Netcut 2.1.4 - မိမိတို့ WIFI အတွင်းက အင်တာနက်သုံးသူများကို၊ အသုံးပြုလို့မရအောင် မိမိစက်ကနေ ပိတ်နည်း

 29 Oct 13, 08:14 PM
မင်းသူ:
ကိုလွင်မင်းဗိုလ် ရေ. မိမိကိုယ်ပိုင်လွှင့်ထားတဲ့ Wifi ကို password နဲ့ပိတ်တာတော့ ရပါရဲ့ password တစ်ခုကို စက်တလုံးသာ အသုံးပြုလို့ရအောင် ထိန်းချုပ်လို့ရနိုင်ပါသလား ဘယ်လိုထိန်းချုပ်ရမလည်းဆိုတာ ပြောပြပေးပါလား
29 Oct 13, 08:16 PM
မင်းသူ:
မတရားအချောင်လိုချင်ကျတဲ့ လူတွေကြောင်စိတ်အနှောက်အယှက်ဖြစ်ရလွန်းလို့ပါ
ဒီကောင်လေးကတော့ မိမိတို့ရဲ့ Wifi အတွင်းမှာ ဝင်ရောက်သုံးစွဲနေတဲ့၊ လိုင်းမိနေတဲ့ စက်တွေကို တစ်မိနစ်တော့ မိမိစက်ကနေ ပိတ်ထားလို့ ရပါတယ်..။ တစ်ခါပိတ်ရင် တစ်မိနစ်ပဲ ပိတ်လို့ရမှာ ဖြစ်ပြီး ၊ ခဏခဏ အသုံးပြုလို့ ရပါတယ်..။ ကိုမင်းသူလိုချင်သလို စက်တလုံးပဲ ပေးသုံးဖို့ဆိုတာတော့ ကျနော်နည်းလမ်းတွေ ရှာလို့ မတွေ့သေးပါ..။ နောက်တနည်းကတော့ မိမိရဲ့ Wifi ပါတ်စ်ဝါဒ့်ကို မကြာမကြာ ပြောင်းလဲပြီးသုံးရင်လည်း အဆင်ပြေတဲ့ နည်းလမ်းကောင်းလေးပါ..။ ဒီကောင်လေးနဲ့လည်း မိမိရဲ့ Wifi အတွင်းမှာ ဘယ်နှယောက် အသုံးပြုနေလည်း ဆိုတာကို ကြည့်လို့ ရမှာဖြစ်ပြီး ၊ မိမိမသိတဲ့ စက်တွေပေါ်နေရင်တော့ Wifi Password ကို အမြန်ပြောင်းဖို့၊ အလွယ်ရှာဖို့ နည်းလမ်းကောင်းလေးပါပဲ..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။
ဒီဆော့ဝဲလ်လေးကို မြန်မာပြည် အလည်ပြန်သွားတဲ့ ကျနော့် သူငယ်ချင်း၊ ကျနော်တို့ ကွန်ပျူတာသင်တန်း တခုထဲမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်း ရဲဝင်းနိုင် က ဟိုအရင်ကတည်းက Gmail ကနေ ပို့ပေးထားခဲ့တာပါ..။ ကြာပြီဖြစ်လို့ ဒီဆော့ဝဲလ်ကို ကျနော် မေ့နေပါပြီ..။ အခုတောင်းတဲ့လူနဲ့ တိုက်ဆိုင်လာတော့မှ Gmail ကနေ ပြန်ဒေါင်းယူပြီး အားလုံးပဲ အသုံးပြုနိုင်အောင် ပြန်တင်ပေးလိုက်တာပါ..။ အတွေး၊ ကဗျာ၊ သတင်းတွေ တင်ပေးနေတဲ့ ကျနော့်သူငယ်ချင်း ရဲဝင်းနိုင် ရဲ့ Blog လေးကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..။ အောက်မှာလည်း Gmail ကနေ သူရေးပေးထားတဲ့ စာလေးကို အသုံးပြုတတ်အောင် ပြန်လည် ဖေါ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပါတယ်..။

Microsoft Office Word 2013 ကိုလေ့လာအသုံးပြုခြင်း (မြန်မာလို)



မင်္ဂလာပါဗျာ စာစီစာရိုက်ကို လေ့လာနေသူတွေအတွက် Microsoft Office Word 2013 ကိုလေ့လာအသုံးပြုခြင်း ရုံသုံးစာများရိုက်ခြင်း၊  စာတမ်းပြုစုခြင်း၊  စာအုပ်များ ထုတ်ဝေခြင်း၊ ဇယားကွက်များ ပြုလုပ်ခြင်း၊ စသည့်  တို့ကို   ပြုလုပ်သည့်   အခါ Microsoft Office Word နဲ့   အရမ်းကို   အလုပ်ဖြစ်ပါတယ်။ မိမိတို့ အနေနဲ့ Microsoft Office Word 2013 မရှိသေးပါက ဒီပိုစ့်မှာ ရယူနိုင်တယ်။

Gilisoft Screen Recorder 4.2.0 Final

မိမိတို့ရဲ့ Desktop ပေါ်က မြင်ကွင်းအားလုံးကို ဒီကောင်လေးနဲ့ Video ရိုက်ပြီး ဖမ်းယူပေးထား နိုင်တဲ့ Gilisoft Screen Recorder လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ keygen လေးပါ ထည့်ပေးထားပြီး.. ၎င်း keygen နဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Keygen နဲ့ ဖူးဖြစ်အောင် လုပ်တော့မယ်ဆိုရင် အင်တာနက်လိုင်းနဲ့ Antivirus တွေကို အရင်ပိတ်ထားပြီးမှ keygen ကို ဖွင့်သုံးပါ..။ ဒါဆိုရင် ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.3 MB ရှိပါတယ်..။

Internet Cyclone Portable 2.18 Final

Internet ဆွဲအားကို 200% ထိပိုပြီး ဆွဲပေးနိုင်တယ်လို့ သူ့ဆိုဒ်မှာ ရေးထားပါတယ်..။ ဆွဲအားပိုကောင်းတော့ လိုင်းပိုမြန်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဟုတ်မဟုတ် မိမိတို့ ကိုယ်တိုင်သာ စမ်းသုံးကြည့်ကြပါ..။ မိမိတို့ အသုံးပြုတဲ့ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်ပြီး ရွေးပေးရပါမယ်.. MODEM (Dial-Up) နဲ့လား ၊ ISDN (WIFI ကိုဆိုလိုတာပါ) နဲ့လား၊ CABLE / DSL နဲ့လားဆိုတာ ရွေးပေးပြီး Optimize တချက်ကလစ်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှာ OK နှိပ်ပေးလိုက်ရင် အင်တာနက်ဆွဲအား ပိုမြန်လာပါလိမ့်မယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ အသုံးပြုတတ်အောင် အရင်က ပြန်လည် လေ့လာကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.1 MB ရှိပါတယ်..။

