှာပါ..။
Original Windows တွေအတွက် Recover ဝင်းဒိုးအသစ်အတိုင်း ပြန်ခေါ်နည်း၊ စမ်းစစ်နည်းလေးတွေကို မသိသေးတဲ့ သူများ အားလုံးပဲ အောက်ကပုံလေးတွေနဲ့ လေ့လာ မှတ်သားထားကြဖို့ လိုအပ်ပါတယ်..။

Adobe Photoshop CS6 Portable


 8 Dec 12, 02:02 PM
phoopwintwai:
XP 32bit မှာ CS6 Minus Frror ပြနေလို့ ဒေါင်းမရပါဘူး၊ ဖိုတိုရှော့သင်နေတာမို့ ဖြစ်နိုင်ရင် ပြန်တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်၊ ဒီဆိုဒ်ကနေ ပညာတွေအများကြီး လေ့လာသင်ယူခဲ့ပါတယ်၊ အဲဒီအတွက်လည်း အထူးကို ကျေးဇူးတင်ပါတယ်
 ဒီရက်ထဲမှာ ပျက်သွားတဲ့ ဒေါင်းလော့လင့်တွေ ပြန်တင်ရင်းနဲ့ အရင်တုန်းက Cbox မှာ တောင်းထားတဲ့ ဆော့ဝဲလ်တွေကို လိုက်ရှာနေပါတယ်.. ဒေါင်းလော့လင့်တွေ ပျက်ကုန်တာနဲ့ တိုက်ဆိုင်တာပဲလားတော့ မသိ။ အရင်တုန်းက ဆော့ဝဲလ်တခုကို ခဏလေးနဲ့ရှာလို့ အဆင်ပြေပေမယ့်.. အခုတော့ ဖူးဗါးရှင်းတွေ ရှာလို့ကို မရဖြစ်နေတယ်.. တောင်းထားတဲ့ ဆော့ဝဲလ်တွေ ရလာတာက Trial ဗါးရှင်းတွေ၊ ရက်၃၀ပဲ သုံးလို့ရတယ်.. အဆင်မပြေပြန်ဘူး.. အဲ့ဒီတော့ ရှိပြီးသားတွေထဲကပဲ ပြန်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ဒီနေ့တင်ပေးလိုက်တဲ့ Adobe Photoshop CS6 Portable က အရင်တုန်းက တင်ပေးထားဖူးတဲ့ CS6 တွေ မဟုတ်ပါ..။ ဒါက ကျနော် Blog မှာ မတင်ပေးဖူးသေးတဲ့ Photoshop CS6 - 168 MB ရှိပါတယ်.. နောက်ပိုင်းရထားတာလေးပါ.. အခုမှ တောင်းထားတဲ့ အစ်ကိုတစ်ယောက်က အရင် Photoshop CS6 တွေ ဒေါင်းလို့မရတော့ဘူး ဆိုလို့ ဒီကောင်လေးကို ရွေးပြီးတင်ပေးလိုက်တာပါ.. ဝင်းဒိုး 32-bit နဲ့ 64-bit ၂မျိုးစလုံးမှာ အလုပ်လုပ်ပါတယ်.. ကျနော် စက်နှစ်လုံးမှာ စမ်းပြီးသားပါ.. ဖိုင်ဆိုဒ်က နည်းနည်းများတဲ့အတွက် ကျနော်ဆီက အသုံးပြုနေတဲ့ Connection က Upload မှာ MB တစ်ရာကျော်ရင် အဆင်မပြေတဲ့အတွက် သူငယ်ချင်းတယောက်ဆီမှာ အကူအညီတောင်းပြီး Upload တင်ခိုင်းထားတာပါ.. ဒီဖိုင်လေးက ကျနော့် သူငယ်ချင်း တင်ပေးထားတဲ့ ဖိုင်လေးပါ.. အခုတော့ လင့်တခုပဲ တင်လို့ပြီးပါသေးတယ်.. နောက်ရက်တွေမှာ နောက်ထပ်လင့်တခု ထပ်တင်ပေးထားပါမယ်.. ဒေါင်းလော့ချယူနည်းကတော့ အရင်ရက်က ပိုစ့်တင်ပေးထားတဲ့ နည်းအတိုင်းပါပဲ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..

