လပြည့်နေ့ အမှတ်တရ မြန်မာပြက္ခဒိန်လက်ဆောင်


ညက အမှတ်မထင် ကောင်းကင်မော့ကြည့်လိုက်တော့ လမင်းကြီးက ထိန်ထိန်သာလို့ .. ဒီနေ့ဘာနေ့ ပါလိမ့်.. ဘာနေ့မှန်းမသိ ... ဆရာတော်ဘုန်းကြီးဆီ ဖုန်ဆက်မေးကြည့်တော့ တန်ခူးလပြည့်နေ့မှန်း သိရတော့တယ်..။ ကွန်ပျူတာရှေ့ရောက်တော့ Desktop မှာတင်ထားတဲ့ မြန်မာပြက္ခဒိန်လေးက တန်ခူးလပြည့်နေ့လို့ ပြနေတယ်..။ စိတ်ထဲမှာ ဒါလေးကိုလည်း ပြန်လည်မျှဝေချင်လာလို့ ထည့်ပုံထည့်နည်းလေးပါ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်.. မသိသေးတဲ့ မရှိသေးတဲ့ သူများအတွက် လိုချင်လိမ့်မယ်ထင်လို့ပါ...။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 38.73 Kb ပဲရှိပါတယ်..။ စက္ကန့်ပိုင်းနဲ့ မိမိတို့ရဲ့ စက်ထဲကို ရောက်လာပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်က အဆင်ပြေတဲ့ နေရာကနေသာ ယူသွားလိုက်ပါဗျာ..



ထည့်နည်းလေးကတော့ အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ရလာတဲ့ဖိုင်ကို အရင်ဆုံး ဖွင့်ပြီး copy ကူးလိုက်ပါ.. 


အောက်ကပုံအတိုင်း အဆင့်ဆင့်သွားထည့် ပေးရပါမယ်..


အရင်ဆုံး ဒီအောက်ပုံမှာ ပြထားတဲ့ အတိုင်း သွားလိုက်ပါ..





ဒီအဆင့်ကိုရောက်ရင် Right Click ထောက်ပြီး Paste နဲ့ ထည့်လိုက်ပါ...


အပေါ်ပုံအတိုင်း ဖိုင်လေးရောက်သွားရင် Desktop ကိုပြန်သွားလိုက်ပါ.. အောက်ပုံမှာ ဆက်ကြည့်လိုက်ပါဗျာ..



အားလုံးပြီးသွားရင်တော့ Desktop မှာ မြန်မာပြက္ခဒိန်လေးပေါ်လာပါပြီ.. 


1 comment:

  1. အကိုရေ..အဲဒီပြက္ဒိန်လေး.ပြန်တင်ပေးပါဦး..ယူနေတာမရလို့..အထူးကျေးဇူးတင်နေပါလျက်

    ReplyDelete