IObit Driver Booster Beta 3.1 Final

 မိမိတို့ရဲ့ ဝင်းဒိုးထဲက Out date ဖြစ်နေတဲ့ Drivers တွေကို ဒီကောင်လေးက Update လုပ်ပေးမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18 MB ရှိပါတယ်..။ ကျနော် အောက်မှာ ပုံလေးတွေနဲ့ပါ ကျနော် စမ်းထားတာလေးကို ပြပေးထားပါတယ်..။

Advanced SystemCare Pro 6.4.0.290 Final

Advanced SystemCare Pro 6.4.0.290 Final နောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် Key တွေပါ ထည့်ပေးထားပြီး.. အရင်တုန်းက ပိုစ့်တွေ အတိုင်း ဒီကောင်လေးကို အသုံးပြုနိုင်ပါတယ်..။ ကီးထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပြန်လည် ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်နဲ့ ဖူးလုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီနောက်ဆုံးဗါးရှင်းလေးရဲ့ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်..။ 
လေးနေ ၊ ဟမ်းနေတဲ့ Browser တွေနဲ့ ကွန်ပျူတာတွေအတွက် ဒီလို System Tools လေးတွေကလည်း လိုအပ်နေအုန်းမှာပါ..။ ဒီကောင်လေးကို အသုံးပြုပြီးသွားရင်တော့ အရင်ဆုံးကို စက်ကို Restart ချပေးပြီးမှ ဆက်လက်အသုံးပြုပေးပါ..။ ပိုကောင်းတာကတော့ အသုံးမပြုခင် Restore Point လေးတွေ ဖန်တီးထားသင့်ပါတယ်..။ အကယ်၍ ဝင်းဒိုး မတက်နိုင်တော့တဲ့ Error တွေ ဖြစ်ပေါ်ခဲ့ရင် Restore Point တွေနဲ့ ဝင်းဒိုးကို နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။

CCleaner Business Edition 4.05.4250 Final


CCleaner Business Edition 4.05.4250 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ကွန်ပျူတာနဲ့ Browser တွေကို ဒီကောင်လေးနဲ့ အမှိုက်တွေရှင်း ပေးလိုက်ရင် လက်ရှိ နှေးနေ၊ လေးနေတဲ့ စက်တွေမှာ သွက်လက်မြန်ဆန်လာတာကို လက်တွေ့ မြင်တွေ့ရမှာပါ..။ ဒီကောင်လေးက Business Edition ဆိုပေမယ့်.. ဒီဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ cracker ဖိုင်လေးကို Install ထည့်တဲ့ အချိန်မှာ Business (or) Professional ဗါးရှင်းကို ရွေးပြီး ထည့်ပေးလိုက်ရင် မိမိတို့ ထည့်လိုက်တဲ့ အတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ လုပ်တတ်အောင် အောက်မှာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။
ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခု ဖန်တီးထားသင့်ပါတယ်..။ အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ ဒီလို System Tool တွေကို အသုံးပြုတဲ့အခါတွေမှာ အဆင်မသင့်ရင် ဝင်းဒိုး Error တွေဖြစ်တတ်တဲ့အတွက် Restore Point တွေရှိနေမယ်ဆိုရင် အလွယ်တကူ နောက်ပြန်ဆုတ်လို့ ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။ အသုံးပြုနည်း ပိုစ့်တွေကို ဒီလင့်တွေမှာ လေ့လာကြည့်နိုင်ပါတယ်..။

Restore Point Creator 1.3.12 Final

25 Aug 13, 12:38 AM
bo bo: အစ်ကိုရေ... ဆိုဒ်မှာ window 7 မှာ System restore လုပ်တဲ့ နည်းလေးကို ဖတ်ရှုမှတ်သားမိပါတယ် အစ်ကို...။ ကျွန်တော့် window XP လေးကိုလည်း System restore လုပ်တဲ့ နည်းလေး သိခွင့်ရချင်ပါတယ်အစ်ကို..။
25 Aug 13, 12:39 AM
bo bo: ကျေဇူးပြုပြီး သင်ပြပေးပါလားအစ်ကို...။
ကျနော့်မှာ Windows XP တင်ထားတဲ့ စက်မရှိတဲ့အတွက် ဒီကောင်လေးကို Windows 7 နဲ့ပဲ လုပ်ပြပေးလိုက်ပါတယ်..။ အသုံးပြုနည်းနဲ့ အသုံးဝင်ပုံချင်း အတူတူပါပဲ..။ ဒီကောင်လေးက နောက်ဆုံးထွက်လေးပါ..။ ဒါကြောင့် Windows 8 မှာလည်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး ဖိုင်ဆိုဒ်လည်း သေးပါတယ်..။ အရင်တုန်းက One Click Restore Point ဆော့ဝဲလ်လေးတခု တင်ပေးဖူးပါတယ်..။ အခုတော့ ပြန်ရှာလို့ မရတော့တဲ့အတွက် ဒီကောင်လေးကို ပြောင်းတင်ပေးလိုက်ခြင်းပါ..။ မိမိတို့ စက်ထဲကို ဒီကောင်လေး Install ထည့်ပြီး အသုံးပြုရမှာပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 442 KB ပဲ ရှိပါတယ်..။

Wise Care 365 Pro 2.74.216 Final

Wise Care 365 Pro 2.74.216 Final ဗါးရှင်းလေးကတော့ System Tool လေးတခု ဖြစ်ပြီးတော့ အသုံးပြုလို့ ရတဲ့ Features တွေ တော်တော်လေး များပါတယ်..။ ဒီကောင်လေးရဲ့ လုပ်ဆောင်ပုံတွေက Advanced System Care တို့လို၊ CCleaner တို့လို ပါပဲ..။ ဒီကောင်လေးမှာက အသုံးပြုလို့ရတဲ့ Features တွေ ပိုစုံတာ တွေ့ရပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အနည်းငယ်ကို ပုံလေးတွေနဲ့ ပြပေးထားပြီး အားလုံး အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ တဆင့်စီ လေ့လာပေးရမှာပါ..။ ဒီဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် patch နဲ့ keygen နှစ်မျိုးနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ patch ကို အရင် ထည့်ပြီးမှ keygen ကို အသုံးပြုပေးရမှာပါ..။ ဒါတွေ လုပ်ပေးပြီးရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ 
ကွန်ပျူတာနဲ့ Browser တွေ လေးနေ ၊ နှေးနေတယ်ဆိုရင်တော့ ဒီလို System Tool လေးတွေကို အသုံးပြုပေးလိုက်ရင် မိမိတို့ရဲ့ ဝင်းဒိုးဟာ ပြန်လည် မြန်ဆန်လာမှာ ဖြစ်ပါတယ်..။ အသုံးမပြုခင် အရင်ဆုံး Restore Points လေးတွေ ဖန်တီးထားသင့်ပါတယ်..။ Recover ဖြစ်အောင်လို့ပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8 MB ရှိပါတယ်..။ 