Yamicsoft Windows 8 Manager 1.0.1 FINAL

 sayaheintintzaw sayaheintintzaw; 3 December 2012 03:06
ကိုလွင်မင်းဗိုလ်ရေ ဒေါင်းလော့ မရဘူးဗျာ. Download not available File owner's public traffic exhausted. အဲဒီလို ပေါ်နေတယ် ။ ကျေးဇူးတင်ပါတယ်။ ခင်မင်လေးစားစွာဖြင့်
ကိုဟိန်းတင့်ဇော်
 ဒီ Comment လေးကတော့ Yamicsoft Windows 8 Manager 1.0.0 ပိုစ့်မှာ ရေးထားခဲ့တဲ့ Comment လေးပါ.. အရင်တင်ပေးခဲ့တဲ့ ဖိုင်တွေကို Upload ဆိုဒ်တွေက ဖျက်ပစ်လိုက်တဲ့ထဲမှာ ပါသွားတဲ့ Windows 8 Manager 1.0.0 ဗါးရှင်းအစား.. အခုဒီဗါးရှင်း Windows 8 Manager 1.0.1 နောက်ထွက် ဗါးရှင်းလေးကို ထပ်တင်ပေးလိုက်ပါတယ်.. ဒီကောင်လေးကို လင့်၃ခုမှာတင်ပေးထားတာမို့ တော်တော်ကြာကြာတော့ ခံလိမ့်မယ်ထင်ပါတယ်.. ဒီကောင်လေးရဲ့ အသုံးပြုပုံ တော်တော်များများနဲ့ ဖူးဖြစ်အောင် လုပ်နည်းကို အဲ့ဒီ Yamicsoft Windows 8 Manager 1.0.0
ပိုစ့်အဟောင်းမှာ ပြန်ကြည့်နိုင်ပါတယ်.. အသုံးပြုနည်း အတူတူပါပဲ..ဒီကောင်လေးထဲမှာ crack ဖိုင်နဲ့ Keygen ၂ခု ပူးတွဲပါရှိပါတယ်.. အရင်ဆုံး Crack ဖိုင်ကို အရင်ထည့်ပေးပါ.. ပြီးမှ Keygen ကိုဖွင့်ပြီး အထဲက Generate စာသားကို ကလစ်ပြီး ပေါ်လာတဲ့ Key တွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ကျနော် ပုံအနည်းငယ်နဲ့ ပြပေးထားပါသေးတယ်.. အပြည့်အစုံကိုတော့ ပိုစ့်အဟောင်းမှာ ပြန်ကြည့်ပေးပါ.. ဒီကေင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.6 MB ရှိပါတယ်.. ဒေါင်းလော့ချနည်းကတော့ ပိုစ့်တင်ပေးထားတဲ့ အတိုင်းပါပဲ..

CCLEANER PRO/BUSINESS EDITION 3.25.1872 FINAL

 ဒီကောင်လေးကတော့ Ccleaner Business Edition နဲ့ Professional Edition ၂မျိုးပါတဲ့ ကောင်လေးပါ..။ ဒီကောင်လေးအတွက် ဒေါင်းလော့ဖိုင်ထဲမှာ Crack နဲ့ Key လေးထည့်ပေးထားပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ကောင်လေးတွေက Free ဗါးရှင်းလေးတွေပါ.. အခုဒီကောင်လေးကတော့ ဖရီးမပေးတဲ့ ကောင်လေးပါ.. ဖရီးမပေးတာကို ဖရီးရအောင် ကျနော်တို့ Crack နဲ့ လုပ်ပြီး Key ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ.. အောက်မှာ ကျနော်လုပ်ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး အသုံးလိုတဲ့သူများ လိုက်လုပ်ကြည့်လိုက်ရင် အဆင်ပြေပြေ အသုံးပြုလို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးက ဘာအတွက်အသုံးဝင်လဲဆိုတာ အရင်ပိုစ့်အဟောင်းတွေမှာလည်း ရှင်ပြခဲ့ပြီးပါပြီ.. အဓိကကတော့ မိမိတို့ရဲ့စက်ကို လေးစေတဲ့ အမှိုက်တွေကို ရှင်းလင်းပေးတဲ့နေရာမှာ အတော်လေးကောင်းပါတယ်..။ အင်တာနက်တက်တဲ့ Browser တွေထဲက အမှိုက်တွေကိုပါ ရှင်းလင်းပေးတာ ဖြစ်လို့ ဒီကောင်လေးကို အသုံးပြုတဲ့အခါတိုင်း Browser တွေကို ပိတ်ထားပြီးမှ အသုံးပြုပေးပါ..။ အခုဒီပိုစ့်မှာတော့ Crack နဲ့ Key ထည့်ထားပြီး.. (Crack နဲ့ Key ထည့်တဲ့ အချိန်မှာ အင်တာနက်လိုင်း ပိတ်ထားပါ) အသုံးပြုပုံ အစုံအလင်ကို အရင်တုန်းက ပိုစ့်မှာ ဒီနေရာကနေ ပြန်ကြည့်ပေးပါ.. အသုံးပြုနည်းအတူတူပါပဲ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.1 MB ရှိပါတယ်.. ဖိုင်နာမည်ကို ဖရီးဂိမ်းနာမည် ပြောင်းတင်ပေးထားပါတယ်..။

