Alien Shooter Game Free download


ဒီနေ့တော့ Game လေးတွေတင်ပေးချင်တာနဲ့ Alien Shooter ဂိမ်းလေးကို အရင်တင်ပေးလိုက်ပါတယ်..။ အရမ်းဆော့လို့ကောင်းပါတယ်..။ ကျည်ဆန်တွေလည်း အများကြီးပေးတယ်..။ အမုန်းပစ်ရမှာပါ..။ ဆော့လို့ကိုမကုန်နိုင်ဘူးထင်ပါတယ်..။ အခန်းတွေက တခန်းပြီးတခန်း.. အကောင်တွေကလည်း အပုံလိုက် အထွေးလိုက်.. အကောင်တွေပစ်ရင်းနဲ့ ပေးလာတဲ့ ကျည်တွေကိုလည်း ရအောင်လိုက်ဖမ်းရတယ်..။ အခန်းမြင့်လေ ပိုခက်လေပဲ.. ကျနော်အရင်တုန်းက ဆော့ခဲ့တဲ့ ဂိမ်းလေးပါ.. ဂိမ်းအဟောင်းလေးဆိုပေမယ့် အရမ်းဆော့လို့ ကောင်းပါတယ်.. တခါမှ အခန်းအားလုံးကုန်အောင် မကစားနိုင်ခဲ့ဘူး.. အခုဆို ဘလော့မှာ စာရေးတာနဲ့ အချိန်ကုန်နေလို့ လုံးဝကို မကစားဖြစ်တော့ဘူး.. ဒီဂိမ်းလေးက Portable လေးပါ.. ဒေါင်းလော့ချပြီးရင် ဖိုင်ဖြည်.. ထွက်လာတဲ့ဖိုင်ကို ၂ချက်တောက်ဖွင့်.. ပွင့်လာတဲ့ဖိုင်တွေထဲက သနတ်ပုံ အိုင်ကွန်လေးကို Double Click ပေးလိုက်ရင် ဆော့လို့ ရပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 51 MB ရှိပါတယ်..




No comments:

Post a Comment