CAMEYO Virtualization 1.7.634 - Portable ဆော့ဝဲလ်များ ဖန်တီးခြင်း

7 Sep 13, 10:47 PM
မင်းသန့်ကို: မင်္ဂလာပါအကိုခင်ဗျာ ကျန်တော်ပေါ်တေဘယ်(လ်)လုပ်တဲ့ စော့ဝဲလေးလိုချင်လို့ပါ ရှိလို့ရှိရင် တင်ပေးပါလားခင်ဗျာ
ဒီကောင်လေးနဲ့ ကျနော်တို့ ဖန်တီးလိုတဲ့ portable ဆော့ဝဲလ်လေးတွေကို အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ ဟိုးအရင်တုန်းကလည်း ဒီလိုမျိုး portable လေးတွေ ဖန်တီးလို့ ရတဲ့ ဆော့ဝဲလ်တခု တင်ပေးဖူးပါတယ်..။ ဒီကောင်လေးကတော့ နောက်တမျိုးပါ..။ ဒီကောင်လေးကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Antivirus တွေကို ပိတ်ထားပြီးမှ အသုံးပြုပါ..။ အဲ့လိုမှ မဟုတ်ရင် အသုံးပြုလို့ မရနိုင်ပါ..။ ဒီကောင်လေးက Antivirus တွေနဲ့ မတည့်ပါဘူး..။ နောက်တခုက မိမိတို့ portable ဖန်တီးလိုတဲ့ ပရိုဂရမ်တွေဟာ crack, patch, activator တွေနဲ့ ဖူးလုပ်သုံးတဲ့ ဆော့ဝဲလ်တွေ ဆိုရင်တော့ portable လုပ်လို့ မရနိုင်ပါ..။ Serial keys ထည့်၍ ဖူးဖြစ်တဲ့ ဆော့ဝဲလ်တွေကိုပဲ portable လုပ်လို့ ရမှာ ဖြစ်ပါတယ်..။ နောက်ပြီး keys တွေ ထည့်ဖို့မလိုတဲ့ ဖရီးဆော့ဝဲလ်တွေကိုလည်း portable ဖြစ်အောင် ဖန်တီးယူလို့ ရပါတယ်..။ portable ဆိုတဲ့ အဓိပ္ပါယ်ကတော့ (မသိသေးတဲ့ သူများ အတွက် ရှင်းပြပေးခြင်းပါ) အလွယ်တကူ ဖြုတ်လိုက်၊ တပ်လိုက်နဲ့ လိုတဲ့ နေရာမှာ ယူသုံးလို့ရတဲ့ဟာမျိုး၊ ဆော့ဝဲလ်မျိုးကို Portable လို့ ခေါ်ပါတယ်..။ ဥပမာ.. portable ဆော့ဝဲလ်တွေကို မိမိတို့ရဲ့ USB pendrive တွေထဲမှာ ထည့်ပြီး မိမိစက်မဟုတ်တဲ့ တခြား ကွန်ပျူတာတွေမှာလည်း အလွယ်တကူ တပ်ပြီး၊ portable ဆော့ဝဲလ်တွေကို ၂-ချက်တောက် ဖွင့်ပြီး အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ USB ဖြုတ်လိုက်တဲ့အခါမှာ အဲ့ဒီစက်ထဲမှာ portable ဆော့ဝဲလ်တွေ တခုမှ ကျန်မနေခဲ့ပဲ မိမိရဲ့ USB ထဲမှာသာ ရှိနေမှာ ဖြစ်ပါတယ်..။ အဲ့လို အလွယ်တကူ အသုံးပြုလို့ရတဲ့ ဆော့ဝဲလ်မျိုးကို portable လို့ ခေါ်ပါတယ်..။ အခုဒီကောင်းလေးနဲ့ အဲ့လို portable ဆော့ဝဲလ်တွေကို အလွယ်တကူ ဖန်တီးယူလို့ ရအောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပြီး.. လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။ 