WebcamMax v7.6.8.6 MultiLanguage

 ဒီကောင်လေးကတော့ အပေါ်ကပုံမှာ မြင်ရတဲ့အတိုင်း မိမိတို့ရဲ့ ပုံတွေကို ရုပ်ပြောင်လေးတွေ ဖန်တီးလို့ ရမှာ ဖြစ်ပါတယ်.. ကွန်ပျူတာရဲ့ ကင်မရာကနေ မိမိတို့ရဲ့ ပုံတွေကို မိမိတို့စိတ်ကြိုက် Effect တွေနဲ့ စိတ်ကြိုက် လုပ်ယူလို့ ရတဲ့ ကောင်လေးပါ.. သူ့အတွက် Patch ဖိုင်နဲ့ Keygen (Keymaker) ၂ခုထည့်ပေးထားပါတယ်.. ၂ခုစလုံးအသုံးပြုရမှာ ဖြစ်ပါတယ်.. ဒီကောင်တွေကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံးမိမိတို့ရဲ့ Antivirus (ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်ကိုပိတ်ထားပါ) တွေနဲ့ အင်တာနက်လိုင်းကို ခဏပိတ်ထားပြီးမှာ အသုံးပြုပါ.. ဖူးဖြစ်သွားပြီဆိုမှ လိုင်းပြန်ဖွင့်ပါ.. အောက်မှာ ကျနော် Patch နဲ့ Keymaker ထည့်နည်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 27.7 MB ရှိပါတယ်..။ ဖိုင်နာမည်ကို ဖရီးဂိမ်းနာမည် တခုပြောင်းပြီး တင်ပေးထားပါတယ်..

Folder Lock 7.1.8 Final

 Folder Lock 7.1.8 နောက်ဆုံးထွက်လေးပါ.. သူ့အတွက်အထဲမှာ Key လေးပါထည့်ပေးထားပါတယ်..။ အသုံးပြုပုံကို အရင်တုန်းက တင်ပေးထားတဲ့ Folder Lock 7.0.6 ဗါးရှင်းအဟောင်း ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ အောက်မှာ ကျနော် သူ့အတွက် Key လေးတွေကို ထည့်ပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.85 MB ရှိပါတယ်.. ဖိုင်နာမည်ကို ဖရီးဂိမ်းနာမည်နဲ့ ပြောင်းတင်ပေးထားပါတယ်..

Wondershare DVD Slideshow Builder Deluxe (Portable=Russia) (Setup=English) - Video Editing အခြေခံ


 ချစ်ဦး သူ  25 November 2012 18:30
အကို ရေ ကျွန်နော် နာမည် သီဟ ပါ ။ကျွန်နော် လိုချင်တာလေး တခုရှိလို့ပါ။ သီချင်းကနေပီတော့ mP4 သီချင်းလေး လုပ်ချင်လို့ပါ အကို အဲဒီဆော့ဝဲလ်လေး တင်ပေးပါလားနော် အကို ဓါတ်ပုံလေး ထည့်ပီစာလေး တွေပါ ထည့်ချင်တာပါ အကို အကို တင်ထားတာ က ကျွန်နော် သုံးလို့မတတ်ဘူး အရမ်းခက်တယ် ကျွန်နော် ကို လွယ်လွယ်လေးတင်ပေးပါလားနော် အကို
ကေးဇူးပါ အကို နေကောင်းပါစေနော် THIHAHTAYAUNG@GMAIL.COM ကပါ အကို ရေ