Partition Wizard Home Edition 5.0 Portable

22 Aug 13, 08:02 PM
အောင်ဇော်သန်း: အကို ၀င်းဒိုး XP မှာ partition ခွဲပြီး ၀င်းဒိုး 7 တင်ချင်လိုပါခင်ဗျား ၀င်းဒိုး xp တွက် partition ခွဲတဲ့ဆော့(၀ဲ)ရှီရင် တင်ပေးပါခင်ဗျား ဘယ်လိုခွဲပြီး ဘယ်လိုတင်တယ် ဆိုတာလေးကို ရှင်းပြပေးပါဦး
22 Aug 13, 08:04 PM
အောင်ဇော်သန်း: အကိုလိုရာဆန္ဒပြည့်စုံပါစေ
Windows 7 မှာ ဟတ်ဒစ်ကို ဆော့ဝဲလ်မလိုပဲ အပိုင်းတွေ ခွဲထုတ်လို့ ရပေမယ့်.. Windows XP မှာဆိုရင်တော့ ဆော့ဝဲလ်နဲ့မှ ဟတ်ဒစ်ကို အပိုင်းတွေ ခွဲထုတ်လို့ ရတာပါ..။ ဒါကြောင့် ဟတ်ဒစ်ကို အပိုင်းခွဲဖို့ အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်တဲ့ ဒီ Portable လေးကို တင်ပေးလိုက်ပါတယ်..။ ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ အရင်တုန်းကလည်း Setup ဗါးရှင်းလေးတွေ တင်ပေးဖူးပါတယ်..။ လင့်တွေပျက်ကုန်ပြီဖြစ်လို့.. ဒီ Partition Wizard Home Edition 5.0 Portable လေးကလည်း အသုံးပြုရ အဆင်ပြေတဲ့အတွက် ဟတ်ဒစ်အပိုင်းခွဲတတ်အောင်ပါ ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်ပါတယ်..။ အရင်တုန်းက ပိုစ့်တွေမှာလည်း အပိုင်းခွဲတာ၊ ခွဲပြီးသား အပိုင်းတွေ ပြန်ပေါင်းတာ စတဲ့ နည်းတွေကို အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားတဲ့ပိုစ့်ကို  ပြန်ကြည့်နိုင်ပါတယ်..။ အခု ဒီ Portable လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

iTunes 11.0.5.5 Final - Apple ဖရီးအကောင့်ဖွင့်နည်း

iTunes 11.0.5.5 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီ iTunes ဆော့ဝဲလ်ကတော့ Apple ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ iPhone , iPad နဲ့တခြား Apple ပစ္စည်းတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုတဲ့ အခါမှာ မရှိမဖြစ်လိုအပ်ပါတယ်..။ အခုနောက်ပိုင်းမှာ မြန်မာပြည်သားများလည်း iPhone / iPad တွေကို အသုံးပြုလာကြတာ တွေ့နေရပါတယ်..။ ဒီနေရာမှာ ဘာတွေလိုအပ်လာသလဲဆိုတော့ အဓိကကတော့ Apple store ထဲကို ဝင်ဖို့.. Android ဖုန်းတွေမှာလို Gmail အကောင့်နဲ့ ဝင်လို့မရတာပါပဲ..။ Apple store ထဲကို ဝင်ပြီး ဖရီးဂိမ်းတွေနဲ့ တခြား ဖရီး App တွေ ဒါင်းယူဖို့ ဆိုရင် Apple အကောင့်နဲ့ ဝင်မှ ယူလို့ရမှာ ဖြစ်ပါတယ်..။ Apple ဖရီးအကောင့်ဖွင့်တာလည်း မဖွင့်တတ်ရင်၊ စည်းကမ်းတွေ နားမလည်၊ သိမထားရင် လုံးဝ အကောင့်ဖွင့်လို့ မရပါဘူး..။ ကျနော့် သူငယ်ချင်းရဲ့ သူငယ်ချင်းကတော့ iPad ဝယ်လာပြီး ဖရီးအကောင့်ကို ဆိုင်မှာ ဖွင့်ခိုင်းတာ မလေးငွေ-၈၀ ပေးလိုက်ရပါတယ်..။ ငွေဈေး-၃၀၀ နဲ့ဆို မနည်းဘူးနော့်..။ ၂-သောင်းကျော် ပေးလိုက်ရတယ်..။ ဖရီးအကောင့်ဖွင့်တာတောင် ပိုက်ဆံပေးရတယ်ဆိုတော့ မဟုတ်သေးဘူး..။ 
အရင်တုန်းက ကျနော့် Blog မှာ ကျနော့် ဆရာဘုန်းကြီးဦးတေဇ ပိုစ့်တခု တင်ပေးခဲ့ဖူးပါတယ်..။ Apple အကောင့်ဖရီးရအောင်ဖွင့်နည်းပါ..။ အဲ့ဒီပိုစ့်ကို ကျန်ခဲ့တဲ့ တပါတ်က သူငယ်ချင်းတစ်ယောက်လည်း iPhone 5 ဝယ်လာလို့ အဲ့ဒီပိုစ့်အတိုင်း လုပ်တာ သိပ်နားမလည်ဘူးဆိုပြီး ကျနော့်ဆီရောက်လာ ပြန်ပါတယ်..။ သူအကောင့်ဖွင့်တာ မရလို့ ကျနော့်ကို ဖွင့်ခိုင်းပါတယ်..။ သူကတော့ စည်းကမ်းတွေ မသိလို့ ဖွင့်မရတာပါ..။ ဒါနဲ့ ကျနော်လည်း အဲ့ဒီပိုစ့်အတိုင်း ဖွင့်ပေးလိုက်တာ ရသွားပါတယ်..။ ဆရာတော် ဦးတေဇရဲ့ ပိုစ့်မှာက စာတွေနဲ့ ရှင်းပြထားတာ မဟုတ်တော့ ဒီဆော့ဝဲလ်လိုအပ်တယ်ဆိုတာ မပါဘူးလေ..၊ နောက်ပြီး စည်းကမ်းတွေလည်း ထည့်မရေးပေးထားတော့ လူသစ်တွေအနေနဲ့ အဆင်မပြေပြန်ဘူး..။ ဒါကြောင့်မို့ ကျနော် ဒီနေ့တော့ ဒီ iTunes 11.0.5.5 နောက်ဆုံးထွက် ကိုပါ ဒေါင်းယူလို့ ရအောင် မူရင်းလင့်နဲ့ ချိတ်ပေးထားပြီး Apple ဖရီးအကောင့်ကိုပါ အလွယ်တကူ ဖွင့်တတ်သွားအောင် ပုံလေးတွေနဲ့ အပြင် စည်းကမ်းချက်တွေကိုပါ စာတွေနဲ့ တဆင့်စီ ရေးပြပေးထားပါတယ်..။ နည်းပညာလေ့လာလိုက်စားနေတဲ့ သူများအတွက် မသိမဖြစ် သိထားသင့်တဲ့ ၊ တတ်ထားသင့်တဲ့ ပိုစ့်တခုပါပဲ..။ ဒီ iTunes ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ မိမိတို့ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် 32-bit (or) 64-bit တွေကို ရွေးယူလိုက်ပါဗျာ..။ Apple ဖရီးအကောင့်ဖွင့်တတ်အောင်ပါ ပုံလေးတွေနဲ့ စည်းကမ်းချက်တွေကိုပါ ဆက်ကြည့်နိုင်ပါတယ်..။

ClipConverter 1.1.0 Final (YouTube မှသီချင်းများ ဒေါင်းလော့ယူနည်း၊ ဖေါ်မတ်ပြောင်းနည်း)

ဒီကောင်လေးကတော့ Youtube ကသီချင်းတွေကို ဒေါင်းယူပေးနိုင်သလို ဖေါ်မတ်ပါ တခါတည်း ပြောင်းလဲပေးနိုင်ပါတယ်..။ ကျနော် စမ်းသုံးရင်း အတော်လေး အဆင်ပြေတဲ့ ဒီကောင်လေးကို အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုရလွယ်ပေမယ့် မလုပ်တတ်တဲ့ သူများအတွက် အဆင်ပြေစေရန် ပုံလေးတွေဖြင့် တဆင့်စီ ပြပေးလိုက်ခြင်းပါ..။ No One ဆိုတဲ့ သီချင်းကတော့ Youtube ကနေ IDM အပြင် တခြား ဒေါင်းလော့ဒါတွေနဲ့ပါ ဒေါင်းယူလို့ မရပါဘူး..။ အခုဒီကောင်လေးနဲ့ အလွယ်တကူ ဒေါင်းယူလို့ ရသွားပါပြီ..။ 
တချို့ သီချင်းတွေဟာ Upload တင်သူရဲ့ ဒေါင်းယူဖို့ Yes မပေးထားရင် IDM လို ဒေါင်းလော့ဒါတွေနဲ့ ဒေါင်းယူလို့ မရနိုင်ပါဘူး..။ တချို့ သီချင်းတွေကျတော့ IDM ကီးတောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ အခါမျိုးတွေနဲ့၊ မိုဇီလာလို Browser တွေ Update တက်သွားတဲ့အခါ IDM လို ဒေါင်းလော့ဒါတွေ Update မမှီတဲ့အခါမျိုးတွေမှာလည်း သီချင်းတွေကို ဒေါင်းယူလို့ မရနိုင်ပြန်ပါဘူး..။ ဒေါင်းလော့ယူလို့ မရအောင် ပိတ်ထားတဲ့ သီချင်းတွေကို တခြားနည်းတွေနဲ့ ဒေါင်းယူလို့ ရနိုင်သလို ၊ ဒီဒေါင်းလော့ဒါလေးကို အသုံးပြုပြီးတော့လည်း ဒေါင်းယူနိုင်ပါတယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဒီ ဒေါင်းလော့ဒါ (Converter) လေးကို အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22.5 MB ရှိပါတယ်..။

Revo Uninstaller Pro 3.0.7 Final

ကျနော်တို့ ဆော့ဝဲလ်တွေကို Uninstall နဲ့ ပြန်ထုတ်ပစ်တဲ့ နေရာမှာတော့ ဒီကောင်လေးကလည်း အတော်လေး အဆင်ပြေပါတယ်..။ ကျနော်စမ်းသုံးရင် သဘောကျတဲ့ ကောင်လေးပါ..။ မိမိတို့ ထုတ်ပစ်လိုက်တဲ့ ဆော့ဝဲလ်ရဲ့ ဖိုဒါတွေနဲ့ Registry entries ကီးတွေအားလုံးကို ဒီကောင်လေးက အကုန်ပြောင်အောင် ရှင်းထုတ်ပေးနိုင်ပါတယ်..။ စမ်းသုံးကြည့်ရင် ကောင်းမှန်းသိပေလိမ့်မည်..။ Revo Uninstaller Pro 3.0.7 Final ဗါးရှင်းကို ဖူးသုံးနိုင်ရန် patch ဖိုင်လေး ၂ခု ထည့်ပေးထားပါတယ်..။ မိမိတို့ လက်ရှိအသုံးပြုနေတဲ့ ဝင်းဒိုး ဗါးရှင်းနဲ့ ကိုက်ညီတဲ့ 32 or 64-bit ဗါးရှင်းကို ရွေးပြီး ဒီ patch လေး နဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် ဒီနောက်ဆုံးထွက် လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ patch ထည့်နည်းနဲ့ အသုံးပြုတတ်အောင်ပါ တခါတည်း အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ရှင်းပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ လေ့လာကြည့်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

Ashampoo Music Studio 4.1.0.16 Final


 Ashampoo Music Studio 4.1.0.16 Final ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေး ထည့်ပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အဲ့ဒီ crack ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။
ကျနော်တို့ ဒီကောင်လေးကို ဘာအတွက် အဓိကသုံးလဲဆိုတော့ MP3 သီချင်းဖိုင်တွေကို လိုသလို ပြုလုပ်နိုင်ဖို့အတွက် ဒီကောင်လေးက အသုံးဝင်ပါတယ်..။ MP3 သီချင်းတွေ ဖြတ်၊ဆက် လုပ်တာ၊ Fade-in/out နဲ့ Effect တွေ ထည့်တာ၊ မိမိနားမထောင်လိုတဲ့ သီချင်းအပိုင်းလေးကိုပဲ အသံမလာအောင်၊ တိုးနေအောင် ပြုလုပ်တာ၊ သီချင်းတွေ တပုဒ်နဲ့ တပုဒ်ကို ရောမွှေတာ၊ စတဲ့ Features တွေအပြင် အခွေပါ တခါတည်း Burn လို့ရသလို Cover ဒီဇိုင်းတွေနဲ့ Recording အသံဖမ်းဖို့အတွက်ပါ အသုံးဝင်ပါတယ်..။ နောက်ပြီး Video ဖိုင်ကနေ တခါတည်း mp3, wma, ogg, wav, flac စတဲ့ ဖေါ်မတ်တွေကိုပါ ပြောင်းယူလို့ ရပါသေးတယ်..။ အသုံးဝင်တာတွေ များလွန်းနေတဲ့အတွက်၊ ကျနော်ကတော့ ဒီကောင်လေးကို Video ဖိုင်ကနေ mp3 ပြောင်းတဲ့အခါမှာ မလိုချင်တဲ့ အသံနေရာလေးကို ဖျောက်ထား၊ ပျောက်နေအောင် ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ တခြား Features တွေကိုတော့ မိမိကိုယ်တိုင်ပဲ လေ့လာ စမ်းသုံးကြည့်ပါ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39 MB ရှိပါတယ်..။

Anti Toolbar 1.0.0 Final

ဒီကောင်လေးက ဆော့ဝဲလ် အသစ်လေးပါ..။ ဘယ်လောက်အသုံးဝင်လဲဆိုတာ သိရအောင် ကျနော်တို့ စမ်းသုံးကြည့်ရအောင်..။ ကျနော်တို့ Browser တွေ လေးနေ၊ နှေးနေတဲ့အခါ Toolbar တွေကို ရွေးပြီး Uninstall နဲ့ ထုတ်ပစ်တတ်အောင် အရင်လတွေက ပိုစ့်တင်ပေးထားခဲ့ပြီးပါပြီ..။ ရှာရလွယ်အောင် ကျနော့် Blog ရဲ့ အောက်ပိုင်းမှာ ဇယားကွက်လေးနဲ့ ထည့်ပြပေးထားပါတယ်..။ တချို့ကလည်း မသိသေးပါ..။ အဲဒီဇယားကွက်ထဲမှာ ပြနှ်ရှာကြည့်နိုင်ပါတယ်..။ အခုဒီဆော့ဝဲလ်လေးကတော့ Toolbar တွေကို အလုပ်မလုပ်အောင် ပိတ်ထားပေးမယ့် ကောင်လေးပါ..။ Uninstall နဲ့ Toolbar တွေကို မထုတ်တတ်တဲ့ သူများအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါပဲ..။ အခုတင်ပေးထားတာက ဒီကောင်လေးရဲ့ ဒေါင်းလော့ဒါလေးဖြစ်ပြီး ၊ ဒီဒေါင်းလော့ဒါလေးကို ၂ချက်တောက်ပြီး Install ထည့်မှ ဒီ Anti Toolbar ဆော့ဝဲလ်ကို အင်တာနက်ကနေ ဒေါင်းယူပေးမှာ ဖြစ်ပါတယ်..။ အပေါ်ပုံမှာ ပြထားသလို အားလုံးအသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးပြုခြင်းဖြင့် Toolbar တွေကြောင့် လေးနေတဲ့ Browser တွေ အရင်ကထက် မြန်လာမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 316 kb ရှိပါတယ်..။

