IsoBuster Pro 3.3 Build 3.2.9.1 Beta Final

 copy ကူးယူလို့ မရအောင် ပိတ်ထားတဲ့ CD ထဲက သီချင်းတွေကို ဒီကောင်လေးနဲ့ ရအောင်ကူးယူလို့ ရပါတယ်..။ အရင်တုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းထဲကို CD ထဲက သီချင်းတွေထည့်ချင်လို့ သူကိုယ်တိုင် ကူးယူလို့ မရတဲ့အကြောင်း၊ ကျနော့်ကို လုပ်ပေးဖို့ တောင်းဆိုလာလို့ စက်ထဲထည့်ပြီး စမ်းကြည့်လိုက်တော့ သီချင်းအပုဒ်တိုင်း 1 kb လို့ပဲ ပြထားတယ်..။ ဆော့ဖ်ဝဲနဲ့ copy ကူးလို့ မရအောင် ပိတ်ထားတဲ့ အခွေဖြစ်နေတော့ ဒီ IsoBuster လေးကို သွားသတိရတယ်..။ ဒီကောင်လေးနဲ့ လုပ်ပေးလိုက်လို့ CD သီချင်းခွေ လေးချပ်စလုံး OK သွားတယ်..။ ဘယ်လိုသုံးလဲဆိုတာ လိုအပ်တဲ့သူများအတွက် အရင် အသုံးပြုနည်းပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီပိုစ့်မှာတော့ Install ထည့်တဲ့အခါ ပြောင်းလဲပေးရမယ့် နေရာလေးတွေနဲ့ ဖူးသုံးလို့ရအောင် Key လေးပါ ထည့်ပြထားတယ်..။ လိုအပ်တဲ့သူမျာ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.3 MB ရှိပါတယ်..။







Install ထည့်တဲ့ အခါမှာတော့ အောက်ကပုံလေးတွေ အတိုင်း All Select နဲ့ အမှန်ခြစ်လေးတွေ ထည့်ပြီးမှ Install ထည့်ပါ..။




ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Notepad နဲ့ ထည့်ပေးထားတဲ့ ကီးတွေ၊ ကုဒ်တွေကို copy ယူပြီး ထည့်ပေးလိုက်ရင် ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



အပေါ်ကပုံအတိုင်း No ပေးပြီး ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ အသုံးပြုနည်းပိုစ့်မှာ လေ့လာရင်း အဆင်ပြေပါစေ..။

1 comment:

  1. ဒေါင်းလို့ မရဘူးဖြစ်နေတယ် ဆရာ ကူညီပါအုံး

    ReplyDelete