Reply
Replies
    lwinminbo 26 November 2012 20:54
 
 ကိုသီဟရေ. ပြောသလောက်မလွယ်ပါဘူး. အဲ့ဒီလို လုပ်တဲ့ ဆော့ဝဲလ်တိုင်း အသုံးပြုရတာ ခက်ပါတယ်.. စသင်ခါစ သူများအတွက် ခက်လွန်းနေလို့ မတင်ပေးတာပါ.. ကျနော်တခြား ဆော့ဝဲလ်တွေ ထပ်ရှာထားပါမယ်.. အသုံးပြုရလွယ်တာလေးတွေ ဆိုရင်တော့ တင်ပေးသွားပါမယ်..
    Min Aung Latt  27 November 2012 08:15
  အောက်က လင့်မှာ ပါတဲ့ software လေးက သူငယ်ချင်း ဖြစ်ချင်တဲ့ ပုံစံမျိုး အားလုံးလုပ်လို့ရတယ်.. လုပ်ကြည့်လိုက်ပါခင်ဗျာ..
    http://download.wondershare.net/dsb-deluxe_full965.exe
26 Nov 12, 01:21 PM
zaw:
Video Editing Programs မြန်မာစာတန်းထီုးရတဲ့ဆော့ဝဲလ်နဲ့ လုပ်နည်လေးရှိရင်တင်ပေးပါခင်ဗျာ ကျွန်တော်ဝါသနာပါလို့ပါ အကူညီပေးမဲ့သူမရှိလို့ပါ ကျေးဇူးတင်ပါတယ်...
2 Dec 12, 09:37 PM
zaw:
Video Editing Programs နဲ့ပတ်သတ်တဲ့ ဆာ့ဝဲလ်လေးတွေ တင်ပေးပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ.. ဆရာတယောက်လိုလေးစားပါတယ် ကျေးဇူးလဲတင်ပါတယ် အမြဲတမ်းကျန်းမာပြီး ပို့တွေမျဝေနိုင်ပါစေ.....
တောင်းတဲ့လူများလွန်းလို့ အရင်တုန်းက တောင်းထားတဲ့ စာတွေပြန်ရှာမရတော့ပါဘူး.. အခုပြန်ရှာလို့တွေ့တဲ့ Cbox နဲ့ Comment နေရာတွေက ရှာလို့တွေ့သလောက် ပြန်လည်ဖေါ်ပြပေးလိုက်တာပါ.. ဟိုးအရင်တုန်းကတည်းက တင်ပေးချင်ပေမယ့် ဒီလိုလွယ်လွယ်သုံးလို့ ကောင်းတဲ့ ဆော့ဝဲလ်မျိုးနဲ့ မကြုံကြိုက်ခဲ့ပါဘူး.. Video Editing ဆော့ဝဲလ်တိုင်း အသုံးပြုရခက်တာချည်းပါပဲ.. စသင်ခါစသူများအတွက် လွယ်ကူမယ့် ကောင်လေးတွေကို လိုက်ရှာရင်းနဲ့ ကျန်ခဲ့တဲ့တပါတ်က Comment မှာ ကို Min Aung Latt (27 November 2012 08:15) ကဒီဆော့ဝဲလ်ရဲ့လင့်လေးကို ပြန်လည်မျှဝေပေးခဲ့လို့ အားလုံးအတွက် အသုံးပြုရလွယ်တဲ့ Video Editing ဆော့ဝဲလ်ကောင်းလေးကို ရရှိခဲ့ပါတယ်..။ ကျနော်စမ်းသုံးရင်း တခြား Video Editing ပရိုဂရမ်းတွေထက်စာရင် အသုံးပြုရတာ အတော်လေးလွယ်လို့ ဒီကောင်လေးကို အခြေခံလေ့လာတဲ့ စသင်ခါစသူများအတွက် လေ့ကျင့်လို့ကောင်းမယ့် ဆော့ဝဲလ်ကောင်းလေးတခုအဖြစ် ဒီနေ့ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်.. အားလုံးအတွက် မျှဝေပေးခဲ့လို့ ကို Min Aung Latt ကိုကျေးဇူးတင်ပါတယ်ဗျာ.. နောက်များမှာလည်း ဒီလို ဆော့ဝဲလ်ကောင်းလေးတွေကို ပြန်ညွှန်းပေးခဲ့ဖို့ တောင်းဆိုပါတယ်..။ အခုဒီပိုစ့်မှာ တင်ပေးထားတာ Video Editing အတွက် ဆော့ဝဲလ်ကိုပဲ တင်ပေးထားတာ ဖြစ်ပါတယ်.. ဒီဆော့ဝဲလ်နဲ့ပါတ်သက်လို့ နည်းနည်းတော့ ပြောစရာရှိပါတယ်.. ကျနော်တင်ပေးလိုက်တဲ့ Setup ဗါးရှင်းက English လိုအသုံးပြုလို့ ရပါတယ်.. ဒါပေမယ့် Full သုံးလို့မရပါ.. သူ့အတွက် ထည့်ပေးထားတဲ့ Keygen နဲ့ရက်၃၀လျှော့သွားရင် ရက်၃၀ ပြန်ဖြည့်လို့ ရပါတယ်..။ နောက်တခု Portable ဗါးရှင်းကတော့ Full သုံးလို့ရပြီး English လိုမဟုတ်ပဲ Russia ဘာသာနဲ့ပဲ အသုံးပြုလို့ရပါတယ်.. အဲ့တော့ကျနော်က English ဘာသာနဲ့ပေါ်တဲ့ Install ဗါးရှင်းမှာ Video Edit ကိုပြင်ဆင်ပြီး Save Project နဲ့သိမ်းလိုက်ပါတယ်..။ ပြီးမှ Russia ဘာသာနဲ့ Portable ဗါးရှင်းမှာ ပြန်ထည့်ပြီးမှ Video Edit လုပ်ပြီးသားကို Video Slide Show ထုတ်လိုက်ပါတယ်.. ဒီလိုဆော့ဝဲလ် ဗါးရှင်း၂ခုပေါင်းပြီးသုံးမှ အဆင်ပြေသွားပါတယ်..။ Portable ဗါးရှင်းမှာ Russia ဘာသာကိုနားလည်ရင် (ဒါမှမဟုတ်) Functions တွေကို အလွတ်လုပ်တတ်သွားရင်တော့ English ဗါးရှင်းမလိုတော့ပါဘူး.. Portable တခုတည်းနဲ့ အဆင်ပြေပါတယ်.. အလွတ်မမှတ်မိသေးရင်တော့ (English) Install ဗါးရှင်းနဲ့ (Russia) Portable ဗါးရှင်းကို တွဲပြီးအသုံးပြုမှ အဆင်ပြေပါလိမ့်မယ်..။ ကျနော်အခု ဒီလိုလုပ်ပြထားပါတယ်.. အောက်က Video က Install (English) ဗါးရှင်းနဲ့ ထုတ်ထားတာဖြစ်ပြီး.. အပေါ်က Video က English ဗါးရှင်းနဲ့ လုပ်ထားတဲ့ Save Project ဖိုင်ကို Portable (Russia) ဗါးရှင်းထဲမှာ ပြန်သွင်းပြီး Video Slide Show ထုတ်ထားတာပါ.. ဒီ Video ၂ခုကို ယှဉ်ကြည့်လိုက်ရင် Install ဗါးရှင်းနဲ့ Portable ဗါးရှင်း ကွာခြားချက်ကို တွေ့ရပါလိမ့်မယ်.. နောက်ပြီး ဖိုင်တခုစီမှ 30 MB ကျော်စီပဲရှိတဲ့အတွက် ၂ခုတွဲသုံးလို့လည်း အဆင်ပြေပါတယ်.. တခြား Video Editing ပရိုဂရမ်တွေက 1 GB နီးပါးကနေ၊ 2 GB ကျော်ထိရှိတတ်ပါတယ်.. အဲ့လိုဖိုင်ဆိုဒ်ကြီးတာတွေကို  ကျနော်ပြန်တင်ပေးဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး.. ဒီကောင်လေးကတော့ 30 MB ကျော်ပဲ ရှိတဲ့အတွက် အခုဖိုင်တွေပျက်သွားရင်လည်း ပြန်တင်ပေးရတာ လွယ်ပါတယ်.. နောက်ပြီမြန်မာစာ ရေးထည့်လို့လည်း အဆင်ပြေတဲ့အတွက် အားလုံးပဲ သဘောကျမှာပါ.. နောက်ရက်တွေမှာ ဒီကောင်လေးရဲ့ အသုံးပြုပုံကို ပိုစ့်ထပ်တင်ပေးပါအုန်းမယ်..။ အခုတော့ ဒီဆော့ဝဲလ်၂ခုစလုံးကို ဒေါင်းယူထားလိုက်ပါဗျာ..


