Wonderfox Video Watermark 1.2 Final

ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ Video တွေကို Watermark လို့ ခေါ်တဲ့ စာလုံးတွေနဲ့ ပုံလေးတွေ ထပ်ထည့်ပေးလို့ရတဲ့ Wonderfox Video Watermark 1.2 Final ဗါးရှင်းလေးပါ..။ ဖူးသုံးလို့ ရအောင် ကျနော် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ ဒီပို့စ်မှာ patch နဲ့ ဖူးလုပ်နည်း အပြည့်အစုံကို ပြန်ပြပေးထားပါတယ်..။ အရင်တုန်းက patch ထည့်နည်းတွေနဲ့ အတူတူပါပဲ..။ နောက်ပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်..။ အပေါ်က ပုံလိုမျိုး မိမိတို့ရဲ့ Video တွေနဲ့ သီချင်းတွေကို စာလုံးတွေနဲ့ မိမိတို့ရဲ့ Logo ပုံလေးတွေ တဆိပ်ရိုက်ထည့်လို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့15 MB ရှိပါတယ်..။


ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများနဲ့ ဒေါင်းယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။


Install ပြီးတာနဲ့ ဒီကောင်လေးကို အောက်ကပုံအတိုင်းပိတ်ပြီး ပုံလေးတွေ အတိုင်း patch ဖိုင်နဲ့ ဖူးဖြစ်အောင် အရင်လုပ်ပေးလိုက်ပါ..။








 ကျနော် စာတွေ အများကြီး မရေးပေးတော့ပါ..။ patch ထည့်နည်းက ခဏခဏပြပေးထားတာမို့ အားလုံးပဲ လုပ်တတ်နေလောက်ပြီလို့ ထင်ပါတယ်..။ အပေါ်ကပုံလေးတွေကြည့်ပြီးလည်း အဆင်ပြေမယ်လို့ ထင်ပါတယ်..။ 
အောက်ကပုံကတော့ စပြီး အသုံးပြုတတ်အောင် ပြပေးထားတာပါ..။ မျှားပြထားတဲ့ နေရာကနေ မိမိတို့ အသုံးပြုမယ့် Video ဖိုင်လေးကို သွားယူလိုက်ပါ..။
 



ပြီးရင်တော့ အရင်ဆုံး Text နေရာကနေ စာလုံးတွေကို ရေးထည့်ပါမယ်..။ အောက်ကပုံအတိုင်း ဖေါင့်အရင်ပြောင်းပေးလိုက်ပါ..။ ညာဘက်မှာ စာရေးရင်တော့ အကွက်လေးတွေပဲ အရင်ပေါ်မှာပါ..။ အောက်ဆုံးက Add ကိုနှိပ်လိုက်မှ မြန်မာစာ အမှန်ပေါ်လာမှာပါ..။ အောက်ကပုံလေးကို အဆင့်ဆင့်ကြည့်ပြီး နားလည်နိုင်ပါတယ်..။ 



အပေါ်ပုံမှာ မျှားနီပြထားတာကတော့ စာလုံးကို လိုသလို တိမ်းစောင်းလို့ ရတဲ့ နေရာပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း မိမိတို့ရဲ့ Logo ပုံလေးကို Add Image ကနေ ထည့်လို့ ရပါတယ်..။



အပေါ်ပုံမှာ Browse >> Load Watermark ကနေ မိမိတို့ ထည့်ပေးချင်တဲ့ ပုံလေးကို သွားယူပြီး OK ပေးပါတယ်..။ အောက်ကပုံကတော့ မိမိတို့ရဲ့ ပုံလေးကို ထင်ထင်ပေါ်ချင်တာလား..၊ မှိန်ပြီး ပေါ်နေစေချင်တာလား.. ချိန်ယူလို့ ရတဲ့ နေရာကို ပြပေးထားတာပါ..။ မိမိတို့ရဲ့ ပုံနဲ့စာကို ထားချင်တဲ့ နေရာကို ရွှေ့ထားဖို့ မောက်စ်နဲ့ ဖိဆွဲပြီး ထားလို့ ရပါတယ်..။





စိတ်ကြိုက်ဖြစ်သွားရင်တော့ Run ကနေ သိမ်းလိုက်လို့ ရပါပြီ..။ အောက်ကပုံအတိုင်း ဖိုင်အဝါရောင်လေးကို ကလစ်ပြီး Desktop ကို ရွေးသိမ်းလိုက်ရင် ထွက်လာတဲ့ Video ဖိုင်လေးကို ပြန်ရှာရလွယ်သွားပါပြီ..။






သိမ်းလိုက်တဲ့ Video ဖိုင်လေးကို ပြန်ဖွင့်ကြည့်လိုက်ရင်တော့ အပေါ်က ပုံအတိုင်း အဆင်ပြေစွာ တွေ့ရပါလိမ့်မယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

4 comments:

  1. အစ်ကိုရေ....
    နောက်ထပ်အကူညီတောင်းစရာလေးရှိလို့ ကူညီပေးပါဦးဗျာ။
    ကျွန်တော့် (Partition) ထဲမှာ ထည့်ထားတဲ့ အရေးကြီးတဲ့ဖိုင်လေးပါသွားလို့ပါခင်ဗျာ...
    ကျန်တာတွေကတော့ အခွေနဲ့သိမ်းထားလို့ပြန်ရပေမဲ့ အခု
    ( Dm Portrait Pro ) ဒါလေးတစ်ခုမရှိတော့တာ ကျွန်တော့်အတွက်အရမ်းကိုဆိုးရွားတဲ့ အဖြစ်တစ်လိုဖြစ်နေတာပါ အကို
    ကျေးဇူးပြုပြီး ကူညီပေးပါခင်ဗျာ.....

    ထာဝရလေးစားလျှက်။

    ReplyDelete
  2. အကိုရေလင်.သေနေပြီဗျပြန်တင်ပေးပါဦး

    ReplyDelete
    Replies
    1. ကိုမင်းချစ်သူရေ. လင့်မသေပါဘူး. ကျနော်ပြန်စမ်းကြည့်ပြီးပါပြီ.. ကျနော့် Blog ကဖိုင်တွေကို အကို ဒေါင်းမယူတတ်သေးတာပါ.. ဒါကြောင့် ကျနော့် Blog ညာဘက်အခြမ်းမှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်းပိုစ့်ကို အရင်နားလည်အောင် ဖတ်လိုက်ရင် ကျနော်တင်ပေးထားတဲ့ ဖိုင်တွေကို ဒေါင်းယူတတ်သွားပါလိမ့်မယ်.. ကြိုးစားရင်း အဆင်ပြေပါစေဗျာ..

      Delete
  3. patch လင့်သေနေပြီးကိုလွင်

    setup လင့်တော့ဒေါင်းလိုရတယ်

    ReplyDelete