PowerISO 5.8 Final

PowerISO 5.8 Final နောက်ဆုံးထွက်လေးပါ..။ ကျနော်တို့ ISO ဖိုင်တွေကို CD/DVD အခွေကူးတဲ့အခါမျိုးတွေမှာ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ ဗါးရှင်းအဟောင်း ပိုစ့်တခုမှာ ဒီ PowerISO နဲ့ ပါတ်သက်လို့ အသုံးပြုတတ်အောင် ပိုစ့်တင်ပေးခဲ့ဖူးပါတယ်..။ အသုံးပြုတတ်အောင်ပါ အနည်းငယ် ပုံလေးတွေနဲ့ လုပ်ပြပေးထားတာမို့ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ PowerISO 5.4 အသုံးပြုနည်း ပိုစ့်ကို ဝင်ကြည့်နိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို 32-bit နဲ့ 64-bit ဆိုပြီး ဖိုင်၂-ခု ပူးတင်ပေးထားပါတယ်..။ မိမိတို့ဝင်းဒိုးနဲ့ ကိုက်ညီတဲ့ ဗါးရှင်းနဲ့ ရွေးပြီး Install ထည့်ပေးပါ..။ ဖူးသုံးလို့ ရအောင် ကျနော် crack နဲ့ keygen ၂-ခု ထည့်ပေးထားပါတယ်..။ အရင်ဆုံး crack ကို Run ပေးပြီးမှ ဆော့ဝဲလ်ကို ဖွင့်ပြီး ၊ keygen နဲ့ ဖူးလုပ်အသုံးပြုရမှာပါ..။ ဖူးဖြစ်အောင် လုပ်တတ်အောင်လို့ ကျနော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဖူးဖြစ်အောင် လုပ်နည်းကိုပါ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။ Antivirus တွေကို အရင် ပိတ်ထားပြီးမှ keygen ကို ဖွင့်သုံးပါ..။

KMPlayer 3.7.0.133 Final

မိမိတို့ရဲ့ ကွန်ပျူတာမှာ ရုပ်ရှင်တွေ၊ Video တွေ ကြည့်မယ်ဆိုရင်တော့ ဒီကောင်လေးနဲ့လည်း ကြည့်လို့ အဆင်ပြေပါတယ်..။ အသံနဲ့ ရုပ်တွေ ပိုမို ကြည်လင်ပြတ်သား တာကို တွေ့ရပါတယ်..။ ပုံမှန်ကြည့်တာနဲ့ မတူပဲ အသံစုံ မြိုင်မြိုင်လေး ကြားရတာ တခုရယ်၊ 3D Mode ပါ ပါတဲ့အတွက် မိမိတို့ ကွန်ပျူတာကနေ 3D မျက်မှန်ရှိတဲ့သူများအတွက် အဆင်ပြေစေမယ့်  KMPlayer 3.7.0.133 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 4 Final

IDM Update အသစ်လေး ထပ်ထွက်လာပြန်ပါပြီ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..။

Computer မှာ Android ဖုန်းတွေ အလုပ်လုပ်နိုင်အောင် USB Driver ထည့်နည်း

27 Oct 13, 03:57 PM
မိုးထက်: android ဖုန်း Driver ကိုဘယ်လိုကြည့်လဲခင်ဗျာ မကြည့်တတ်လို့ကူညီပေးပါနော် အကို စောင့်မျှော်နေပါတယ် အကို
27 Oct 13, 04:03 PM
မိုးထက်: root ချလျှင် driver ကိုသိရမယ်ဆိုလို့ပါ ဘယ်လိုကြည့်ရမလဲဆိုတာသင်ပေးပါနော်အကို
ကျနော် Android စမတ်ဖုန်းတွေကို လေ့လာဖြစ်တာ သိပ်မကြာသေးပါဘူး..။ ဒါကြောင့်ဒီပိုစ့်မှာ ဒီနေ့ထိ ကျနော် သိသလောက်ကို Android ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်နိုင်ဖို့အတွက် Android Driver တွေရှာယူတတ်အောင် ပြန်လည်မျှဝေပေးထားခြင်းသာ ဖြစ်ပါတယ်..။ မေးလာတဲ့လူနဲ့ ကြုံတုန်း ပိုစ့်တင်ပေးဖြစ်သွားတာ ဖြစ်လို့ တခြား လိုအပ်တဲ့ အစိတ်ပိုင်းတွေကိုတော့ စာဖတ်သူများထဲက ပိုသိတဲ့သူများက Comments တွေမှာ အသိပညာ၊ အတတ်ပညာတွေ ပြန်လည် မျှဝေပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..။ တောင်းဆိုပါတယ်..။ နောက်ပိုင်းဒီလိုမေးခွန်းတွေကို မေးလာတဲ့သူများ ရှိလာအုန်းမှာ ဖြစ်တဲ့အတွက်.. ပြန်ရှာပြရလွယ်အောင်၊ ဒီလို ကွန်ပျူတာအတွက် Android Drivers တွေ ရှာယူတတ်အောင် ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ခြင်းပါ..။
Android ဖုန်းနဲ့ ကွန်ပျူတာကို တွဲသုံးတော့မယ် ဆိုရင်တော့.. အခုမှစပြီး အသုံးပြုမယ့်သူတိုင်း သိထားသင့်တဲ့မေးခွန်းရဲ့ အဖြေလေးပါ..။ ကွန်ပျူတာမှာ Android ဖုန်းတွေရဲ့ Driver ကိုသိဖို့အတွက် Drivers ဆော့ဝဲလ်တွေ အများကြီးရှိပါတယ်..။ ဒီပိုစ့်မှာ ကျနော် ဒေါင်းယူလို့ ရအောင် ပြပေးထားတဲ့ Android Drivers တွေကတော့.. Android SDK Manager ၊ PdaNet ၊ Intel Android Drivers တွေပဲ ဖြစ်ပါတယ်..။ နောက်ထပ် ကျနော် မသုံးဖူးသေးတဲ့၊ မသိသေးတဲ့ Android Drivers တွေ အများကြီးရှိပါသေးတယ်..။ မိမိတို့စက်နဲ့ အဆင်ပြေစေမယ့် Android USB Drivers ကိုရွေးပြီး Install ထည့်ပေးရင်ရပါပြီ..။ တခုထည့်ကြည့်လို့ အဆင်မပြေရင် နောက်တခု ထပ်ထည့်ပါ..။ နောက်ပိုင်းမှာလည်း Android ဗါးရှင်းအသစ်တွေ ထပ်ပေါ်လာတိုင်း Driver အသစ်တွေလည်း ထပ်ပေါ်လာအုန်းမှာပါ..။ နောက်တခုကတော့ ဖုန်းအမျိုးအစားအလိုက် ကွန်ပျူတာနဲ့တွဲသုံးတဲ့ ဖုန်းတွေရဲ့ ဆော့ဝဲလ်တွေဖြစ်တဲ့ ဥပမာ - Samsung ဆိုရင်လည်း Samsung Kies တို့လို ၊ Sony Xperia ဆိုရင်လည်း Sony PC Companion တို့လို ဖုန်းနဲ့သက်ဆိုင်တဲ့ ဆော့ဝဲလ်တွေကိုလည်း.. ဖုန်းနဲ့ PC တွဲပြီး အသုံးပြုတော့မယ်ဆိုရင် အင်တာနက်နဲ့ချိတ်ထားပြီး ၎င်းဆော့ဝဲလ်တွေကို Installation Finish ဖြစ်သွားတဲ့အထိ စောင့်ပြီးထည့်ပေးရမှာပါ..။ ဒါမှသာ Android ဖုန်းကိုကွန်ပျူတာကနေ ကောင်းစွာ အလုပ်လုပ်လို့ရမှာ ဖြစ်ပါတယ်..။ ဒီအောက်က လင့်ကဆိုဒ်တွေမှာ Android Driver ထည့်နည်းတွေကို ပုံလေးတွေနဲ့ ပြပေးထားတာရှိပါတယ်..။ မသိသေးတဲ့ သူများက ဝင်ရောက်လေ့လာကြည့်ပါ..။ 

Wondershare MobileGo 4.1.0.6 Final - Android ဖုန်းတွေအတွက် Free Games တွေနဲ့ APK ဖိုင်တွေကို ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူနည်း


