Advanced System Care V3.7.3


ဒီကောင်လေးကတော့ ကျနော်အမြဲသုံးဖြစ်ခဲ့တဲ့  Advanced System Care လေးပါ..။ ဗါးရှင်း အဟောင်းလေး ဆိုပေမယ့် ကောင်းလွန်းလို့ ဒီနေ့ထိ သိမ်းထားတုန်းပါ.. ကီးတွေ ပါတ်ခ်ျတွေ ဘာတခုမှ ထည့်ပေးဖို့ မလိုပါဘူး..။ Free Software လေးပါ..။ Up date အသစ်တွေလည်း အများကြီး ထွက်နေပါတယ်..။ နောက်ပိုင်းမှာတော့ Up date ထွက်တိုင်း တင်ပေးသွားမှာပါ..။ ဒါပေမယ့် Update တွေမှာ မလိုချင်တဲ့ အပို ဆော့ဝဲလ်တွေ ပါလာတတ်လို့ သိပ်မကြိုက်ပါဘူး.. ဒါကြောင့် အဟောင်းလေးကို အရင်တင်ပေးလိုက်တာပါ..။ သုံးရတာလည်း လွယ်ပါတယ်.. ဒီကောင်လေးက ဝင်းဒိုးထဲမှာရှိတဲ့ error တက်နေတဲ့ ဖိုင်တွေ ဆော့ဝဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်..။ အရင်တုန်းက ကျနော်ကိုယ်တွေ့ ကြုံခဲ့တဲ့ error တခုကို ဒီကောင်လေးနဲ့မှ အဆင်ပြေသွားပါတယ်..။ ဘယ်လိုအဲရာလည်းဆိုတော့ ကျနော်အရင်တုန်းက သုံးတဲ့ စက်အဟောင်း တစ်လုံးမှာ မြန်မာစာရိုက်ရင် စာလုံး ၄၊၅လုံးရိုက်ပြီးတိုင်း နောက်ထပ်ရိုက်တဲ့ စာလုံးတွေက ကွက်ရှင်မတ်တွေ(???????) ဖြစ်ဖြစ် ကုန်ပါတယ်.. စက်ကို ဘယ်လိုပဲ သန့်ရှင်းရေးလုပ်လုပ် ၎င်းအဲရာက ပျောက်မသွားပါဘူး..။ နောက်တော့ ဆရာသမားဆီရောက်မှ ပြောပြတော့ ဒီဆော့ဝဲလ်လေးနဲ့ လုပ်ကြည့်ခိုင်းပါတယ်..။ ဒီကောင်လေးကို သုံးပြီး စက်ကို Restart ချပေးလိုက်ပါတယ်..။ ကျနော်ဖြစ်နေတဲ့ မြန်မာစာရိုက်လို့ ပေါ်တဲ့ ကွက်ရှင်မတ်(?????) အဲရာက လုံးဝပျောက်သွားပါတယ်..။ အဲဒီကတည်းက ဒီကောင်လေးကို ကျနော် တော်တော် သဘောကျသွားပါတယ်..။ ဒါကြောင့်လည်း ဒီနေ့ထိ သုံးနေတုန်းပါ..။ သူလုပ်ပေးနိုင်တာတွေက အများကြီးပါ..။ စာရှည်နေလို့ ဒီမှာရေးမပြတော့ ပါဘူး.. အောက်က အသုံးပြုပုံ ပြထားတဲ့ ပုံတွေမှာပဲ ဖတ်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.6 MB ရှိပါတယ်..




စက်ဖွင့်တိုင်း ဒီလို Update ဘောက်စ်တွေ တက်လာရင် No ကိုနှိပ်လိုက်ပါ..။


ဒီပရိုဂရမ်ကို စပြီးအလုပ်ခိုင်းတော့မယ် ဆိုရင်တော့ အေက်ပုံမှာပြထားတဲ့ Care လို့ ရေးထားတဲ့ အလည်က အလုံးကို တချက်ကလစ်ပြီး စသုံးနိုင်ပါတယ်.. မျှားနှစ်ခု ပြထားတဲ့ ဘေးကအလုံးနှစ်လုံးကို No problem စာသားလေးခုစီ ပေါ်တဲ့ အထိ လုပ်ပေးရပါမယ်..။ အောက်ဆုံးက မျှားကတော့ Scan နဲ့ Repair ပေါ်တိုင်း နှိပ်သွားပေးပါ..။ ပထမဆုံး စလုပ်တဲ့ အချိန်မှာတော့ နာရီဝက်ကျော် ကြာတတ်ပါတယ်.. နောက်ပိုင်း အခေါက်တွေလုပ်ရင်တော့ ၅မိနစ်ကျော် အများဆုံးပဲ ကြာပါလိမ့်မယ်..


 


ဘေးကအလုံးပြီးရင် အပေါ်ပုံမှာ ပြထားသလို အပေါ်အလုံးကို ကလစ်ပြီး လုပ်ပေးလိုက်ပါ..  အောက်ဆုံးက ပုံလိုမျိုး အားလုံး No problem ဖြစ်သွားရင်တော့ Close ကိုကလစ်ပြီး ရပ်လိုက်လို့ ရပါပြီ..


အပေါ်ပုံမျိုးပေါ်လာရင် စက်ကို Restart ချပေးလိုက်ပါ..  ဒါဆိုရင် မိမိတို့ စက်ဟာ Error တွေ ကင်းရှင်းပြီး သွက်လက်မြန်ဆန်လာပါလိမ့်မယ်..

1 comment:

  1. လင့်သေနေတယ်အကိုလွင်ရေ ပြန်တင်ပေးပါအုံး

    ReplyDelete