Continue, User name - Password, နဲ့ Yes-No ဘောက်စ်တွေ မပေါ်အောင်


 2 Jun 12, 08:00 AM
mya nyo: w-7 မှာ ဆော့ဝဲ တခုခု့ ဖွင့်တိုင်း (ဥပမာ-ဖိုင်ဖြေတဲ့အခါ yes or no မေးတာကို ပေါ်အောင်ဘယ်လိုလုပ်ရ မလဲ ခင်ဗျာ...။
 2 Jun 12, 08:04 AM
mya nyo: မပေါ်အောင်နော်

ဒါလေးက မနေ့က Cbox မှာ အစ်ကို တစ်ယောက်မေးထားတာ လေးပါ.. ဆော့ဝဲလ်တွေ တင်နေတာနဲ့ Cbox က အမေးတွေကို ပြန်မဖြေခဲ့မိဘူး..။  ဒါလေးကတော့ လိုအပ်မယ်ထင်လို့ ပိုစ့်တခုနေနဲ့ တင်ပေးလိုက်ပါတယ်..။ Yes , No မေးတာတွေတင် မဟုတ်ပါဘူး..။ အပေါ်ကပုံမှာ ပြထားသလို ဘောက်စ်လေးတွေလည်း တချို့စက်တွေမှာ ပေါ်တတ်ပါတယ်..။ သူငယ်ချင်း တစ်ယောက်စက်မှာ Mozilla ဖရီး ဆော့ဝဲလ်ကို Install ဆွဲထည့်တာ User Name နဲ့ Password တောင်းနေလို့ (အပေါ် B ပုံ) ကျနော်က ဒီနည်းလေးနဲ့ ဖြေရှင်းပေးခဲ့တာ အဆင်ပြေသွားပါတယ်..။ နောက်တခုက ဘာဖိုဒါပဲ ဖွင့်ဖွင့် Continue နှိပ်ခိုင်းတဲ့ ဘောက်စ် (အပေါ် A ပုံ) ပေါ်ပေါ်လာတာလည်း ဒီနည်းလေးနဲ့ အဆင်ပြေသွားပါတယ်..။ ဒါကြောင့် အဲလို ဘောက်စ်လေးတွေ မပေါ်အောင်လို့ User Account မှာ သွားပြောင်းပေးလိုက်ပါ..။ အောက်မှာ လုပ်နည်းလေးကို ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြထားပေးပါတယ်.. လုပ်ရတာလည်း လွယ်ပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..
ဒီပုံလေးတွေက သူငယ်ချင်းတစ်ယောက်စက်ကို ဝင်းဒိုးတင်ပေးရင်းနဲ့ ဒီလိုမျိုးကြုံလာတုန်း ရိုက်ခဲ့တဲ့ ပုံတွေပါ..။ ပိုစ့်ပြန်တင်ပေးဖို့ သိမ်းထားတာ မေ့တောင်နေပြီ.. မနေ့က မေးလာတဲ့ လူရှိမှ သတိယတော့တယ်.. လုပ်နည်းလေးကို အောက်မှာဆက်ကြည့်ပါဗျာ.. 
အရင်ဆုံး Start မီနူးကနေ သွားလိုက်ပါ..။ နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..



အောက်ကပုံကို ရောက်ရင်တော့ B နေရာက အတုံးလေးကို အောက်ဆုံးထိ ဆွဲချပေးလိုက်ပါ..



အောက်ဆုံးမှာ ထားပေးပြီးရင်တော့ OK နှိပ်ပေးလိုက်ရင် ရပါပြီ.. စက်ကို Restart ချပေးလိုက်ပါ..။ ဒါဆို ဘယ်ဘောက်စ်မှ မပေါ်တော့ ပါဘူ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

1 comment:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete