Trillian 5 Pro for Windows 5.3.0.16


Trillian has great support for many different chat networks, including Facebook, Twitter, Skype, Google Talk, Google Mail, MSN, AIM, ICQ, XMPP, Yahoo Mail, and more.
ကျနော်တို့ လူသုံးများ၊ လူကြိုက်များတဲ့ Facebook, Twitter, Skype, Google Talk, Google Mail, MSN, AIM, ICQ, XMPP, Yahoo Mail စတဲ့အကောင့်တွေကို ဒီကောင်လေး တခုရှိယုံနဲ့ အားလုံးကို တပြိုက်နက်ထဲ Chat လို့ အဆင်ပြေလွယ်ကူမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးလုပ်နည်းက အရင်ပိုစ့်တွေ အတိုင်းပါပဲ..။ မသိသေးတဲ့ သူများအတွက် ဒီပိုစ့်မှာလည်း ဖူးလုပ်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ၊ အကောင့်တွေ ထပ်ထည့်တတ်အောင် အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်ပြီး ကျနော်တို့ Chat တဲ့အခါမှာ မြန်မာလိုပါ အဆင်ပြေပြေ ရေးလို့၊ ဖတ်လို့ရအောင် ဖေါင့်သွားပြောင်းပေးရမယ့် နေရာကိုပါ ပြပေးထားပါတယ်..။ တခါတည်း အသုံးပြုတတ်အောင် လုပ်ပြပေးထားတာမို့ ပုံတွေတော့ နည်းနည်းများသွားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင် ၊ အကောင့်တွေ ထည့်တတ်အောင် အောက်မှာ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 21 MB ရှိပါတယ်..။
(မှတ်ချက်။ ။ မိမိတို့အကောင့်တွေ ပျောက်ပျက်မှာ စိုးရိမ်တဲ့သူများကတော့ ဒီလို crack ၊ patch ၊ keygen တွေကိုအသုံးပြုပြီး Full လုပ်သုံးတဲ့ ဆော့ဝဲလ်တွေနဲ့၊ ဖရီးဆော့ဝဲလ်တွေကို အသုံးမပြုသင့်ပါဘူး..။)



Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ပိတ်ပစ်လိုက်ပါ..။


crack နဲ့ အရင် ဖူးဖြစ်အောင် လုပ်ရမှာ ဖြစ်တဲ့အတွက် အောက်ကပုံလေးတွေအတိုင်း လုပ်သွားလိုက်ရင် အဆင်ပြေပါပြီ..။



ဒေါင်းလော့ဖိုင်ထဲမှာ ပါလာတဲ့ crack ဖိုင်လေးကို အောက်ကပုံလေးအတိုင်း ထည့်ပေးလိုက်ပါ..။





Apply >> OK ပေးပြီးပိတ်လိုက်ပါ..။ ဖူးသုံးလို့ ရသွားပါပြီ..။ ပြီးရင်တော့ ဒီကောင်လေးကို ဖွင့်ပြီး အောက်ကပုံလေးအတိုင်း Register နေရာကနေ မိမိတို့ Email နဲ့ အကောင့်တခု အရင် ဖွင့်လိုက်ပါ..။





Trillian မှာ အကောင့်တခု ရပြီဆိုရင် အောက်ကပုံအတိုင်း တခြား မိမိတို့ အသုံးပြုလိုတဲ့ အကောင့်တွေကို တခုစီ အကောင့်နာမည်နဲ့ ပါတ်စ်ဝါဒ့်ကို ရိုက်ထည့်ပေးလိုက်ပါ..။




နောက်တဆင့်မှာ Face Book , Twitter နဲ့ တခြား အကောင့်တွေကိုပါ တခါတည်း ဝင်လို့ ရပါတယ်..။



အောက်ကပုံအတိုင်း ဆက်ပေါ်လာရင်တော့ Start ကို နှိပ်ပြီး ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။



အပေါ်ပုံကတော့ Emotions ပုံလေးတွေ ရွေးယူလို့ ရတဲ့နေရာလေးပါ..။ အောက်ကပုံကတော့ ကျနော်တို့ Chat တဲ့အခါမှာ မြန်မာလိုပါ အဆင်ပြေအောင် ဖေါင့်မှာ သွားပြောင်းပေးရမှာပါ..။ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ Advanced ကနေ သွားလိုက်ပါ..။




အပေါ်ပုံအတိုင်း လိုက်ပြောင်းပေးပြီးသွားရင်တော့ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ အောက်ကပုံလေးကတော့ ကျနော် Skype အကောင့်ကို ဒီကောင်လေးနဲ့ Chat နေတာလေးပါ..။


ဒီအောက်ကပုံလေးကတော့ Theme လို့ခေါ်တဲ့ အပြင်ကာလာအရောင်ကို မိမိတို့ ကြိုက်တဲ့ အရောင်နဲ့ ပြောင်းထားလို့ ရတဲ့ နေရာလေးပါ..။


အောက်ကပုံအတိုင်း မိမိတို့ Email ကနေ ဒီကောင်လေးရဲ့ အကောင့်အသစ်ကို Confirm သွားလုပ်ပေးရမှာပါ..။



အပေါ်မှာ ဒီကောင်လေးနဲ့ ချက်ခဲ့တာကို Skype မှာပြန်ဖွင့်ကြည့်တဲ့အခါ အဲ့ဒီအတိုင်း ပေါ်နေတာပါပဲ..။


အောက်ကပုံလေးတွေကတော့ Gtalk, Face Book စတဲ့ အကောင့်တွေကို ဒီကောင်လေးထဲမှာ မရောက်သေးတဲ့အခါ အောက်ကပုံလေးတွေအတိုင်း သွားပြီး ထည့်ပေးရမှာပါ..။






အပေါ်ပုံကတော့ Gtalk အကောင့်တခု ထပ်ထည့်တာပါ..။ ပြီးသွားရင်တော့ အောက်ကပုံလေးတွေအတိုင်း မိမိတို့ Add ထည့်လိုက်တဲ့ အကောင့်တွေအားလုံးကို ဒီကောင်လေးတခု ဖွင့်ထားယုံနဲ့ အသုံးပြုလို့ရ၊ Chat လို့ ရသွားပါပြီ..။



အောက်ကပုံကတော့ မိမိတို့ရဲ့ IP နဲ့ တခြား လိပ်စာတွေကိုပါ ဖေါ်ပြပေးနေပါတယ်..။


အောက်ကပုံကတော့ Gtalk နဲ့ ချက်နေတဲ့ ပုံလေးပါ..။ Gtalk , Face Book , Skype စတဲ့ အကောင့်တွေကို တခါတည်းနဲ့ ချက်နေလို့ ရသွားပါပြီ..။


ဒါဆိုရင် ဒီကောင်လေးကို အားလုံးပဲ အသုံးပြုတတ်သွားပါပြီ..။ အဆင်ပြေကြပါစေ..။

1 comment:

  1. ဒေါင်းသွားတယ်အကိုေ၇ဒီထက်မကကြီးပွားတိုးတက်ပါစေ

    ReplyDelete