DVD ၅-ချပ်ဖြင့် သိမ်းထားခဲ့ပြီးသော Windows Image Backup ဖိုင်များအား Restore ပြန်ထည့်နည်း

phyo soe  21 November 2013 22:47
မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း အဲ့ဒီပို့ စ်ကနေ restore ပြန်လုပ်နည်းကို တင်ပေးပါတော့ ကိုလွင်မင်းဗိုလ်ခင်ဗျာ
အရင်တုန်းကလည်း ဒီပိုစ့်ကို တင်ပေးဖို့ တောင်းထားတဲ့လူများရှိပေမယ့် ကျနော် ဒီလောက်အမြန်ကြီး တင်ပေးဖို့ စိတ်ကူးမရှိသေးပါ..။ ဘာလို့လဲဆိုတော့ ကျနော် လက်ရှိသုံးနေတဲ့ ဝင်းဒိုး ပျက်သွားတဲ့အခါမှ DVD ချပ်တွေကနေ Restore ပြန်ထည့်နည်းကို ဓါတ်ပုံတွေပါ ရိုက်ယူရင်း တခါတည်း အလုပ်၂-ခု ပြီးသွားမယ့် အစီအစဉ်မို့ ဒီပိုစ့်တင်ပေးဖို့ကို နောက်ကျနေခဲ့တာပါ..။ အခုတော့ မရတော့.. တောင်းတဲ့လူကလည်း ဆက်တိုက်ကို တင်ပေးဖို့ တောင်းနေလေပြီ..။ ဒီဝင်းဒိုးထဲမှာ Video Editing ဆော့ဝဲလ်တွေ၊ Adobe CS6 ရဲ့ Photoshop တို့လို Premier Pro တို့လို ဆော့ဝဲလ်အကြီးကြီးတွေ ထည့်ထားပြီး အသုံးပြုလို့ ကောင်းနေတုန်း.. ဖုန်းတွေအတွက် USB Drivers တွေနဲ့ Root တူးမျိုးစုံ ထည့်ထားပြီးသားမို့ အခုလို ဖေါ်မတ်ချဖို့ကို အတော်လေး ဝန်လေးနေမိပါတယ်..။ ဆော့ဝဲလ်တွေ စုံအောင် ပြန်ထည့်ဖို့ဆိုရင် အတော်လေး အချိန်ပေးရအုန်းမည်..။ မတတ်နိုင်..။ အခုတော့ ဒီပိုစ့်ကို ကြိုးစားပြီး၊ အချိန်ယူပြီး ပြီးအောင် တင်ပေးလိုက်ပြီ..။ 
ဒီ DVD ၅-ချပ်နဲ့ Windows Image Backup File များ ဖန်တီးပြီး သိမ်းနည်းကို ဟိုးအရင်တုန်းကတည်းက ပိုစ့်တင်ပေးထားပြီး ဖြစ်ပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ ဝင်ကြည့်နိုင်ပါတယ်..။ DVD ၅-ချပ်နဲ့ ဝင်းဒိုးတခုလုံးကို သိမ်းတဲ့နည်းကတော့ ဝင်းဒိုး Recovery အတွက် အသုံးဝင်ဆုံးနဲ့ အကောင်းဆုံး နည်းတခုပါပဲ..။ ဟတ်ဒစ်ပျက်သွားတဲ့အခါမျိုးတွေမှာ (သို့မဟုတ်) ဟတ်ဒစ်တခုလုံးကို မှားပြီး Format ချပစ်မိလိုက်တဲ့ အခါမျိုးတွေမှာ.. အရင်က ဟတ်ဒစ်အပိုင်းတွေထဲမှာ သိမ်းထားခဲ့တဲ့ Windows Image Backup ဖိုင်နဲ့ Original Recovery အပိုင်းတွေကို ပြန်ထုတ်ယူလို့ မရနိုင်တော့ပါဘူး..။ အဲ့လို အခါမျိုးတွေမှာ Original Windows တွေကို ဒီ DVD ၅-ချပ်နဲ့ သိမ်းထားခဲ့မယ်ဆိုရင် အလွယ်တကူ Restore ပြန်ထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ Restore ပြန်ထည့်လိုက်တာနဲ့ မိမိတို့စက်က Original Windows နဲ့ Drivers တွေအစုံပါပြီးသားမို့ အဆင့်သင့် အသုံးပြုယုံပါပဲ..။ ဒါကြောင့် ဝင်းဒိုးတွေ ပျက်သွားတဲ့အခါမှာ.. မပျက်ခင်က Backup လုပ်ပြီး သိမ်းထားလို့ ရမယ့် နည်းလမ်းတွေထဲက ဒီ DVD ၅-ချပ်နဲ့သိမ်းတဲ့နည်းကလည်း အကောင်းဆုံးနည်း တခုပါပဲ..။ 
နောက်တခုကတော့ ဝင်းဒိုးတွေကို Backup လုပ်တဲ့အချိန်တုန်းက System Repair Disc တွေကိုပါ တခါတည်း ဖန်တီးထားဖို့ လိုပါတယ်..။ ဝင်းဒိုးတွေအသုံးပြုတာ ကြာလာတာနဲ့ အမျှ Error ကြောင့်သော်၎င်း၊ Virus ကြောင့်သော်၎င်း F8 ကီးနဲ့ Windows Repair ထဲကို ဝင်လို့ မရတော့တဲ့အခါမှာ ဒီ System Repair Disc လေးကလည်း အရမ်းကို အသုံးဝင်ပါတယ်..။ နောက်တခုက ဝင်းဒိုးတင်လို့ရတဲ့ DVD အခွေရှိနေရင်လည်း ဒီ Windows Repair ထဲကို ဝင်လို့ရပါသေးတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က Windows Repair နေရာကို F8 ကီးနဲ့ ဝင်ပြထားပါ..။ အပေါ်မှာပြထားတဲ့ အတိုင်း ကျနော် DVD ၅-ချပ်နဲ့ Windows Image Backup ဖိုင်ကို ဖန်တီးထားပြီးသားပါ..။ System Repair Disc ကိုလည်း တခါတည်း ဖန်တီးထားပြီး အခွေထည့်တဲ့ ဗူးလေးတခုနဲ့ သေချာသိမ်းထားခဲ့ပြီးသားမို့ ဒီနေ့ဒီပိုစ့်အတွက် အဆင်ပြေပြေနဲ့ ဝင်းဒိုးကို ပြန်ပြီး Restore လုပ်လို့ ရသွားပါပြီ..။ နောက်တခုကတော့ ဒီလို Restore မလုပ်ခင် မိမိတို့ ဝင်းဒိုးထဲမှာ ရှိတဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ သီချင်း Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်ဆုံး partition အပိုင်းတွေထဲကို ပြောင်းသိမ်းထားဖို့ လိုပါတယ်..။ Windows Image Backup ဖိုင်ကို Restore ပြန်လုပ်လိုက်ရင် အဲ့ဒါတွေ တခုမှ မရှိတော့တဲ့အတွက် ပျက်သွားမှ ပြန်ယူလို့ မရနိုင်တော့ပါ..။ ဒါကြောင့် ဒီတချက်လည်း သတိထားရမှာပါ..။ 

