Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း

Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက် ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။ 
Lenovo Tablet Android 4.4.2 ကို Root ဖေါက်ပြီးရင် မြန်မာစာရဖို့အတွက် Zawgyi Changer ၂-ခုကို ဆက်ပြီး ထည့်ပေးမှ အဆင်ပြေပါတယ်..။ လိုအပ်တဲ့ဆော့ဝဲလ် apk လေးတွေကို အောက်ကလင့်တွေမှာ တစုတစည်း ပေါင်းထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူပြီး.. လုပ်နည်းနဲ့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ apk လေးတွေက 10.5 MB ရှိပြီး.. Kingo Root တူးကတော့ 18 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...