Light Image Resizer 4.3 Portable

ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ ဓါတ်ပုံတွေကို ဆိုဒ်သေးသေးလေး ဖြစ်အောင်.. ဓါတ်ပုံတွေရဲ့ ဆိုဒ်ကို သေးအောင် ချုံ့ပေးနိုင်ပါတယ်..။ Portable လေးပါ.. ။ များသောအားဖြင့် ဒီနည်းက မလိုအပ်ပေမယ့်.. နောက်ပိုင်း ကျနော်တင်ပေးမယ့် ပိုစ့်တွေထဲမှာ ဓါတ်ပုံဆိုဒ်သေးမှ ဝင်းဒိုးရှေ့ Welcome Screen အတက် Password ရိုက်ထည့်ပြီးမှ ဝင်လို့ရတဲ့ နေရာ.. Screen မှာ မိမိတို့ ဓါတ်ပုံလေးတွေကို Windows7 ပုံနဲ့ အစားထိုး ဖို့ဆိုရင် ဓါတ်ပုံဆိုဒ်သေးမှ 200 kb အောက်ရှိတဲ့ ပုံမှ ထည့်လို့ သွင်းလို့ ရမှာပါ.. အဲဒါကြောင့် ဓါတ်ပုံတွေကို ဘယ်လို ဆိုဒ်သေးအောင်.. ၊ ဘယ်လိုလုပ်မလဲဆိုတာ သိရအောင် အခုကတည်းက ဒီဆော့ဝဲလ်လေးကို တင်ပေးထားလိုက်တာပါ..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုပုံကို ရှင်းပြထားပါတယ်..။ 1500 kb (1.49 MB ) ရှိတဲ့ PNG File အမျိုးအစား ဓါတ်ပုံကို.. 100 kb အောက်အထိ ရအောင် ဒီကောင်လေးနဲ့ ပုံရဲ့ဖေါ်မတ်ကိုပါ JPEG ပြောင်းပြီး ချုံ့ပြထားပါတယ်.. လိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.2 MB ရှိပါတယ်..








အပေါ်ပုံမှာ  ပြောင်ပြီးသွားလို့ ဘောက်စ်လေးပေါ်လာရင် Close ကိုနှိပ်ပေးလိုက်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း မူရင်းပုံနဲ့ ချုံ့ထားပြီးသား ပုံကို ယှဉ်ပြထားပါတယ်..။



No comments:

Post a Comment