Nero Burning ROM Free 15.0.03300 Final

အရင်တပါတ်က တင်ပေးခဲတဲ့ Nero Burning ROM 2014 ကို ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများအတွက် နောက်ထပ်ထွက်လာတဲ့ Update ဗါးရှင်းလေး Nero Burning ROM Free 15 ဖရီးဗါးရှင်းလေးနဲ့ အစားထိုး အသုံးပြုလို့ လွယ်ကူမှာပဲ ဖြစ်ပါတယ်..။ ဒီဖရီးဗါးရှင်းလေးမှာ ဓါတ်ပုံတွေနဲ့ စလိုက်ရှိုးတွေကိုပါ ဖန်တီးယူလို့ ရမှာဖြစ်ပြီး တခါတည်း အခွေပါ Burn ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ Install ထည့်တဲ့အခါမှာ အရင်ဗါးရှင်းတွေကို ထုတ်ပစ်ပြီးမှ ဒီနောက်ဆုံးထွက်လေးကို ထည့်သုံးလို့ ရမှာပါ..။ အောက်မှာလည်း ကျနော် Install ထည့်ထားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 184 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 8 Final

ဒီနေ့ပဲ Update ထွက်လာတဲ့ IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် အရင်တင်ပေးနေကျ patch ဖိုင်လေးအပြင် ၊ နောက်မှ ရလာတဲ့ crack ဖိုင် အသစ်လေးပါ  ပူးတွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

IObit Uninstaller Portable 3.0.4 Final

IObit Uninstaller Portable လေးပါ..။ အရင်တုန်းက ဗါးရှင်းတွေနဲ့ မတူတော့ပဲ နောက်ပိုင်းထွက်လာတဲ့ ဗါးရှင်းတွေမှာ အသုံးပြုပုံ အနည်းငယ် ဒီဇိုင်းပြောင်းထားလို့ ဒီနေ့တော့ ဒီ IObit Uninstaller Portable လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေ အနည်းငယ်နဲ့ လုပ်ပြပေးထားပါတယ်..။ နောက်ပြီး မိမိတို့ရဲ့ Browser တွေ လေးလံနှေးကွေးနေတယ် ဆိုရင်တော့ ဒီကောင်လေးနဲ့ Browser တွေမှာ လိုက်ကပ်နေတတ်တဲ့ Toolbar တွေကို အလွယ်တကူ ရှာယူ ဖျက်ထုတ်ပစ်လို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ Toolbar တွေကို ထုတ်ပစ်ပြီးရင်တော့ မိမိတို့ရဲ့ Browser တွေဟာ အရင်ကထက် အသုံးပြုရတာ ပိုမို သွက်လက် မြန်ဆန်နေပါလိမ့်မယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..။

HyperSnap 7.27.00 Final


မိမိတို့ရဲ့ ကွန်ပျူတာ Desktop မှာ ပေါ်နေတဲ့ ပုံတွေကို မောက်စ်မျှားလေးပါ ပါအောင် ဓါတ်ပုံရိုက်ပြီး ယူလို့ရတဲ့ HyperSnap 7. Final နောက်ဆုံးထွက် လေးပါ..။ အညွှန်းမျှားတွေထည့်ပြီး၊ ပုံတွေကို Effect မျိုးစုံနဲ့ သပ်ရပ်လှပအောင် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် key ဖိုင်လေး၂ခု ထည့်ပေးထားပါတယ်..။ Key ဖိုင်၂-ခုထဲက တခုကို ၂ချက်တောက်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ Key Files ထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ဒီလင့်က ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ ဖူးဖြစ်အေင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ Effect တွေများလွန်းတဲ့အတွက် အားလုံးကို အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာရမှာပါ..။ ဒီကောင်လေးကို  လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။

KMSpico 9.0.6.20131120 (Windows 7/8/8.1/2008/2012 Office 2010/2013)

ဒီ Activator လေးက Windows 8/7/2008/2012 နဲ့ Office 2010/2013 တို့ကို Active ဖြစ်အောင် လုပ်ပေးနိုင်တဲ့ကောင်လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အရင်အသုံးပြုနည်း ပြန်ကြည့်နိုင်မှာ ဖြစ်ပြီး၊ ဒီကောင်လေးကို ဖွင့်ပြီး အသုံးပြုတော့မယ်ဆိုရင်တော့ Antivirus တွေနဲ့ ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးက ပုံလေးတွေကတော့ ဒီကောင်လေးကို တင်ပေးထားတဲ့ နိုင်ငံခြားဆိုဒ်တွေမှာ ဖေါ်ပြပေးထားတဲ့ Windows 8.1 ကို Activate ဖြစ်သွားတဲ့ ပုံလေးတွေပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။

ဒီလိုတော့ မလုပ်သင့်ပါ ...


         Updated(2/15/2015)။ ။တောင်းဆိုတဲ့သူငယ်ချင်းတွေ ရှိလာတဲ့အတွက်.. ကျနော်အရင် ၃-နှစ်လောက်က ကျနော့်တူလေးနာမည်နဲ့ သုံးခဲ့ဖူးတဲ့ Facebook အကောင့်ကို လွင်မင်းဗိုလ် နည်းပညာ ဆိုပြီး နာမည်ပြောင်း၍ ကျနော့် Blog မှာ ဒီနေ့ ချိတ်ပေးလိုက်ပါပြီ.. 
Facebook လိပ်စာ ... https://www.facebook.com/mgmgkung2929
FB Like Page လိပ်စာ ... https://www.facebook.com/ittraveller.lwinminbo



(ဒီပိုစ့်တင်ခဲ့တဲ့အချိန်{23/11/2013}က အသစ်ဖွင့်ခဲ့တဲ့ ကျနော့် FB အကောင့်က Lock ကျ၍ ပျက်သွားပါပြီ..)
  ဒီရက်ထဲ ကျနော်မအားတဲ့ အတွက် ပိုစ့်တွေ ပုံမှန်မတင်ပေးဖြစ်ပါ..။ Facebook လည်း မသုံးဖြစ်တာ ကြာပြီ..။ မနေ့ကတော့ သူငယ်ချင်းတွေက ကျနော့်ဆီရောက်လာပြီး Facebook မှာ ကျနော့်နာမည်နဲ့၊ Blog ပိုစတာနဲ့ တင်ထားတာတွေ့လို့.. ကျနော်လုပ်ထားတာ ဟုတ်မဟုတ် ရောက်လာပြီး မေးလာကြပါတယ်..။ အပေါ်ကပုံအတိုင်း ကျနော် လိုက်ရှာလိုက်တော့ တွေ့လိုက်ရပါတယ်..။ သူ့ရဲ့ Facebook မှာလည်း ဒီပိုစတာ ယူသုံးတာနဲ့ ပါတ်သက်လို့ ဘာမှ ဖွင့်ဟထားတာ မရှိတဲ့အတွက်ကြောင့် သူငယ်ချင်းတွေက ကျနော်လုပ်တာလား၊ တခြားတစ်ယောက်ကို ကျနော်ပေးသုံးတာလား စသဖြင့် ဇဝေဇဝါ ဖြစ်နေကြပါတယ်..။ ကျနော့်သူငယ်ချင်းတွေက မကျေနပ်ကျပါဘူး..။ နာမည်တူလို့ ရပေမယ့် ပိုစတာပါ တိုက်ရိုက်တူတာတော့ လွန်လွန်းပါတယ်..။ ဒါကြောင့်ဒီပိုစ့်ကို ဒီနေ့ မအားတဲ့ ကြားထဲကနေပဲ ပြီးအောင် တင်ပေးလိုက်တာပါ..။ အဲ့ဒီ Facebook အကောင့်က ကျနော့်အကောင့် မဟုတ်ပါဘူး..။ ဒီလင့်ကနေ မိမိတို့ Facebook အကောင့်နဲ့ သွားကြည့်နိုင်ပါတယ်..။ https://www.facebook.com/thantun.lay.735?fref=ts အောက်မှာလည်း ဒီအကောင့်ပိုင်ရှင်တင်ထားတဲ့ ပုံတွေကို ကျနော် ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလို ပုံမှားရိုက်တာမျိုးကိုတော့ ကျနော်လည်း လက်မခံနိုင်ပါဘူး..။ 
ကျနော့်အသစ်လုပ်လိုက်တဲ့ Facebook ကို အောက်ကပုံအတိုင်း မြင်ရမှာပါ..။ ဒီအောက်ကပုံကမှ ကျနော့်ရဲ့ Facebook အကောင့်အသစ်ပါ..။ ကျနော့်မိတ်ဆွေ စာဖတ်ပရိတ်သပ်များ ကျနော့် အကောင့်ထင်ပြီး Add နေမှာ စိုးတဲ့အတွက်.. ကျနော် Facebook အကောင့်တခု ဖန်တီးပြီး ဒီနေ့ ပြီးအောင် တင်ပေးလိုက်ပါတယ်..။ Blog ညာဘက်အခြမ်းမှာလည်း Like လုပ်လို့ ရမယ့် ဘောက်စ်လေးပါ ဖန်တီးပေးထားပါတယ်..။ 

