Windows 8 မှာ Original Windows Images Files နှင့် System Image Backup Files တွေကို Restore ပြန်ထည့်နည်း

 အရင်ကပိုစ့်တွေမှာ Windows 7 နဲ့ Backup Files တွေကို သိမ်းနည်းနဲ့ Restore လုပ်နည်းတွေ ဖေါ်ပြပေးခဲ့တာ ဖြစ်ပြီး.. အခုဒီပိုစ့်ကတော့ Windows 8 တွေမှာ အသုံးပြုတတ်အောင်၊ မိမိတို့ကိုယ်တိုင် ဖန်တီးပြီး သိမ်းထားခဲ့တဲ့ System Image Backup Files နှင့်၊ စက်အသစ်ဝယ်ကတည်းက ပါလာတဲ့ Original Windows Images Files တွေကို ဒီပိုစ့်က နည်းတွေနဲ့ Restore လုပ်တတ်အောင် ပြပေးထားပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးတွေမှာ Error တွေများလာတဲ့အခါနဲ့ ဝင်းဒိုးပျက်သွားတဲ့ အခါတွေမှာ ဒီပိုစ့်က လုပ်နည်းတွေက အရမ်းကို အသုံးဝင်တဲ့ လုပ်နည်း၊ အသုံးပြုနည်းတွေပဲ ဖြစ်ပါတယ်..။ အရင်တုန်းက ပိုစ့်မှာ Windows 7 နှင့် ပြပေးထားတာ ဖြစ်လို့.. အခု Windows 8 နှင့် အသုံးမှာတော့ မတူတဲ့ အပိုင်းလေးတွေ ပါလာပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုးဟာ မူရင်း Original Windows ဟုတ်မဟုတ် သိရအောင် ဒီလင့်ကပိုစ့်မှာ ကြည့်နည်း၊ စမ်းစစ်နည်းတွေ တင်ပေးထားခဲ့ပြီး ဖြစ်တယ်..။ နောက်တခုကတော့ System Image Backup Files ကို မိမိတို့ ကိုယ်တိုင် ဖန်တီးသိမ်းယူတတ်အောင် ဒီလင့်ကပိုစ့်မှာ ပြပေးထားခဲ့ပြီ။ Windows 8 မှာ ဆိုရင်တော့ Control Panel >> Windows 7 Files Recovery နေရာကနေ System Image Backup Files ကို သိမ်းယူရမှာ ဖြစ်ပါတယ်..။
Windows 7 နှင့် Windows 8 တွေမှာ အဝင်တစ်ချက် မတူတာက လွဲလို့ နောက်ပိုင်း လုပ်နည်းတွေက အတူတူပါပဲ..။ အရင်ပိုစ့်တွေမှာ Windows 7 နှင့် လုပ်ပြပေးထားတာ ဖြစ်ပြီး Bios Setting (Boot Menu) ကို ဝင်ရတဲ့ F2, F12, Esc စတဲ့ကီးတွေနဲ့ အလွယ်တကူ ဝင်နိုင်ပါတယ်..။ အခုနောက်ပိုင်း Windows 8 ပေါ်ပြီးမှ ထွက်လာတဲ့ စက်အသစ်တွေကတော့ Bios Setting (Boot Menu) ကို အဲ့ဒီကီးတွေနဲ့ ဝင်လို့ မရတတ်တော့ပါဘူး..။ တချို့စက်တွေမှာ Del (or) Esc ကီးတွေနဲ့ မိတတ်ပေမယ့်၊ တချို့စက်တွေမှာကျ ဘာကီးမှကို နှိပ်လို့ မရပြန်ဘူး..။ အဲ့လိုဖြစ်နေတဲ့ စက်မှာဆိုရင်တော့ Bootable ဖြစ်တဲ့ USB တပ်ထားပြီးမှသာ Bios Setting (Boot Menu) ကို ဝင်လို့ရတာလည်း ဖြစ်ဖူးပါတယ်..။ ဒါကြောင့် လိုလိုမယ်မယ် မိမိတို့မှာ Windows 8 နဲ့ ဝင်းဒိုးတင်လို့ ရတဲ့ USB and DVD တွေလည်း ရှိထားဖို့ လိုအပ်ပြန်ပါတယ်..။
အခုဒီပိုစ့်က လုပ်နည်းလေးကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို မူရင်း ဝင်းဒိုးရော၊ အရင်သိမ်းပေး ထားခဲ့ဖူးတဲ့ Backup နဲ့ပါ ပြန်ပြီး Restore လုပ်ပေးတဲ့အခါတုန်းက ရိုက်ယူထားတဲ့ ပုံတွေနှင့် ပြပေးလိုက်ခြင်း ဖြစ်ပါတယ်..။ လုပ်နည်းတွေကို အောက်မှာ ဆက်ကြည့်ပေးပါ..။
မိမိတို့ စက်ဝယ်တဲ့အခါ မူရင်းဝင်းဒိုး Original Windows 8 ဟုတ်မဟုတ်ဆိုတာကို အောက်ကပုံလေးအတိုင်း စက်ရဲ့ နောက်ကြောဘက်က စတစ်ကာ လေးတွေနဲ့ အလွယ်တကူ ကြည့်လို့ ရပါတယ်..။ ပိုပြီးသေချာချင်ရင်တော့ စက်ရဲ့ အတွင်းထဲက Hidden Partition အဖြစ် ဖန်တီးထားပေးတဲ့ Recovery အပိုင်းကို ရှာကြည့်လိုက်ပါ..။ Hidden Partition ရှာနည်းက အရင်ပိုစ့်မှာ တင်ပေးထားတဲ့ နည်းနှင့် အတူတူပါပဲ..။ Computer >> Right Click >> Manage >> Disk Management မှာ ဝင်ကြည့်နိုင်ပါတယ်..။ Hidden Partition ကိုတွေ့ပြီဆိုရင်တော့ မူရင်းဝင်းဒိုး ဆိုတာ သိထားရပါမယ်..။