Internet Download Manager 6.17 Build 8 Final

ဒီနေ့ပဲ Update ထွက်လာတဲ့ IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။

Passcape Reset Windows Password - ဝင်းဒိုးပါတ်စ်ဝါဒ့် ဖြုတ်နည်း


ကျနော် ဒီ ဝင်းဒိုး ပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ISO ဖိုင်လေးကို Upload တင်ထားတာ ရက်နည်းနည်း ကြာပြီ..။ ပိုစ့်ကတော့ ဒီနေ့မှ ပုံတွေယူလို့ အဆင်ပြေတဲ့အတွက် ဒီနေ့မှ တင်ပေးလိုက်ရပါတယ်..။ အသုံးပြုနည်းက အရင်တုန်းက တင်ပေးခဲ့တဲ့ Hiren's Boot CD ဆော့ဝဲလ်ထက် ပိုလွယ်ပြီး၊ ဖိုင်ဆိုဒ်လည်း ပိုသေးငယ်ပါတယ်..။ ဒီ ISO ဖိုင်လေးကို CD or DVD ခွေတွေနဲ့ ခွေကူးပြီး အသုံးပြုနိုင်သလို ၊ ဖုန်းမန်မိုရီကတ်လို USB Devices တွေနဲ့လည်း Bootable ဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ ကျန်ခဲ့တဲ့ တပါတ်က ကျနော်ပိုစ့်တင်ပေးခဲ့တဲ့ CMD Command ဖြင့် USB Bootable ဖြစ်အောင် လုပ်နည်း ပိုစ့်မှာ ဒီ ISO ဖိုင်လေးနဲ့ လုပ်ပြထားတာဖြစ်လို့ USB တွေနဲ့ အသုံးပြုလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ သူ့ရဲ့ မူရင်းဆိုဒ်မှာလည်း CD/DVD တွေနဲ့ USB တွေအတွက် အသုံးပြုလို့ ရအောင် Boot disk creation utility ဆိုတဲ့ နာမည်နဲ့ Tool လေးတခု တင်ပေးထားပါတယ်..။ ဒီဝင်းဒိုး ပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ဆော့ဝဲလ် နောက်ဆုံးဗါးရှင်းနဲ့ Boot disk creation utility တူးလေးကို လိုအပ်ရင်တော့ မူရင်းဆိုဒ်မှ ဒေါင်းယူလို့ ရအောင် အောက်မှာ လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ အခုဒီပိုစ့်မှာ ကျနော်တင်ပေးလိုက်တဲ့ ၊ ကျနော်အဆင်ပြေပြေ အသုံးပြုခဲ့တဲ့ ဒီ Passcape Reset Windows Password ISO ဖိုင်ကတော့ နောက်ဆုံးထွက် မဟုတ်ပါဘူး..။ ဒီ ဝင်ဒိုးပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ISO ဖိုင်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ၊ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 115 MB ရှိပါတယ်..။

Aurora 3D Animation Maker 11.0 Portable


 photo lwinmin_zpsc61a7bc5.gif

 10 Aug 13, 07:38 PM
joethiha:
Aurora 3D Maker Software Full Version လိုချင်လို့ပါ ။ကျေးဇူးတင်ပါတယ်ခင်ဗျာ
အရင်တုန်းကလည်း ဒီလို Aurora 3D Animation Maker လေးတွေကို တင်ပေးဖူးပါတယ်..။ အခုဒီ ဗါးရှင်းကတော့ Portable ဗါးရှင်းလေးပါ..။ ကျနော် မကြာမကြာသုံးလေ့ရှိတဲ့ ကောင်လေးပါ..။ အခုတောင်းတဲ့အကိုက Full ဖြစ်တာ.. ဆိုလို့ ဒီ Portable လေးကို သတိရပြီး တင်ပေးလိုက်ပါတယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ ဖူးဖြစ်ပြီးသားပါ..။ အပေါ်ကလိုမျိုး Gif ဖေါ်မတ်တွေကို ထုတ်ပေးနိုင်ပါတယ်..။ Effect တွေများလွန်းသွားရင်တော့ ပုံထုတ်တဲ့အခါမှာ ဖိုင်ဆိုဒ်ကြီးသွားတဲ့အတွက် Error ပေါ်တတ်ပါတယ်..။ အဲ့လိုဖြစ်ခဲ့ရင် ပိတ်ပြီးမှ ပြန်ဖွင့်သုံးပါ..။ အဆင်ပြေပါလိမ့်မယ်..။ အသုံးပြုပုံတွေကတော့ အရင်ပိုစ့်တွေမှာ လုပ်ပြပေးခဲ့တဲ့ အတိုင်းပါပဲ..။ အခုဒီ Portable လေးကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ပြန်လည် လုပ်ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။

CyberLink PowerDVD Ultra 13 0.3105 Repack


If you love movies, PowerDVD is the Blu-ray, 3D & media player for you. Enjoy movies and all your media on your PC, notebook, Smartphone, tablet and TV. Unique CyberLink TrueTheater® enhancements mean a sharper picture, enhanced lighting and smoother motion - even on HD content! A true universal player, PowerDVD makes it simple to play all your movies, videos, photos & music at their best.
မိမိတို့ရဲ့ Video တွေ ၊ သီချင်းတွေနဲ့ DVD မှ ရုပ်ရှင်တွေကို ရုပ်၊သံကောင်းကောင်းနဲ့ ကြည့်လိုတယ်ဆိုရင်တော့ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ ဒီကောင်လေးက ပြန်လည် ပေါင်းထုတ်ထားတဲ့ CyberLink PowerDVD Ultra 13 0.3105 Repack ဗါးရှင်းလေးပါ..။ Install ထည့်ပြီးတာနဲ့ တန်းသုံးယုံပါပဲ..။ ဘာကီးမှ ထည့်ပေးဖို့ မလိုပါဘူး..။ ဖူးဖြစ်ပြီးသားပါ..။ အရင်တုန်းက သူငယ်ချင်း တစ်ယောက်က မေးဖူးပါတယ်..။ စောင်းနေတဲ့၊ ဇောက်ထိုးဖြစ်နေတဲ့ Video တွေကို တည့်အောင် ဘယ်လိုလုပ်ရမလဲ..၊ ဘယ် Player ကြည့်ရမလဲတဲ့..။ အခု ဒီကောင်လေးက အဲ့လို ဖြစ်နေတဲ့ Video တွေကို တည့်အောင် ၊ ပြောင်းပြန်လှန်ပြီး ၊ စောင်းပြီး အမျိုးမျိုးနဲ့ ကြည့်လို့ ရပါတယ်..။ ဒီကောင်လေးကို Install ထည့်တတ်အောင် ရွေးပေးရမယ့် နေရာလေးတွေနဲ့ Video တွေ တည့်အောင် ကြည့်တတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 102 MB ရှိပါတယ်..။