ဒေါင်းလော့ယူရမယ့် နည်းကတော့ မနေ့က တင်ပေးထားတဲ့ ဒေါင်းလော့ချနည်း ပိုစ့်အတိုင်းပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ...

Windows 8 AIO 16 in 1 RTM (MSDN Original ISO)


 Windows 8 - 16 in 1 ISO ဖိုင်လေးရှာတွေ့ထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်.. Windows 8 ဗါးရှင်းမျိုးစုံ အသုံးပြုချင်တဲ့သူများအတွက် DVD တခွေတည်းနဲ့ အဆင်ပြေစေမယ့် ကောင်လေးပါ.. DVD တချပ်ထဲမှာ Windows 8 ဗါးရှင်း 16 မျိုးထည့်ထားတာ ဖြစ်လို့.. ဝင်းဒိုးတင်တဲ့အခါ မိမိတို့ အသုံးပြုချင်တဲ့ Windows 8 ဗါးရှင်းကို ရွေးပေးလိုက်ယုံပါပဲ.. အောက်ဆုံးမှာ ဝင်းဒိုးဗါးရှင်း ရွေးပေးရမယ့်နေရာကို ရောက်ရင် ရွေးတတ်အောင်လို့ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ ဒီဝင်းဒိုးခွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.37 GB ရှိပါတယ်.. ဒေါင်းလော့ယူရ အဆင်ပြေအောင် ဒါရိုက်လင့်ကို ပြန်လည်ချိတ်ပေးထားပါတယ်..။ ဖိုင်တွေ ဒေါင်းယူနည်းကတော့ မနေ့ကတင်ပေးထားတဲ့ ဒေါင်းလော့ချနည်း ပိုစ့်အတိုင်းပါပဲ..

