CCleaner 3.23.1823 Latest Version




မနေ့၊တနေ့က Comments မှာ အစ်ကိုတစ်ယောက်က သူ့စက်က Mozilla အရမ်းနှေးနေတယ်လို့..  ပြောလာလို့ ဒီနေ့တင်ပေးလိုက်တဲ့ ပိုစ့်၂ခုလုံးက မိုဇီလာလို Browser တွေရော၊ ကွန်ပျူတာထဲက Registry Error တွေနဲ့  မလိုအပ်တဲ့ အမိုက်တွေကိုပါ ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးတွေပါ.. အရင်တုန်းတင်ပေးထားတဲ့ CCleaner လေးရှိပေမယ့် ဒီကောင်လေးက နောက်ဆုံးထွက် Update လေးပါ.. အသုံးပြုရတာလည်း လွယ်ပါတယ်.. မိမိတို့စက်ကို ဒီလိုရှင်းလင်းပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးတွေကို အားလုံးပဲ ဆောင်ထားသင့်ပါတယ်.. ဘာကီးမှ ထည့်ပေးဖို့ မလိုတဲ့ ဖရီးပေးသုံးတဲ့ ကောင်လေးပါ.. မသုံးတတ်သေးတဲ့သူများ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..




ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း တန်းပေါ်နေပါလိမ့်မယ်.. မျှားပြထားတဲ့ အတိုင်း Run Cleaner ကိုကလစ်ပေးလိုက်ပါ..


အောက်ကပုံလေးကတော့ Browser တွေကို ပိတ်ခိုင်းတာ ဖြစ်ပါတယ်.. မိုဇီလာလို Browser တွေအားလုံးကို ပိတ်ပေးလိုက်ပါ..



အပေါ်ပုံ.. 100% ပြည့်သွားရင်တော့ Analyze ကို နှိပ်ပေးလိုက်ပါ.. ဒါဆိုရင် ကွန်ပျူတာနဲ့ ၊ Browser တွေမှာ ရှိနေတဲ့ အမှိုက်တွေကို ရှင်းပြီးသွားပါပြီ.. နောက်တဆင့် ထပ်လုပ်ပေးရပါအုန်းမယ်.. အောက်ကပုံမှာ ပြထားတဲ့ Registry နေရာကို ကလစ်ပါ..



အပေါ်ပုံအတိုင်း နှိပ်ပေးပြီး 100% ပြည့်သွားရင် အောက်ပုံအတိုင်း ဆက်နှိပ်ပေးလိုက်ပါ..



အပေါ်ကပုံအတိုင်း No ပေးလိုက်ပါတယ်.. ပြီးရင် အောက်ကမျှားပြထားတဲ့ ပုံတွေအတိုင်း ဆက်လုပ်သွားပေးလိုက်ပါ.. ဒါဆို အားလုံး အဆင်ပြေသွားပါပြီ..



ဒီကောင်လေးကို တစ်ပါတ်သုံးခါလောက် လုပ်ပေးနေရင် တော်ယုံစက်လေးတာလောက်ကို အဆင်ပြေစေပါတယ်..

1 comment:

  1. ကိုလွင်မင်းရေ....ကျေးဇူးပြုပြီး လင့်လေးပြန်စစ်ပေးပါလား...ညီဒေါင်းတာ မရလို့

    ReplyDelete