မြန်မာစာလုံးအလှများဖြင့် "ဒ" "ဓ" နှင့် နှစ်ထပ်စာလုံးများကို Photoshop နှင့် Pagemaker လို ပရိုဂရမ်ကြီးများတွင် ရအောင်ရေးနည်း

 1 Jul 13, 02:29 AM
နေဇော်:
အကို့Blogမှာ ရေးထားသလို (ဝင်းဒိုးလောက်ဒါများ) လို Photoshop မှာ မြန်မာစာလုံးအလှတွေနဲ့ ရေးတာ ရေးလို့မရလို့ ဘယ်လိုရေးရလဲဆိုတာ ပြောပြပေးပါ ခင်ဗျ။ လေးစားလျှက်။
2 Jul 13, 02:48 AM
နိုင်နိုင်:
ကိုလွင်ရေ ကိုနေဇော်ပြောသလို ဒ နဲ့ ဓ စာလုံးတွေ ရေးလို့မရပါ။ စာလုံးအလှတွေနဲ့ ရေးနည်းလေး တင်ပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
အရင်တုန်းကလည်း ဒီလို ရေးနည်းကို မေးခဲ့ဖူးတဲ့ သူတွေရှိခဲ့ပါတယ်..။ အကြောင်းအမျိုးမျိုးကြောင့်ပဲ ပိုစ့်မတင်ဖြစ်ခဲ့ပါ..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို နောက်ထပ်မေးတဲ့သူများနဲ့ တိုက်ဆိုင်လာလို့ ဒီလိုရေးနည်းကို ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ပါတယ်..။ 
ဇော်ဂျီဖေါင့်နဲ့ဆိုရင် ရေးရတာ အဆင်ပြေပေမယ့် တခြား မြန်မာစာဖေါင့်အလှတွေနဲ့ ဆိုရင်တော့ စာရိုက်တဲ့ လက်ကွက်တူပေမယ့် "ဒ" ၊ "ဓ" နဲ့ နှစ်ထပ်စာလုံးတွေကို ရေးဖို့ အဆင်မပြေပါဘူး..။ ဒီပိုစ့်မှာတော့ ဒီလို ရေးလို့ရအောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ရှင်းပြပေးထားပါတယ်..။ ဒီပိုစ့်အတွက် ပုံတွေကို မနေ့ကတည်းက ရိုက်ယူထားပြီးသားပါ..။ အချိန်မရတော့လို့ ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။
ဒီပိုစ့်အတွက် အသုံးပြုထားတဲ့ Photoshop ကတော့ CS6 ပါ..။ အရင်လတွေက တင်ပေးခဲ့ပြီးပါပြီ..။ Photoshop CS6 လိုနေတဲ့ သူများအတွက်ပါ.. ဒီပိုစ့်ကနေ ဝင်ရောက်ဒေါင်းယူလို့ ရအောင် အောက်မှာ အဲ့ဒီပိုစ့်ကို လင့်ပြန်ချိတ်ပေးထားပါတယ်..။ ဒီလိုလုပ်နည်းကို မသိသေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။




 အောက်ကပုံလေးတွေကတော့ ကျနော့် သူငယ်ချင်း တစ်ယောက်ဖြစ်သလို ဖြစ်နေမှာ စိုးလို့ ပြပေးလိုက်တာပါ..။ Photoshop CS6 Portable.paf ဖိုင်ကို ဖိုင်ဖြည်တဲ့အခါမှာ အဲ့ဒီပိုစ့်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုလို့ ရအောင် ပြပေးထားခဲ့ပြီးသားပါ..။ ဖိုင်ဖြည်ချတဲ့အခါမှာ ဖိုင်တခုဖန်တီးပြီးမှ အဲ့ဒီဖိုင်ထဲကို ဝင်အောင် ကလစ်ပြီး Extract နှိပ်ပေးရမှာပါ..။ ကျနော့်သူငယ်ချင်းကတော့ အဲ့ဒီအဆင့်မှာတင် တစ်နေပြီး သုံးလို့မရဘူးပြောလာလို့ ဒီပိုစ့်မှာ ဒီလို ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်တာပါ..။ အဲ့ဒီပိုစ့်မှာ တင်ပေးထားတဲ့ Portable Photoshop CS6 နဲ့ မြန်မာစာဖေါင့် အလှစာလုံးတွေကို ဒီပိုစ့်တင်တဲ့အချိန်ထိ ဒေါင်းယူလို့ ရနေတုန်းပါ..။ အဲ့ဒီပိုစ့်တွေကို ကျနော်ပြန်စမ်းဖွင့်ပြီး ဒေါင်းယူကြည့်ပြီးပါပြီ..။
Portable CS6 ကို အောက်ကပုံအတိုင်း ဖိုင်တခုဖွင့်ပြီး အဲ့ဒီဖိုင်ထဲကို ဖိုင်ဖြည်ချပေးလိုက်ရင် အသုံးပြုလို့ ရသွားပါပြီ..။







