Your Uninstaller! Pro 7.5.2012.12 Final

ဒီကောင်လေးက Your Uninstaller! Pro နောက်ဆုံးထွက် လေးပါ..။ ကျနော်တို့ စက်ထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေကို အသုံးမလိုတော့တဲ့ အခါတွေမှာ Uninstall နဲ့ ပြန်ထုတ်ပစ်တတ်ကြပါတယ်..။ ဒီကောင်လေးကတော့ Uninstall နဲ့ ထုတ်ပစ်ပေးပြီးတဲ့အပြင် အဲ့ဒီထုတ်ပစ်လိုက်တဲ့ ဆော့ဝဲလ်တွေရဲ့ ဝင်းဒိုးထဲမှာ ကျန်နေတဲ့ Registry Key တွေကိုပါ လိုက်ရှာပြီး ထုတ်ပေးနိုင်ပါတယ်..။ နောက်ပြီး ဒီ Pro ဗါးရှင်လေးမှာ နောက်ထပ်လုပ်ပေးနိုင်တာတွေကတော့ Startup Manager, Disk Cleaner, Start Menu, Trace Eraser တူးတွေပါ အပိုပါပါသေးတယ်..။ တခုချင်းစီ အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားတယ်..။ Tools တွေအားလုံးကို အသုံးပြုပေးလိုက်ရင် မိမိတို့ရဲ့ စက်က အရင်ကထက်ပိုမို သွက်လက်ပြီး ၊ မန်မိုရီအပိုတွေ ထပ်ထွက်လာမှာ ဖြစ်လို့ ဆော့ဝဲလ်တွေနဲ့ ဖိုင်တွေကို ပိုမိုသိမ်းထားနိုင်မှာပါ..။ ဒီ Tools တွေအားလုံးကို အသုံးပြုအောင် လုပ်ပြထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကဒေါင်းလော့လင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ ဆက်ကြည့်ပေးပါ..။ ဖိုင်ဆိုဒ်ကတော့ 6.3 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..


ဒီကောင်လေးကို Install ပြီးတာနဲ့ ဒေါင်းလော့ဖိုင်ထဲမှာ ပါတဲ့ Notepad ထဲက သူ့ရဲ့ Key တွေကို အောက်ကပုံလေးတွေအတိုင်း သွားပြီး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။





မိမိတို့ Uninstall နဲ့ ထုတ်ပစ်ချင်တဲ့ ဆော့ဝဲလ်ကို တချက်ကလစ်ပြီး ဘယ်ဘက်အခြမ်းက Uninstall စာသားကို ကလစ်လိုက်ရင်လည်း ရသလို၊ အဲ့ဒီဖိုင်ပေါ်မှာ Right Click နှိပ်ပြီး Uninstall (OR) Quick Uninstall နဲ့ ထုတ်ပစ်လို့လဲ ရပါသေးတယ်..။ မိမိတို့ အဆင်ပြေရာနဲ့သာ လုပ်ပါ..။


အောက်ကပုံအတိုင်း ပေါ်လာရင် Normal Mode နဲ့ပဲ သွားလိုက်ပါ..။ တခြား Mode တွေနဲ့ သုံးချင်ရင်တော့ မိမိတို့ စိတ်တိုင်းကျ ရွေးသုံးလိုက်ပါ..။






အပေါ်ပုံတွေအတိုင်း ပေါ်လာပြီးရင်တော့ အောက်ကပုံမှာ သူ့ရဲ့ Key ဖိုင်တွေကို ပြပေးထားပါလိမ့်မယ်..။ ကျနော်တို့က Next ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ..။


 


