Wedding Album Maker Gold 3.52 Final



ဒီဆော့ဝဲလ်လေးက မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို Slide Show လုပ်ပေးနိုင်တဲ့.. နောက်ခံသီချင်းလေးပါ ထည့်ပြီး ဖန်တီးပေးနိုင်တဲ့ ကောင်လေးပါ..။ တခြား ဆလိုက်ရှိုးတွေနဲ့ မတူပဲ ဓါတ်ပုံတွေကို ဒီဇိုင်းအလန်းလေးတွေနဲ့ ဖန်တီးပေးနိုင်တဲ့ အတွက် တခြားဆလိုက်ရှိုးဆော့ဝဲလ်တွေထက် ကျနော်ပိုပြီးသဘောကျတဲ့ ကောင်လေးပါ..။ မိမိတို့ ဖန်တီးလိုက်တဲ့ ဓါတ်ပုံဆလိုက်ရှိုးလေးကို တခါတည်း ဒီကောင်လေးနဲ့ DVD ပါ Burn လို့ရတဲ့ Burning Tool လေးပါ ဒီကောင်လေးထဲမှာ ပါပါသေးတယ်..။ နောက်ပြီး ဆလိုက်ရှိုးပုံတွေပေါ်မှာ မြန်မာစာပါ ရေးလို့ အဆင်ပြေပါတယ်..။ ဒီ Wedding Album Maker Gold 3.52 Final ဗါးရှင်းလေးကို ဖူးသုံးလို့ရအောင် သူ့အတွက် ကီးအမှန်လေးပါ ထည့်ပေးထားပါတယ်..။ အောက်မှာလည်း အသုံးပြုတတ်အောင်နဲ့ ကီးတွေထည့်ပြီး ဖူးဖြစ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 24.3 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။

Install ပြီးသွားရင် အောက်ကပုံအတိုင်း ဒီကောင်လေးကို ဖွင့်လိုက်ပါ..။ ပြီးရင်တော့ ကီးတွေ ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



ဒီပုံလေးတွေကတော့ Flash Player လိုအပ်ရင် ဒီလိုပြနေမှာ ဖြစ်ပြီး OK ပေးလိုက်ရင်တော့ အောက်ပုံအတိုင်း Download ယူလို့ ရသွားပါလိမ့်မယ်..။ Flash Player ရှိပြီးသားသူများအတွက်တော့ မလိုအပ်တော့ပါဘူး..။


ပြီးရင်တော့ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပေးဖို့ Help >> Register ကနေ သူ့ကီးတွေ သွားထည့်ပေးလိုက်ပါ..။




Thank you ဆိုရင်တော့ OK ပေးပြီး ဖူးသုံးလို့ ရသွားပါပြီ..။ အောက်ကပုံလေးတွေ အတိုင်း မိမိတို့ ပြုလုပ်ချင်တဲ့ မိမိတို့ ပုံလေးတွေရှိတဲ့ ဖိုဒါလေးကို သွားဖွင့်ပြီး Ctrl+A နဲ့ All Select ပေးပြီး Add All ကို နှိပ်ပေးလိုက်ရင် ဒီကောင်လေးကို အသုံးပြုဖို့ ပထမအဆင့် ပြီးသွားပါပြီ..




မိမိတို့ စာရေးထည့်လိုတဲ့ ပုံလေးကို ၂ချက်တောက်လိုက်ရင် ဒီပုံလေးတွေလို ပေါ်လာတဲ့ အခါ လိုက်ပြောင်းပေးပြီး မြန်မာစာရေးလို့ထည့်လို့ ရသွားပါပြီ..။



အပေါ်ပုံအတိုင်း Play နဲ့ အရင်စမ်းကြည့်လို့ ရပါတယ်..။ အောက်ကပုံကတော့ ဒုတိယအဆင့်ဖြစ်တဲ့ MP3 သီချင်းကို ထည့်ပေးရမှာပါ..။ ပုံမှာပြထားတဲ့ အတိုင်း Choose >> Background Music ကနေ သွားလိုက်ပါ..။



Add ကိုနှိပ်ပြီး သီချင်းကို သွားယူပေးလိုက်ပါ..။ သူပေးထားတဲ့ သီချင်းကို မလိုရင်တော့ တချက်ကလစ်ပြီး Delete နဲ့ ဖျက်ပစ်လိုက်ပါ..။ 


အဆင့်-၃ နေရာမှ Burn Now ကိုနှိပ်ပြီး အခွေ Burn ထုတ်လို့ ရသွားပါပြီ..။ ကျနော်က အခွေမထုတ်သေးပဲ ဖိုင်နဲ့ပဲ အရင်ထုတ်မှာမို့ အောက်ကပုံအတိုင်း အမှန်ခြစ်ပြောင်းထည့်ပြီး ဖိုင်သိမ်းမယ့်နေရာကို ရွေးပေးလိုက်ပါတယ်..။ ဒီကောင်လေးကို အခွေတခါတည်း Burn လို့ရအောင် ISO ဖိုင်နဲ့ ထုတ်ပေးပါလိမ့်မယ်..။ 



အပေါ်ပုံတွေအတိုင်း နာမည်ပေးပြီး Save လိုက်ရင်တော့ ဒီဆလိုက်ရှိုးလေးကို ISO ဖေါ်မတ်နဲ့ ထုတ်ပေးနေပါပြီ..။ အောက်ကပုံတွေအတိုင်း အလုပ်လုပ်နေလို့ ပြီးတဲ့ အထိစောင့်နေပေးရမှာပါ..။




OK ဆိုရင်တော့ ဒီကောင်လေး အလုပ်လုပ်လို့ ပြီးသွားပါပြီ..။ အောက်ကပုံအတိုင်း ISO ဖိုင်လေးနဲ့ မြင်ရမှာပါ..။ အဲ့ဒါကို ကျနော်တို့က WinRAR ဖိုင်ဖြေနည်းအတိုင်း ဖြည်ချလိုက်ရင် သူ့အထဲက Video ဖိုင်လေးကို ဖွင့်ကြည့်လို့ ရသွားပါပြီ..။ အောက်ဆုံးပုံအတိုင်းပါ..။



GOM Player နဲ့ပဲ ဖြစ်ဖြစ် ၊ Windows Media Player နဲ့ပဲ ဖြစ်ဖြစ် ဒီ Video ဆလိုက်ရှိုးလေးကို ဖွင့်ကြည့်လို့ ရသွားပါပြီ..။ ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။

2 comments:

  1. ကျေးဇူအရမ်းတင်ပါတယ်

    ReplyDelete
  2. ကိုလွင်,အကိုပြောပြပေးထားတဲ့ wedding album marker မှာတခုကလွဲရင် အားလုံး အဆင်ပြေပါတယ် zaw gyi font မရဘူးဖြစ်နေတယ် အဲ့ဒါ ပုံထဲမှာပြန်ကြည့်လိုက်တော့ အကိုသုံးထားတာက win taungyi font သုံးထားတာတွေ့ရတယ် အဲ့ဒီဖောင့်က ဘယ်လိုဒေါင်းလို့ရနိုင်မလဲ အကို့မှာရှိရင်လဲ ဆိုဒ်မှာ တင်ပေးပါလား ဒါမှမဟုတ် zaw gyi font နဲ့ပဲရတယ်ဆိုရင်လဲပဲ ဘယ်လို ဆောင်ရွက်မှ အဆင်ပြေမယ်ဆိုတာကို ရှင်းပြပေးပါ zaw gyi ပြောင်းပြီးရေးတာ ????? ဒီလိုတွေပဲပေါ်နေတယ်....ကျေးဇူးတင်ပါတယ.်

    ReplyDelete

Related Posts Plugin for WordPress, Blogger...