ဒီကောင်လေးကတော့ အခုနောက်ပိုင်း ကျနော် အမြဲသုံးဖြစ်တဲ့ ဆော့ဝဲလ်လေးပါ..။ Android ဖုန်းတွေအတွက် Google Play Store ကနေ ဖရီးဆော့ဝဲလ် APK ဖိုင်တွေအားလုံးကို ဒီကောင်လေးနဲ့ ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူလို့ ရမှာ ဖြစ်ပါတယ်..။ လူတိုင်းလိုလို စမတ်ဖုန်းတွေ ကိုင်လာနိုင်တဲ့ အချိန်မှာ ကျနော့် သူငယ်ချင်းတွေလည်း Android ဖုန်းကိုယ်စီနဲ့ Tablet တွေ ကိုယ်စီနဲ့ ဖြစ်လာပါပြီ..။ ဖုန်းအသစ်ဝယ်တိုင်း သူငယ်ချင်းတွေက ကျနော့်စီပဲ ပြေးလာကျတော့၊ မြန်မာဖေါင့်ထည့်တာ၊ Root ဖေါက်တာ၊ APK ဆော့ဝဲလ်တွေ Install ထည့်ပေးရတာတွေများလာတော့.. ကျနော်လည်း Android ဖုန်းတွေအတွက် APK ဖေါ်မတ်နဲ့ ဖရီးဆော့ဝဲလ်တွေကို အလွယ်တကူ ရှာယူပြီး၊ သိမ်းစုထားလို့ ရမယ့်နည်းတွေကို လိုက်ရှာရပါတယ်..။ Google Play Store ကနေ APK ဖိုင်တွေကို ကွန်ပျူတာ Browser တွေကနေ ဒေါင်းယူလို့ ရမယ့်နည်းတွေ အများကြီးရှိပေမယ့် လုပ်နည်းတွေ ရှုပ်ပါတယ်..။ နောက်ဆုံးမှာတော့ ဒီကောင်လေးနဲ့ APK ဖိုင်တွေကို ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူပြီး သိမ်းထားလို့လည်း ရတဲ့အတွက် ကျနော့်အတွက် အတော်လေး အဆင်ပြေသွားပါတယ်..။ နောက်ပိုင်းမှာတော့ လူသုံးများတဲ့၊ လူကြိုက်များတဲ့ Android ဖုန်းတွေအတွက် Free Games တွေနဲ့၊ APK ဖိုင်တွေကို Google Play Store ကနေ တခါဒေါင်းယူပြီးယုံနဲ့ တခြားဖုန်းတွေကိုပါ လိုက်ထည့်ပေးလို့ ရတဲ့အတွက် ၊ Android ဖုန်းမှာ အင်တာနက်မလို၊ Gmail အကောင့် ဖွင့်ပေးဖို့ မလိုပဲ ကျနော့်အတွက် မြန်မြန်ဆန်ဆန် လုပ်ပေးလို့ ရသွားတဲ့အတွက် အတော်လေး အဆင်ပြေသွားပါတယ်..။ 
ဒီနေ့တော့ ကျနော့်အတွက် အဆင်ပြေသွားတဲ့ ဒီဆော့ဝဲလ်လေးကို အားလုံးအတွက် အဆင်ပြေအောင် ကျနော် ပြန်တင်ပေးထားပြီး.. အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ အစ၊အဆုံးပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးဖြစ်အောင် patch ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး ၊ patch ထည့်နည်းကတော့ အရင်တုန်းက ပိုစ့်တွေအတိုင်းပါပဲ..။ ဆော့ဝဲလ်ကို မူရင်းဆိုဒ်ကနေ အမြဲတမ်း ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပြီး၊ patch ဖိုင်လေးကိုတော့ သီးခြား ခွဲတင်ပေးထားပါတယ်..။ ၂-ခုလုံးကို ဒေါင်းယူပြီး ဖူးဖြစ်အောင် လုပ်ပေးရမှာပါ..။ မိမိတို့ရဲ့ ကွန်ပျူတာမှာ Android ဖုန်း အမျိုးအစားအလိုက် Drivers တွေ Install ထည့်ပြီးလို့ သိတယ်၊ ရှိတယ်ဆိုရင်တော့ ကွန်ပျူတာကနေ APK ဖိုင်တွေ ဒေါင်းယူပြီးတာနဲ့ တခါတည်း ဖုန်းထဲကို Install ထည့်ပေးလို့ ရပါတယ်..။ အဲ့လိုလုပ်နိုင်ဖို့အတွက် ဖုန်းကို USB နဲ့ ကွန်ပျူတာမှာ ချိတ်ထားရမှာ ဖြစ်ပြီး ၊ ဖုန်းရော၊ ကွန်ပျူတာမှာပါ Internet Access ရရှိဖို့ လိုပါတယ်..။ ဒါဆိုရင်တော့ APK တွေကို ဖုန်းထဲ copy ကူးဖို့ မလိုပဲ ကွန်ပျူတာကနေ ဒီဆော့ဝဲလ်နဲ့ တခါတည်း ဖုန်းထဲကို Install ထည့်ပေးလို့ ရမှာ ဖြစ်ပါတယ်..။ ကွန်ပျူတာကနေ Android ဖုန်းတွေရဲ့ Driver မသိလို့၊ မရှိလို့ ဖြစ်ခဲ့ရင်တော့ ဒီကောင်လေးနဲ့ Google Play Store ကနေ ဒေါင်းယူထားတဲ့ APK ဖိုင်တွေကို SD Card (မန်မိုရီကတ်ထဲ) copy-paste နဲ့ ထည့်ပြီး ဖုန်းထဲက File Manager ထဲကနေ ဝင်ပြီး ဒီ APK ဖိုင်တွေကို Install ထည့် အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ 
အသုံးပြုချင်တဲ့ သူများအတွက် နားလည်အောင် ရှင်းပြပေးထားလို့ စာတော့ရှည်သွားပါတယ်..။ တကယ်တော့ ဒီလိုဆော့ဝဲလ်မျိုးက ကွန်ပျူတာရှိတဲ့သူတိုင်း ဆောင်ထားသင့်တဲ့ စမတ်ဖုန်းတွေအတွက် မရှိမဖြစ် ဆော့ဝဲလ်ကောင်းလေး တခုပါ..။ လူတိုင်း စမတ်ဖုန်းတွေ ကိုင်လာနိုင်ပြီဖြစ်လို့ Android ဖုန်းတွေအတွက် APK ဖိုင်တွေကို မိမိတို့ ကိုယ်တိုင် ဒေါင်းယူ စုဆောင်းသိမ်းထားမယ်ဆိုရင် ဖုန်းပြင်ဆိုင်တွေ သွားစရာမလိုတော့ပဲ ၊ ဖုန်းဆော့ဝဲလ် APK ဖိုင်တွေ တင်ပေးနေတဲ့ ဆိုဒ်တွေ လိုက်ရှာဖို့ မလိုတော့ပဲ မိမိတို့ ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ ဒီဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26 MB ရှိပြီး ၊ သီးခြားခွဲတင်ပေးထားတဲ့ patch ဖိုင်လေးကတော့ 150 kb ရှိပါတယ်..။

