YouTube Downloader HD 2.9.9.13 Final Portable

 YouTube မှ သီချင်း Video တွေကို ဒေါင်းယူလိုရင်တော့ ဒီဒေါင်းလော့ဒါလေးနဲ့လည်း အဆင်ပြေ လွယ်ကူစွာ ဒေါင်းယူနိုင်ပါတယ်..။ IDM အသုံးပြုလို့ မရတဲ့ မိတ်ဆွေတို့အတွက် ဒီလို YouTube ဒေါင်းလော့ဒါလေးတွေကလည်း မရှိမဖြစ် အသုံးဝင်တဲ့အတွက် ဆောင်ထားသင့်ပါတယ်..။ ဒီကောင်လေးက နောက်ဆုံးထွက် Portable လေးဖြစ်လို့ ၂-ချက်တောက်ပြီး အဆင်သင့် အသုံးပြုယုံပါပဲ..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..။




မိမိတို့ ဒေါင်းယူလိုတဲ့ YouTube မှ သီချင်း Video တွေကို အောက်ကပုံလေးအတိုင်း သီချင်းရဲ့ လိပ်စာကို copy ယူပြီး အပေါ်ပုံမှာ မျှားနီပြထားတဲ့ နေရာမှာ paste နဲ့ ထည့် ဒေါင်းယူယုံပါပဲ..။ အောက်ဆုံးပုံလေးတွေအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။



သီချင်းရဲ့ လိပ်စာကို အပေါ်ပုံအတိုင်း ထည့်ပြီး Download စာသားကို နှိပ်ဒေါင်းယူပါ..။ 100% ထိပြည့်အောင် အောက်ကပုံလေးအတိုင်း စောင့်နေပေးပြီး၊ 100% ပြည့်သွားရင်တော့ Open စာသားကို ကလစ်ပြီး သီချင်း Video ဖိုင်ကို ဝင်ယူလို့ ရပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။


1 comment:

  1. ကျေးဇူးတင်ပါတယ်...အကို...မြန်မာနိုင်ငံကပါ..ဗွီဒီယိုတွေကြည့်ရတာအဆင်မပြေလို့..
    အခုမှပြေတော့တယ်....

    ReplyDelete