Christmas Time Wallpaper


ဒီကောင်လေးကတော့ Christmas အကြို Wallpaper လေးပါ.. မိမိတို့ရဲ့ ကွန်ပျူတာမှာ ဘာတွေပဲ အလုပ်ရှုပ်နေပစေ ဒီ Wallpaper လေးက စန္ဒယားအသံလေးနဲ့ အမြဲပေါ်နေ လှုပ်ရှားနေပါလိမ့်မယ်..။ မျက်စိအေးစေတဲ့ Wallpaper လေးကတော့ အပေါ်ကပုံလေးအတိုင်းပါပဲ.. ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တချို့စက်တွေမှာ Restart ချပေးရပါတယ်.. ဒါဆိုဒီကောင်လေးက မိမိတို့ရဲ့ Desktop ပေါ်မှာ  အမြဲပေါ်နေပါလိမ့်မယ်.. နောက်ထပ်စမ်းထားတာတွေက သိပ်အဆင်မပြေလို့ တင်မပေးတော့ပါဘူး.. သုံးလို့အဆင်ပြေတဲ့ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.9 MB ရှိပါတယ်.. ဒေါင်းလော့ယူနည်းကို ဒီမနက်တင်ပေးလိုက်တဲ့ ပိုစ့်အတိုင်း လုပ်ပြီး ဒေါင်းယူရမှာ ဖြစ်ပါတယ်.. နောက်ပိုင်းတင်ပေးမယ့် ဆော့ဝဲလ်တိုင်းကို ဒီနည်းနဲ့ပဲ ဒေါင်းယူမှ ရမှာမို့.. ဆော့ဝဲလ်တွေဒေါင်းယူတတ်အောင် ဒီမနက်တင်ထားတဲ့ ဒေါင်းလော့ချနည်းပိုစ့်ကို အားလုံးပဲ လုပ်တတ်အောင် အရင်ကြည့်လိုက်ကြပါဗျာ..

နောက်ပိုင်းတင်မည့် ဆော့ဝဲလ်များ ဒေါင်းလော့ချနည်း (ဖတ်ဖြစ်အောင်ဖတ်ပါ)


