STOIK Deformer 4.0.0.3471




ဒီဆော့ဝဲလ်လေးကို ကျနော့်သူငယ်ချင်းတစ်ယောက် တောင်းထားလို့ လိုက်ရှာရင်းနဲ့ ဖူးသုံးလို့ ရတာလေး ရလာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ အပ်ါမှာပြထားတဲ့ ပုံလေးလိုမျိုး မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို လှုပ်ရှားနေအောင် လုပ်ယူလို့ရပါတယ်..။ ဒါကတော့ Blog မှာတင်မှာ ဖြစ်လို့ Animation နဲ့ Save ထားတာပါ..။ JPEG ဓါတ်ပုံဖေါ်မတ်နဲ့ သိမ်းရင်တော့ ဒီလိုလှုပ်လို့ မရပါဘူး..။ အောက်မှာပုံနဲ့ ပြပေးထားတဲ့အတိုင်း JPEG ဖေါ်မတ်နဲ့က ရုပ်ပြောင်လေးတွေ ဖြစ်အောင်၊ရုပ်ဖျက်လို့ရပါတယ်..။ နောက်ပြီး မိမိတို့စိတ်ကြိုက်ဖြစ်တဲ့ ပုံလေးတွေကို Video ဖိုင်နဲ့ သိမ်းထားလို့လည်း ရပါတယ်..။ အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်က ပုံလေးမျိုး ဖြစ်အောင်လုပ်ပြထားတာပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒီဖိုင်လေးထဲမှာ သူ့ရဲ့ Key လေးတွေပါ ထည့်ပေးထားပါတယ်..။ ဒီဆော့ဝဲလ်လေးထဲမှာ Effect တွေအများကြီးပါတဲ့အတွက် တခုချင်းစီ အသုံးပြုပုံကို သေချာသိထားရင် ဘယ်ပုံကိုပဲ ဖြစ်ဖြစ် မိမိတို့ စိတ်ကြိုက် ပြုပြင်ယူလို့ ရပါလိမ့်မယ်..။ Effect တွေအားလုံးကို အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ ကျနော်ဒီပိုစ့်မှာ အသုံးပြုတတ်အောင်လို့ အနည်းငယ်တော့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.5 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည် ပြောင်းပြီး တင်ပေးထားပါတယ်..။

Tny Paste ဆိုဒ်မှာ ဒေါင်းလော့လင့်တွေ ဝင်ယူလို့ မရတော့တဲ့ အတွက် ဒီလင့်တွေကို အောက်ကအတိုင်း ပြန်ပြင်ပေးထားပါတယ်..။ Adfly စာမျက်နှာကို ကျော်လိုက်ရင် ဒီဖိုင်ကို ဒေါင်းယူလို့ ရသွားပါပြီ..။


STOIK Deformer 4.0.0.3471

Download Link 1st
(or)

Download Link 2nd
(or)
Mirror
Download Link 3rd


ဒီလို ပုံအသေကို အရှင်ဖြစ်အောင် လုပ်ယူလို့ ရပါတယ်..။



အောက်ကပုံကတော့ ရုပ်ဖြစ်ပြီး ဓါတ်ပုံဖေါ်မတ်နဲ့ သိမ်းထားတဲ့ ပုံလေးပါ..


အောက်ကပုံလေးတွေကတော့ ၂ချက်တောက်ပြီး Install ထည့်၊ Key ပါထည့်ပြပေးထားပါတယ်..။





အသုံးပြုပုံကို မိမိကိုယ်တိုင် လေ့လာချင်တယ်ဆိုရင်တော့ အပေါ်ကပုံအတိုင်း User Guide ထဲမှာ လေ့လာကြည့်ပါ..။ အောက်ကပုံကတော့ Open file နေရာကနေ ကျနော် လုပ်ပြမယ့် ပုံလေးကို သွားယူတာပါ..။



အပေါ်ပုံမှာ ပြထားတဲ့ A-B-C-D-E နေရာတွေကနေ Effect တွေကို ဝင်ယူရမှာပါ..။ အောက်ကပုံလေးတွေအတိုင်း မြင်ရပါလိမ့်မယ်..။ မိမိအသုံးပြုချင်တဲ့ တူးတခုကို တချက်ကလစ်လိုက်ရင် အပေါ်ကပုံမှာ မြင်နေရတဲ့ မှန်ဘီလူးပုံနေရာလေးမှာ ပေါ်နေတဲ့အခါ အဲ့ဒီတူးကို အသုံးပြုလို့ ရသွားပါပြီ..။  တချို့ Effect တွေက မောက်စ်နဲ့ တချက်ချင်း နှိပ်ပေးရမှာ ဖြစ်ပြီး၊ တချို့ကျတော့ လိုသလို ဖိဆွဲပေးရပါတယ်..။ မိမိတို့ကိုယ်တိုင်သာ ဖြေးဖြေးချင်း စမ်းသပ်ကြည့်ပါ..။ မိမိတို့ ဖန်တီးထားတဲ့ Animation ကို ပြန်စမ်းကြည့်ချင်တဲ့အခါ Play နေရာကို နှိပ်ပြီး စမ်းကြည့်ပါ..။ အနှေး၊ အမြန်ကို ချိန်ဖို့ဆိုရင်တော့ Speed နေရာက အတုံးလေးတွေကို ရွှေ့ပြီးချိန်ပါ..။ စိတ်ကြိုက်ဖြစ်ရင်တော့ သိမ်းဖို့ Finish နေရာကို နှိပ်ပြီး သိမ်းလိုက်ပါ..။





Finish နေရာကနေသိမ်းလိုက်ရင်တော့ ကျနော်က Blog မှာတင်မှာဖြစ်လို့ Save Animation နဲ့သိမ်းပါတယ်..။ ဓါတ်ပုံနဲ့ သိမ်းဖို့ဆိုရင်တော့ Save Picture ကိုကလစ်ပြီး သိမ်းပါ..။ Video နဲ့ Print ထုတ်ချင်ရင်တော့ အောက်ကပုံမှာပြထားတဲ့ နေရာတွေကို ရွေးပြီးသိမ်းပေးလိုက်ပါ..။



အပေါ်အောက်ဆုံးပုံအတိုင်း သိမ်းဖို့ နေရာရွေး၊ နာမည်ပေးပြီး Save ကိုနှိပ်လိုက်ရင်တော့ မိမိတို့ ဖန်တီးထားတဲ့ ပုံလေးကို ရရှိသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ ဓါတ်ပုံလေးတွေ ဖန်တီးရင်း အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေဗျာ..။

2 comments:

  1. အကိုလွင်ဒေါင်းသွားတယ်နော်.. Every Think.

    ReplyDelete
  2. Donwnလို့မရဘူးအကို

    ReplyDelete