KMSpico 9 Beta 9.0.2.20131020

23 Oct 13, 11:53 PM
ko soesoe aung: ဝင်းဒိုး 8 active loader သေနေတာလေးပြန်တင်ေးပါလားအကို
ဝင်းဒိုး၇၊၈ လောက်ဒါတွေကို Blog ညာဘက် အခြမ်းမှာ Blog လိပ်စာ password ထည့်ပြီး ဒေါင်းယူလို့ ရနေတုန်းပါ..။ ကျနော်ပြန်စမ်းကြည့်ပြီးပါပြီ..။ ဒေါင်းလော့မယူတတ်သေးရင်တော့ ဒေါင်းလော့ယူနည်းပိုစ့်ကို အရင်ဖတ်လိုက်ရင် ဝင်းဒိုးလောက်ဒါတွေကို ဒေါင်းယူတတ်သွားပါလိမ့်မယ်..။ ဒါလေးကတော့ ကျနော့် Blog မှာ မတင်ပေးဖူးသေးတဲ့ Activator အသစ်လေးပါ..။
ဒီ Activator လေးက Windows 8/7/2008/2012 နဲ့ Office 2010/2013 တို့ကို Active ဖြစ်အောင် လုပ်ပေးနိုင်တဲ့ကောင်လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပြီး၊ ဒီကောင်လေးကို ဖွင့်ပြီး အသုံးပြုတော့မယ်ဆိုရင်တော့ Antivirus တွေနဲ့ ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးက ပုံလေးတွေကတော့ ဒီကောင်လေးကို တင်ပေးထားတဲ့ နိုင်ငံခြားဆိုဒ်တွေမှာ ဖေါ်ပြပေးထားတဲ့ Windows 8.1 ကို Activate ဖြစ်သွားတဲ့ ပုံလေးတွေပါ..။ ဒီပိုစ့်မှာတော့ ကျနော် ဒီ Activator လေးကို အသုံးပြုတတ်အောင် အစ၊အဆုံးပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။

CCleaner Business Edition 4.07.4369 Final


 
CCleaner Business Edition 4.07.4369 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ကွန်ပျူတာနဲ့ Browser တွေကို ဒီကောင်လေးနဲ့ အမှိုက်တွေရှင်း ပေးလိုက်ရင် လက်ရှိ နှေးနေ၊ လေးနေတဲ့ စက်တွေမှာ သွက်လက်မြန်ဆန်လာတာကို လက်တွေ့ မြင်တွေ့ရမှာပါ..။ ဒီကောင်လေးက Business Edition ဆိုပေမယ့်.. ဒီဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ cracker ဖိုင်လေးကို Install ထည့်တဲ့ အချိန်မှာ Business (or) Professional ဗါးရှင်းကို ရွေးပြီး ထည့်ပေးလိုက်ရင် မိမိတို့ ထည့်လိုက်တဲ့ အတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ လုပ်တတ်အောင် အောက်မှာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။
ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခု ဖန်တီးထားသင့်ပါတယ်..။ အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ ဒီလို System Tool တွေကို အသုံးပြုတဲ့အခါတွေမှာ အဆင်မသင့်ရင် ဝင်းဒိုး Error တွေဖြစ်တတ်တဲ့အတွက် Restore Point တွေရှိနေမယ်ဆိုရင် အလွယ်တကူ နောက်ပြန်ဆုတ်လို့ ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။ အသုံးပြုနည်း ပိုစ့်တွေကို ဒီလင့်တွေမှာ လေ့လာကြည့်နိုင်ပါတယ်..။  

Internet Download Manager 6.18 Build 3 Final

IDM Update အသစ်လေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..။

Windows တွေမှာ Right Click အသုံးပြုလို့မရအောင်၊ မပေါ်အောင် လုပ်နည်း


မိမိတို့ရဲ့ ဝင်းဒိုးတွေမှာ Right Click အသုံးပြုလို့ မရအောင် (သို့) မပေါ်အောင် လုပ်ထားချင်ရင်တော့ ဒီပိုစ့်ကနည်းနဲ့ အဆင်ပြေပါတယ်..။ ဒါကတော့ ကျနော့် သူငယ်ချင်းတစ်ယောက်က သူ့စက်ကို သူမရှိတဲ့အချိန်မှာ သိပ်ကလိတဲ့ သူ့သူငယ်ချင်းတွေကြောင့် Desktop က ပုံတွေ ပြောင်းလိုက် ၊ စက်ထဲက ဖိုင်တွေပျောက်လိုက် ၊ ဆော့ဝဲလ်တွေ ထည့်လိုက် ၊ ထုတ်လိုက်နဲ့ လုပ်ချင်တိုင်း လုပ်နေလို့ ဝင်းဒိုးရဲ့ Right Click ကို မပေါ်အောင် ဖျောက်ထားချင်တယ်ဆိုလို့ ကျနော် လုပ်ပေးလိုက်တဲ့ နည်းလေးပါ..။ ဒီနည်းနဲ့ အဆင်ပြေသွားတဲ့ အတွက် သူ့သူငယ်ချင်းတွေလည်း သူ့စက်ကို ကြည့်ယုံသာ၊ အသုံးပြုယုံသာ ရပြီး တခြား အပိုတွေ ကလိလို့ မရတော့ပါဘူး..။ ဒါကြောင့် ဒီနည်းလေးက ကျနော့်သူငယ်ချင်းအတွက် အတော်လေး အသုံးဝင်သွားတဲ့ နည်းလေးပါ..။ ဒီလုပ်နည်းကတော့ မိမိတို့ ဝင်းဒိုးရဲ့ Regedit ထဲမှာ ဖိုင်လေးတွေနဲ့ စာကြောင်းလေး သုံးကြောင်းကို ဖန်တီးထည့်ပေးပြီး စက်ကို Restart ပေးလိုက်ရင် ရသွားပါပြီ..။ Right Click ပြန်ပေါ်လိုရင်တော့ အဲ့ဒီစာကြောင်း ၃-ကြောင်းကို Regedit ထဲမှာ သွားပြန် ဖျက်ပေးပြီး စက်ကို Restart ပြန်ပေးလိုက်ရင် Right Click ကို ပြန်လည် အသုံးပြုလို့ ရပါပြီ..။ ဝင်းဒိုးရဲ့ Regedit ထဲမှာ ဒီဖိုင်လေးတွေကို ဖန်တီးတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Blogger များအတွက် Post နေရာနဲ့ Comments နေရာတွေမှာ မိမိပြန်ညွှန်းလိုတဲ့ ဆိုဒ်လိပ်စာတွေကို Buttons လေးတွေနဲ့ Links အရှင်ဖြစ်အောင်ထည့်နည်း


 13 Oct 13, 02:00 AM
အရိုး:
အကိုရေနောက်တခုလောက်သင်ပေးပါဦးခင်ဗျာ အကို link တွေကိုဖျောက်ထားပြီး "ဒီမှာ"ယူလိုက် ဒီနေရာ မှာဒေါင်းနိုင်ပါတယ် အဲ့ဒါ လင့်ခ် နဲ့ဘယ်လိုချိတ်ပါသလဲခင်ဗျာ ဥပမာ အကိုပို့စ်တွေထဲမှာဆို လုပ်ပုံလုပ်နည်းကို ဒီနေရာ"
13 Oct 13, 02:09 AM
အရိုး:
မှာကြည့်နိုင်ပါတယ်ဆိုပြီး ကျွန်တော်ကနိုပ်လိုက်တာနဲ့ link ဆီကိုရောက် သွားတာကိုပြောတာပါခင်ဗျာ ကျွန်တော်က link လေးကိုအကိုလုပ်ပေးတဲ့ပုံမျိုးလိုလုပ်တတ်ချင်လို့ပါ အကိုပြောပြ၊ သင်ပြနေလို့ပဲဆိုင်မပြေးရတာတော်ကြာသွားပါပြီး
ဒီအပေါ်က မေးခွန်းလေးကို မေးလာတဲ့လူ ရှိကတည်းက ဒီနည်းကို ပိုစ့်တင်ပေးဖို့ ပြင်ဆင်ထားခဲ့တာပါ..။ ဒီရက်ထဲ ကျနော်မအားလပ်တဲ့အတွက် ပိုစ့်တွေ တင်မပေးဖြစ်ခဲ့ပါ..။ ဒီနေ့တော့ ဒီလုပ်နည်းလေးကို ပိုစ့်တခုအနေနဲ့.. Blogger လူသစ်တွေအတွက် လုပ်တတ်အောင် ၊ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ ဒီလင့်အရှင် ဖြစ်အောင် လုပ်ပေးနိုင်တဲ့ HTML ကုဒ်တွေကို Blog ပိုစ့်နေရာမှာတင်မကပါဘူး.. Blog Comments တွေမှာပါ ထည့်ပြီး လင့်အရှင်တွေကို ဖန်တီးပေးနိုင်ပါတယ်..။ ပိုစ့်နေရာတွေမှာတော့ Buttons လေးတွေနဲ့ ဖန်တီးပေးလို့ ရမှာဖြစ်ပြီး Comments နေရာမှာဆိုရင်တော့ Buttons တွေကို အသုံးပြုလို့ မရနိုင်ပါဘူး..။ ဒါပေမယ့် Blog Comments နေရာတွေမှာလည်း လင့်အရှင်တွေကို ဖန်တီးပေးနိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ..။