HyperSnap 7.25.03 Final



မိမိတို့ရဲ့ ကွန်ပျူတာ Desktop မှာ ပေါ်နေတဲ့ ပုံတွေကို မောက်စ်မျှားလေးပါ ပါအောင် ဓါတ်ပုံရိုက်ပြီး ယူလို့ရတဲ့ HyperSnap 7.25.03 Final နောက်ဆုံးထွက် လေးပါ..။ အညွှန်းမျှားတွေထည့်ပြီး၊ ပုံတွေကို Effect မျိုးစုံနဲ့ သပ်ရပ်လှပအောင် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် key ဖိုင်လေး၂ခု ထည့်ပေးထားပါတယ်..။ Key ဖိုင်၂-ခုထဲက တခုကို ၂ချက်တောက်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ Key Files ထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ဒီလင့်က ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ ဖူးဖြစ်အေင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ Effect တွေများလွန်းတဲ့အတွက် အားလုံးကို အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာရမှာပါ..။ ဒီကောင်လေးကို  လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။

Any Video Converter 5.0.8 Final


Any Video Converter is an All-in-One video converting tool with easy-to-use graphical interface, fast converting speed and excellent video quality. It allows you to effortlessly convert video files between every format! It can convert almost all video formats including DivX, XviD, MOV, rm, rmvb, MPEG, VOB, DVD, WMV, AVI to MPEG-4 movie format for iPod/PSP or other portable video device, MP4 player or smart phone. It also supports any user defined video file formats as the output. Any Video Converter makes it easy for anyone to enjoy the any format video with your iPod, PSP, mobile phone or MP4 player.
ဒီကောင်လေးရဲ့ အသုံးပြုလို့ရတဲ့ Convert ပြောင်းပေးနိုင်တဲ့ Format တွေကတော့ သူ့ရဲ့ မူရင်းဆိုဒ်မှာ ရေးပြထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်တာပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အသုံးပြုနည်း အပြည့်အစုံကို ဒီလင့်က ပိုစ့်မှာ  ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ မသိသေး၊ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ ဒီဖရီး Converter လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။

Freemake Video Converter 4.0.3.1 Final


Convert video free to AVI, MP4, WMV, MKV, SWF, 3GP, DVD, MPEG, MP3, iPod, iPhone, PSP, Android, rip & burn DVD, convert online videos, burn Blu-ray, and more.  
ဒီကောင်လေးက ဖရီးပေးသုံးတဲ့ Freemake Video Converter 4.0.3.1 Final ဗါးရှင်းလေးပါ..။ ကျနော်တို့ရဲ့ ရုပ်ရှင်၊ Video နဲ့ သီချင်းတွေကို ဖေါ်မတ်အမျိုးမျိုး ပြောင်းပေးနိုင်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ၊ အသုံးပြုနည်းက Xilisoft Converter တွေနဲ့ အသုံးပြုပုံ တူပါတယ်..။ အသုံးပြုပုံကို လေ့လာလိုတဲ့ သူများကတော့ ပုံလေးတွေနဲ့ ရှင်းပြပေးထားတဲ့ အသုံးပြုနည်းပိုစ့်ကို  ကလစ်၍ ဝင်ကြည့်နိုင်ပါတယ်..။ ဒီ Converter လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26.9 MB ရှိပါတယ်..။

Free download DriverPack Solution 13 R320 Final Full Version



မင်္ဂလာပါဗျာ Gtalk မှာ သူငယ်ချင်း တစ်ယောက် မေးထားတာလေးပါ Windows တင်ပြီး ဘာတွေ လိုအပ်လဲ ဘာတွေ လုပ်ဆောင်ရမလဲ မေးတော့ အဓိကတော့ Driver ကိစ္စပါ Windows တင်ပြီးရင် Driver ဟာ မဖြစ်မနေ မောင်းပေးရပါတယ် အဲတော့ ကွန်ပျူတာ ဝန်ဆောင်မှု ပေးနေသော သူများအသုံးပြုလေ့ရှိတဲ့  DriverPack Solution 13 R320 Final ကို ကျွန်တော် ပြန်ရှယ်ထားပါတယ် File Size လည်း 4GB ကျော်တဲ့ အတွက် ကျွန်တော် ကိုယ်တိုင်း Download ဆွဲယူထားတဲ့ ဆိုဒ်ကနေ Download လင့်ကို ချိတ်ပေးထားပါတယ်ဗျာ စိတ်ချလက်ချ ဒေါင်းယူနိုင်ပါတယ် ကျွန်တော် ကိုယ်တိုင်း စမ်းသုံးပြီးပါပြီး အသုံးပြုပုံ အနည်းငယ်ကိုလည်း အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်ဗျာ

K-Lite Mega Codec Pack BETA 3 9.9.9 Final Free


Windows Media Player နဲ့ ဖေါ်မတ်အားလုံးနီးပါး ဖွင့်လို့ရအောင် လုပ်နည်း ပိုစ့်မှာ ဒီဆော့ဝဲလ်ကို Install ထည့်တတ်အောင် အစ၊အဆုံး ပြပေးခဲ့ပါတယ်..။ ဒီကောင်လေးက ဝင်းဒိုးထဲမှာပါတဲ့ Windows Media Player အပြင်တခြား Player တွေကိုပါ Support လုပ်တဲ့အတွက်.. ဒီကောင်လေးကို Install ထည့်ပေးပြီးသွားရင် သီချင်း ၊ Video ဖေါ်မတ်အားလုံးနီးပါးကို မိမိတို့ စက်ထဲမှာ ရှိတဲ့ Player တွေနဲ့ အလွယ်တကူ ဖွင့်သုံးလို့ ရမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးထဲမှာပါတဲ့ Media Player Classic နဲ့လည်း ဖွင့်သုံးလို့ ရသွားပါလိမ့်မယ်..။ အများကြီး လုပ်ပေးဖို့ မလိုပါဘူး.. ဒီဆော့ဝဲလ်ကို Install ထည့်တဲ့အချိန်မှာ အောက်ကပုံလေးတွေနဲ့ ပြပေးထားတဲ့အတိုင်း အမှန်ခြစ်လေးတွေ ပေးပြီး Install ထည့်ပေးလိုက်ရင် အဆင်ပြေပါတယ်..။ အရင်ပိုစ့်မှာ အစအဆုံး လုပ်ပြပေးခဲ့ပြီမို့ ဒီပိုစ့်မှာတော့ စာတွေ အများကြီး မရေးတော့ပဲ ပုံလေးတွေပဲ ပြပေးလိုက်ပါတယ်..။ ပုံလေးတွေ ကြည့်ပြီး လိုက်လုပ်ပေးလိုက်ယုံပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 29 MB ရှိပါတယ်..။

Internet Download Manager 6.17 Build 7 Final


 Internet Download Manager 6.17 Build 7 Final နောက်ဆုံးထွက် Update လေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.2 MB ရှိပါတယ်..။

Uniblue PowerSuite Pro 2013 4.1.7.0 Final Offline


Uniblue PowerSuite Pro 2013 - is a system utility that will help your computer run much faster. The program can also clean up and fix all registry problems. The program has a feature that scans all the drivers installed on your computer and looking for them to available upgrades. You will only need to install these updates to resolve, and you will always have the latest drivers. After work this utility to your computer, you'll be surprised at how much better your system will work!
ဒီကောင်လေးကတော့ PC Doctor လို့တောင် ခေါ်ကြတဲ့.. ကွန်ပျူတာရှိတဲ့သူတိုင်း ဆောင်ထားသင့်တဲ့ မရှိမဖြစ် ဆော့ဝဲလ်ကောင်းလေး တခုပါ..။ လေးနေ၊ ဟမ်းနေတဲ့ စက်တွေကို (ဗိုင်းရပ်စ်ကြောင့် မဟုတ်ရင်) မြန်ဆန် သွက်လက်စေပါတယ်..။ မူရင်းဆိုဒ်မှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ မိမိတို့ရဲ့ ကွန်ပျူတာထဲက Registry Error တွေ၊ အမှိုက်တွေနဲ့ တခြား မလိုအပ်တာတွေပါ ရှင်းလင်းပေးပါလိမ့်မယ်..။ နောက်ပြီး မိမိတို့စက်ထဲမှာ Outdate ဖြစ်နေတဲ့ Drivers တွေကို Update ဖြစ်အောင် လုပ်ပေးနိုင်ပါသေးတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ပြန်ကြည့်နိုင်မှာဖြစ်ပြီး.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21 MB ရှိပါတယ်..။

DLL-Files Fixer 3.0.81.2643 Final



ကျနော်တို့ ဆော့ဝဲလ်တွေ၊ ဂိမ်းတွေ ကွန်ပျူတာထဲကို Install ထည့်တဲ့အခါ တချို့စက်တွေမှာ .dll (ဥပမာ။။ msvcp100.dll) ဆိုတဲ့ ဖိုင်မျိုးလေးတွေ လိုနေတတ်ပါတယ်..။ အဲ့လို .dll ဖိုင်တခုလိုနေတာနဲ့ Install ထည့်လိုက်ပြီးတဲ့ ဆော့ဝဲလ်ကို အသုံးပြုလို့ မရတော့ပါဘူး..။ အဲ့လိုအခါမျိုးတွေမှာ ဒီကောင်လေးက အသုံးဝင်ပါတယ်..။ ဒီကောင်လေးကတော့ DLL-Files Fixer 3.0.81.2643 Final နောက်ဆုံးထွက်လေးပါ..။ အင်တာနက်ကနေ သူ့ရဲ့မူရင်းဆိုဒ်မှာ လိုက်ရှာဒေါင်းယူပြီး မိမိတို့ စက်ထဲကို ထည့်ပေးနိုင်တဲ့ DLL-Files Fixer လေးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6 MB ရှိပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင် အာက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးမပြုတတ်သေးတဲ့ သူများကတော့  လေ့လာကြည့်ပေးပါ..။ 

Mojosoft Business Cards MX 4.8.7 Final



ဒီကောင်လေးကတော့ Business Cards လေးတွေ ပြုလုပ်ချင်တဲ့ သူများအတွက် အဆင်ပြေစေမယ့် ကောင်လေးပါ..။ မိမိတို့ စိတ်ကြိုက် ဖရိန်လေးတွေကို ရွေးချယ်ပြုလုပ်လို့ရမယ့် ၊ ဒီဇိုင်းမျိုးစုံပါတဲ့ အသုံးပြုရတာလည်း လွယ်ကူတဲ့ ပရိုဂရမ်ကောင်းလေး တခုပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Keygen လေးပါ ထည့်ပေးထားပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို Keygen နဲ့ ဖူးဖြစ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးထားပြီး.. အသုံးပြုတတ်အောင် ဆိုရင်တော့  ပြန်ကြည့်ပေးပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 87 MB ရှိပါတယ်..

အကောင်းဆုံး CMD Command ဖြင့် USB Bootable ဖြစ်အောင် လုပ်နည်း


ဒီနည်းလေးကတော့ ကျနော်တို့ ဆော့ဝဲလ်မလိုပဲ မည်သည့် ISO Image ဖိုင်တွေကိုပဲ ဖြစ်ဖြစ် USB Bootable ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းလေးပါ..။ အရင်တုန်းက ISO ဖိုင်တခုကို USB နဲ့ အသုံးပြုလို့ ရဖို့ဆိုရင် ဆော့ဝဲလ်တွေ လိုက်ရှာရပါတယ်..။ ဝင်းဒိုး ISO ဖိုင်တွေအတွက်ပဲ ဖြစ်ဖြစ်၊ တခြား ISO Image ဖိုင်တွေအတွက်ပဲ ဖြစ်ဖြစ်၊ USB Bootable ဖြစ်ဖို့အတွက် သူ့ ISO ဖိုင်အတွက် သူ့ဆော့ဝဲလ်ကို လိုက်ရှာယူရပါတယ်..။ အခု ဒီနည်းကတော့ ISO ဖိုင်အားလုံးကို USB နဲ့ ဘုတက်အောင်၊ Bootable ဖြစ်အောင် လုပ်ယူလို့ ရပါတယ်..။ အသုံးပြုနည်းက CMD နဲ့ အလုပ်လုပ်ပေးရမှာပါ..။ သိပ်တော့ မခက်ပါဘူး..။ စာကြောင်းအနည်းငယ်ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အစအဆုံး လုပ်တတ်အောင် တဆင့်ချင်းစီကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ USB တွေနဲ့ ဝင်းဒိုးတင်တာတွေ၊ USB နဲ့ ဝင်းဒိုး Password ဖြုတ်တာတွေကို လုပ်တတ်ချင်တဲ့ သူများအတွက် မသိမဖြစ် နည်းလမ်းလေး တခုပါ..။ ဒီလုပ်နည်းကို သိထားရင် ဘယ် ISO ဖိုင်ကို မဆို USB Bootable ဖြစ်အောင် လုပ်ယူနိုင်မှာ ဖြစ်ပါတယ်..။ စိတ်ဝင်စားတဲ့ ၊ တတ်ထားချင်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Windows 8 Pro 32-bit and 64-bit

 
Windows 8 Pro 32-bit and 64-bit ISO အခွေလေးပါ..။ ကျနော် ဒီဝင်းဒိုးခွေကို တင်ပေးဖို့ ပြင်နေတာ ကြာပါပြီ..။ Connection ကြောင့်ပဲ မတင်ပေးဖြစ်ခဲ့ပါ..။ အခုတော့ လိုင်းကောင်းတဲ့ အချိန်လေးမှာ နည်းနည်းချင်းတင်ရင်း အပိုင်းအားလုံး ပြီးသွားပြီဖြစ်လို့..၊ Windows 8 Pro 32-bit and 64-bit နှစ်မျိုးစလုံးကို အခွေတစ်ခွေထဲမှာ ထည့်သုံးလို့ ရမှာ ဖြစ်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးတွေထဲမှာ ဒီ ဝင်းဒိုးကို Activate လုပ်ဖို့အတွက် Activator လေးပါ ထည့်ပေးထားပါတယ်..။ 190 MB စီနဲ့ အပိုင်းအားလုံးပေါင်း အပိုင်း-၂၀ ရှိပါတယ်..။ လိုအပ်တဲ့ သူများကတော့ အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။ လင့်တွေပျက်သွားမှာ ပြန်တင်ပေးဖို့ မလွယ်လို့ပါ..။ ဖိုင်ဖြည်တဲ့အခါမှာ အရင်တုန်းကလိုပဲ part-1 ကနေ ဖြည်ချလိုက်ရင် အပိုင်းအားလုံး ဖြည်ပြီးသား ဖြစ်သွားပါပြီ..။ အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒေါင်းလော့ယူတဲ့အခါမှာတော့ အပိုင်း ၁ နဲ့ အပိုင်း ၂ ကို လင့်တခုစီပဲ တင်လို့ ပြီးသေးတဲ့အတွက် အဲ့ဒီအပိုင်း ၂ခုကို အရင်ဒေါင်းယူထားလိုက်ပါ..။ ကျန်တဲ့ အပိုင်းတွေကတော့ လင့်တွေ အများကြီးနဲ့ တင်ပေးထားလို့ တလအတွင်းတော့ ကောင်းစွာဒေါင်းယူလို့ ရနေပါလိမ့်မယ်..။