Windows 8 ပေါ်ပြီးမှ ထွက်လာတဲ့ လက်ပ်တော့တွေမှာ Boot Menu (Bios Setting) ကို ဝင်လို့ ရဖို့ ကီးဘုတ်မှ Esc (or) Del ကီးတွေကို နှိပ်ပြီး ဝင်လို့ ရတတ်ပါတယ်..။ ဒါကြောင့် ကျနော် ၎င်းကီးတွေနဲ့ Boot Menu (Bios Setting) ထဲကို အရင် ဝင်ကြည့်ပါတယ်..။ တခြားစက်တွေမှာ ဝင်လို့ ရပေမယ့် ဒီစက်မှာ အဲ့ဒီ ကီးတွေနဲ့ မရခဲ့ဘူး..။ ထို့ကြောင့် Bootable ဖြစ်တဲ့ Windows 8 တင်လို့ ရတဲ့ USB ကို စက်မှာ တပ်ထားပြီးမှ စက်ကို Restart ပေးပြီး ပြန်ဝင်ပါတယ်..။ ကျနော် Del ကီးရော Esc ကီးပါ တလှည့်စီ နှိပ်ပြီး ဝင်ပါတယ်..။ ဒါပေမယ့် ၁-ခါ ၊ ၂-ခါ နဲ့ ဝင်လို့ မရသေးပဲ ၅-၆ ကြိမ်လောက်မှ ဝင်လို့ ရခဲ့တာ ဖြစ်ပါတယ်..။ Boot Menu (Bios Setting) ထဲကို ရောက်သွားတာ မဟုတ်ပဲ တခါတည်း တန်းပြီး Recovery ထဲကို ရောက်သွားတာဖြစ်လို့ အောက်ဒုတိယပုံအတိုင်း ဆက်ပေါ်လာတာကို တွေ့ရပါပြီ..။ Please wait စာသားပေါ်လာရင်တော့ Boot Menu (Bios Setting) သို့မဟုတ် Recovery ထဲကို ရောက်သွားမှာ ဖြစ်လို့ ခဏစောင့်ကြည့်ပြီး ပေါ်လာတဲ့ စာသားတွေအတိုင်း ဆက်နှိပ်သွားဖို့ပဲ လိုပါတယ်..။



ကျနော်လိုချင်တာလည်း ဒီအဆင့်ကိုပဲ ဝင်ရောက်ချင်တာ ဖြစ်လို့ Boot Menu (Bios Setting) ကို မသွားတော့ပဲ အပေါ်နဲ့ အောက်ကပုံလေးတွေအတိုင်း တဆင့်စီ ဆက်ဝင်သွားလိုက်ပါတယ်..။


