TSR Watermark Image Pro 2.4.3.4 Final

3 Oct 13, 08:53 PM
thuyazaw:
အကိုရေ keygen နဲ့ ဆော့ဝဲကို ဖူးဖြစ်အောင် လုပ်နည်းလေ သင်ပေးပါအုံး ခင်ဗျာ
Watermark လို့ခေါ်တဲ့ ဓါတ်ပုံတွေပေါ်မှာ ရေစာရေးရေးလေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို keygen နဲ့ ဖူးဖြစ်အောင် လုပ်ပေးရမှာဖြစ်ပြီး အရင်ပိုစ့်တွေမှာလည်း keygen နဲ့ ဖူးဖြစ်အောင် လုပ်နည်းတွေကို ပြပေးခဲ့ဖူးပါတယ်..။ keygen အမျိုးအစား အများအပြားရှိပေမယ့် လုပ်နည်းကတော့ အတူတူပါပဲ..။ keygen တွေကို ဖွင့်ပြီးတဲ့အခါမှာ Generate စာသားကို တချက်ကလစ်လိုက်ရင် ကီးတွေကို ထုတ်ယူလို့ရမှာ ဖြစ်ပါတယ်..။ နောက်တခုကတော့ keygen တွေဟာ Antivirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေနဲ့ မတည့်ပါဘူး..။ ဒါကြောင့်မို့ keygen တွေကို အသုံးပြုတော့မယ်ဆိုရင် Antivirus တွေကို ပိတ်ထားပြီးမှ အသုံးပြုရမှာပါ..။ ဒီပိုစ့်မျာလည်း keygen နဲ့ ဖူးဖြစ်အောင် လုပ်နည်းလေးကို ပြန်ပြပေးထားပါသေးတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေပေါ်မှာ Watermark လေးတွေကို ဒီကောင်လေးနဲ့ ဖန်တီးတတ်အောင် အောက်မှာ ပုံအနည်းငယ်နဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2 MB ရှိပါတယ်..။



keygen နဲ့ ဖူးလုပ်ရမယ့် ဆော့ဝဲလ်တွေဆိုရင်တော့ Install ထည့်ပြီးတာနဲ့ တန်းဖွင့်လိုက်ပါ..။ အောက်ကပုံလေးအတိုင်း ပါပဲ..။



ဆော့ဝဲလ်တွေရဲ့ Register တောင်းတဲ့ နေရာကို ကလစ်လိုက်ရင် ကီးတောင်းတဲ့ ဘောက်စ်လေး ပေါ်လာမှာ ဖြစ်ပြီး အဲ့ဒီအချိန်ရောက်မှ keygen ကို ၂-ချက်တောက်ဖွင့်ပြီး အောက်ကပုံမှာ မျှားအပြာနဲ့ ပြထားတဲ့ Generate စာသားကို တချက်ကလစ်လိုက်ရင် ကီးတွေကို ထုတ်ပေးပါလိမ့်မယ်..။ အဲ့ဒီကီးတွေကို copy-paste နဲ့ Register တောင်းတဲ့ ကီးတွေနေရာမှာ ထည့်ပေးလိုက်ရင် ဆော့ဝဲလ်တွေကို ဖူးသုံးလို့ ရသွားပါပြီ..။ နာမည်နဲ့ Email တွေကတော့ တောင်းတဲ့ ဆော့ဝဲလ်တွေ ရှိသလို ၊ ထည့်ပေးဖို့ မလိုတဲ့ ဆော့ဝဲလ်တွေလည်း ရှိပါတယ်..။ အဲ့ဒါတွေကတော့ မိမိတို့ အဆင်ပြေသလို ထည့်ပေးလိုက်ယုံပါပဲ..။ 



ကီးတွေ ထည့်ပေးပြီး OK ပေးလိုက်ရင် Successfully စာသားနဲ့ ပေါ်လာရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပြီး ဖြစ်လို့ ok ပေးလိုက်လို့ ရပါပြီ..။
မိမိတို့ရဲ့ Watermark ထည့်လိုတဲ့ ပုံလေး တပုံကို အောက်ကပုံလေးအတိုင်း ဝင်သွားယူလိုက်ပါ..။



နောက်တဆင့်မှာတော့ Select image used for watermarking နေရာမှာ မိမိတို့ Watermark ဖန်တီးဖို့ ပုံလေးကို Select ကနေ ကလစ်ပြီး ထည့်ပေးပါ..။ အောက်က အဝိုင်းနဲ့ ပြပေးထားတဲ့ နေရာတွေမှာ ပုံကို လိုသလို ဒီဇိုင်းလေး တခု ဖန်တီးလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဆော့ဝဲလ်သေးပေမယ့် Effect တွေ များပါတယ်..။ နောက်တခုကတော့ ပုံမထည့်ပဲနဲ့ စာရေးလို့လည်း ရပါသေးတယ်..။ တခြားအဆင့်တွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပေးပါ..။ ဒီပိုစ့်မှာတော့ အသုံးပြုတတ်အောင် အနည်းငယ် ပြပေးထားခြင်းပါ..။


မိမိတို့ စိတ်ကြိုက်ဖြစ်တဲ့ ပုံလေးတွေကို သိမ်းမယ်ဆိုရင်တော့ Save preview image ကနေ သိမ်းလိုက်လို့ ရပါပြီ..။




 အောက်ဆုံးပုံလေးအတိုင်း ဒီဇိုင်းတမျိုးနဲ့ ပုံလေးတွေကို ထုတ်ယူလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

1 comment:

  1. ကျေးဇူးနော်အကို ပြောပြပေးခြင်းအတွက်ပါ

    ReplyDelete