ACDSee Video Converter Pro 3.5.1.55 Final

ဒီ Converter လေးက မိမိတို့ရဲ့ သီချင်းတွေနဲ့ Video တွေကို ဖေါ်မတ်အမျိုးမျိုးပြောင်းပေးနိုင်တဲ့ ACDSee Video Converter Pro 3.5.1.55 Final ဗါးရှင်းလေးပါ..။ နောက်ပြီး မိမိတို့ ဖေါ်မတ်ပြောင်းထားပြီးတဲ့ သီချင်း ၊ Video တွေကို ဒီကောင်လေးနဲ့ အခွေကူးတာတို့ ၊ Edit လုပ်တာတို့ ၊ ဖြတ်တာတို့ အပြင် You Tube ကိုပါ တခါတည်း Upload တင်လို့ ရပါသေးတယ်..။ Keygen နဲ့ ဖူးလုပ်အသုံးပြုရမှာ ဖြစ်တဲ့အတွက် ကျနော် အောက်မှာ ပုံလေးတွေနဲ့ပါ Convert ပြောင်းနည်း အသုံးပြုတတ်အောင် အစအဆုံး လုပ်ပြပေးထားပါတယ်..။ တခြား Features တွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26.2 MB ရှိပါတယ်..။

Samsung kies_2.3.3. (Samsung USB Driver)





မင်္ဂလာပါဗျာ Samsung ဖုန်း ကိုင်ဆောင်ထားတဲ့ သူတွေမိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်မယ်ဆိုရင်Samsung USB Driver က မရှိမဖြစ် လိုအပ်ပါတယ်
အခုတင်ပေးထားတဲ့ Samsung USB Driver က Windows တိုင်းကိုSupport လုပ်ပါတယ်မိမိချိတ်ဆက်ချင်တဲ့ ကွန်ပျူတာထဲကိုဒီဆော့ဝဲလ်ကို ထည့်လိုက်ပါ ပြီးရင် ဖုန်းကို USB ကြိုးနှင့် ချိတ်ဆက်ပါမိမိဖုန်းမှာ တူ.. ဆိုတဲ့ အသံပေါ်လာရင် ဖုန်းရဲ့ အပေါ်ဘားမှာလက်လေးနဲ့ ဆွဲချပြီး USB ပုံကို ရွေးချယ်နှိပ်လိုက်ပါဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်

Zoom Player MAX v6.8.1 Full Version Free download



မင်္ဂလာပါဗျာ Player တွေ ပြောင်းသုံးချင်တဲ့သူငယ်ချင်းတွေ အတွက် Zoom Player MAX v6.8.1 ကိုပြန်ရှယ်ထားပါတယ် Video Format အားလုံး Support လုပ်ပါတယ် ကြည့်တဲ့အခါလည်း ကြည့်လင့်ပြတ်သားစွာကြည့်ရှု့နိုင်မယ် ဖြစ်ပါတယ် ပြောင်းသုံးချင်သူများ
အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးခင်ဗျာFile Size (11.1MB) ရှိပါတယ်

YouWave Android 3.7 Multilingual + Patch + Key Full Version



မင်္ဂလာပါဗျာ Android ဖုန်း မရှိသေးတဲ့ သူတွေAndroid Game , Android app လေးတွေကို
ကွန်ပျူတာ ကစားချင်တဲ့ သူတွေ အတွက်YouWave Android 3.7 Multilingual Update လေးတွေ့လို့ ပြန်ရှယ်လိုက်ပါတယ် ဆော့ဝဲလ်ကို Full Versionဖြစ်ဖို့ အတွက် Patch + Key နှစ်ခု စလုံး အသုံးပြုရမယ်ဖြစ်ပါတယ် အသုံးပြုနည်းကို အောက်မှာ ရှင်းပြထားပါတယ်ခင်ဗျာFile Size (144.92MB) ရှိပါတယ်

TeamViewer 8.0.19617 Premium With Activator Free Download



မင်္ဂလာပါဗျာ ကွန်ပျူတာ တစ်လုံးနှင့် တစ်လုံး အင်တာနက်ရှိယုံနှင့် ဝင်ကြည့်လို့ ရတဲ့ TeamViewer 8.0.19617 Update လေးကို ပြန်ရှယ်ထားပါတယ် အရေးကြီးတာက တစ်ယောက်နဲ့ တစ်ယောက်ID ရယ် Password ရယ် ဝင်ကြည့်မယ်ဆိုရင် သိဖို့တော့လိုပါတယ် လူသစ်တွေ အနေနဲ့ အသုံးပြုပုံ အနည်းငယ်ပြန်ကြည့်ချင်ရင်တော့ ဒီပိုစ့်မှာ ပြန်ကြည့်လို့ ရပါတယ်ခင်ဗျာဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက်  Activator လုပ်ပေးရမယ် ဖြစ်ပါတယ် File Size (6.23MB) ရှိပါတယ်

HMD v3.3 Portable (MP3 သီချင်းတွေ ဒေါင်းလင့်ဆွဲမယ်)



မင်္ဂလာပါဗျာ အင်တာနက်ပေါ်မှာ သီချင်းတွေ တစ်ပိုဒ်ချင်းစီဒေါင်းလင့်ဆွဲချင်သူတွေ အတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်ဆို မမှားပါဘူး ဆော့ဝဲလ်က Portable လေးပါCrack တို့ Patch တို့ ခေါင်းစားစရာ မလိုပါဘူးအသုံးပြုမယ်ဆိုရင် အောက်က ပုံအတိုင်း နံပတ်(၁) ပြထားတဲ့နေရာမှာ အဆိုတော် နာမည် (သို့) သီချင်းအခွေနာမည် ရိုက်ထည့်ပြီးအလွယ်တကူ ရှာဖွေ့ ဆွဲယူ နားထောင်းနိုင်ပါတယ်ခင်ဗျာFile size (7.20MB) ရှိပါတယ်

EaseUS Partition Master Professional Edition 9.2.2 + Patch




မင်္ဂလာပါဗျာ Hard Disk တွေကို Partition ပိုင်းချင်သူတွေအတွက် အသင့်တော်ဆုံး Software ဆိုရင် မမှားပါဘူးဗျာHard Disk တွေတင် မကပါဘူး USB တွေကိုပါခွဲလို့ရပါတယ် အသုံးပြုပုံ အနည်းငယ်ကို ဒီပိုစ့်မှာ ပြန်ကြည့်လို့ရပါတယ် တူတူပါပဲ သိပ်မကွာပါဘူးဗျာဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက် Patch ဖိုင်ကိုအသုံးပြုရမယ် ဖြစ်ပါတယ်File Size (17.15MB) ရှိပါတယ်