အပေါ်ကပုံအတိုင်း Photoshop ပုံလေးကို ၂ချက်တောက်ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း 3D တူးလေးပါတဲ့ Portable Photoshop CS6 ကို အသုံးပြုလို့ ရသွားပါပြီ..။


ဒါကတော့ အရင်ဆုံး စာရေးဖို့ စာရွက်တရွက်ယူတာပါ..။



စာရွက်ယူပြီးရင်တော့ အောက်ကပုံအတိုင်း T တူးလေးကို ကလစ်ပြီး မိမိတို့ အသုံးပြုလိုတဲ့ ဖေါင့်ကို ရွေးယူပြီး စာရေးပါ..။ အောက်ကပုံမှာ ပြထားတာကတော့ မြန်မာစာလုံးအလှလေးတွေနဲ့ "ဒ" ၊ "ဓ" နဲ့ နှစ်ထပ်စာလုံးတွေကို ရေးတတ်အောင် ပြပေးသွားမှာ ဖြစ်ပါတယ်..။


ကျနော် Photoshop မှာ "ဒ" "ဓ" စာလုံးတွေရေးလို့ရဖို့အတွက် အောက်ကပုံအတိုင်း ဝင်းဒိုး Start >> All Programs >> Accessories >> System Tools >> Character Map တူးလေးကို ကလစ်ပြီး ဖွင့်လိုက်ပါ..။



 Character Map တူးလေး ပေါ်လာရင် Photoshop မှာ မိမိတို့ အသုံးပြုနေတဲ့ ဖေါင့်နဲ့ တူတဲ့ဖေါင့်ကို အောက်ကပုံမှာ ပြထားတဲ့အတိုင်း ရွေးယူပါ..။ ပြီးရင်တော့ အောက်ကပုံတွေမှာ ပြထားတဲ့အတိုင်း  "ဒ" "ဓ" နဲ့ တခြားစာလုံးတွေကို တခုချင်းစီ ကလစ်ပြီး Select >> Copy နဲ့ ယူရမှာ ဖြစ်ပါတယ်..။





copy ယူပြီးတဲ့ စာလုံးတွေကို Photoshop မှာ အောက်ကပုံအတိုင်း paste နဲ့ ထည့်လိုက်ရင် မိမိတို့ လိုအပ်တဲ့ စာလုံးတွေကို ရရှိမှာ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း "ဒ" စာလုံး ပေါ်လာပါပြီ..။ အောက်ကပုံကတော့ တခြား စာလုံးတွေနဲ့ နှစ်ထပ်ရေးရမယ့် စာလုံးတွေကို ဒီနည်းနဲ့ ရေးပြထားတာပါ..။ မိမိတို့ အသုံးပြုထားတဲ့ ဖေါင့်နဲ့ တူတဲ့ ဖေါင့်ကိုပဲ ချိန်ယူရမှာဖြစ်ပြီး.. လိုအပ်တဲ့ စာလုံးတွေ အားလုံးကို ဒီ Character Map ထဲကနေပဲ တလုံးစီ ထုတ်ယူမှ ရမှာဖြစ်ပါတယ်..။



စိတ်ကြိုက်ရေးပြီးလို့ သိမ်းရင်တော့ အရင်တုန်းက ပိုစ့်တွေအတိုင်းပဲ File >> Save as ကနေပဲ သိမ်းရမှာ ဖြစ်ပါတယ်..။ အောက်ကပုံတွေကတော့ Character Map ထဲမှာ ကျနော် လိုအပ်လို့ လိုက်ရှာထားတဲ့ စာလုံးတွေကို ဖေါ်ပြပေးထားတာပါ..။ ဆိုလိုတာက မိမိတို့ အတွက် လိုအပ်တဲ့ စာလုံးတွေနဲ့ နှစ်ထပ်စာလုံးတွေကို ဒီလိုပဲ ဖေါင့်တူတာကနေ စာလုံးတွေ တခုချင်းစီ လိုက်ရှာယူရတာပါ..။





 ဒါဆိုရင်တော့ Character Map ထဲကနေ Photoshop နဲ့ Pagemaker တို့အတွက် စာလုံးအလှတွေကို ရှာထုတ်ယူသုံးတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။


2 comments:

  1. psd file နှင့် တင်လိုက်ရင် ပြီး....

    ReplyDelete
  2. page maker နဲ့ microsoft မှာ alt+number တွဲမရလို့ဗျ ဖြေရှင်းနည်းရှိရင်ကူညီပါဗျာ alt +0161 လို့ရေးရင်ဘာမှမပေါ်ဘူး စိတ်ညစ်နေတယ်ဗျာ ကူညီပါ

    ReplyDelete