အောက်ကပုံအဆင့်မှာ Reset your PC နေရာကတော့ Hidden Partition အနေနဲ့ စက်ရုံထုတ်အတိုင်း ရှိခဲ့တဲ့ Original Windows 8 Recovery ဖိုင်ကို ပြန်ခေါ်ထည့်တဲ့ နေရာဖြစ်ပြီး..၊ Advanced Options နေရာကနေ ဝင်သွားလိုက်ရင်တော့ ကျနော်တို့ အရင်က ကိုယ်တိုင် ဖန်တီးပြီး သိမ်းယူထားခဲ့တဲ့ System Image Backup ရှိတဲ့ နေရာကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်..။


ကျနော် အရင်ဆုံး.. မိမိတို့ ကိုယ်တိုင် ဖန်တီးပြီး သိမ်းထားခဲ့တဲ့ System Image Backup Files ကို ပြန်ထည့်နည်း အရင်ပြပေးလိုက်ပါတယ်..။ အစပိုင်း အဝင်လေးပဲ မတူတာက လွဲလို့ ကျန်တဲ့ အပိုင်းတွေက Windows 7 မှာ လုပ်နည်းနဲ့ အတူတူပါပဲ..။ အောက်ကပုံလေးအတိုင်း Advanced Options ကနေ ဆက်ဝင်သွားလိုက်ပါတယ်..။




အပေါ်ကပုံတွေအတိုင်း ဆက်ရွေးလာခဲ့လိုက်ရင် အောက်ကအဆင့်မှာတော့ မိမိတို့ Password ထည့်မထားခဲ့ဘူးဆိုရင် ဘာမှ ထည့်ဖို့ မလိုပဲ Continue ကို နှိပ်ပြီး ဆက်သွားလိုက်ပါ..။ ပါတ်စ့်ဝါ့ဒ်ပေးထားခဲ့ ဖူးတယ်ဆိုရင်တော့ မှန်အောင် ရိုက်ထည့်ပြီးမှ ဆက်သွားလို့ ရမယ့် နေရာလေးပဲ ဖြစ်ပါတယ်..။


အောက်ကပုံတွေအတိုင်း ဆက်ပေါ်လာရင်တော့ အရင်တုန်းကပိုစ့်ဖြစ်တဲ့ Windows 7 မှာ အသုံးပြုနည်းနှင့် အတူတူပဲ ဖြစ်သွားပါပြီ..။



ကျနော်ကတော့ ဒီစက်ထဲမှာ Backup တခုပဲ လုပ်ပေးထားတာ ဖြစ်လို့ သူပြထားတဲ့အတိုင်း Next နဲ့ ဆက်သွားလိုက်ပါတယ်..။ တကယ်လို့ Backup ဖိုင်တွေ အများကြီး လုပ်ထားခဲ့ဖူးတယ် ဆိုရင်တော့ ဒီနေရာမှာ မိမိတို့ ပြန်ထည့်လိုတဲ့ ဖိုင်ကို မှန်အောင် ရွေးယူပေးရမယ့် နေရာလေးပါ..။



အပေါ်ပုံတွေ အတိုင်း အဆင့်ဆင့် ဝင်လာပြီးရင်တော့ Finish ပေးလိုက်ရင် အောက်ကပုံလေး အတိုင်း ဆက်ပြီး Yes ထပ်ပေးလိုက်ပါ..။ ဒါဆိုရင် အောက်ဆုံးပုံလေးတွေ အတိုင်း မိမိတို့ ကိုယ်တိုင်သိမ်းထားခဲ့တဲ့ ဝင်းဒိုးနှင့်ဖိုင်တွေ ဆော့ဝဲလ်တွေ အားလုံးကို အရင်ကအတိုင်း ပြန်ထည့်ပေးပါလိမ့်မယ်..။ ကြာချိန်ကတော့ မိနစ် ၂၀ နှင့် ၃၀ ကြားလောက်ပဲ ကြာပါလိမ့်မယ်..။ Backup ဖိုင်တွေကို Restore ပြန်ထည့်ပြီးသွားရင်တော့ သူ့အလို Restart ဖြစ်ပြီး စက်ပြန်တက်လာရင် အရင် ကောင်းနေတဲ့ အချိန်ကအတိုင်း အသုံးပြုလို့ ပြန်ရသွားပါပြီ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။






အပေါ်ပုံကတော့ System Image Backup Files ကို Restore ပြန်ထည့်ပြီးလို့ အရင် ဆော့ဝဲလ်တွေ ရှိခဲ့တဲ့ အတိုင်း မြင်ရတဲ့ ပုံလေးပဲ ဖြစ်ပါတယ်..။ 
အောက်ကပုံတွေမှာတော့ Hidden Partition အပိုင်းထဲက စက်ရုံထုတ် မူရင်းဖိုင်တွေကို ပြန်ထည့်နည်းပဲ ဖြစ်ပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။