Facebook တို့၊ Gmail တို့ကို ကျနော် အသုံးအရမ်းနည်းပါတယ်..။ တနေ့တနေ့ ကွန်ပျူတာနဲ့ ပက်သက်တဲ့ လုပ်နည်းတွေ၊ ဖုန်းနဲ့ ပါတ်သက်တဲ့ လုပ်နည်းတွေနဲ့ပဲ အချိန်ကုန်သွားတာ ဖြစ်လို့ Chatting ထိုင်ရမယ့် အကောင့်တွေ ကျနော် မသုံးဖြစ်တာ ကြာပါပြီ..။ ဒါကြောင့်မို့ အဲ့ဒီအကောင့်တွေကို ကျနော့် Blog မှာ တင်မပေးခဲ့တာပါ..။ ကျနော့်သူငယ်ချင်း စာဖတ်သူများ သိချင်၊ လိုချင်တာကို Blog ရဲ့ Cbox နဲ့ Comments တွေကနေ တောင်းဆိုလို့ ရအောင် လုပ်ပေးထားခဲ့ပြီမို့၊ ကျနော်လည်း ဒီ Blog ကို နေ့တိုင်း လိုလို ကြည့်ဖြစ်တဲ့အတွက် တခြားအကောင့်တွေကို ပေးဖို့မလိုတော့ဘူး ထင်ပါတယ်..။ Blog မှာ စာရေးတာ နာမည်ကြီးဖို့ မဟုတ်ဘူးဆိုတဲ့ အတွေးကြောင့်လည်း ဒီအကောင့်တွေကို မပေးခဲ့တာ ပါပါတယ်..။ ဒီနေ့တော့ ဒီလို ဖြစ်လာခဲ့ပြီ..။ ဒီအကောင့်တွေကို ဟိုးအရင်ကတည်းက Blog မှာ တင်ပေးဖို့   တောင်းခဲ့တဲ့လူတွေ များပါတယ်..။ ဒီအကောင့်တွေ ပေးဖို့ စိတ်ကူး မရှိပေမယ့်လည်း ဒီနေ့တော့ အကောင့် တခု ဖန်တီးပြီး စာဖတ်သူများ Like လုပ်လို့ ရအောင် တင်ပေးလိုက်ပါပြီ..။ ကျနော့် Facebook အကောင့်ကို ဒီအောက်ကလင့်ကနေ ဝင်ရောက်ကြည့်နိုင်ပါတယ်..။ Add သမျှ ၊Friends ဖြစ်လိုတဲ့၊ ကျနော့် Blog ကိုအားပေးနေကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကို လက်ခံပေးပါမည်..။ https://www.facebook.com/lwinmin.bo ၊ https://www.facebook.com/lwinminbo.ittraveller အဲ့ဒီ Facebook  အကောင့်မှာ ဘာတွေ တင်ပေးရမလဲဆိုတာ မသိသေးပါဘူး..။ ကျနော့် Blog နာမည်နဲ့ ပုံတူပွါးလိုက်တဲ့ အဲ့ဒီအကောင့် ပိုင်ရှင်က ဒီပိုစ့်မှ ၎င်းရဲ့ ပုံတွေကို ဖျက်ပေးဖို့ တောင်းဆိုလာခဲ့ရင်.. ကျနော် ပြန်ဖျက်ပေးပါမည်..။

pro Myanmar root (99 ရာနှုန်း သေချာသည်)


jas
Name :pro Myanmar root
Version :1.0
Size : 2.65MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ ဒီ Pro Myanmar Root ဆိုတဲ့ app ဟာ မြန်မာ Bolgger တွေမှာ လွန်စွာ နာမည်ကြီးခဲ့ပါတယ်။ ကျွန်တော်လည်း အသုံးပြုနေတာ ကြာပါပြီး မအားတာနဲ့ မတင်ပေးဖြစ်တာပါ။ ကျွန်တော် အသုံးပြုပြီး Root ဖောက်မိသလောက် ဖုန်းဆိုရင်တော့ 10 လုံး ဖောက်ရင် 9 လုံးလောက် အဆင်ပြေတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် Service သမားတွေ အထူးကို ဆောင်ထားသင့်တဲ့ APK ဆို မမှားပါဘူးနော်။ အသုံးပြုပုံက ဆော့ဝဲလ်ကို ဖွင့် ပြီး Start Root ကို နှိပ်ပေးရမယ် ဖြစ်ပါတယ်။ ဒါဆိုရင် ရာနှုန်ပြေးနေလိမ့်မယ် 100 ရာနှုန်း ပြည့်ရင် ဖုန်းဟာ Restart ကျသွားပြီး ဖုန်းပြန်ပွင့်လာရင် Superuser Icon လေး တစ်ခု ထက်တိုးလာရင် Ok ပါပြီးဗျာ။

Flow Architect Studio 3D 1.8.2 Final

ဒီ 3D ဆော့ဝဲလ်လေးနဲ့ အပေါ်က လိုမျိုး 3D ဒီဇိုင်းမျိုးစုံလို ဖန်တီးယူလို့ ရပါတယ်..။ အဆောက်အဦးပုံတွေ၊ စားပွဲ၊ကုလားထိုင်တွေနဲ့ အကောင်ပုံ၊လူပုံတွေကိုပါ ဒီဆော့ဝဲလ်လေးနဲ့ ဖန်တီးယူနိုင်ပါတယ်..။ အသုံးဝင်ပုံက AutoCAD ဆော့ဝဲလ်လိုပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် install ထည့်ပြီးတာနဲ့ ဖွင့်ထားပြီး.. keygen လေးကို ၂-ချက်တောက်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ Antivirus တွေကို အရင်ပိတ်ထားပြီးမှ keygen ကို အသုံးပြုပါ..။ အောက်မှာလည်း ကျနော် ဖူးသုံးလို့ ရတဲ့ ပုံလေးတွေကို ပြပေးထားပြီး.. ဒီကောင်လေးနဲ့ ဖန်တီးယူထားတဲ့ ဒီဇိုင်းပုံတွေကို နမူနာအနေနဲ့ Video ဖိုင်လေးနဲ့ပါ ကြည့်လို့ရအောင် ပြပေးထားပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 44 MB ရှိပါတယ်..။

WinX DVD Copy Pro 3.4.8.0 Final

DVD ခွေတွေကို မူရင်း Subtitles တွေနဲ့ မူရင်း Features တွေပါ ပါအောင်.. DVD တခွေကနေ နောက်ထပ် အခွေတွေ အများကြီးကို Copy ကူးဖို့ဆိုရင်တော့ ဒီကောင်လေးနဲ့လည်း အဆင်ပြေပါတယ်..။ DVD တခွေကို အမျိုးမျိုး ပြောင်းလဲယူလို့ ရတဲ့ Features တွေကတော့  Clone DVD to DVD, Clone DVD to ISO, Copy DVD to Video_TS Folder, Copy to Single MPEG2 File, Copy DVD Chapter, Extract Video Only, Extract Audio Only, ISO Mounter, DVD Burner စတဲ့ အသုံးဝင် တူးတွေပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Key တွေ ထည့်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း ကျနော်ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။ 

Nero Burning ROM 2014 15.0.02800 Final

ကျနော် အခွေ Burn တဲ့ Nero ဆော့ဝဲလ်လေးတွေကို မတင်ပေးဖြစ်တာ ကြာသွားပါပြီ..။ အရင်တင်ပေးခဲ့ဖူးတဲ့ Nero 12 ဆော့ဝဲလ်လည်း ဒေါင်းယူလို့ မရတော့တဲ့အတွက်.. ဒီ Nero 15 Update အသစ်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ ဖူးသုံးလို့ ရအောင် crack ဖိုင် ၃-ခုနဲ့ လုပ်နည်းက အရင်ပိုစ့်ဖြစ်တဲ့ Nero 12 လုပ်နည်းနဲ့ အတူတူပဲမို့ ဒီပိုစ့်မှာတော့ ပုံလေးတွေနဲ့ မပြပေးတော့ပဲ အရင်ဖူးဖြစ်အောင် လုပ်နည်းပိုစ့်မှာပဲ ပြန်ကြည့်ပေးပါ..။ Nero Burning ROM ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကလစ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ အောက်ကလင့်မှာ crack ဖိုင်လေးတွေကို သီးသန့်ခွဲတင်ပေးထားပြီး ဖူးဖြစ်အောင် လုပ်နည်းကို Notepad နဲ့ အတိုချုပ်ရေးထည့်ပေးထားပါတယ်..။ ပုံနဲ့ ကြည့်လိုရင်တော့ အရင်ပိုစ့်မှာ ကြည့်နိုင်ပါတယ်..။ ဆော့ဝဲလ်ကို မူရင်းလင့်နဲ့ တိုက်ရိုက်ဒေါင်းယူလို့ ရအောင် လင့်တွေ ခွဲပြီး ပြန်ချိတ်ပေးထားလို့ အသုံးပြုလိုတဲ့ သူများကတော့ ဆော့ဝဲလ်နဲ့ crack ဖိုင် ၂-ခုစလုံးကို ဒေါင်းယူရမှာ ဖြစ်ပါတယ်..။
ကျန်ခဲ့တဲ့ တစ်ပါတ်က ပြန်တင်ပေးလိုက်တဲ့ Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်း စာအုပ်ကိုလည်း ဒီ Nero Burning ROM 15 နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး အဲ့ဒီစာအုပ်လေးကို မယူရသေးတဲ့သူများကတော့ ကလစ်ပြီး သွားပြန်ယူနိုင်ပါတယ်..။ ဒီနာမည်ကြီး အခွေကူးတဲ့ Nero Burning ROM ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  78 MB ရှိပါတယ်..။

Madcrosoft PC TuneUp Tools 2014 8.1.003 Final

ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ ကွန်ပျူတာကို သွက်လက် မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ PC TuneUp တူးလေး တခုပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကီးတွေ ထည့်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း ပုံလေးတွေနဲ့ပါ အသုံးပြုတတ်အောင် အနည်းငယ် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးက ဆော့ဝဲလ်သေးသလောက် အသုံးပြုလို့ ရတဲ့ Features တွေ တော်တော်များပါတယ်..။ တခုစီ အသုံးပြုတတ်ဖို့ကိုတော့ မိမိကိုယ်တိုင်သာ စမ်းသုံးကြည့်ရမှာ ဖြစ်ပါတယ်..။ ကျနော်ကတော့ ဒီပိုစ့်မှာ Features ၂-ခုကိုပဲ နမူနာ သုံးပြပေးထားပါတယ်..။ ဒီဆော့ဝဲလ်လေးမှာ ပါဝင်တဲ့ အသုံးပြုလို့ ရတဲ့ Features တွေကတော့ REGISTRY CLEANER, HARD DRIVE CLEANER, PRIVACY CLEANER, STARTUP MANAGER, FILE SHREDDER, FILE ENCRYPTER, DESKTOP LOCK, RESTORE POINT CLEANER, PREFETCH CLEANER, PROCESS MANAGER, UNISTALLER, FOLDER BACKUP, တို့ပဲ ဖြစ်ပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.3 MB ရှိပါတယ်..။

Mojosoft Photo Calendar Studio 2014 1.11 Final

မိမိတို့ရဲ့ မိသားစုဓါတ်ပုံလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ ဒီကောင်လေးက အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ ကျနော်စမ်းသုံးကြည့်မိသလောက် အတော်လေး ပြည့်စုံတဲ့ နောက်ဆုံးထွက် ဗါးရှင်းအသစ်လေး.. လေယာတွေ၊ Effects တွေ ၊ Background နဲ့ Foreground မှာ မိမိတို့ ကြိုက်သလို ပုံတွေကို ချိန်ညှိပြီး ထည့်သုံးလို့ပါ ရတဲ့အပြင် မြန်မာစာတွေပါ မိမိတို့ ဖန်တီးထားတဲ့ ပြက္ခဒိန်ပေါ်မှာ ရေးယူလို့ ရတဲ့အတွက် အတော်လေးအဆင်ပြေပါတယ်..။ ခုနှစ်သက္ကရာဇ်တွေကိုလည်း 2013/14 ကနေ နောက် နှစ်တစ်ရာထိ ကြိုက်သလောက်ထည့်သုံးလို့ ရတဲ့အတွက် အမြဲတမ်း အသုံးပြုလို့ရမယ့် ပရိုဂရမ်ကောင်းလေးပါ..။ အောက်မှာလည်း ကျနော် စမ်းသုံးထားတဲ့ ပုံလေးတွေပါ ပြပေးထားပြီး အသုံးဝင်ပုံ အသေးစိတ် Features တွေ၊ Tools တွေက Photoshop နဲ့ နင်လား၊ငါလားလို့တောင် ပြောရမလိုပင်..။ နောက်ခံ ဖရိန်တွေ အများကြီး ပြောင်းသုံးလို့ရတဲ့အတွက်.. အပျော်တမ်း အိမ်သုံးသမားများအတွက်တင် မကပဲ၊ စီးပွါးရေး လုပ်ငန်းတွေအတွက်ပါ ထည့်ယူသုံးလို့ အဆင်ပြေပါတယ်..။ အများကြီး မညွှန်းတော့.. သုံးကြည့်မှသာ ကောင်းမှန်းသိပေလိမ့်မည်..။ ဒီလိုဆော့ဝဲလ်မျိုးက အကြာကြီးနေမှသာ တခါ Update ထွက်တတ်တဲ့ ပရိုဂရမ်မျိုးဖြစ်တဲ့အတွက် ရတုန်းမှာ အမြန်သာ ဒေါင်းယူထားကြပါ..။ လင့်တွေပျက်သွားမှ ပြန်တင်ပေးဖို့ ခက်ပါလိမ့်မယ်..။
ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ကီးတွေနဲ့ နာမည်တွေကို Notepad လေးနဲ့ ထည့်ပေးထားပြီး အောက်မှာလည်း ကျနော်သုံးထားတဲ့၊ ဖူးဖြစ်သွားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39 MB ရှိပါတယ်..။

WonderFox Video Converter Factory Pro 7.2 Final

WonderFox Video Converter Factory Pro is an all-in-one, fast, reliable and easy-to-use video converting software. It is capable of converting nearly all frequently used video, audio, cell phone, pad, mobile devices, etc
ဒီ Video Converter လေးနဲ့ သီချင်း၊ Video တွေကို မိမိတို့ အလိုရှိတဲ့ ဖေါ်မတ်အားလုံး နီးပါး ပြောင်းယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင်နဲ့ Effects တွေထည့်ပြီး ဖေါ်မတ်ပြောင်းယူတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ ဖူးသုံးလို့ ရအောင်ပါ ကီးတွေ ထည့်ပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပါတယ်..။

Bigasoft Video Downloader Pro 3.0.30.5051 Final

ဒီ Video Downloader လေးကတော့ YouTube က သီချင်းတွေနဲ့ Video တွေကို အလွယ်တကူ ဒေါင်းယူပေးနိုင်ပြီး.. မိမိတို့ လိုအပ်တဲ့ ဖေါ်မတ်ကိုပါ တခါတည်း ပြောင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဒီ Pro ဗါးရှင်းလေးမှာတော့ သီချင်း၊ Video တွေကို ဖေါ်မတ်မျိုးစုံပြောင်းပေးနိုင်ပြီး.. Mobile Devices, Android Devices တွေနဲ့ Apple Devices တွေအတွက်ပါ အဆင်ပြေစေတဲ့ Pro ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key လေးတွေပါ ထည့်ပေးထားပြီး အောက်မှာလည်း အသုံးပြုတတ်အောင်ပါ တခါတည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  20 MB ရှိပါတယ်..။ 
အရင်တုန်ုးက တင်ပေးခဲ့ဖူးတဲ့ Clip Converter ဆော့ဝဲလ်လေးနဲ့လည်း YouTube က သီချင်းတွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီကောင်လေးကတော့ ဆော့ဝဲလ်နောက်တမျိုးပါ..။

DriverMax 7.23 Final

မိမိတို့ရဲ့ ဝင်းဒိုးတွေထဲက Drivers တွေကို ဒီကောင်လေးနဲ့ Backup လုပ်ထားပြီး.. ဝင်းဒိုးအသစ်ပြန်တင်တဲ့အခါမှာ ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ဒီဆော့ဝဲလ်နဲ့ပဲ Restore ပြန်ထည့်ပေးလို့ ရပါတယ်..။ ဒီကောင်လေးက ဖရီးဆော့ဝဲလ်လေးဖြစ်ပြီး.. အသုံးပြုတတ်အောင် အရင်ကတင်ပေးခဲ့တဲ့ အသုံးပြုနည်းပိုစ့် ပြန်ကြည့်နိုင်ပါတယ်..။ အဲ့ဒီအသုံးပြုနည်းပိုစ့်မှာ ပုံလေးတွေနဲ့ Backup အတွက်ရော၊ Restore အတွက်ပါ အစအဆုံးပြပေးထားလို့ အသုံးပြုချင်တဲ့သူများအတွက် အဆင်ပြေစေပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..။

NERO 8 ဖြင့် CD/DVD ထုတ်လုပ်နည်း လက်စွဲ

 ဒီစာအုပ်လေးကို ပိုစ့်တခုအနေနဲ့ ပြန်တင်ပေးလိုက်တာကတော့.. ကျနော့် Blog မှာ တင်ပေးထားခဲ့ပြီးတဲ့ ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကို ၃-လ ကျော်သွားပြီးရင် ဒေါင်းယူလို့ ရမှာမဟုတ်တော့ပါ..။ ဖရီး Upload ဆိုဒ်တွေမှာ တင်ပေးတာဖြစ်လို့ ၃-လ အတွင်းက ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေကိုပဲ ဒေါင်းယူဖို့ အကြံပြုချင်ပါတယ်..။ အပေါ်က Comments လေးကို မြင်လိုက်ရလို့ ဒီစာအုပ်နဲ့အတူ အပေါ်ကပုံမှာ မျှားနီနဲ့ ပြထားတဲ့ နေရာ.. ပိုစ့်တွေရဲ့လိပ်စာ လင့်နေရာတွေမှာ အဲ့ဒီပိုစ့်ကို တင်ပေးခဲ့တဲ့ ခုနှစ်နဲ့လ ကို ကြည့်လို့ ရမှာပဲ ဖြစ်ပါတယ်..။ အဲ့လိုမျိုး တနှစ်ကျော် ကြာသွားပြီ ဖြစ်တဲ့ ဆော့ဝဲလ်တွေနဲ့ စာအုပ်တွေ ပေါင်းလိုက်ရင် ကျနော်တင်ပေးခဲ့တာ ရာကျော်ရှိပါပြီ..။ အားလုံးကို တခုစီပြန်လိုက်တင်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး..။ ဆော့ဝဲလ်တွေဆိုရင်တော့ Update အသစ် ထွက်လာတဲ့အခါ အဆင်ပြေသလို ပြန်တင်ပေးတတ်ပါတယ်..။ ဒါကြောင့် ပိုစ့်လိပ်စာတွေကို ကြည့်ပြီး စာအုပ်တွေနဲ့ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ ရနိုင်၊မရနိုင်ဆိုတာ.. မိမိတို့ ကိုယ်တိုင်သာ လေ့လာကြည့်ပြီး၊ ဆင်ခြင်နိုင်အောင် ဒီစာအုပ်လေးနဲ့အတူ ပိုစ့်တင်ပေးလိုက်ခြင်းပါ..။ အရင်ကလည်း Foxit Reader ဆော့ဝဲလ်နဲ့အတူ ဒီအကြောင်းလေးကို ရေးပေးခဲ့ဖူးပါတယ်..။
အခုဒီစာအုပ်လေးကိုတော့ တောင်းထားတဲ့လူ များတဲ့အတွက် ပြန်တင်ပေးလိုက်ပါတယ်..။ ဒီစာအုပ်လေးကတော့ အခွေကူးတတ်ချင်တဲ့သူများအတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ.. ဆရာဦးအောင်လင်း ရေးသားထားတဲ့ ဒီစာအုပ်လေးကို သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လေ့လာဖို့၊ မျှဝေဖို့ပေးခဲ့တာလေးပါ..။ Nero 8 နဲ့ပါတ်သက်လို့ အသုံးပြုနည်း အားလုံးနီးပါး အသုံးပြုတတ်အောင် စိတ်ရှည်ရှည်နဲ့ သေချာရေးပေးထားတဲ့ စာအုပ်ကောင်းလေးပါ.. CD/DVD တချပ်ရလာအောင် ကူးနည်း၊ VCD ထုတ်လုပ်နည်း၊ DVD တချပ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ၄၊၅ခု ထည့်နည်း၊ စသဖြင့်အစုံလုပ်တတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်.. နောက်ပြီး မိသားစုရိုက်ထားတဲ့ Video တွေကို DVD ထဲမှာ ဖြတ်ထည့်နည်းတွေကအစ Nero 8 နဲ့လုပ်တတ်အောင် သေသေချာချာ စုံစုံလင်လင် ဖေါ်ပြပေးထားပါတယ်.. Nero 8 မှာပါတဲ့ တခြား Features တွေကိုပါ အားလုံးအသုံးပြုတတ်အောင် ပြပေးထားတဲ့ စာရေးဆရာရဲ့ စေတနာကို အသုံးပြုသူများ အားလုံးက ကျေးဇူးတင် ၊ လေးစားရမှာပါ.. PDF ဖိုင်အဖြစ် ဖန်တီး၊ မျှဝေ ပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျေးဇူးတင်ရမှာပါ..။ ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 13 MB ရှိပါတယ်..။

How to Root Sony Xperia J (ST26i) - Android ဖုန်းများ Root/UnRoot လုပ်နည်း၊ မြန်မာစာရေးလို့၊ ဖတ်လို့ရအောင် လုပ်နည်း

 ဒီပိုစ့်ကို Android ဖုန်းတွေ Root ဖေါက်တတ်ဖို့အတွက် လေ့ကျင့်ခန်း တစ်ခု အနေနဲ့ တင်ပေးလိုက်ခြင်းပါ..။ ဒီပိုစ့်မှာ အသုံးပြုထားတဲ့ ဖုန်းအမျိုးအစားကတော့ Sony Xperia J (ST26i) - Android Version 4.1.2 - Build Number 11.2.A.0.21 ဖုန်းပဲ ဖြစ်ပါတယ်..။ ဒီပိုစ့်ကနေ Root Tool ၂-ခု ဖြစ်တဲ့ SRS Root တူးနဲ့ Kingo Root တူးတွေကို ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်တွေနဲ့ ချိတ်ပေးထားပြီး.. ဒေါင်းယူလို့ အဆင်မပြေပါက မူရင်းဆိုဒ်တွေကိုပါ သွားရောက် ဒေါင်းယူလို့ ရအောင်ပါ လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ ဒီ Android ဖုန်း Root/UnRoot လုပ်နည်းပိုစ့်ကို ကျန်ခဲ့တဲ့ တစ်ပါတ်လောက်က အဝေးရောက်နေတဲ့ သူငယ်ချင်းက ပိုစ့်တင်ပေးဖို့ တောင်းထားတာဖြစ်ပြီး.. ပုံတွေ စုနေရတာ ဖြစ်လို့ ဒီနေ့မှ ပိုစ့်တင်ပေးဖြစ်ပါတယ်..။
Android ဖုန်းတွေကို Root ဖေါက်လိုက်တဲ့အခါမှာ ဖုန်းရဲ့ System ပိုင်းတွေ တခုခု ပျက်စီးသွားတာတွေ ရှိပါတယ်..။ ဒါကြောင့် ဖုန်းတွေ Root မဖေါက်ခင် ကြိုပြီး စဉ်းစားဖို့ လိုပါတယ်..။ အနည်းငယ် ပျက်စီးတာက ဖုန်းကို အသုံးပြုလို့ ရပေမယ့်.. အများကြီး ပျက်စီးသွားခဲ့ရင်တော့ မိမိတို့ရဲ့ Android ဖုန်းကို ဖုန်းရဲ့ ကွန်ပျူတာနဲ့ ချိတ်တဲ့ ဆော့ဝဲလ်ကနေ.. ပြန်ပြီး အင်တာနက်ကနေ Android ဗါးရှင်း OS ကို ကွန်ပျူတာ ဖေါ်မတ်ချသလို (ဝင်းဒိုးအသစ် တင်သလိုမျိုး) ပြန်ပြီး Install (Update) လုပ်ယူလို့ ရပါတယ်..။ အဲ့လို Update လုပ်လိုက်ရင်တော့ Root ဖေါက်ထားတာရော၊ မြန်မာစာတွေပါ မရှိတော့ပဲ ဖုန်းအသစ်ဝယ်တုန်းက ပါလာတဲ့ အတိုင်း Android OS အသစ်ကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်..။ Root ဖေါက်လိုက်ရင်တော့ ဖုန်းတလုံးနဲ့ တစ်လုံး မတူညီတဲ့ ပျက်စီးမှုလေးတွေ ရှိပါတယ်..။ အခု ဒီဖုန်းမှာတော့ ပျက်စီးမူက ကြည့်နေရင်းနဲ့ ဖုန်း Screen အမဲကြီး ပေါ်လာတတ်ပါတယ်..။ တခါတလေ အဖြူရောင် ဖြစ်သွားပါတယ်..။ Back မျှားနဲ့ နောက်ပြန်ဆုတ်မှ အသုံးပြုလက်စ နေရာ၊ ကြည့်နေတဲ့ နေရာကို ပြန်ရောက်ပါတယ်..။ ဒီထက်ဆိုးတဲ့ ပြဿနာကတော့ မော်ဒယ်မတူတဲ့ နောက်ဖုန်းတလုံးမှာ Root ဖေါက်လိုက်ပြီးမှ ဖုန်းထဲက စာသားတွေ ပျောက်ကုန်ပါတယ်..။ Setting မှာရော၊ App တွေမှာပါ စာသား E-လို တလုံးမှ မပေါ်တော့ပဲ၊ Icon ပုံလေးတွေပဲ မြင်ရပါတော့တယ်..။ နောက်ဖုန်းတစ်လုံးကျတော့ အသုံးပြုလို့ မရအောင်ကို ခဏ၊ခဏ Shut Down ကျပါတယ်..။ အဲ့လိုဆိုးတဲ့ ပြဿနာတွေ ပေါ်ခဲ့ရင်တော့ မိမိတို့ရဲ့ဖုန်းကို အပေါ်မှာ ရေးခဲ့သလို Update လုပ်လိုက်ရင် ပြန်ကောင်းသွားပါတယ်..။ ဒါကတော့ Android ဖုန်းတွေ Root ဖေါက်လိုက်လို့ ပေါ်လာတတ်တဲ့ ပြဿနာတွေထဲက အနည်းငယ်ပဲ ရှိပါသေးတယ်..။

Image Resize Guide1.5.2 Final

 မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ပြင်ဆင်ဖို့နဲ့ မိမိတို့ မလိုချင်တဲ့ ပုံထဲက အပိုင်းတွေကို အပေါ်ကပုံလိုမျိုး ဒီဆော့ဝဲလ်လေးနဲ့ ဖယ်ထုတ်လို့ ရပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီဆော့ဝဲလ်ထဲမှာ Video ဖိုင်လေးနဲ့ တပိုင်းစီ လုပ်ပြထားတာ ပါရှိပါတယ်..။ ဒါကြောင့် အသုံးပြုလိုတဲ့ သူများအတွက် လေ့လာလို့ အဆင်ပြေစေမယ့် ကောင်လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး.. Antivirus တွေကို ခဏပိတ်ထားပြီးမှ patch နဲ့ ဖူးဖြစ်အောင် လုပ်ပေးလို့ ရမှာပါ..။ အောက်မှာလည်း ကျနော် patch နဲ့ ဖူးဖြစ်သွားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 7 Final

မနေ့ကမှ Update ထွက်ထားတဲ့ IDM Update အသစ်လေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းပို့စ်တွကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..။

NETGATE Spy Emergency 12.0.805.0 Final

 ဆော့ဝဲလ်တွေ Install ထည့်လိုက်တဲ့အခါတိုင်း ၎င်းဆော့ဝဲလ်တွေနဲ့အတူ ဝင်ရောက်လာတတ်တဲ့ Spyware, Malware နဲ့ တခြား ဟတ်ကာတို့ရဲ့ Spy ဆော့ဝဲလ် အမျိုးမျိုးကို ဒီကောင်လေးက လိုက်ရှာပြီး Remove နဲ့စစ်ထုတ်ပေးနိုင်ပါတယ်..။ Quick Scan နဲ့ Full Scan ၂-မျိုးမှာ မိမိတို့ အနေနဲ့ Full Scan နဲ့ အသုံပြုသင့်ပါတယ်..။ ကျနော်ကတော့ အမြန်လုပ်ပြရတာဖြစ်လို့ Quick Scan နဲ့ပဲ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် keygen နဲ့ patch ၂-ခု ပူးတွဲ ထည့်ပေးထားပြီး.. ဒီပိုစ့်မှာတော့ ကျနော်က keygen နဲ့ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပါတယ်..။ မိမိတို့အတွက် အဆင်ပြေရာနဲ့သာ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်..။

Soft Organizer 3.25 Final

ဒီဆော့ဝဲလ်လေးကတော့ ကျနော်တို့ ဝင်းဒိုးထဲက ပရိုဂရမ်တွေကို Uninstall နဲ့ ပြန်ထုတ်ပစ်ချင်တဲ့အခါ ဒီကောင်လေးနဲ့အဆင်ပြေပါတယ်..။ ပရိုဂရမ်တွေ ထုတ်ပစ်တဲ့အခါ Traces လို့ခေါ်တဲ့ ဆော့ဝဲလ်တွေရဲ့ လက်ကျန်ဖိုင်တွေနဲ့ ကီးတွေကိုပါ တခါတည်း လိုက်ရှာပြီး ရှင်းပစ်ပေးနိုင်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး.. အောက်မှာလည်း ပုံလေးတွေနဲ့ အစ၊အဆုံး ဖူးဖြစ်အောင်နဲ့ အသုံးပြုတတ်အောင်ပါ.. ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..။

TuneUp Utilities 2014 14.0.1000.169 Final

Windows နဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ ဒီကောင်လေးရဲ့ အသုံးပြုနည်းနဲ့၊ အသုံးဝင်ပုံတွေက အရင်တင်ပေးခဲ့ဖူးတဲ့ အသုံးပြုနည်း ပိုစ့်အတိုင်းပါပဲ..။ ဒီကောင်လေးကလည်း ဝင်းဒိုးကို အဓိက လေးစေတဲ့ Clean Registry, Defragment Registry, Remove Broken Shortcuts, Clean up Windows and Programs, Clean up Browser, Optimize System Startup and Shutdown, Defragment Hard Disk စတဲ့ နေရာတွေကို တချက်ကလစ်ပေးလိုက်ယုံနဲ့ ရှင်းလင်းပေးမှာ ဖြစ်လို့.. လေးတတ်၊ နှေးတတ်၊ ဟမ်းတတ်တဲ့ စက်တွေမှာ ဆိုရင်တော့ မရှိမဖြစ် ဆောင်ထားရမယ့် ဆော့ဝဲလ်ကောင်းလေးပါပဲ..။ အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။ System ပိုင်းတွေကို ရှင်းလင်းပေးမယ့် ပရိုဂရမ်လေး ဖြစ်တဲ့အတွက် အသုံးမပြုခင် မိမိတို့ရဲ့စက်ကို Restore Point လေးတွေနဲ့ Recover လုပ်ထားသင့်ပါတယ်..။  ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 29 MB ရှိပါတယ်..။
ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေး ၂-ခုနဲ့ တွဲတင်ပေးထားဖြစ်ပြီး.. ဒီ crack ၂-ခုနဲ့ ဖူးသုံးလို့ ရအောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Advanced SystemCare Pro 7.0.5.360 Final


မိမိတို့ရဲ့ ကွန်ပျုတာနဲ့ Browser တွေကို အမှိုက်တွေရှင်းပြီး၊ မြန်ဆန်သွက်လက်အောင် ပြုလုပ်ပေးနိုင်တဲ့ System Tools တွေထဲမှာ ဒီကောင်လေးကလည်း နာမည်ကြီးလှပါတယ်..။ ဝင်းဒိုးထဲက Registry Error တွေကိုပါ ပြန်ပြီး Repair လုပ်ပေးနိုင်တဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ တခါတလေမှာတော့ သတိမထားမိပဲ ဒီကောင်လေးကို အသုံးပြုပြီး ဆော့ဝဲလ်တွေ Install နဲ့ Uninstall တွေ ပြုလုပ်ခဲ့မယ်ဆိုရင်  အဆင်မပြေတတ်တဲ့အခါမှာ ဝင်းဒိုး ပြန်မတက်နိုင်တဲ့ Error တွေ ကြုံရတတ်ပါတယ်..။ ဒါကြောင့်မို့ ဒီလို System Tools တွေကို အသုံးမပြုခင် အရင်ဆုံး Restore Point တွေဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးရမှာပါ..။ ဒါမှသာ ဝင်းဒိုး မတက်နိုင်တဲ့ Error မျိုး မဖြစ်တော့မှာပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တခုဖြစ်တဲ့ Advanced-SystemCare အသုံးပြုနည်း ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32 MB ရှိပါတယ်..။
ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရအောင် Key တွေ ထည့်ပေးရမှာ ဖြစ်ပြီး.. ကီးတွေထည့်ပေးတဲ့ အချိန်မှာတော့ အင်တာနက်ကို ဖွင့်ပေးထားရမှာ ဖြစ်ပါတယ်..။ အောက်မှာတော့ ပုံလေးတွေနဲ့ ကီးတွေ ထည့်ပြီး ဖူးသုံးလို့ ရတဲ့ ပုံလေးတွေပါ ပြပေးထားပါတယ်..။

System Speed Booster 3.0.5.8 Final


ဒီကောင်လေးကတော့ System Tool လေးတခုပါပဲ..။ ကျနော်တို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် Registry Error တွေနဲ့ အမှိုက်တွေကို ရှင်းပေးနိုင်တဲ့ ပရိုဂရမ်ကောင်းလေးတခုပါ..။ အသုံးပြုရတာလည်း လွယ်ကူပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်နည်းကတော့ အရင်တုန်းက ပိုစ့်တွေမှာ လုပ်ပြထားခဲ့တဲ့ နည်းတွေနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ crack ဖိုင်ထည့်တာကို ပုံအနည်းအငယ်နဲ့ပဲ ပြပေးထားပါတယ်..။ အသုံးပြုပုံကိုတော့ အရင်ပိုစ့်ဖြစ်တဲ့ အသုံးပြုနည်း ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုပြီးတဲ့ အခါတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုပါ..။ လေးနေတဲ့စက်တွေမှာတော့ ပိုပြီးသိပါတယ်..။ အရင်ကထက်ပိုမြန်၊ ပိုသွက်လက်လာတာကို လက်တွေ့ သိမြင်ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။

AnyToISO Professional 3.5.1 Build 460 Final

 မိမိတို့ရဲ့ ဝင်းဒိုးထဲက ဖိုင်တွေနဲ့ DVD အခွေမှ ရုပ်ရှင်၊ Video တွေ၊ ဝင်းဒိုးခွေတွေလို Bootable ဖြစ်တဲ့ အခွေတွေကို အလွယ်တကူ ISO ဖေါ်မတ်နဲ့ Convert ပြောင်းပြီး သိမ်းပေးနိုင်တဲ့ AnyToISO Pro ဗါးရှင်းလေးပါ..။ ISO ဖေါ်နဲ့ ပြောင်းသိမ်းလိုက်တဲ့အတွက် ဝင်းဒိုးခွေတွေနဲ့ တခြား Bootable CD/DVD ဆိုရင်လည်း အခွေပြန်ကူးရင် Boot တက်မယ်၊ (ရိုးရိုး copy-paste နဲ့ ကူးတဲ့ CD/DVD အခွေတွေဆိုရင် Bootable မဖြစ်ပါ..။) ရုပ်ရှင်တွေ အများကြီးထည့်ကြည့်လို့ ရတဲ့ DVD အခွေတွေဆိုရင်လည်း မူရင်းအတိုင်း အခွေပြန်ကူးလိုက်တာနဲ့ Menu မှာ မူရင်း DVD အတိုင်း ရုပ်ရှင်တွေကို ရွေးချယ်ပြီး ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။ ISO ရဲ့ သဘောကတော့ မူရင်း DVD အတိုင်း အားလုံးကို သိမ်းပေးတဲ့ သဘောပါပဲ..။ ISO ဖေါ်မတ်နဲ့ Convert ပြောင်းပြီး သိမ်းလိုက်တဲ့အတွက် USB Pendrive တွေနဲ့ အလွယ်တကူ ယူဆောင်သွားလို့ ရမှာဖြစ်ပါတယ်..။ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပြီး.. ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6 MB ရှိပါတယ်..။

