Glary Utilities Pro 4.5.0.89 Multilingual Final

ဒီကောင်လေးက Pro ဗါးရှင်းလေး ဖြစ်ပြီး အရင်တပါတ်က တင်ပေးခဲ့တဲ့ ဖရီး ဗါးရှင်းမှာတော့ Tool တွေ အားလုံး အသုံးပြုလို့ မရပဲ.. ဒီ Pro ဗါးရှင်းလေးမှာတော့ Tool အားလုံး အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေ ရှင်းပြီး မြန်ဆန်အောင် ပြုလုပ်ပေးနိုင်တဲ့ တူးတွေထဲမှာ ဒီကောင်လေးကလည်း နာမည်ရှိပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် key တွေ ထည့်ပေးထားပြီး အဲ့ဒီကီးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။





Install ထည့်ပြီးရင်တော့ အောက်ကပုံလေးအတိုင်း အမှန်ခြစ်တွေ ဖြုတ်ပြီး ဖူးသုံးလို့ ရအောင် ကီးတွေ ထည့်ပေးလိုက်ပါ..။



အပေါ်ကအတိုင်း မြင်ရမယ့် code တွေနဲ့ Name ကို အောက်ကပုံလေးအတိုင်း အစားထိုး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



အပေါ်ပုံမှာတော့ Never စာသားလေးပေါ်နေရင် ဖူးသုံးလို့ ရသွားပါပြီ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း 1-Click Maintenance နေရာကနေ ဒီကောင်လေးကို အသုံးပြုနိုင်ပါပြီ..။


အောက်ကပုံလေးအတိုင်း အမှန်ခြစ်တွေ အားလုံးထည့်ပြီးမှ အသုံးပြုပါ..။ အသုံးပြုပြီးတဲ့ အခါတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်ပြီး အသုံးပြုပေးပါ..။ တခြား အသုံးဝင်တဲ့ တူးတွေကိုတော့ Advanced Tool နေရာကနေ ဝင်ရောက် အသုံးပြုနိုင်ပါတယ်..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment