Acebyte Utilities Pro 3.0.8 Final

ဒီကောင်လေးက မိမိတို့ရဲ့ ဝင်းဒိုးနဲ့ Browser တွေကို မြန်ဆန်သွက်လက်အောင် အမှိုက်တွေနဲ့ Error တွေ ရှင်းလင်းပေးနိုင်တဲ့ System Tool လေးတခုပါ..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး မိမိတို့ရဲ့ ဝင်းဒိုးမှာ Restore Point တွေ ဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ အသုံးပြုပြီးတဲ့ အခါမှာလည်း စက်ကို Restart ချပေးပြီးမှ ဆက်ပြီး အသုံးပြုရမှာပါ..။ ဒါမှသာ ဝင်းဒိုးမတက်နိုင်တဲ့ Error တွေက ကင်းဝေမှာပါ..။ ဒီတူးလေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ Acebyte Utilities Pro 3.0.8 Final ကို ကျနော့် Blog မှာ တင်မပေးဖူးသေးတဲ့အတွက် ဒီကောင်လေးကို crack ဖိုင်ထည့်၊ အသုံးပြု အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး crack ထည့်နည်း မသိသေးတဲ့ သူများအတွက် အဆင်ပြေအောင် ပြန်လည် ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပါတယ်..။





Install ပြီးသွားရင်တော့ crack ဖိုင်လေးအရင် ထည့်ပေးရမှာ ဖြစ်တဲ့အတွက် အောက်ကပုံလေးအတိုင်း ဝင်သွားလိုက်ပါ..။




ဒေါင်းလော့ဖိုင်ထဲမှာ ပါလာတဲ့ crack ဖိုင်လေးကို မျှားပြထားတဲ့ အတိုင်း ဆွဲထည့်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း ဆက်နှိပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။





 ဒီကောင်လေးရဲ့ Icon လေးကို ၂ချက်တောက်ပြီး အောက်ကပုံအတိုင်း Quick / Deep Scan နဲ့ အသုံးပြုယုံပါပဲ..။




အပေါ်ပုံမှာပြထားတဲ့အတိုင်း Select All နဲ့ Scan-Clean ကိုနှိပ်ပြီး သွားလိုက်ပါ..။




 အောက်ဆုံးပုံအတိုင်း စာသားလေးတွေ ပေါ်လာရင်တော့ စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ လေးနေတဲ့ စက်တွေ သိသိသာသာ မြန်နေတာကို တွေ့ရပါလိမ့်မယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။

1 comment:

  1. ကျေးဇူးပါအစ်ကိုရေ ကောင်းကောင်းသုံးပါ့မယ် တော်တော်လေးကိုမြန်သွားပြီဗျာ

    ReplyDelete