Windows 8 Wallpaper For All Windows


 ဒီ Wallpaper လေးတွေကတော့ Windows 8 မှာ အသုံးပြုတဲ့ Wallpaper လေးတွေ ဖြစ်ပြီး.. တခြား Windows 7 နဲ့ Windows XP အသုံးပြုတဲ့ သူများအတွက်ပါ အသုံးပြုလို့ ရအောင် စုပြီး တင်ပေးထားပါတယ်..။ အောက်ကဒေါင်းလော့လင့်မှာ လင့်တခုစီကို Windows 8 Wallpaper ဖိုင် ၃-ခုစီနဲ့ တင်ပေးထားတာဖြစ်လို့ မိမိတို့ အသုံးပြုချင်တဲ့ ဖိုင်ကို စာသားတွေ ကြည့်ပြီး ဒေါင်းယူနိုင်ပါတယ်..။ Wallpaper ဖိုင်လေးတွေကို Install ဖေါ်မတ်နဲ့ ချုပ်ပေးထားတာ ဖြစ်ပြီး ဒီဖိုင်လေးတွေကို ၂-ချက်တောက်ပြီး Install ထည့်လိုက်တာနဲ့ Personalization ဘောက်စ်တန်းပေါ်လာပါလိမ့်မယ်..။ အဲ့ထဲမှာမှ ပြန်ပြီး ၁၀ စက္ကန့်စီနဲ့ Save ပေးလိုက်ရင် မိမိတို့ ဝင်းဒိုးရဲ့ Desktop ပေါ်မှာ ဒီ Wallpaper လေးတွေ တပုံပြီးတပုံ ပေါ်နေမှာ ဖြစ်ပါတယ်..။ အသုံးပြုတတ်အောင် အောက်မှာ နမူနာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုး Desktop မှာ Windows 8 Wallpaper လေးတွေ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင် ၅-ခု ပေါင်း 160 MB ရှိပါတယ်..။

EximiousSoft Logo Designer 3.60 Final


 ဒီကောင်လေးက Logo Designer လေး.. ကျနော်တို့ပြုလုပ်ချင်တဲ့ ဒီဇိုင်း Logo ကတ်အမျိုးမျိုးကို ပြုလုပ်ဖန်တီးယူလို့ ရတဲ့ EximiousSoft Logo Designer v3.60 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးမှာ မြန်မာစာပါ ရေးလို့ရပြီး.. Reflection လို့ခေါ်တဲ့ စာလုံးအောက်မှာ ပေါ်နေစေမယ့် ရောင်ပြန်လေးတွေနဲ့ ပုံရိပ် Shadow လေးတွေကိုပါ အလွယ်တကူထည့်ပြီး အသုံးပြုလို့ရတဲ့အတွက် မိမိတို့ဖန်တီးလိုက်တဲ့ ဒီဇိုင်းပုံလေးတွေကို ပိုမိုလှပစေပါတယ်..။ အပေါ်ကပုံလို ကတ်မျိုးလေးတွေ ဖန်တီးယူလို့ ရပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးထဲမှာ Logo အတွက် ပုံအမျိုးမျိုးနဲ့ ဒီဇိုင်းအမျိုးမျိုးပါတာမို့ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အရင်ကတင်ပေးခဲ့ဖူးတဲ့ ပြန်ကြည့်ပေးပါ..။ ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး crack ထည့်နည်းက အရင်တုန်းက ပိုစ့်တွေအတိုင်းပဲ အတူတူပဲမို့ ဒီပိုစ့်မှာတော့ ပုံအနည်းငယ်ပဲ ပြပေးထားပါတယ်..။ ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပါတယ်..။

Dream Aquarium 1.27 Screensaver Final

 ဒီနောက်ဆုံးထွက် Screensaver လေးမှာ Effect တွေပါ ထပ်ဖြည့်ပေးထားပြီး၊ ရေကျနေတဲ့ အသံနဲ့ မိမိတို့ရဲ့ ပုံလေးတွေနဲ့ပါ ငါးလေးတွေရဲ့ နောက်ခံမှာ ထည့်သုံးလို့ ရတဲ့အတွက် Screensaver ကြိုက်တဲ့သူများအတွက် အတော်လေး သဘောကျစရာပါ..။ တကယ့်သဘာဝအတိုင်း ၊ တကယ့်ကိုပီပြင်အောင် ဖန်တီးထားလို့ ကျနော်လည်း သဘောကျမိပါတယ်..။ ငါစာလေးတွေ ကျလာတဲ့အခါ ပုံစံမျိုးစုံနဲ့ ရောင်စုံ ငါးလေးတွေက လိုက်ဖမ်းစာပြီး.. ဂဏန်းတစ်ကောင်က ငါးလေးတွေကို လက်မနဲ့ လိုက်ညှပ်နေပါသေးတယ်..။ နောက်တခုကတော့ တစ်မိနစ်တခါ ပုံနောက်ခံဒီဇိုင်းနဲ့ ငါပုံလေးတွေကပါ လိုက်ပြောင်းနေပါသေးတယ်..။ နောက်ဆုံထွက်မို့ Effect တွေ ထပ်ဖြည့်ပေးထားလို့ ဖိုင်ဆိုဒ်ကတော့ 84 MB ရှိပါတယ်..။ အသုံးပြုချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ Install ထည့်ပြီးတာနဲ့ တန်းသုံးယုံပါပဲ..။ အောက်မှာလည်း ကျနော်စမ်းထားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။

Desksoft EarthView 4.3.5 Final

 မိမိတို့ရဲ့ Desktop ပေါ်မှာ Wallpaper နဲ့ရော Screensaver လေးနဲ့ပါ အသုံးပြုလို့ရမယ့်.. တရွေ့ရွေ့လှုပ်ရှားနေတတ်တဲ့ ကမ္ဘာ့မြေပုံ အရှင်လေးတွေပါ..။ အင်တာနက် ရှိတဲ့နေရာမှာဆိုရင် ၁၀-မိနစ်တခါ အလိုလို ပြောင်းလဲပေးပါလိမ့်မယ်..။ ဒီကောင်လေးက Demo ဗါးရှင်းလေးဖြစ်တဲ့အတွက် ဒီအတိုင်း Install ထည့်ယုံနဲ့လည်း အသုံပြုလို့ ရမှာဖြစ်ပြီး keymaker နဲ့ ဖူးဖြစ်အောင် လုပ်ပေးပြီး အသုံးပြုရင်တော့ နေ့စဉ် Update ဖြစ်တဲ့ Wallpaper တို့ Screensaver တို့ကို အလိုလို ဒေါင်းယူပေးပါလိ့မ်မယ်..။ အသုံးပြုရတာ လွယ်ကူပြီး သုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18 MB ရှိပါတယ်..။

Folder Protect 1.9.6 Final

 ဒီကောင်လေးကတော့ မိမိတို့ရဲ့ Folder တွေကို ပါတ်စ်ဝါဒ့်နဲ့ ပိတ်ထားချင်သူများအတွက် အဆင်ပြေစေမယ့် Folder Protect 1.9.6 Final ဗါးရှင်းလေးပါ..။ အသုံပြုရတာ လွယ်ကူးပြီး အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ Folder Lock ဆော့ဝဲလ်တွေနဲ့ အသုံးပြုနည်း တူပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch နဲ့ keygen ၂-ခု ထည့်ပေးထားပြီး မိမိတို့ အဆင်ပြေရာ ၁-ခုနဲ့သာ ဖူးဖြစ်အောင် လုပ်ပေးပြီး အသုံးပြုနိုင်ပါတယ်..။ အောက်မှာတော့ ကျနော် keygen နဲ့ ဖူးဖြစ်အောင် လုပ်ပြပေးထားပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.6 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...