Advanced SystemCare 6.2.0.254 Final


ဒီကောင်လေးကတော့ Update ထွက်တိုင်း တင်တင်ပေးနေလို့ အားလုံးလည်းသိပြီး ဖြစ်မှာပါ..။ ကျနော်တို့ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေရှင်း၊ သန့်ရှင်းရေးတွေ လုပ်ပေးနိုင်တဲ့ အပြင် Registry Error တွေကိုပါ Repair ပြန်လုပ်ပေးနိုင်တဲ့အတွက် ၊ ဒီကောင်လေးကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုမယ်ဆိုရင် လေးနေ၊ ဟမ်းနေတဲ့ စက်တွေဟာ အရင်ကထက် ပိုမိုသွက်လက်မြန်ဆန်လာတာကို လက်တွေ့မြင်တွေ့ ရမှာပါ..။ အသုံးပြုဖူးသူတိုင်း စိတ်ကြိုက်ဖြစ်စေတဲ့ System Tool လေးတခုပါ..။ ဒီကောင်လေးကတော့ ဖရီးပေးသုံးတဲ့ နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်..။ ဒီလို System Tool လေးတွေကို အသုံးမပြုခင် Restore Point တခု အရင်ဖန်တီးထားပြီးမှ အသုံးပြုပေးပါ..။ အသုံးပြုပြီးတဲ့ အခါမှာလည်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုပါ..။ ဒါဆိုရင် အယ်ရာမျိုးစုံ ကင်းဝေးပြီး စက်ကလည်း သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်အဟောင်းတခုမှာ ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်မှာပဲ အသုံးပြုနည်းတွေကို လေ့လာကြည့်ပေးပါ..။ 

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။


No comments:

Post a Comment