 ကျနော့် Blog မှာ အမြဲလာလည်နေကြတဲ့ သူငယ်ချင်းများအားလုံး ဒီပိုစ့်လေးကို ဖတ်ဖြစ်အောင် ဖတ်ပေးကြပါ.. ဘာလို့လဲဆိုတော့ ကျနော်နောက်ပိုင်းတင်ပေးမယ့် ဆော့ဝဲလ်တွေကို ဒီပိုစ့်မှာ ရေးပေးထားတဲ့ နည်းအတိုင်း ဒေါင်းယူမှ အဆင်ပြေမှာ၊ ဒေါင်းလို့ရမှာမို့ပါ.. ကျန်ခဲ့တဲ့ရက်က ပိုစ့်တင်ပေးထားခဲ့တဲ့ Photoshop တွေနဲ့ Cyberlink Power Director 9 အပိုင်းတွေကို အဲ့ဒီနေ့မှာပဲ Upload တင်ထားတဲ့ဆိုဒ်က ဖျက်ပစ်လိုက်ပါတယ်.. ဒါကြောင့်မို့ ဖရီးပေးတဲ့ဆော့ဝဲလ်ပဲ ဖြစ်ဖြစ်၊ ဖရီးမပေးတဲ့ ဆော့ဝဲလ်ပဲ ဖြစ်ဖြစ်၊ နောက်ပိုင်းတင်ပေးမယ့် ဆော့ဝဲလ်တွေကို ဒီနည်းအတိုင်းပဲ ဒေါင်းယူရမှာ ဖြစ်ပါတယ်.. ဒါမှဖိုင်တွေ ကြာကြာခံမှာ ဖြစ်ပါတယ်..။ နောက်တခုက ကျနော်တင်ပေးထားတဲ့ ဖိုင်နာမည်တွေကို ဖရီးဂိမ်းနာမည်တွေနဲ့ ပြောင်းပြီး တင်ပေးတော့မှာပါ.. ဖိုင်ဖြည်လိုက်ရင်တော့ အထဲမှာ ဆော့ဝဲလ်နာမည်နဲ့ ဗါးရှင်းနဲ့၊ Patchတို့ ၊ Crackတို့၊ key တို့က အရင်တုန်းက ဆော့ဝဲလ်တွေအတိုင်း ပါလာမှာပါ.. မိမိတို့ကိုယ်တိုင် ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ပြန်ရှာရလွယ်ဖို့ ၊ မှတ်မိဖို့ဆိုရင်တော့ မိမိတို့စက်ထဲ ရောက်လာတဲ့ ဒေါင်းယူထားပြီးသား ဖိုင်နာမည်တွေကို ကျနော်ပြောင်းတင်ပေးထားတဲ့ ဖိုင်နာမည်နေရာမှာ Right Click >> Rename နဲ့မူရင်းဆော့ဝဲလ်နာမည် ပြန်ပြောင်း ရေးမှတ်ထားဖို့တော့ လိုပါတယ်.. ဒါမှဆော့ဝဲလ်တွေကို မှတ်မိမှာပါ.. ပြန်ရှာရလွယ်မှာပါ.. အခုဒီပိုစ့်နဲ့ အတူ အများစု တောင်းထားတဲ့ Photoshop တွေကို တခြားဆိုဒ်မှာ ပြန်လည်တင်ပေးထားပါတယ်..။ Rapidshare ဆိုဒ်က ကောင်းတယ်၊ အဆင်ပြေတယ်လို့ ပြောလို့မှ မဆုံးသေးဘူး.. ဖိုင်တွေဖျက်ပစ်တာ မြန်လွန်းလို့ အဲ့ဒီဆိုဒ်မှာ ထပ်မတင်ချင်တော့ပါဘူး..။ အရင်တင်ပေးနေကျ ဆိုဒ်မှာပဲ Photoshop တွေပြန်တင်ပေးထားပါတယ်.. ဒေါင်းလော့ချနည်းကိုတော့ အားလုံးပဲ အောက်ကပုံလေးတွ ကြည့်ပြီး လုပ်ကြည့်လိုက်ရင် လုပ်တတ်သွားပါလိမ့်မယ်.. သိပ်တော့မခက်ပါဘူး.. ကျနော်တင်ပေးထားတဲ့ ဖိုင်တွေကို မူရင်းဆော့ဝဲလ်ဆိုဒ်တွေက ရှာလို့မရအောင်၊ရှာရမလွယ်အောင်လို့ အခုလို ဖိုင်တွေကို နာမည်ပြောင်း ၊ လင့်တွေဝှက်ပြီး တင်ပေးထားတာပါ..။ ဒီနည်းက  ကျနော့်အတွက်လည်း အလုပ်ပိုရှုပ်သလို ၊ ဖိုင်တွေကို ဒေါင်းယူတဲ့ သူငယ်ချင်းတို့အတွက်လည်း စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်.. ဒါပေမယ့် ဒီလိုလုပ်မှ ကျနော်တင်ပေးမယ့် ဆော့ဝဲလ်ဖိုင်တွေ ကြာကြာခံမှာမို့ ဒီလိုလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တာပါ.. အားလုံးပဲ နားလည် သဘောပေါက် လိမ့်မယ်လို့ ထင်ပါတယ်.. ဖိုင်တွေဒေါင်းယူတတ်ဖို့ လုပ်နည်းကို အောက်ကပုံလေးတွေ ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ.. ဒီတခါလုပ်တတ်သွားရင် နောက်ပိုင်းဆော့ဝဲလ်တွေကို အလွယ်တကူ ဒေါင်းယူလို့ အဆင်ပြေသွားပါလိမ့်မယ်..