Finish ပေးလိုက်ရင်တော့ ကျနော်ထုတ်ပစ်လိုက်တဲ့ ဆော့ဝဲလ်တခု စက်ထဲမှာ မရှိတော့ပါဘူး..။ အောက်ကပုံတွေကတော့ အပိုပါတဲ့ Tools တွေဖြစ်တဲ့ Startup Manager, Disk Cleaner, Start Menu, Trace Eraser တူးတွေကို တခုချင်းစီ အသုံးပြုတတ်အောင် လုပ်ပြပေးထားပါတယ်..။ ပုံလေးတွေ ကြည့်ပြီး အဆင်ပြေလိမ့်မယ် ထင်ပါတယ်..။
Startup Manager ကတော့ စက်ဖွင့်ဖွင့်ချင်းမှာ တက်လာမယ့် ဆော့ဝဲလ်တွေကို မိမိတို့ တက်စေချင်တဲ့ ဆော့ဝဲလ်ကိုပဲ ရွေးပြီးတက်ခိုင်းမှာ ဖြစ်ပါတယ်..။ မတက်စေချင်တဲ့ ဆော့ဝဲလ်ကို အောက်ကပုံတွေအတိုင်း ပိတ်ထားလိုက်ပါတယ်..။ 




အောက်ကပုံကတော့ Disk Cleaner တူးလေး အသုံးပြုတတ်အောင်ပါ..။ ဝင်းဒိုးရှိတဲ့ (C:) အပိုင်းကို အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ရင် မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပေးပါလိမ့်မယ်..။ ဒီတူးလေးကို အသုံးပြုခြင်းဖြင့် (C:) အပိုင်းမှာ နေရာလွတ်တွေ ပိုထွက်လာပါလိမ့်မယ်..။


Scan ကိုနှိပ်ပါ..။



OK ပေးလိုက်ရင် ရသွားပါပြီ..။ အောက်ကပုံကတော့ Start Menu အတွက်ပါ..။ Uninstall နဲ့ ထုတ်ပစ်လိုက်တဲ့ ဆော့ဝဲလ်တွေဟာ Start Menu မှာ ရှော့ကပ်ပုံတွေနဲ့ ဖိုဒါအလွတ်တွေ ကျန်နေတတ်ပါတယ်..။ အဲ့ဒါတွေကို ဒီကောင်လေးနဲ့ ရှင်းပစ်လို့ ရပါတယ်..။ ဒါပေမယ့် အသုံးပြုလို့ မရတော့တဲ့ ရှော့ကပ်တွေကိုတော့ မိမိတို့အနေနဲ့ သိထားရပါမယ်..။ ဒါမှရှင်းပစ်ရလွယ်မှာပါ..။ အဲ့လိုမှမဟုတ်ရင် အသုံးပြုနေတဲ့ ဆော့ဝဲလ်ကို ဖျက်လိုက်သလိုဖြစ်သွားပါလိမ့်မယ်..။ မိမိတို့ကိုယ်တိုင် မသေချာရင်တော့ ဒီအပိုင်း အသုံးမပြုပါနဲ့..။ အသုံးပြုလိုတဲ့သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ..။



မိမိတို့ Uninstall နဲ့ ထုတ်ပစ်ခဲ့တဲ့ ဆော့ဝဲလ်တွေရဲ့ ရှော့ကပ်တွေနဲ့ ဖိုဒါအလွတ်တွေကို အောက်ကပုံလေးအတိုင်း အမှန်ရွေးပြီး ခြစ်ပေးပြီး Fix Shortcuts စာသားကို တချက်ကလစ်ပေးလိုက်ရင် ရသွားပါပြီ..။




အောက်ဆုံးက တူးလေးဖြစ်တဲ့ Trace Eraser တူးလေးကတော့ IE Browser ထဲမှာ ရှိတဲ့ အမှိုက်တွေကို ရှင်းလင်းပေးပါလိမ့်မယ်..။ အောက်ဆုံးက ပုံလေးတွေအတိုင်း လုပ်ပေးလိုက်ပါ..။ 




Job Done စာသားပေါ်လာရင်တော့ Close ပေးလိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။

3 comments:

  1. ကို လွမ်းမင်းဗိုလ် ကျေးဇူးအရမ်းတင်တယ်ဗျာ ဒီထက်မက အောင်မြင်ပါစေဗျာ....

    ReplyDelete
  2. ကိုလွင်မင်းဗိုလ်ရေ...အရမ်းကိုကျေးဇူးကြီးမားလှပါတယ်..ကျန်းမာချမ်းသာပါစေ..

    ReplyDelete
  3. Password ​တောင်း​နေတာဘယ်​လိုလုပ်​ရမလဲအကို

    ReplyDelete