Internet Explorer 10.0 Windows 7 (32 bit 64 bit)



မင်္ဂလာပါဗျာ အင်တာနက် အသုံးပြုကြတဲ့ သူတွေဟာမိမိ အင်တာနက်ကို မြန်ချင်တဲ့ သူတွေချည်းပဲမိမိ အသုံးပြုနေတဲ့  Internet Explorer ဟာ Version နိမ့်နေရင် နှေးတတ်ပါတယ် အဲတော့ နည်းနည်းလေးမြန်သွားရအောင် Version မြင့်မြင့်တွေ ထည့်ပြီး အသုံးပြုကြည့်ပါဆော့ဝဲလ်ကို မူရင်း လင့်ကပဲ ချိတ်ပေးထားပါတယ်Installing ထည့်တဲ့အခါ မိမိ ကွန်ပျုတာမှာ အင်တာနက်ချိတ်ဆက်ထားဖို့တော့ လိုပါတယ်ဗျာ

CC Cleaner 4.0.3 + Serial Key Full Version



မင်္ဂလာပါဗျာ CC Cleaner ဆို ကွန်ပျူတာ အသုံးပြုနေတဲ့သူတိုင်း သိကြပါတယ် အမှိုက်တွေ ရှင်းပေးတဲ့ နေရာမှာဆိုလူကြိုက်များပြီး ကွန်ပျူတာတိုင်းမှာ ဆောင်ထားကြတဲ့ဆော့ဝဲလ်လေးပါပဲဗျာ အခုလဲ Update ထွက်လို့ တင်ပေးလိုက်ပါတယ်ဗျာ ဒါထက် Full Version ဖြစ်ဖို့အတွက် Serial Key ကို အသုံးပြုရမယ် ဖြစ်ပါတယ်လူသစ်တွေ အနေနဲ့ အသုံးပြုနည်းကို ကြည့်ချင်ရင်တော့ဒီပိုစ့်မှာ ပြန်ကြည့်လို့ ရပါတယ် File Size (3.9MB) ရှိပါတယ်

AVS Image Converter 2.3 + Crack Full Version



မင်္ဂလာပါဗျာ Image Format တွေကို Format အမျိုးမျိုးပြောင်းပေးနိုင်တဲ့ AVS Image Converter 2.3 ကိုပြောင်းပေးနိုင်တဲ့ Format တွေကတော့ JPEG, PDF, RAWTIFF, TGA, RAS, GIF, JPEG 2000, စသည့်တို့ ဖြစ်ပါတယ်အသုံးပြုပုံ အနည်းယ် ကို နံပတ် အစဉ်လိုက် လုပ်ပြထားပါတယ်အခုဆိုရင် အင်တာနက် လိုင်းက ကိုယ်ပိုင်မရှိတဲ့ အတွက်အသေးစိတ် မရှင်းပြနိုင်တာကိုတော့ နားလည်းစေချင်တယ်ဆော့ဝဲလ်ကို Full Version ဖြစ်ဖို့ အတွက် Crack ဖိုင်ကိုအသုံးပြုရမယ် ဖြစ်ပါတယ် Crack ဖိုင် ဖြည့်နည်းကို ဆိုဒ်ရဲ့ညာဘက်ခြမ်းမှာ ရှိပါတယ် File Size (24.55MB) ရှိပါတယ်

Photosop ဝတ်စုံများ စုစည်းခြင်း




မင်္ဂလာပါဗျာ Photoshop ဝါဿနာရှင်တွေ ဆောင်ထားသင့်တဲ့ဝတ်စုံများကို စုစည်းတင်ပေးလိုက်ပါတယ်ဝတ်စုံတွေက အပေါ်မှာ မြင်တွေ့တဲ့ အတိုင်းပါပဲPhotoshop သမားတွေက ဒါမျိုးတွေ ရှိကြပါတယ် ဒါပေမဲ့အခုမှာ စတင်လေ့လာသူတွေ အတွက်တော့ ဆောင့်ထားမယ် ဆိုရင် အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးခင်ဗျာFile Size (92.81MB) ရှိပါတယ်

English-Myanmar_Dictionary_v1.0.0.4 (အင်္ဂလိပ် မြန်မာ အဘိဓါန်)



မင်္ဂလာပါဗျာ Nyein Chan ရေးသားထားတဲ့English-Myanmar_Dictionary လေးပါ Dictionary ထဲမှာ ပါသော စုစုပေါင်း စကားလုံး 29618 ပါဝင်ပါတယ်ဗျာအသံထွက်ပါ ထွက်ပေးနိုင်တယ်ဆိုတော့ အတော်လေးကောင်းမွန်ပါတယ် နောက်ပြီး ရုပ်ပုံရှိပါက ရုပ်ပုံတွေတောင်ပြပေးနိုင်ပါတယ် အင်္ဂလိပ်စာ လေ့လာချင်သူတွေ အတွက်တော့အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးခင်ဗျာ File Size (2.8MB) ရှိပါတယ်

မြန်မာ ဒီဇိုင်းဖောင့် 340 Download ယူနိုင်ပြီး





မင်္ဂလာပါဗျာ မြန်မာ ဒီဇိုင်းဖောင့်တွေကို ကျွန်တော် ဆိုဒ်မှာတင်နေကျပါ အခုလဲ ဒီဇိုင်းဖောင့် 340 ကို ထပ်တင်ပေးလိုက်ပါတယ်တချို့သော Font များသည့် အရင်က တင်ပေးဖူးသောဒီဇိုင်းဖောင့်နှင့်တူတာမျိုးတွေ တစ်ခုတစ်လေ ရှိပါတယ်အသုံးပြုသူ အနေနဲ့လည်း မိမိမှာ ရှိပြီးသား ဒီဇိုင်းဖောင့်တွေနဲ့တူကောင်း တူလိမ့်မယ် ရွေးချယ်ပြီး အသုံးပြုပါလို့ ပြောချင်ပါတယ်အကယ်၍ လူသစ်တွေ အနေနဲ့ ဒီဇိုင်းဖောင့် ထည့်ဖို့ အခက်အခဲရှိနေလျှင် ဒီပိုစ့်မှာ ပြန်ကြည့်လို့ရပါတယ်File Size (9.7MB) ရှိပါတယ်

Google Chrome 28.0.1500.95 Stable Free Download



မင်္ဂလာပါဗျာ Google Chrome ဟာ အင်တာနက် အသုံးပြုသူတိုင်း  မစိမ်းကြပါဘူး အခုလဲ Update လေး ထွက်လို့တင်ပေးလိုက်ပါတယ် Winrar ကို ဖွင့်ပြီး ဆော့ဝဲလ်ဖိုင်နှစ်ချက် နှိပ်လိုက်ရင် သူလိုလို ဝင်သွားပြီး သုံးလို့ရပါပြီးဗျာGoogle Chrome သုံးပြီး မြန်မာလို မမြင်ရပါက အောက်က ပုံအတိုင်း လိုက်လုပ်လိုက်ပါဗျာ File Size (32.2MB) ရှိပါတယ်
Related Posts Plugin for WordPress, Blogger...