DriverMax 7.13.023 Final Free Edition

ဒီနေ့ ဒီကောင်လေးကို ကျနော်အဓိက တင်ပေးချင်တဲ့ စိတ်ကူးကတော့.. မိမိတို့ရဲ့ ဝင်းဒိုးတွေထဲက Drivers တွေကို ဒီကောင်လေးနဲ့ Backup လုပ်ထားပြီး.. ဝင်းဒိုးအသစ်ပြန်တင်တဲ့အခါမှာ ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ဒီဆော့ဝဲလ်နဲ့ပဲ Restore ပြန်ထည့်ပေးလို့ ရတဲ့အတွက်.. ကျနော်သဘောကျလို့ အားလုံးအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဖရီးလေးပါပဲ..။ အသုံးပြုတတ်အောင် ကျနော်အောက်မှာ ပုံလေးတွေနဲ့ Backup အတွက်ရော၊ Restore အတွက်ပါ အစအဆုံးပြပေးထားပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ Driver Backup ဆော့ဝဲလ်တခု ရှိခဲ့ပါတယ်..။ အဲ့ဒီကောင်လေးနဲ့လည်း ကျနော်အသုံးပြုနေတာ အဆင်ပြေတာ များပါတယ်..။ အခုဒီကောင်လေးကတော့ အခုမှ ကျနော်လည်း စမ်းသုံးနေတာပါ..။ နောက်ပိုင်းမှာ အသုံးပြုရင်း လိုအပ်ချက်များ ထပ်ရှိလာရင်တော့ ကျနော် ဒီကောင်လေး Update ထွက်တဲ့ အခါတိုင်း ဖြည့်ပြီး ရေးပေးသွားပါမယ်..။ ဒီကောင်လေးထဲမှာ အသုံးပြုလို့ ရတဲ့ တခြား Features တွေ ပါပါသေးတယ်..။ အဲ့ဒါတွေကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာပြီး စမ်းသုံးကြည့်လိုက်ပါ..။ ဒီပိုစ့်အတွက်ကတော့ ဒီဆော့ဝဲလ်ကို Drivers Backup and Restore အတွက်ပဲ ရှင်းပြပေးထားပါတယ်..။ Drivers တွေကို Backup လုပ်တဲ့အခါမှာ ဒီကောင်လေးက RAR ဖေါ်မတ်နဲ့ တခါတည်း ထုတ်ပေးမှာ ဖြစ်ပြီး ၊ ပြန် Restore လုပ်တဲ့အခါမှာလည်း မိမိတို့ ပြောင်းသိမ်းထားလိုက်တဲ့ နေရာအထိ သွားပြန်ရှာပေးလိုက်ရင် WinRAR ဖေါ်မတ်အတိုင်း ဖိုင်ဖြည်စရာမလိုပဲ ဒီကောင်လေးက Restore ပြန်လုပ်ပေးနိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.4 MB ရှိပါတယ်..။


ဒီကောင်လေးကို အသုံးပြုတတ်ဖို့ အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီး Backup နဲ့ Restore လုပ်နည်း ပုံလေးတွေအတိုင်း လေ့လာကြည့်နိုင်ပါတယ်..။





အပေါ်ပုံအတိုင်း Please wait ဆိုရင်တော့ စောင့်နေပေးလိုက်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း Drivers တွေ နေရာမှာ အမှန်ခြစ်အားလုံး ပေးလိုက်ပါတယ်..။ ပြီးရင်တော့ Backup နေရာကနေ အောက်ကပုံအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။



အောက်ကပုံတွေအတိုင်း ပေါ်လာရင်တော့ Drivers တွေ Backup လုပ်နေတာ ဖြစ်တဲ့အတွက် ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။





Completed စာသားနဲ့အတူ အောက်ကပုံအတိုင်း ဒီကောင်လေး သိမ်းထားလိုက်တဲ့ Drivers တွေ ဘောက်စ်လေးနဲ့ ပေါ်လာပါလိမ့်မယ်..။ ဖိုင်၂ခုလုံးကို ယူပြီး မိမိတို့အတွက် အဆင်ပြေမယ့် ဟတ်ဒစ်အပိုင်း (or) USB တွေထဲမှာ ပြောင်းသိမ်းထားလိုက်ပါ..။ ဝင်းဒိုးအသစ်ပြန်တင်ပြီးသွားရင်တော့ ဒီဆော့ဝဲလ်ကို အရင် Install ထည့်ပြီးမှ မိမိသိမ်းထားလိုက်တဲ့ Backup ဖိုင်လေးကို Restore ပြန်လုပ်ပေးလိုက်ရင် ဝင်းဒိုးအသစ်တွေအတွက် Drivers တွေအဆင်ပြေသွားပါပြီ..။ အောက်ဆုံးပုံလေးတွေအတိုင်း Restore လုပ်ပေးလိုက်ယုံပါပဲ..။



 အောက်ကပုံလေးအတိုင်း Load ကနေ သွားပြီး မိမိသိမ်းထားလိုက်တဲ့ Drivers Backup ဖိုင်ကို ရွေးပေးလိုက်ပါ..။ တခြားဆော့ဝဲလ်နဲ့ သိမ်းထားတဲ့ Drivers Backup ဖိုင်ဆိုရင် မရနိုင်ပါဘူး..။ ဒီဆော့ဝဲလ်နဲ့ သိမ်းထားတဲ့ ဖိုင်ပဲ Restore ပြန်ထည့်လို့ ရမှာပါ..။




Drivers တွေ အားလုံးပါအောင် ၊ အမှန်ခြစ် အားလုံးပေါ်အောင်လို့ Select all >>  Restore လုပ်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း Drivers တွေ ပြန်ထည့်နေရင်တော့ ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။ အားလုံးပြီးသွားရင် စက်ကို Restart တောင်းလာပါလိမ့်မယ်.. စက်ပိတ်ပြီး ပြန်ပွင့်လာရင်တော့ ဝင်းဒိုးထဲမှာ Drivers တွေအားလုံးအဆင်ပြေသွားပါပြီ..။


အားလုံးပဲ အသုံးပြုတတ်၍ အဆင်ပြေကြပါစေ..။

1 comment:

  1. သူငယ်ချင်းတွေက စက်တေအရင်ကလိထားတော့ အခု backup လုပ်မထားတော့ ကျနော်လဲ ကွိုင်တာပေါ့ အခု driver မရှိလို ဆိုပြီ သုံးမရဘူးအကိုးးး

    ReplyDelete