Sonne Screen Video Capture 7.1.0



ဒီကောင်လေးကတော့ သူငယ်ချင်းတစ်ယောက် တောင်းထားလို့ တင်ပေးလိုက်တာပါ..။ မိမိတို့ Desktop ပေါ်မှာ လုပ်နေတာတွေကို Video ရိုက်ပေးနိုင်ပါတယ်..။ ထွက်လာတဲ့ Video ဖိုင်ဆိုဒ်တော့ နည်းနည်းများပါလိမ့်မယ်..။ ကျနော်က စမ်းသုံးကြည့်ပြီး ရလာတဲ့ Video ဖိုင်ကို Mp4 ပြောင်းလိုက်တော့ ၆ပုံ၁ပုံလောက်ပဲ ရှိတော့တယ်..။ အောက်မှာ ကျနော်အစမ်းလုပ်ထားတဲ့ Video ဖိုင်လေးကို ကြည့်ကြည့်လိုက်ပါအုန်း..။ သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ အောက်ကပုံတွေမှာ ကီးထည့်ပြထားပြီး အသုံးပြုပုံလေးကိုလည်း ပုံလေးနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အဆင်ပြေတဲ့ လင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..





အသုံးပြုရတာတော့ လွယ်ပါတယ်..။ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပုံလေးတွေ ကြည့်ပြီး နာလည်လိမ့်မယ်လို့ ထင်ပါတယ်..။ ရှော့ကပ်ကီးကတော့ F6 တခုထဲပါ..။ Start နဲ့ Stop ၂မျိုးစလုံး ဒီ F6 နဲ့ပဲ လုပ်လို့ ရပါတယ်..


အောက်က Video ဖိုင်လေးကတော့ ကျနော် ဒီကောင်လေးကို အစမ်းသုံးထားတာလေးကို တင်ပေးလိုက်တာပါ.. ဘာမှတော့ မဟုတ်ပါဘူး.. အပျော်တမ်းသက်သက်ပါ..


1 comment:

  1. ဒီကောင်က လင့်ခ်တွေသေကုန်ပြီလား အကို
    ဒေါင်းလို့မရဘူး လိုအပ်တာတော့အရမ်း လိုအပ်တယ် အကို

    ReplyDelete