Desktop Icon Windows Shortcut Arrow Editor + 64bit & 86bit



မင်္ဂလာပါဗျာ ပုံမှန်အားဖြင့် SoftWare တစ်ခုကို Install ပြုလုပ်လိုက်သောအခါ ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာ မြင်တွေ့နေရတဲ့ ဆော့ဝဲလ်ရဲ့ Icon တွေမှာ မြားကောက်လေးနဲ့ Shortcutပုံလေး ပေါ်နေမယ် ဖြစ်ပါတယ်။ အဲဒီ ပေါ်နေတဲ့ Shortcut မြားကောက်လေးကို ဖျောက်ထားချင်ရင်တော့ အောက်က လင့်နှင့် ဆော့ဝဲလ်ကို ဒေါင်းပြီး Winrar ဖိုင်ထဲမှာ windows 8 အတွက်နဲ့ Windows 7 အတွက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီ အထဲပဲ 64bit နဲ့ 86bit ဆိုပြီး နှစ်ခုတွေ့ရပါမယ်။ မိမိ Windows နှင့် ကိုက်ညီတဲ့ ကောင်ကို ရွေးချယ် အသုံးပြုပါ...................။

Aoao Video to GIF Converter 3.2

Blogger တွေအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါ..။ မိမိတို့ရဲ့ Video ဖိုင်လေးတွေကို Gif ဖိုင်လေးတွေ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကောင်လေးပါ..။ ကျနော်စမ်းသုံးထားတဲ့ ဒီကောင်လေးကို Gif ဖေါ်မတ်နဲ့ ထုတ်ယူထားတဲ့ အနှေး၊ အမြန် ပုံလေး၂-ပုံကို ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ပြပေးထားပြီး.. ဒီကေင်လေးမှာ Effects တွေ များပြီး အသုံးပြုတတ်ဖို့ကိုတော့ အနည်းငယ် ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားပါတယ်..။ ဖူးသုံးလို့ရအောင် crack ဖိုင်လေးနဲ့ အရင်ထည့်ပေးရမှာဖြစ်ပြီး.. Gif ဖိုင်ထုတ်တဲ့အခါမှာတော့ Keys တွေတောင်းတဲ့အခါ အောက်ကပုံမှာ ပြထားတဲ့အတိုင်း key တွေထည့်ပေးလိုက်ရင် ဒီကောင်လေးကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

SpeedCommander pro 15.00.7340 Final

 ဒီကောင်လေးကတော့ မိမိတို့ရဲ့ Data တွေကို copy ကူးယူတဲ့အခါ မြန်မြန်ဆန်ဆန် ကူးယူနိုင်အောင် အသုံးပြုနိုင်သလို အခွေကူးတဲ့အခါမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုးအလိုက် 32-bit (or) 64-bit ကို ရွေးပြီး ဒေါင်းယူ အသုံးပြုရမှာပါ..။ Install ထည့်တဲ့အခါမှာ တခါတည်း ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုတတ်အောင် အနည်းငယ် ပုံလေးတွေနဲ့ လုပ်ပြပေးထားပြီး.. လိုအပ်တဲ့ သူများကတော့ မိမိတို့ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် အောက်ကလင့်ကနေ ရွေးပြီး ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 14 MB ရှိပြီး.. 64-bit အတွက်ကတော့ 16 MB ရှိပါတယ်..။

BurnAware Professional 6.6 Final


ဒီကောင်လေးနဲ့ သီချင်းတွေ ၊ Video တွေကို အခွေကူးယူလို့ ရမှာဖြစ်ပါတယ်..။ ဆော့ဝဲလ်သေးသေးလေးနဲ့ အသုံးပြုလို့ ရတဲ့ Features တွေ များတဲ့အတွက် အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ မူရင်းဆိုဒ်မှာ ဖေါ်ပြထးတဲ့အတိုင်း အောက်မှာ အသုံးဝင်တဲ့ Features တွေကို ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးကို အရင်ထည့်ပေးပြီး .. Keygen နဲ့ ကီးတွေကို ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ဖူးဖြစ်သွားတဲ့အထိ ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။

Folder Guard 9.1.0.1725 Final

 ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဖိုဒါတွေနဲ့ ဖိုင်တွေကို Password ထည့်ပြီး Lock ချထားလို့ ရတဲ့ ကောင်လေးပါ..။ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပြီး .. ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 2 Final

ဒီနေ့ပဲ Update ထွက်လာတဲ့ IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..။

MyKeyFinder 2013.1.00 Final

9 Oct 13, 10:46 AM
kokokaung: softwear တစ်ခုကို instrall လုပ်တဲ့အခါ serial နံပါတ် ထည့်လိုက်တယ် အဲ့ဒီ serial န့ပါတ်ကို computer ထဲမှာရှာမယ်ဆိုရင် ဘယ်နားမှာ ပြန်ရှာရတယ်ဆိုတာ သိရင်ကူညီပါလားအစ်ကို ကျေးဇူးတင်ပါတယ်နော်
ဒီကောင်လေးကတော့ မိမိတို့ဝင်းဒိုးထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေရဲ့ ကီးတွေနဲ့ ဝင်းဒိုးရဲ့ကီးတွေကို အလွယ်တကူ ရှာပေးနိုင်တဲ့ ကောင်လေးပါ..။ crack, patch, keygen, Activator (or) Loader စတာတွေနဲ့ ဖူးဖြစ်အောင် လုပ်ထားတဲ့ ဆော့ဝဲလ်တွေရဲ့ ကီးတွေဆိုရင်တော့ ကီးအမှန်တွေ မဟုတ်ပဲ fake ကီးတွေပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကတော့ ဝင်းဒိုးနဲ့ ဝင်းဒိုးထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေရဲ့ကီးတွေ မှန်သမျှအားလုံးကို ရှာထုတ်ပေးပါလိမ့်မယ်..။ ဒီကောင်လေး ရှာပေးပြီးတဲ့ ကီးတွေကို Print (or) PDF ဖိုင်နဲ့ ထုတ်ယူသိမ်းထားလို့ ရမှာ ဖြစ်ပါတယ်..။ ဖရီးဆော့ဝဲလ်လေးဆိုပေမယ့် Install ထည့်ပြီးတာနဲ့ မိမိတို့ရဲ့ Email အမှန်နဲ့ ထည့်ပေးပြီး အင်တာနက်ကနေ Activate လုပ်ပြီးမှ အသုံးပြုလို့ ရမှာပါ..။ Active ဖြစ်အောင်နဲ့ အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။
MyKeyFinder searches your computer for all the keys and serial numbers that you used to install all your software applications, as well as those serials related to programs that were already installed in your system when you bought it (such as the operating system). This will allow you to recover any lost keys and to keep a record of all them for future use.

Photoshop ဖြင့် ဓါတ်ပုံများကို ခဲခြစ်ပန်းချီပုံများ ဖြစ်အောင် ဖန်တီးခြင်း

 ဒီ Photoshop လေ့ကျင့်ခန်းလေးကတော့ မိမိတို့ရဲ့ ပုံလေးတွေကို ခဲခြစ်ပန်းချီပုံလေးတွေ ဖြစ်အောင် ဖန်တီးယူတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ ခဲခြစ်ပန်းချီးပုံတွေဖြစ်အောင် အဆင်သင့်အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်တွေ အများအပြားရှိပေမယ့် ဒီနည်းလေးကတော့ Photoshop ကို အသုံးပြုတတ်အောင် လေ့လာနေတဲ့ သူများအတွက် အဆင်ပြေအောင်၊ အတတ်မြန်အောင်  လေ့ကျင့်ခန်းလေး တခုအဖြစ် တင်ပေးလိုက်ခြင်းပါ..။ Photoshop ပညာကို တတ်လိုတဲ့ သူများကတော့ ဒီလိုလေ့ကျင့်ခန်းလေးတွေနဲ့ လေ့လာရင် အတတ်မြန်မှာ ဖြစ်ပါတယ်..။ ကျနော် တင်ပေးခဲ့ပြီးတဲ့ အရင်လေ့ကျင့်ခန်းလေးတွေကနေ အခုလေ့ကျင့်ခန်းအထိ ပိုစ့်တခုစီကို အလွတ်ရအောင် လေ့ကျင့်ထားပြီးဆိုရင်တော့ Photoshop ကို အသုံးပြုတတ်သွားပြီလို့ ပြောလို့ ရပါပြီ..။ 
ဒီပိုစ့်မှာ ဒီလို ခဲခြစ်ပန်းချီလေးတွေဖြစ်အောင် ဖန်တီးတဲ့လုပ်နည်းက သိပ်မများပေမယ့် အနည်းငယ်တော့ ရှုပ်ပါလိမ့်မယ်..။ ဒါကြောင့် တဆင့်စီ အသုံးပြုရလွယ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားလို့ ဒီပိုစ့်မှာ ပုံတွေတော့ နည်းနည်းများပါတယ်..။ သေချာလေ့လာလိုက်ရင် လုပ်တတ်သွားမှာပါ..။ ဒီပိုစ့်ကိုလည်း မနေ့က ပိုစ့်လိုပဲ Photoshop CS6 နဲ့ ပြပေးထားလို့ Photoshop CS6 လိုအပ်တဲ့သူများအတွက် ဒေါင်းယူလို့ အဆင်ပြေအောင် အောက်မှာ လင့်တွေပြန်ချိတ်ပေးထားပါတယ်..။ ဒီခဲခြစ်ပန်းချီဖြစ်အောင် ဖန်တီးနည်းကို လေ့လာကြည့်လိုတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Photoshop မှာ အလွယ်တကူ ရောင်စုံအသုံးပြုနိုင်မည့် Brush များ ဖန်တီးခြင်း


ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ..။ ဒီလို လေ့ကျင့်ခန်းလေးတွေ ထပ်တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများလည်း ရှိတဲ့အတွက် ဒီနေ့တော့ ဒီ Brush တူးလေးတွေ ဖန်တီးတဲ့ နည်းလေးကို အားလုံးပဲ လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ ဒီပိုစ့်မှာတော့ အပေါ်ကပုံအတိုင်း သစ်ပင်လေးနဲ့ လုပ်ပြထားတာဖြစ်ပြီး သစ်ပင်မဟုတ်တဲ့ တခြား ဓါတ်ပုံတွေနဲ့လည်း ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ လုပ်နည်းက လွယ်ကူပြီး Google ကနေ ကျနော် ရှာယူလိုက်တဲ့ ဒီသစ်ပင် ပုံလေးကို.. သစ်ပင်မဟုတ်တဲ့ တခြား ပုံများကိုလည်း  အလွယ်တကူ ရှာယူတတ်အောင်ပါ ပြပေးထားပါတယ်..။ ဒီလုပ်နည်းကို ကျနော့် Blog မှာ အရင်တင်ပေးခဲ့ဖူးတဲ့ Portable Photoshop CS6 13.1.2 နဲ့ ပြပေးထားတာ ဖြစ်ပြီး Photoshop CS6 လိုအပ်တဲ့ သူများအတွက်ပါ ဒီပိုစ့်ကနေ ဒေါင်းယူလို့ ရအောင် လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ မိမိတို့ ဝင်းဒိုးအလိုက် 32-bit or 64-bit ကို ရွေးပြီး ဒေါင်းယူအသုံးပြုနိုင်ပါတယ်..။ 

KCleaner 2.1.0.51 Final

ဒီကောင်လေးကတော့ KCleaner 2.1.0.51 Final နောက်ဆုံးထွက် Update လေးပါ..။ မိမိတို့ စက်ထဲမှ  အမှိုက်တွေကို ရှင်းပေးနိုင်တဲ့ ဆော့ဝဲလ်လေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်ကူတဲ့ ဆေ့ဝဲလ်လေးတခုပါ..။ ဝင်းဒိုးထဲက Junk ဖိုင်တွေနဲ့ Browser မှ Junk ဖိုင်တွေကို တချက်ကလစ်ပေးလိုက်ယုံနဲ့ ရှင်းပေးပြီးသား ဖြစ်ပါတယ်..။ အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပြီး.. လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.3 MB ရှိပါတယ်..။

Classic Shell 4.0.0 Final - Windows 8 Start Menu Button


Skins for the start menu
ဒီကောင်လေးက Windows 8 မှာ Windows 7 လို Start Menu Button လေး ပေါ်အောင်လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ အပေါ်ပုံမှာ ပြထားသလို ဒီဇိုင်းမျိုးစုံ သူ့ရဲ့ Setting ထဲကနေ ပြောင်းပြီး အသုံးပြုနိုင်ပါတယ်..။ ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ယုံပါပဲ..။ Windows 8 မှာ Start Menu လေးပေါ်နေမှာ ဖြစ်ပါတယ်..။ ဒီဇိုင်းမျိုးစုံ ပြောင်းလဲတတ်အောင် အရင်ပိုစ့်ဖြစ်တဲ့ အသုံးပြုနည်းပိုစ့်မှာ ပုံလေးတွေနဲ့ အနည်းငယ် ပြပေးထားတာ ရှိပါတယ်..။ ပြန်ကြည့်လိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။

Viva Start Menu for Windows-8 1.6.1

ဒါလေးက နောက်တမျိုးပါ..။ Windows 8 အတွက် Start Menu လေးတွေ ထပ်တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများ အတွက် အဆင်ပြေအောင် ဒီနေ့ ဒီကောင်လေးတွေကို စုတင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကိုလည်း Install ထည့်ပြီးတာနဲ့ အပေါ်ပုံလိုမျိုးနဲ့ မြင်ရမှာ ၊ အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2 MB ရှိပါတယ်..။

Vistart 8.1.0 windows 8 start menu

Windows 8 အတွက် Start Menu ဒီဇိုင်းလေးပါ..။ ဒီကောင်လေးကို Install ထည့်ပေးလိုက်တာနဲ့ အပေါ်ကပုံလိုမျိုး Start Menu Button လေးကို ရရှိမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲရှိပါတယ်..။
The ultimate start menu for Windows 8 and compatible with Windows 7, Vista and XP you can download for free. So get your start menu back in windows 8 or replace your start menu in windows 7, Vista or XP.

Zoner Photo Studio Professional 16.0.1.3 Final


ဒီကောင်လေးကတော့ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့အတွက် အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ Effect တွေများလွန်းတဲ့အတွက် အသုံးပြုတတ်အောင် ပုံလေးတွနဲ့ ပြပေးဖို့ အဆင်မပြေပါဘူး..။ ဒါကြောင့် လေ့လာလိုသူများကအတွက် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေ ရှာပြီး လင့်ပြန်ချိတ်ပေးထားလို့ ဒီကောင်လေးကို အသုံးပြုဖို့ အဆင်ပြေပါလိမ့်မယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးကို အရင်ထည့်ပေးပြီးမှ kengen နဲ့ ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရမှာဖြစ်ပါတယ်..။ ဖူးဖြစ်အောင် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 53 MB ရှိပါတယ်..။

Universal Document Converter 6.1.1309.26160 Final


မိမိတို့ရဲ့ စာအုပ်ဖိုင်တွေ၊ ဓါတ်ပုံတွေနဲ့ တခြားအသုံးဝင် Document တွေကို ဖေါ်မတ်ပြောင်းပေးနိုင်တဲ့ Converter လေးပါ..။ နောက်ပြီး Printer အတွက်ပါ Print ထုတ်ဖို့ အတွက် ဖေါ်မတ်မျိုးစုံကို တခါတည်း ချိန်ပြီး ထုတ်ယူလို့ရပါသေးတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Install ထည့်တဲ့ အချိန်မှာ keygen နဲ့ ကီးတွေကို ထုတ်ယူထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုတတ်အောင် မူရင်းဆော့ဝဲလ်ထဲမှာ လေ့ကျင့်ခန်းပုံလေးတွေနဲ့ ပြပေးထားလို့ လေ့လာဖို့ အဆင်ပြေပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ Install ထည့်တတ်အောင် ပြပေးထားပါသေးတယ်..။ နောက်ပြီး သူ့ရဲ့မူရင်းဆိုဒ်မှာလည်း Video ဖိုင်လေးတွေကို သွားရောက်ကြည့်နိုင်ရန် လင့်လေးတွေပါ ထည့်ပေးထားလို့ အဆင်ပြေပြေအသုံးပြုဖို့ လွယ်ကူပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 23 MB ရှိပါတယ်..။

BatteryBar Pro 3.6.1 2013

 ဒီကောင်လေးကတော့ Laptop သုံးသူများအတွက် ဘက္ကထရီ အားရှိ၊မရှိ ကြည့်နိုင်တဲ့ ကောင်လေးပါ..။ Install ထည့်ပြီးရင်တော့ Task Bar မှာပေါ်နေမှာ ဖြစ်ပါတယ်..။ ဖူးသုံးလို့ရအောင် Activator လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ Activator ထဲမှာ Fix Registry , Patch , Keygen နဲ့ Save License တို့ကို တဆင့်စီ ကလစ်ပြီး လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရမှာဖြစ်ပါတယ်..။ Fix Registry ကလစ်ပြီးရင်တော့ စက်ကို Restart သို့မဟုတ် Log Out လုပ်ပေးရမှာဖြစ်ပြီး စက်ပြန်တက်လာတော့မှ တခြား Patch , Keygen နဲ့ Save License တို့ကိုနှိပ်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.4 MB ရှိပါတယ်..။

Xara 3D Maker 7.0.0.415


ကျနော့် Blog မှာ ဖန်တီးထားတဲ့ 3D စာလုံးတွေကို ဒီ Xara 3D Maker ဆော့ဝဲလ်လေးနဲ့ ဖန်တီးခဲ့တာပါ..။ အရင်တုန်းက တင်ပေးဖူးတဲ့ Xara 3D Maker ဆော့ဝဲလ်က Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရပါတယ်..။ အခုဒီကောင်လေးကတော့ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုရမှာပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အသုံးပြုနည်းပိုစ့် မှာ လေ့လာကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော် crack ဖိုင်လေး ထည့်ပြီး ဖူးသုံးလို့ ရအောင် ပြပေးထားပါတယ်..။ ဒီ 3D Maker ဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများကတော့ အေက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21 MB ရှိပါတယ်..။

TSR Watermark Image Pro 2.4.3.4 Final

3 Oct 13, 08:53 PM
thuyazaw:
အကိုရေ keygen နဲ့ ဆော့ဝဲကို ဖူးဖြစ်အောင် လုပ်နည်းလေ သင်ပေးပါအုံး ခင်ဗျာ
Watermark လို့ခေါ်တဲ့ ဓါတ်ပုံတွေပေါ်မှာ ရေစာရေးရေးလေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို keygen နဲ့ ဖူးဖြစ်အောင် လုပ်ပေးရမှာဖြစ်ပြီး အရင်ပိုစ့်တွေမှာလည်း keygen နဲ့ ဖူးဖြစ်အောင် လုပ်နည်းတွေကို ပြပေးခဲ့ဖူးပါတယ်..။ keygen အမျိုးအစား အများအပြားရှိပေမယ့် လုပ်နည်းကတော့ အတူတူပါပဲ..။ keygen တွေကို ဖွင့်ပြီးတဲ့အခါမှာ Generate စာသားကို တချက်ကလစ်လိုက်ရင် ကီးတွေကို ထုတ်ယူလို့ရမှာ ဖြစ်ပါတယ်..။ နောက်တခုကတော့ keygen တွေဟာ Antivirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေနဲ့ မတည့်ပါဘူး..။ ဒါကြောင့်မို့ keygen တွေကို အသုံးပြုတော့မယ်ဆိုရင် Antivirus တွေကို ပိတ်ထားပြီးမှ အသုံးပြုရမှာပါ..။ ဒီပိုစ့်မျာလည်း keygen နဲ့ ဖူးဖြစ်အောင် လုပ်နည်းလေးကို ပြန်ပြပေးထားပါသေးတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေပေါ်မှာ Watermark လေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးတတ်အောင် အောက်မှာ ပုံအနည်းငယ်နဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2 MB ရှိပါတယ်..။

Internet Download Manager 6.18 Final

 IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.6 MB ရှိပါတယ်..။

IObit Unlocker 1.1 Final


IObit Unlocker 1.1 Final ဆော့ဝဲလ်အသစ်လေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ ဖျက်ပစ်လို့ မရတတ်တဲ့ ဖိုင်တွေကို ဒီကောင်လေးက အလွယ်တကူ ဖျက်ပစ်ပေးနိုင်ပါတယ်..။ နောက်ပြီး တချို့ဖိုင်တွေ ပေါ်မှာ တခြား အသုံးပြုလို့ မရနိုင်တဲ့ copy, move, Rename စတဲ့ အလုပ်တွေကိုလည်း ဒီကောင်လေးနဲ့ အသုံးပြုနိုင်ပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာ ပုံလေးတွေနဲ့ပါ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။

CCleaner Slim 4.06.4324 Final

 မိမိတို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေကို မြန်အောင် ၊ အမှိုက်တွေရှင်းလင်းပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ အရင်တုန်းကလည်း ဒီလို CCleaner လေးတွေကို ဗါးရှင်းမျိုးစုံ တင်ပေးခဲ့ဖူးပါတယ်..။ ဒီဗါးရှင်းလေးကတော့ CCleaner Slim 4.06.4324 Final လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ပိုစ့်အဟောင်းတစ်ခုမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ တစ်ခုသတိပြုရမှာက ဒီလို System Repair Tools လေးတွေကို အသုံးပြုပြီးတိုင်း မိမိတို့ရဲ့ စက်ကို Restart ချပေးပြီးမှ တခြားဆော့ဝဲလ်တွေ ထည့်တာ၊ သွင်းတာ ပြုလုပ်ရမှာပါ..။ အဲ့လိုသတိမထားမိရင်တော့ ဒီလို System Repair Tools လေးတွေကို အသုံးပြုပြီးတဲ့ နောက်ပိုင်းမှာ ဝင်းဒိုးမတက်နိုင်တော့တဲ့ Error မျိုးတွေ ကြုံရတတ်ပါတယ်..။ အားလုံးပဲ သတိပြုသင့်ပါတယ်..။ Recovery အနေနဲ့ ဒီလို System Tools တွေကို အသုံးမပြုခင် မိမိတို့ရဲ့ ဝင်းဒိုးကို Restore Point တွေ ဖန်တီးထားသင့်ပါတယ်..။ ဝင်းဒိုးမှာ Error ပေါ်ခဲ့ရင် ဒီ Restore Point လေးတွေနဲ့ နောက်ပြန်ဆုတ်လို့ ရမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။
CCleaner is the number-one tool for cleaning your Windows PC. It protects your privacy online and makes your computer faster and more secure. Easy to use and a small, fast download. Slim version is released later and has no toolbar.

TeamViewer 8.0.22298 Final

 
ကျနော်တို့ အင်တာနက်ကနေ မိမိတို့မိသားစု ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေရဲ့ ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ လှမ်းကြည့်ပေး ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီကောင်လေးက အသုံးပြုလို့ ကောင်းတဲ့ Free ပေးသုံးတဲ့ ဖရီးဗါးရှင်းလေးပါ..။ မိမိတို့ စက်ထဲမှာ အရင်တုန်းက TeamViewer ဗါးရှင်းတွေ ရှိနေတယ်ဆိုရင် Uninstall နဲ့ထုတ်ပစ်ပြီးမှ ဒီဖရီးဗါးရှင်းကို ပြန်ထည့်သုံးပါ..။ ဒီဗါးရှင်းလေးက ဖရီးဗါးရှင်း ဖြစ်တဲ့အတွက် Video Call တွေနဲ့ Chat တွေတော့ အသုံးပြုလို့ မရပါဘူး..။ ကျန်တာတွေအားလုံး ပေးသုံးပါတယ်..။ ကျနော်တို့ Video Call တွေနဲ့ Chat တွေကို VZO ၊ Gmail နဲ့ Gtalk တွေမှာ Free သုံးလို့ရတဲ့အတွက် ဒီကောင်လေးနဲ့ တွဲသုံးတဲ့အခါ အရမ်းလွယ်ကူပြီး အဆင်ပြေပြေ အသုံပြုလို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တွေ ဖြစ်တဲ့ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ..။ ဒီကောင်လေးကို Install ထည့်တဲ့နေရာမှာ အရင်တုန်းက ဗါးရှင်းတွေလို အဆင့်ဆင့် လိုက်ပြောင်းပေးဖို့ မလိုတော့ပဲ.. အောက်ကပုံမှာ ပြထားသလို အမှန်ခြစ် ၂-ခြစ်ပေးပြီး Install ထည့်လိုက်ယုံပါပဲ..။ ပြီးတာနဲ့ တခါတည်း တန်းသုံးယုံပါပဲ..။ ဒီဖရီးဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

Skype 6.9.73.106 Final

   Skype 6.9.73.106 Final နောက်ဆုံးထွက် Update လေးပါ..။ Video Call / Voice Call နဲ့ Chatting တွေပါ အဆင်ပြေလို့ လူသုံးများ၊ လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေး တစ်ခုပါပဲ..။ ပိုပြီးလူကြိုက်များစေတဲ့ အချက်ကတော့ ကွန်ပျူတာကနေ (သို့မဟုတ်) ဖုန်းအချင်းချင်း ၊ WIFI သုံးလို့ရတဲ့ ဖုန်းတွေနဲ့ပါ Skype အကောင့်ရှိယုံနဲ့ ဆက်သွယ်လို့ရတဲ့အတွက်၊ Chat လို့ရတဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ Skype အကောင့် ဖွင့်တတ်အောင်နဲ့ မြန်မာစာ ရေးလို့ရအောင် ဖေါင့်ပြောင်းပေးရမယ့် နေရာတွေကို အရင်ပိုစ့်တခုမှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ Skype အကောင့် မဖွင့်တတ်သေးသူများနဲ့ မြန်မာစာပေါ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။  ဒီနောက်ဆုံးထွက် Skype ဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။

Partition Wizard Home Edition 8.1.1 Final

ဒီကောင်လေးကတော့ ကျနော်တို့ ဝင်းဒိုးထဲက ဟတ်ဒစ်တွေကို အပိုင်းခွဲတာတွေ၊ ဖေါ်မတ်ချတာတွေနဲ့ ပါတေးရှင်း ဖျက်ပစ်တာ စတဲ့ ဟတ်ဒစ်နဲ့ ပတ်သက်တာတွေကို အလွယ်တကူ အသုံးပြုလို့ အဆင်ပြေတဲ့ MiniTool Partition Wizard Home Edition 8.1.1 Final ဗါးရှင်းလေးပဲ ဖြစ်ပါတယ်..။ Windows 7 မှာ ဟတ်ဒစ်ကို ဆော့ဝဲလ်မလိုပဲ အပိုင်းတွေ ခွဲထုတ်လို့ ရပေမယ့်.. Windows XP မှာဆိုရင်တော့ ဆော့ဝဲလ်နဲ့မှ ဟတ်ဒစ်ကို အပိုင်းတွေ ခွဲထုတ်လို့ ရတာပါ..။ အသုံးပြုတတ်အောင် အရင်တုန်းက တင်ပေးခဲ့တဲ့ အသုံးပြုနည်း ပိုစ့်တွေ ဖြစ်တဲ့  Minitool Partition Wizard Server Edition  ပိုစ့် နှင့် MiniTool Partition Wizard Home Edition ဒီကောင်လေးရဲ့ အသုံးပြုပုံတွေကို ပြန်လည်လေ့လာကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20 MB ရှိပါတယ်..။

Advanced SystemCare 7 Beta 3.0 Final

 ဒီနောက်ဆုံးထွက် Update လေးက ဖရီးပေးသုံးတဲ့ Advanced SystemCare 7 Beta 3.0 Final ဗါးရှင်းလေးပါ..။ IDM လိုပဲ Update ထွက်တိုင်း တင်ပေးနေကျမို့ ဒီနောက်ဆုံးထွက်လေးကိုလည်း တင်ပေးလိုက်ပါတယ်..။
မိမိတို့ရဲ့ ကွန်ပျုတာနဲ့ Browser တွေကို အမှိုက်တွေရှင်းပြီး၊ မြန်ဆန်သွက်လက်အောင် ပြုလုပ်ပေးနိုင်တဲ့ System Tools တွေထဲမှာ ဒီကောင်လေးကလည်း နာမည်ကြီးလှပါတယ်..။ ဝင်းဒိုးထဲက Registry Error တွေကိုပါ ပြန်ပြီး Repair လုပ်ပေးနိုင်တဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ တခါတလေမှာတော့ သတိမထားမိပဲ ဒီကောင်လေးကို အသုံးပြုပြီး ဆော့ဝဲလ်တွေ Install နဲ့ Uninstall တွေ ပြုလုပ်ခဲ့မယ်ဆိုရင်  အဆင်မပြေတတ်တဲ့အခါမှာ ဝင်းဒိုး ပြန်မတက်နိုင်တဲ့ Error တွေ ကြုံရတတ်ပါတယ်..။ ဒါကြောင့်မို့ ဒီလို System Tools တွေကို အသုံးမပြုခင် အရင်ဆုံး Restore Point တွေဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးရမှာပါ..။ ဒါမှသာ ဝင်းဒိုး မတက်နိုင်တဲ့ Error မျိုး မဖြစ်တော့မှာပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တခုဖြစ်တဲ့ Advanced-SystemCare အသုံးပြုနည်း ပြန်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...