EximiousSoft GIF Creator v7.15 Final



EximiousSoft GIF Creator လေးက ကျနော်တို့ရဲ့ ပုံလေးတွေကို Web ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေအောင် ဖန်တီးယူလို့ရတဲ့ ပရိုဂရမ်လေးတခုပါ..။ မိမိတို့ဖန်တီးလိုက်တဲ့ ပုံလေးတွေမှာ မြန်မာစာလည်း ရေးလို့ရတဲ့အတွက် ကျနော်တို့အတွက် ပိုပြီးအဆင်ပြေစေပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်နည်းပိုစ့်တွေ အများကြီးပဲ တင်ပေးထားခဲ့ပြီးသားမို့ အားလုံးလည်း လုပ်တတ်နေလောက်ပြီ ထင်ပါတယ်..။ ဒါကြောင့်ဒီပိုစ့်မှာ crack ဖိုင်ထည့်တာကို အနည်းငယ်ပဲ ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင် အသုံးပြုပုံကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.7 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


Install ပြီးတာနဲ့ အောက်ကပုံအတိုင်း အမှန်ခြစ်လေးတွေ ဖြုတ်ပြီး ပိတ်လိုက်ပါ..။ ပြီးရင်တော့ အရင်ဆုံး crack နဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။





အပေါ်ပုံအတိုင်း Apply >> OK ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ မိမိတို့ အသုံးပြုမယ့် ပုံလေးတွေကို အောက်ကပုံအတိုင်း New ကနေ စယူလိုက်ပါ..။





အပေါ်ကပုံတွေအတိုင်း ပုံတပုံယူပြီးရင် အောက်ကပုံကတော့ ကျနော်မြန်မာစာ ရေးထည့်တဲ့ ပုံလေးပါ..။


ဒီအောက်ကပုံကတော့ အနီးအဝေးကြည့်လို့ရအောင် +/- ကို နှိပ်ပြီး ချိန်ယူတာပါ..။ ပြီးရင်တော့ စာလုံးအရောင်ပြောင်းတဲ့ နေရာလေး..။ 


အောက်ကပုံလေးတွေ အတိုင်း Effect နေရာကနေ မိမိတို့ပုံလေးတွေကို လှုပ်ရှားစေမယ့် ဒီဇိုင်းအမျိုးမျိုးကို ရွေးယူလိုက်ပါ..။ ကျနော်ပြထားတဲ့ Effect တွေအပြင် နောက်ထပ် ပုံစံအမျိုးမျိုးကို ဖန်တီးလို့ ရပါသေးတယ်..။ အားလုံးသိဖို့ဆိုရင်တော့ မိမိတို့ ကိုယ်တိုင်ပဲ ဖြေးဖြေးချင်း လေ့လာကြည့်ပါ..။ ဒီပိုစ့်မှာတော့ကျနော်က အသုံးပြုတတ်အောင် အနည်းငယ်ပဲ လုပ်ပြပေးထားပါတယ်..။




စိတ်ကြိုက်ဖြစ်လို့ သိမ်းမယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း သိမ်းလိုက်ပါတယ်..။



ဒါဆိုရင်ဒီပုံလေးကို ကျနော်တို့ Web ပေါ်မှာ တင်လိုက်ရင် လှုပ်ရှားနေပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...