IObit Unlocker 1.1 Final


IObit Unlocker 1.1 Final ဆော့ဝဲလ်အသစ်လေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ ဖျက်ပစ်လို့ မရတတ်တဲ့ ဖိုင်တွေကို ဒီကောင်လေးက အလွယ်တကူ ဖျက်ပစ်ပေးနိုင်ပါတယ်..။ နောက်ပြီး တချို့ဖိုင်တွေ ပေါ်မှာ တခြား အသုံးပြုလို့ မရနိုင်တဲ့ copy, move, Rename စတဲ့ အလုပ်တွေကိုလည်း ဒီကောင်လေးနဲ့ အသုံးပြုနိုင်ပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာ ပုံလေးတွေနဲ့ပါ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။



Install ထည့်ပြီးရင် အောက်ကပုံလေးအတိုင်း ပိတ်ပစ်လိုက်လို့ ရပါပြီ..။




အသုံးပြုတဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း မိမိဖျက်ပစ်လိုတဲ့ ဖိုင်ပေါ်မှာ Right Click ထောက်ပြီး အသုံးပြုယုံပါပဲ..။



အပေါ်ပုံအတိုင်း မိမိအသုံးပြုလိုတဲ့ Function ကို ရွေးယူပြီး ကလစ်ပေးလိုက်ယုံပါပဲ..။ ကျနော်ကတော့ ဖျက်ပစ်မှာ ဖြစ်လို့ Unlock & Delete စာသားကို ရွေးပြီး အသုံးပြုသွားပါတယ်..။ အောက်ကပုံလေးအတိုင်း OK ပေးလိုက်ရင်တော့ မိမိတို့ ဖျက်ပစ်လိုတဲ့ ဖိုင်လေး မရှိတော့ပါဘူး..။


 မလိုတော့ရင်တော့ Exit နဲ့ ထွက်လိုက်လို့ ရပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment