ဓါတ်ပုံတွေကို Zoom ဆွဲကြည့်ချင်ရင် Photo Zoom Pro


ဒီကောင်လေးကတော့ ဓါတ်ပုံတွေကို Zoom ဆွဲကြည့်တဲ့နေရာမှာ အသုံးဝင်ပါတယ်..။ ဘယ်လောက်ပဲဝေးဝေး ဝါးမသွားပါဘူး..။ သုံးကြည့်ရင် ကောင်းမှန်သိနိုင်ပေမယ့် ဖူးဗားရှင်းမရပါဘူး..။ ဖူးဘားရှင်းမရတာကို ဘာလို့တင်ပေးရလည်းဆိုတော့ မနေ့တနေ့က Cbox ကနေ ကိုကံလင်းက တောင်းထားလို့ပါ..။ ကိုကံလင်းကလည်း အမြန်လိုချင်နေတယ်.. ကျနော့်မှာမရှိတဲ့ ဆော့ဝဲလ်ဖြစ်နေတော့ မနေ့ကတညလုံး Google ကနေရှာတာ ခေါင်းတွေပါမူးသွားတယ်..။ ဘယ်လိုမှ ဖူးဗားရှင်း မရတော့ဘူး.. စိတ်မကောင်းပါဘူးဗျာ..။ နောက်ထပ်ကောင်းတဲ့ ဆော့ဝဲလ်လေးများ တွေ့ခဲ့ရင် ထပ်တင်ပေးပါအုန်းမယ်..။
အခုတော့ ရှာလိုက်တာ ဆိုဒ်တွေလည်းတော်တော်စုံသွားပြီ..။ ရလာတာတော့ အများကြီးပဲ.. အားလုံး ဖရီးမပေးဘူး..။ အဲထဲကမှ ကောင်းမယ်ထင်တာလေး နှစ်ခု ဗားရှင်းမတူတာ တင်ပေးလိုက်ပါတယ်..။ တစ်ခုက Keygen ပါပါတယ်..။ ကျနော်စက်မှာတော့ keygen ကအလုပ်မလုပ်ဘူး..။ လိုလိုမယ်မယ်တင်ပေးလိုက်ပါတယ်..။  နောက်တစ်ခုကတော့ နောက်ဆုံးထွက် ဗားရှင်းပါ..။ သူ့ရဲ့ကီးကိုတော့ ဘယ်လိုမှ ရှာမတွေ့သေးဘူး..။ နောက်ပိုင်းရှာတွေ့ ခဲ့ရင် ထပ်တင်ပေးပါမယ်..။ အခုတော့ ဒါလေးနဲ့ပဲ ကျေနပ်နိုင်ပါစေဗျာ... ဖရီးဆော့ဝဲလ်တွေမဟုတ်တဲ့ အတွက် မကြာခင်မှာ လင့်တွေအဖျက်ခံရမှာ သေချာပါတယ်..။ လိုချင်တဲ့သူများကတော့ ရတုန်းလေးယူထားလိုက်ပါ..။ သူ့ကီးတောင်းတဲ့ အကွက်ပေါ်လာရင် Later နှိပ်ပေးလိုက်ရင် အစမ်းသုံးလို့ ရပါပြီ..။ သုံးနည်းကလည်း လွယ်လွန်းလို့ ရှင်းပြမနေတော့ပါဘူး.. သူ့ပုံမှာကြည့်လိုက်ရင်ကို သိနိုင်ပါတယ်..။

လိုအပ်တဲ့သူများ ဒီအောက်ကလင့်မှာ ဒေါင်းယူပါ..

Old Version with keygen
ဒီမှာဒေါင်းယူပါ နေရာတစ်
ဒီမှာဒေါင်းယူပါ နေရာနှစ်


New Version

Keygen ကိုဖွင့်ပြီးထည့်တဲ့အခါ မရရင် အောက်ပုံမှာ ပြထားသလို later ကိုကလစ်ပေးလိုက်ပါ..။ ဖူးဗားရှင်းမဖြစ်ပေမယ့်.. ခဏတော့ သုံးလို့ရပါတယ်..။ စမ်းသုံးချင်တဲ့သူများအတွက် အဆင်ပြေပါတယ်..။


2 comments:

  1. လာလည်သွားပါတယ်။ကျွန်တော်လိုချင်တာလေးတွေ..ချက်ခြင်းရအောင်
    google ကနေ မရမကခေါင်းအမူးခံပြီး ရှာဖွေပေးခဲ့တဲ့ကိုလွင်မင်းဗိုလ်ရဲ့ မေတ္တာ၊စေတနာတွေကိုလေးစားအားကျဂုဏ်ယူမိပါတယ်။ ဆော့ဝဲလ်တွေ ဖူးဗားရှင်းမဖြစ်ပေမဲ့ ကိုယ်ဆိုဒ်ကိုလာလည်တဲ့ မိတ်ဆွေ၊ညီအကို၊ မောင်နှမတွေအပေါ်မှာပဲဖူးဗားရှင်းအပြည့်ဖြစ်နေရင်ပဲ ကျေနပ်လှပါပြီ။

    ReplyDelete
  2. ကွန်နက်မကောင်းလို့နောက်မှပဲ ဆွဲသွားတော့မယ်။ မကြာမကြာအမြဲလာလည်ပါတယ်။ ကျေးဇူးတင်စွာဖြင့်....

    ReplyDelete