Original Windows 8 ကို ပြန်ခေါ်ထည့်မှာ ဖြစ်လို့ အပေါ်ကပုံအတိုင်း Reset Your PC နေရာကနေ ဝင်သွားလိုက်ပါ..။ အောက်ကပုံလေး အတိုင်း ဆက်ပြီး မြင်ရမှာပဲ ဖြစ်ပါတယ်..။



ဒီနေရာမှာ တစ်ချက်ရွေးယူတာ မှန်ဖို့ လိုပါတယ်..။ ဘာလို့လဲဆိုတော့ အောက်ကပုံမှာ အပေါ်ကစာသားကို ရွေးယူရင် တခြား Partition အပိုင်းတွေကို မဖျက်မိပါဘူး..။ လက်ရှိဝင်းဒိုးရှိနေတဲ့ (C:) ကိုပဲ ဖျက်ပစ်ပြီး ပြန်ထည့်ပေးမှာ ဖြစ်လို့ Hidden Partition ကိုလည်း မဖျက်မိပါဘူး..။ အောက်ကပုံ ဒုတိယ စာသားကို ရွေးမိရင်တော့ အားလုံးကို ဖျက်ပစ်မှာ ဖြစ်လို့ Hidden Partition လည်း ပျက်သွားမှာ ဖြစ်တယ်..။ ဒါကြောင့် အဲ့ဒီအပိုင်းကို မရွေးသင့်ပါဘူး..။ ကျနော် အောက်ကပုံမှ အပေါ်စာသား အနီဝိုင်းပြထားတဲ့ နေရာကနေ ဝင်သွားလိုက်ပါတယ်..။


အပေါ်ပုံအတိုင်း ရွေးယူတာ မှန်ပြီ ဆိုရင်တော့ Full clean the drive ကို ဆက်နှိပ်သွားလိုက်ပါ..။



အပေါ်ပုံအတိုင်း Reset ပေးလိုက်ရင်တော့ အောက်ကပုံလေးတွေ အတိုင်း Hidden Partition ထဲမှ မူရင်း Original Windows 8 နှင့် Drivers တွေကို ပြန်ထည့်ပေးမှာပဲ ဖြစ်ပါတယ်..။ အချိန်အားဖြင့်တော့ ၃-နာရီခန့် ကြာတတ်ပါတယ်..။ ဒါကြောင့် မိမိတို့စက်ကို Charger ကြိုး မီးပလပ်မှာ ထိုးထားပြီးမှ၊ မီးဖွင့်ထားပြီးမှ ဒီလုပ်နည်းကို အသုံးပြုပါ..။




အပေါ်ကပုံတွေ အတိုင်း ပေါ်ပြီးလို့ အောက်ကပုံလေးအတိုင်း ဆက်ပေါ်လာပြီ ဆိုရင်တော့ ကျနော်တို့ Windows 8 အသစ် တင်လိုက်တဲ့ အတိုင်း Language နေရာကနေ စတင် ရွေးယူပေးရမှာပဲ ဖြစ်ပါတယ်..။





အမှန်ခြစ်ပေးပြီးမှ Accept ကို နှိပ်ပါ..။


အပေါ်ပုံမှာ Skip နဲ့ ကျော်ပြီး အောက်ကပုံအတိုင်း ကွန်ပျူတာကို နာမည်ပေး၊ အရောင်ရွေးပြီး နောက်တဆင့်ကို ဆက်သွားလိုက်ပါ..။



အင်တာနက်ကို နောက်မှ ချိတ်ဆက်ပါ..။ အပေါ်ပုံနှင့် အောက်ကပုံတွေ အတိုင်း ဆက်ပြီး နှိပ်သွားလိုက်ပါ..။



အပေါ်ပုံအတိုင်း ဝင်ဒိုးမှာ မိမိနှစ်သက်တဲ့ နာမည်ပေးပြီး Finish ပေးလိုက်ရင်တော့ အားလုံး အဆင်ပြေသွားပါပြီ..။



အောက်ကပုံတွေ အတိုင်း အဆင့်ဆင့် ပေါ်လာပြီ ဖြစ်လို့ အဆင်သင့် အသုံးပြုလို့ ရသွားပါပြီ..။ ဒါပေမယ့် မြန်မာစာကအစ တခြားဆော့ဝဲလ်တွေ အားလုံး အကုန်ပြန်ထည့်ရမှာပဲ ဖြစ်ပါတယ်..။



စက်အသစ်ဝယ်ခဲ့တုန်းကအတိုင်း မြင်ရပြီ ဖြစ်ပါတယ်..။ အောက်ကပုံကတော့ အပေါ်ပိုင်းမှာ Restore ပြုလုပ်မည့် Drive (C:) ကိုသာ ရွေးယူတာ မှန်ခဲ့သည့်အတွက် Partition တွေကို မဖျက်မိပဲ.. အရင်က သိမ်းထားခဲ့ဖူးတဲ့ ဆော့ဝဲလ်တွေ၊ သီချင်း Video တွေနဲ့ ဓါတ်ပုံတွေကို ပြန်လည် ရရှိ အသုံးပြုနိုင်ပါသည်..။ Windows 8 ကို အသစ်တင်ပြီးတိုင်း ဆော့ဝဲလ်အားလုံးကို ကောင်းမွန်စွာ အသုံးပြုလို့ ရရန် မလုပ်မဖြစ် တခုကတော့ Dot Net Framework 2.0 and 3.5 ထည့်နည်းကို ဒီလင့်ကပိုစ့်မှာ တင်ပေးထားခဲ့ပြီး ဖြစ်ပါတယ်..။ အားလုံးပဲ အစ၊အဆုံး လုပ်တတ်၍ နည်းပညာများ ပြန်လည် သင်ကြားမျှဝေပေးနိုင်ကြပါစေ..။


5 comments:

  1. thank you ပါအစ်ကို

    ReplyDelete
  2. တန်ဖိုးအရမ်းရှိတဲ့ post လေးပါ thanks a lot အကိုလွင်ရေ

    ReplyDelete
  3. အကိုရေ ကျေးဇူးအရမ်းတင်ပါတယ် ... ခုမှတွေ့တာနောက်ကျသွားပြီထင်တယ်..သူငယ်ချင်းစက်တလုံးဝယ်လာတယ်
    sonyပါ။ original ဝင်းဒိုးဆိုတော့သုံးလို့ကောင်းပါတယ်။ ကျွန်တော်Partition ခွဲလိုက်တာ ဝင်းဒိုးလည်းပြန်မတတ်လာ
    တော့ဘူးအကို .. ဘယ်လိုမှလုပ်မရလို့ဆိုင်ပို့လိုက်ပါတယ်.ကျွန်တော်ထင်တာ ဟက်ဒေ့ ပျက်သွားပြီထင်နေတာ
    ဆိုင်ရောက်တော့ ဝင်းဒိုး အသစ်တင်လိုက်တယ် .ဝယ်လာတဲ့ဆိုင်မှာမဟုတ်ဘူး အပြင်ဆိုင်မှာဘဲ ပြလိုက်တာ သူကဝင်းဒိုးလဲရမယ်ဆိုလို့လဲလိုက်ပါတယ်အကို ..original ဝင်းဒိုးက windows8 ပါခုလဲလိုက်တာက windows8.1 ဖြစ်သွားပါတယ်... အကိုခုပြောတဲ့နည်းနဲ့original ဝင်းဒိုးပြန်ယူလို့ရသေးလား အကို ပြန်ယူလို့ရရင် ပြန်ယူချင်ပါတယ် ခုဝင်းဒိုးက driver တွေမကိုက်လို့ error တွေပြပြီးစက်ခဏခဏပိတ်နေပါတယ် ဘယ်လိုလုပ်ရမလဲအကို အကိုအားရင်ပြောပြပေးပါနော် .ကျေးဇူးအများကြီးတင်ပါတယ်.. ခုမှတွေ့တာနောက်ကျပြီထင်ပါတယ် ပြန်ယူမလို့မရတော့ဘူးလားမသိ

    ReplyDelete
  4. ဆ၇ာလွင်ေ၇ window 8.1 မှာ partition ခွဲနည်းသင်ပြပေးပါအုံး ဆ၇ာ

    ReplyDelete
  5. ကူးယူသွားပါတယ်
    ကိုလွင်မင်းဗိုလ်ခင်ဗျာ
    ပြန်လည်ဖော်ပြခွင့်ပြုပါနော်

    ReplyDelete

Related Posts Plugin for WordPress, Blogger...