3D Studio Max အသုံးပြုနည်း - အသေးစိတ်ရှင်းပြထားသည်

ဒီစာအုပ်လေးနဲ့ ပါတ်သက်တဲ့ ဆော့ဝဲလ်ကိုလည်း တင်ပေးဖို့ စိတ်ကူးပေါ်ပါတယ်..။ တိုက်လေယာဉ်ပုံ၊ အရုပ်ပုံ၊ အိမ်ပုံနဲ့ တခြား စိတ်ဝင်စားစရာ ပုံမျိုးစုံကို 3D Studio Max ဆော့ဝဲလ်နဲ့ ဖန်တီးယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင် ဒီစာအုပ်လေးထဲမှာ အသေးစိတ်ဖေါ်ပြပေးထားလို့ 3D ပုံတွေ ဖန်တီးချင်တဲ့ သူတွေအတွက် တန်ဖိုးရှိတဲ့ စာအုပ်လေးပါ..။ ဆော့ဝဲလ်တင်မပေးနိုင်သေးပေမယ့်လည်း တန်ဖိုးရှိတဲ့ စာအုပ်လေးမို့ အရင် ဒေါင်းယူထားသင့်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဒီစာအုပ်လေးကို အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.6 MB ရှိပါတယ်..။



ဒီစာအုပ်လေးကို အပေါ်ကပုံမှာ ပြထားတဲ့ မျှားတွေအတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ မျှားနီနေရာမှာ ဒီစာအုပ်လေးကို ဒေါင်းယူလို့ ရမှာဖြစ်ပြီး..၊ မျှားအပြာနေရာမှာတော့ Full Screen အပြည့်နဲ့ ကျနော့် Blog မှာတင် ဖတ်လို့ရပါတယ်..။ ပန်းရောင်မျှားနေရာကတော့ စာမျက်နှာတွေကို အရှေ့၊အနောက် ကျော်ဖတ်လို့ ရမယ့် နေရာလေးပါ..။ ဒေါင်းယူလိုတဲ့ သူများကတော့ အောက်က ပေါ်နေတဲ့ Download စာသားလေးကို ကလစ်ပြီး ဒေါင်းယူလိုက်ပါဗျာ..။ မိမိတို့စက်ထဲမှာ ဒီစာအုပ်ဖိုင်လေးကို ဖတ်နိုင်ဖို့အတွက် ကျနော် အသုံးပြုနေကျ Foxit Reader လေးကို ဒီလင့်မှာကလစ်ပြီး Download ယူလို့ ရပါတယ်..။ အဲ့ဒီလင့်မှာ မရခဲ့ရင် မူရင်းဆိုဒ်ကို ဒီလင့်ကနေ ဝင်သွားယူလို့ ရပါတယ်..။ http://www.foxitsoftware.com/downloads/





1 comment:

  1. 3D Max ဒုတိယတွဲ ဘယ်ကနေဒေါင်းရမလဲခင်ဗျာ

    ReplyDelete