Portables Photoshop CS1,2,3,4,5

 18 October 2012 09:44
freedomboy:
အကိုေ၇..photoshop cs4 လေးရှိရင် တင်ပေးစေချင်ပါတယ်။ ကျေးဇူးတင်လျက်။
22 Nov 12, 10:52 PM
ဇော်မင်းဦး:
အကိုရေ.... photoshop cs5 ဆော့လ်ဝဲလေး တင်ပေးပါ့လား... ထည့်ပုံထည့်နည်းနဲ့တကွ တင်ပေးပါနော်... အကို့ကိုဘဲ လေးစားအားကိုးမိတယ်
27 Nov 12, 02:02 AM
ဂျစ်တူး:အစ်ကို Photoshop CS5 Portable ကို Full version ဖြစ်အောင်လုပ်လို့ရတဲ့နည်းရှိရင် မျှဝေပါဦး လို့တောင်းဆိုပါရစေ Cs 6 full version လုပ်တဲ့ဟာတော့ ဒီထဲမှာတွေ့တယ်ဗျာ့ ကွန်မကောင်းတော့ အဆင်မပြေနိုင်လို့ပါ
28 Nov 12, 10:11 PM
m.zawko:
အကိုရေ ကျနော် photoshop cs3 လေးတင်ပေးပါအုံး တင်ထားတဲ့ sc3 ကဒေါင်းလို့မရဘူး အကို့စေတနာကိုလေးစားပါတယ် အကိုကျမ္မာပါစေလို့ နေတိုင်းဆုတောင်းနေပါတယ်
Photoshop CS1,2,3,4,5 Portable လေးတွေကို စုစည်းပြီး ပြန်လည်တင်ပေးလိုက်ပါတယ်..။ Cbox နဲ့ comment တွေမှာ တောင်းထားတာလေးတွေပါ.. ရတဲ့အချိန်လေးမှာ ဖြေးဖြေးချင်း Upload တင်နေရတာ ဖြစ်လို့ နည်းနည်းတော့ ကြာသွားပါတယ်.. Rapidshare ဆိုဒ်မှာ ကျန်ခဲ့တဲ့ ၃၊၄ရက်က သူ့ဆိုဒ်ကို Update ပြန်လုပ်ထားတာဖြစ်လို့ အဲ့ဒီဆိုဒ်မှာ အရင်တင်ပေးထားတဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ မရတော့ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ တင်ပေးထားတဲ့ တချို့ဆော့ဝဲလ်တွေကို လိုအပ်တဲ့သူများကတော့ Cbox မှာဖြစ်စေ၊ Comment မှာဖြစ်စေ ရေးခဲ့ပေးပါ.. ပြန်လည် တောင်းဆိုနိုင်ပါတယ်..။ ကျနော်အချိန်ရတာနဲ့ ပြန်လည်တင်ပေးထားပါမယ်.. အခုဒီ Photoshop portables လေးတွေကတော့ ၂ချက်တောက်ပြီး စက္ကန့် ၇၀၊၈၀ လောက် စောင့်နေပြီးရင် ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆို အသုံးပြုလို့ ရသွားပါပြီ.. တချို့က Portable ဆော့ဝဲလ် ဆိုတာကို သေသေချာချာနားမလည် ကြတော့ Full မဖြစ်ဘူးလို့ ထင်နေကြတဲ့သူများလည်း ရှိတာမို့ နည်းနည်းတော့ ရှင်းပြချင်ပါတယ်.. Portable ဆော့ဝဲလ် ဆိုတာက Full ဖြစ်ပြီးသား ဆော့ဝဲလ်တွေပါပဲ.. ၂ချက်တောက်ပြီး တန်းသုံးလို့ ရတဲ့.. Next တို့၊ Finish တို့၊ နှိပ်ဖို့မလိုတဲ့.. Serial Keys တွေ Patch တွေ၊ Crack တွေ ထည့်ပေးဖို့ မလိုတော့တဲ့ ဆော့ဝဲလ်မျိုးကို Portable ဆော့ဝဲလ်လို့ ခေါ်ပါတယ်.. နောက်ပြီး မိမိတို့ကွန်ပျူတာမှာမသုံးပဲ.. အင်တာနက်ဆိုင်ကလိုမျိုး ကွန်ပျူတာတွေမှာ အသုံးပြုချင်တဲ့အခါ မိမိတို့ရဲ့ USB Flash Drive ထဲ ဒီ Potable ဆော့ဝဲလ်တွေကို ထည့်ပြီး၊ ယူသွားပြီး အလွယ်တကူ ဖွင့်သုံးလို့ ရပါတယ်.. မိမိတို့ရဲ့ USB ကိုဆွဲဖြုတ်လိုက်တာနဲ့ အဲ့ဒီစက်ထဲမှာ ဘာဆော့ဝဲလ်မှ မကျန်ခဲ့တော့ပါဘူး.. မိမိတို့ရဲ့ USB Drive ထဲမှာ မိမိတို့ရဲ့ Portable ဆော့ဝဲလ်တွေ အားလုံးပါလာပြီးသားပါ.. အဲ့လိုမျိုး သယ်သွား၊ သယ်လာ အလွယ်သုံးလို့ရလို့ Potable လို့ခေါ်တာပါ.. ဒီလောက်ဆိုရင် မသိသေးတဲ့သူများကတော့ Portable ဆော့ဝဲလ် ဆိုတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အခုဒီ Photoshop Portables လေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်တွေကလည်း သိပ်မများပါဘူး..
Related Posts Plugin for WordPress, Blogger...