AVG PC Tuneup Pro 2014 14.0.1001.295 Final

 ဒီကောင်လေးကတော့ ဒီနေ့ပဲ Update ထွက်လာတဲ့.. 1-Click Maintenance လို့ နာမည်ပေးထားတဲ့ ဝင်းဒိုးတွေရဲ့အဓိက နေရာတွေဖြစ်တဲ့၊ ဝင်းဒိုးကို အဓိက လေးစေတဲ့ Clean Registry, Defragment Registry, Remove Broken Shortcuts, Clean up Windows and Programs, Clean up Browser, Optimize System Startup and Shutdown, Defragment Hard Disk စတဲ့ နေရာတွေကို တချက်ကလစ်ပေးလိုက်ယုံနဲ့ ရှင်းလင်းပေးမှာ ဖြစ်လို့.. လေးတတ်၊ နှေးတတ်၊ ဟမ်းတတ်တဲ့ စက်တွေမှာ ဆိုရင်တော့ မရှိမဖြစ် ဆောင်ထားရမယ့် ဆော့ဝဲလ်ကောင်းလေးပါပဲ..။ အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။ System ပိုင်းတွေကို ရှင်းလင်းပေးမယ့် ပရိုဂရမ်လေး ဖြစ်တဲ့အတွက် အသုံးမပြုခင် မိမိတို့ရဲ့စက်ကို Restore Point လေးတွေနဲ့ Recover လုပ်ထားရမှာပါ..။
ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်လေးထဲမှာ patch နှင့် crack ဖိုင်၂-ခု ထည့်ပေးထားပြီး မိမိတို့အတွက် အသုံးပြုလို့ အဆင်ပြေမယ့် တခုနဲ့သာ ဖူးဖြစ်အောင် လုပ်ပေးရမှာပါ..။ ကျနော်ကတော့ ဒီပိုစ့်မှာ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး ပြန်လည် အသုံးပြုပြထားပါတယ်..။ ဒီပိုစ့်တွက် crack ဖိုင် ထည့်နည်းနဲ့ ဒီ ဆော့ဝဲလ်ကို ကျနော် သုံးထားတဲ့ ပုံလေးတွေပါ ပြပေးထားပါတယ်..။ စက်ကိုသွက်လက်အောင် လုပ်ပေးနိုင်တဲ့ ဒီဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများးကတော့ အောက်ကလင့် မူရင်းလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 75 MB ရှိပါတယ်..။
patch ဖိုင်နဲ့ အသုံးပြုလိုတဲ့ သူများကတော့ Windows 7 နဲ့ patch ဖိုင်ထည့်ပြီး ဖူးလုပ်အသုံးပြုပြထားတဲ့ 2013 / 9 လပိုင်းထဲက ပိုစ့်ကိုတော့ ဒီလင့်ကနေ patch ဖိုင်ထည့်နည်းကို ပြန်လည်ဝင်ရောက် ဖတ်ကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ crack ဖိုင်ထည့်နည်းကို Windows 8 နဲ့ လုပ်ပြပေးထားပါတယ်..။ ဒီပိုစ့်အတွက် ဆော့ဝဲလ်နဲ့ crack or patch ၂-မျိုးကို အောက်ကလင့် ၂-ခုကနေ ဒေါင်းယူရမှာပဲ ဖြစ်ပါတယ်..။

 AVG PC Tuneup Pro 2014 14.0.1001.295 Final
AVG PC Tuneup Pro 2014 14.0.1001.295AVG PC Tuneup Pro 2014 14.0.1001.295
Adfly (75 MB)Adfocus (75 MB)
Crack and Patch (788 kb)Crack and Patch (788 kb)

ဒီကောင်လေးကို အောက်ကပုံလေးအတိုင်း install ထည့်ပေးလိုက်ပါ..။ ပြီးမှ ပိတ်ပစ်ပြီး crack ဖိုင် ၅-ခုကို ထည့်ပေးပြီး ၊ Notepad ထဲမှ ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။








Install ထည့်ပေးပြီးရင်တော့ အပေါ်ကပုံအတိုင်း ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ crack ဖိုင်လေး ၅-ခုကို အောက်ကပုံလေးအတိုင်း copy ယူပြီး၊ အရင် crack ထည့်နည်းတွေအတိုင် အဆင့်ဆင့် ထည့်ပေးလိုက်ရင် ရပါပြီ..။


အောက်ကပုံလေးတွေ အတိုင်း ဆော့ဝဲလ်ရဲ့ C: အပိုင်းထဲမှာ ဖွင်ြ့ပီး crack ဖိုင် ၅-ခုကို ထည့်ပေးလိုက်ပါ..။



အောက်ကပုံနေရာမှာ crack ၅-ခု ဖြစ်တဲ့အတွက် Continue ကို ၅-ခါ ကလစ်ပေးရမှာ ဖြစ်ပါတယ်..။



crack တွေ ထည့်ပေးပြီးရင်တော့ အပေါ်ကပုံအတိုင်း ပိတ်ပစ်ပြီး အောက်ကပုံအတိုင်း ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။





ကီးတွေ ထည့်ပေးပြီးရင်တော့ ဒီကောင်လေးကို ပိတ်ပြီး ပြန်ဖွင့်သုံးလို့ ရပါပြီ..။ အောက်ကပုံလေးအတိုင်း ကျနော် စပြီး အသုံးပြုပါတယ်..။




အပေါ်က မျှားနီပြထားတဲ့ စာသားပေါ်လာရင် တချက်ကလစ်ပေးလိုက်ပါ..။ အောက်ကပုံမှာတော့ Browser တွေကို ပိတ်ခိုင်းမှာ ဖြစ်လို့ OK ပေးပြီး ပိတ်ပစ်ပေးလိုက်ပါ..။ ဒါဆိုရင် Browser တွေလည်း မြန်ဆန်သွက်လက်လာမှာပဲ ဖြစ်ပါတယ်..။



အပေါ်ကပုံ အဆင့်မှာတော့ Defragment ပြုလုပ်နေတာဖြစ်လို့ ကြာပါလိမ့်မယ်..။ အဲ့ဒီအဆင့်ကို ကျော်လိုရင်တော့ အောက်ပုံလေးအတိုင်း Setting မှာ ဝင်ပြောင်းပေးထားလိုက်ပါ..။ နောက်ပိုင်း အသုံးပြုတဲ့အခါ ဒီအဆင့်ကို ကျော်သွားမှာပဲ ဖြစ်ပါတယ်..။



အားလုံး အစိမ်းရောင်နဲ့ အမှန်ခြစ်လေးပေါ်လာရင်တော့ Close ပေးလိုက်လို့ ရသွားပါပြီ..။ အောက်ကပုံမှာ ပြပေးထားတဲ့ တခြား Tools တွေ ၊ Features တွေ အများကြီးကို မိမိတို့ ကိုယ်တိုင် လေ့လာ စမ်းသုံးကြည့်ရမှာပါ..။ ဒီပိုစ့်က နည်းအတိုင်း လုပ်ပေးလိုက်ရင်ကိုပဲ မိမိတို့ရဲ့ စက်က အတော်လေး မြန်ဆန်နေမှာပဲ ဖြစ်ပါတယ်..။


ဒီလောက်ဆိုရင်တော့ ဒီနောက်ဆုံးထွက်လေးနဲ့ အဆင်ပြေလောက်ပါပြီ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...