Stellar Phoenix Windows Data Recovery Pro v 5.0.0

ဒီဆော့ဝဲလ်လေးကို ဒီလအစောပိုင်းက Version 4.2 Home Edition ဆိုပြီး Patch ဖိုင်လေးနဲ့ တင်ပေးခဲ့ဖူးပါတယ်..။ အစ်ကိုတစ်ယောက်က Patch ဖိုင်အလုပ်မလုပ်တော့ဘူး ပြောလာလို့.. အခုဒီ Pro v 5.0.0 လေးရလာတာနဲ့ ပြန်လည်တင်ပေးလိုက်ပါတယ်..။ သူ့အတွက် အထဲမှာ Keygen လေးပါပါတယ်..။ Keygen လေးကိုဖွင့်လိုက်ပြီး Generate နေရာကို ကလစ်လိုက်ရင် သူ့အတွက်ကီးလေးတွေကို တခုပြီးတခု ဖေါ်ပြပေးပါလိမ့်မယ်..။ သူပြပေးတဲ့ ကီးလေးတွေကို copy ကူးပြီး ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရပါပြီ..။ ဒီတခါတော့ ကျနော် သေချာစမ်းပြီးမှ တင်ပေးလိုက်တာပါ..။ အဆင်ပြေပါတယ်..။ အသုံးပြုနည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မလုပ်တတ်တဲ့ သူများအတွက်ပါ..။ အတော်များများကို Recovery လုပ်ပေးနိုင်ပါတယ်..။ နောက်တခုက ဓါတ်ပုံတွေကို သီးသန့်ခွဲပြီး Recovery လုပ်ပေးနိုင်ပါသေးတယ်..။ ဆော့ဝဲလ်တွေ ဖိုင်တွေက သီးသန့် တလိုင်း၊ ဓါတ်ပုံတွေ အတွက်က သီးသန့် တလိုင်း..။ ဒီကောင်လေးက ခွဲထားပေး ပါတယ်..။ မိမိတို့ လိုချင်တာကို ရွေးပြီး ပြုလုပ်ပေးယုံပါပဲ..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ အရင်ဆုံး ဒီကောင်လေးကို ဒေါင်းယူချင်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..။



အရင်ဆုံး Install ဆွဲထည့်ပြီးတာနဲ့ ဒီပုံအတိုင်း မြင်ရပါလိမ့်မယ်..။ ဓါတ်ပုံတွေကို ပြန်ရှာဖို့ဆိုရင် Photo Recovery ကိုကလစ်ပါ..။ ရိုးရိုး ဖိုင်တွေ ၊ ဆော့ဝဲလ်တွေကို ရှာဖို့ ဆိုရင်တော့ Drive Recovery ကို ကလစ်ပြီး ရှာပါ..။ ဒီပုံမှာတော့ ကျနော်က အနီရောင် ဝိုင်းပြထားတဲ့ နေရာကို ကလစ်ပြီး ရှာမှာပါ..။



အပေါ်ပုံအတိုင်း မိမိတို့ ရှာမယ့် ပါတေးရှင်းကို ကလစ်ပြီး .. Quick Recovery ကိုထပ်ကလစ်ပြီး ရှာနိုင်ပါပြီ..။ ဒီပုံမှာတော့ ကျနော်က အမြန်လုပ်ပြထားတာ ဖြစ်တဲ့ အတွက် Quick Recovery နဲ့ လုပ်ပြထားပါတယ်..။ မိမိတို့ အချိန်များများပေးနိုင်ရင်တော့ Advanced Recovery နဲ့ လုပ်နိုင်ပါတယ်..။



ဒီအဆင့်မှာတော့ ရှာလို့ ပြီးသွားပြီဖြစ်တဲ့ အတွက် အပေါ်ပုံအတိုင်းမိမိတို့ လိုချင်တဲ့ ဖိုင်လေးတွေကို ကလစ်ပြီး မျှားပြထားတဲ့ B နေရာကို ကလစ်လိုက်ရင်.. အောက်ကပုံလေးအတိုင်း Register လုပ်ခိုင်းပါလိမ့်မယ်..။ အဲဒီစာသားလေးကို ကလစ်လိုက်ပါ..။ လိုင်းပေါ်ကို တက်သွားရင် ပေးမတက်ပါနဲ့ Browser ကိုပိတ်ပစ်လိုက်ပါ..။


 Desktop ပေါ်မှာတော့ အောက်ကဘောက်စ်လေး ပေါ်နေပါလိမ့်မယ်..။ ပုံမှာပြထားတဲ့ အတိုင်း ကလစ်သွားလိုက်ပါ..။


ဒီအဆင့်မှာတော့ သူ့ထဲမှာထည့်ပေးလိုက်တဲ့  Keygen လေးကို ဖွင့်လိုက်ပါ..။ အေက်ပုံမှာပြထားတဲ့ အတိုင်း Generate ကိုကလစ်လိုက်ရင် သူ့အတွက်ကီးလေးတွေ ထွက်လာပါလိမ့်မယ်..။ တခါကလစ်ရင် ကီး တမျိုးစီ ပေါ်လာပါလိမ့်မယ်..။ အဲဒါလေးကို copy ကူးပြီး ထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ D နေရာနဲ့ OK ဘောက်စ်လေးတွေကို အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။



Congratulations ဆိုရင်တော့ ကီး ထည့်တာ အောင်မြင်သွားပါပြီ..။ အောက်က ဘောက်စ်လေးတွေ အတိုင်း ဆက်လုပ်သွားပေးလိုက်ပါ..။



ဒီနေရာမှာတော့ မိမိတို့ ပြန်လိုချင်တဲ့ ဖိုင်လေးကို ဘယ်နေရာမှာ သိမ်းမယ်ဆိုတာ ရွေးပေးဖို့ပါ..။ ကျနော်ကတော့ Desktop မှာ ဖိုင်တခုဖွင့်ပြီး ရှာရလွယ်အောင် အပေါ်ပုံလေးအတိုင်း နံပါတ်စဉ်တိုင်း ကလစ်သွားလိုက်ပါတယ်..။ 5 နေရာကိုနှိပ်ပြီးရင်တော့ အောက်ပုံလေးအတိုင်း မိမိတို့ ပြန်ရှာလိုက်တဲ့ ဖိုင်လေးတွေ ပြန်လည် ရရှိလာပါလိမ့်မယ်..။


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment