ကျနော်တို့ ကွန်ပျူတာရဲ့ screen မှာ ဓါတ်ပုံ စလိုက်ရှိုးလေးတွေ တပုံပြီးတပုံ ပြေးနေအောင် လုပ်ကြည့်ရအောင်.. Windows7 ရဲ့ original ပုံတွေအပြင် နောက်ထပ် ပုံလှလှလေးတွေကို အင်တာနက်ကနေ ဒေါင်းလို့ရပါသေးတယ်.. Personalization ဘောက်စ်ထဲမှာရှိတဲ့ Get more themes online နေရာကို တချက်ကလစ်လိုက်တာနဲ့ အင်တာနက်ပေါ်က windows7 ရဲ့ Themes တွေရှိတဲ့နေရာကို ရောက်သွားပါလိမ့်မယ်..။
အဲဒီမှာ ကိုယ့်စိတ်ကြိုက်ရွေးပြီး Download နေရာကိုနှိပ်လိုက်တာနဲ့ အဲဒီပုံတွေဟာ ကိုယ့်စက်ထဲကို ရောက်လာပါပြီ...။ နောက်တခုက မိမိတို့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို screen မှာ စလိုက်ရှိုး ပြေးခိုင်းလို့ရပါသေးတယ်..။ ကျနော်ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ.. ဒီအောက်မှာတော့ မိမိတို့ စိတ်ကြိုက်ပုံတွေ ထည့်တာပါ..
ချွင်းချက်အနေနဲ့ Windows7 starter လို version နှိမ့်တဲ့ Windows တွေမှာ စလိုက်ရှိုးမရပါဘူး..။ Windos7 Ultimate, professional, home premerium တို့လို version မြင့်တဲ့ Windows တွေမှာပဲ ရပါတယ်..။
ကျေးဇူးနော် အကို
ReplyDelete