ဒီကောင်လေးကို အသုံးပြုတော့မှာ ဖြစ်တဲ့အတွက် လက်ရှိကျနော့်စက်မှာ အသုံးပြုထားတဲ့ Antivirus ကို ဒီကောင်လေး အသုံးပြုလို့ ပြီးတဲ့အထိ ပိတ်ထားရမှာ ဖြစ်ပါတယ်..။ 


ပြီးရင်တော့ ဒီကောင်လေးကို Right Click >> Run as administrator နဲ့ ဖွင့်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်း နှိပ်ပါ..။



အောက်ကပုံအတိုင်း ပေါ်လာရင် ခဏစောင့်နေပေးပါ..။ ၅-မိနစ်၊ ၆-မိနစ်လောက် ကြာပါလိမ့်မယ်..။


အောက်ကပုံလေးအတိုင်း စာသား ပြောင်းသွားရင်တော့ ဒီကောင်လေးကို ဘာမှ မနှိပ်ပဲ ဒီအတိုင်း ထားလိုက်ပြီ.. မိမိတို့ portable ဖန်တီးလိုတဲ့ ဆော့ဝဲလ်ကို Install ပြီးတဲ့ အထိ စက်ထဲကို ထည့်ပေးလိုက်ပါ..။


အောက်ကပုံမှာတော့ ကျနော် Blog မှာ ကျန်ခဲ့တဲ့ ရက်က ပိုစ့်တင်ပေးခဲ့ပြီး ဖြစ်တဲ့၊ ဖရီးဆော့ဝဲလ်ဖြစ်တဲ့ Maxthon Browser နဲ့ လုပ်ပြထားတာ ဖြစ်ပါတယ်..။ ဒါကြောင့် ဒီဖရီးဆော့ဝဲလ်ဖြစ်တဲ့ Maxthon Browser ကို အောက်ကပုံလေးတွေ အတိုင်း Installation Finish ဖြစ်တဲ့ အထိ စက်ထဲကို Install ထည့်လိုက်ပါတယ်..။



အပေါ်က ပုံလေးအတိုင်း ဖရီးဆော့ဝဲလ်ကို Install ထည့်ပြီးသွားရင်တော့ ပိတ်ပစ်လိုက်ပါ..။ ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ ဒီ portable ဖန်တီးတဲ့ ဆော့ဝဲလ်မှာ ပေါ်နေတဲ့ Install done စာသားကို ကလစ်ပေးလိုက်ရင် ရပါပြီ..။ အောက်က ဒုတိယ ပုံအတိုင်း အလုပ်လုပ်နေတာ ဖြစ်လို့၊ ခဏစောင့်နေပေးလိုက်ပါ..။ 



ဒီကောင်လေး portable ဖန်တီးလို့ ပြီးသွားရင်တော့ အောက်ကပုံအတိုင်း Successfully စာသားနဲ့ ပေါ်လာရင် OK ပေးပြီး.. portable လေးတွေကို ယူသုံးလို့၊ အသုံးပြုလို့ ရသွားပါပြီ..။


အောက်ကတော့ ကျနော် ဖန်တီးယူလိုက်တဲ့ portable ဆော့ဝဲလ်ကို ပြန်စမ်းမှာ ဖြစ်တဲ့အတွက် အပေါ်မှာ Install ထည့်လိုက်တဲ့ Maxthon Browser ကို အောက်ကပုံအတိုင်း Uninstall နဲ့ ထုတ်ပစ်လိုက်ပါတယ်..။ 


ကျနော် ဒီကောင်လေးနဲ့ ဖန်တီးယူလိုက်တဲ့ portable ဆော့ဝဲလ်ကို အောက်ကပုံအတိုင်း အသုံးပြုလို့ ရသွားပါပြီ..။ 


ဒီအောက်ကပုံလေးတွေကတော့ နောက်တခု ပြန်စမ်းပြထားတာပါ..။ ကျနော့် Blog မှာ တင်ပေးခဲ့ပြီး ဖြစ်တဲ့ ClipConverter ဖရီးဆော့ဝဲလ်ကိုလည်း ဒီကောင်လေးနဲ့ portable လုပ်ပြီး အသုံးပြုလို့ ရပါပြီ..။




ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment