ဝင်းဒိုး genuine ကာရအောင်


ကျနော်တို့ Windows အစစ်မဟုတ်တဲ့ ကော်ပီ Windows တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလို genuine  အဲရာမျိုးကို ပြန်လည်ကောင်းမွန်စေဖို့ ဆိုရင်တော့.. Windows7 Loader တွေ အများကြီးရှိတဲ့ ထဲက ကျနော်သုံးနေကျ ဒီကောင်လေးကို အရင် တင်ပေးလိုက်ပါတယ်..။ ကော်ပီဝင်းဒိုးသုံးတဲ့ သူတွေ ဖြစ်ဖူးကြမှာပါ..။ အပေါ်က ပုံလိုမျိုး စာသားသုံးကြောင်းပဲ ပေါ်ပြီး Screen တခုလုံး မဲသွားတဲ့ အဲရာမျိုး ဖြစ်လာခဲ့ရင် ဒီကောင်လေးနဲ့သာ ကာလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ တချို့ Windows7 တွေတော့ မပြောတတ်ပါဘူး..။ ကျနော်သုံးနေကျ Windows7 တွေမှာတော့ အတော်လေး အဆင်ပြေပါတယ်..။ ဒါကြောင့် ဒီကောင်လေးကို ကျနော် အမြဲဆောင်ထားတာပါ..။ အားလုံးပဲ ဒီလို ဆော့ဝဲလ်လေးတွေကို ဆောင်ထားသင့်ပါတယ်..။ တခြား Windows7 Loader တွေ ကျန်ပါသေးတယ်..။ ကြုံသလို တင်ပေးသွားပါမယ်..။ တခုသတိပြုရမှာက ဒီကောင်လေးကို အသုံးပြုတော့မယ် ဆိုရင် Antivirus ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေကို အရင်ပိတ်ထားဖို့ လိုပါတယ်..။ မဟုတ်ရင် Install ဆွဲတဲ့ အဆင့်မရောက်ခင်မှာပဲ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်က ဖျက်ပစ်လိုက်လို့ ပျောက်သွားပါလိမ့်မယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.6 MB ရှိပါတယ်..။ ဒီကောင်လေးကို အဖျက်မခံ ရအောင် ဖိုင်နာမည်ကို 007CW7L လို့ နာမည်ပြောင်း တင်ပေးထားပါတယ်..






မိမိတို့ရဲ့ ဝင်းဒိုးဟာ ဝင်းဒိုးတင်ပြီး ရက်၃၀ ပဲသုံးလို့ ရတယ်ဆိုရင်.. အောက်ကလို ဘောက်စ်တွေလိုမျိုး ခဏခဏပေါ်လာပါမယ်.. နောက်ပြီး Computer မှာ Right Click ထောက်ပြီး အောက်ဆုံးက Properties ကိုကလစ်လိုက်ရင် ပေါ်လာတဲ့ ဘောက်စ်လေးရဲ့ အောက်ဆုံးမှာ သော့ပုံလေးနဲ့ အပေါ်ပုံလိုမျိုး 8 days to activate. စာသားမျိုးပေါ်နေပါလိမ့်မယ်.. ဒါဆိုရင်တော့ မကြာခင်မှာ မိမိတို့ ဝင်းဒိုးရဲ့ Screen ဟာ မဲသွားပါလိမ့်မယ်..။ အဲလိုဖြစ်သွားရင်တော့ ဒီကောင်လေးကို Install ဆွဲထည့်လိုက်ပါ..။ ဒီကောင်လေးကို Install မဆွဲခင် Antivirus ဆော့ဝဲလ်တွေကို အရင် ပိတ်ထား လိုက်ပါ.။ မပိတ်တတ်ရင် Uninstall နဲ့ ထုတ်ပစ်လိုက်ပါ..။



ဒီကောင်လေးကို ၂ချက်တောက်လိုက်တာနဲ့ အောက်ကပုံမျိုး ပေါ်လာရင် APPLY ကိုကလစ်လိုက်ပါ..။



အပေါ်ကဘောက်စ်လေး ပေါ်လာရင် Yes ပေးလိုက်ပါ..။ အောက်ကပုံမျိုး ပေါ်လာပြီး စက်ပိတ်သွားပါလိမ့်မယ် ..



 စက်ပြန်ပွင့်လာရင်တော့ အပေါ်ကပုံလိုမျိုး စာသုံးကြောင်း ပျောက်သွားရင် မိမိတို့ စက်ဟာ Active ဖြစ်သွားပါပြီ..။ ဒါကြောင့် Desktop မှာ Right Click ထောက်ပြီး.. Personalize ကနေ Themes တခုခုကို ရွေးပေးလိုက်ပါ..






 ကျနော်ကတော့ အပေါ်က ပုံလေးကိုပဲ ရွေးလိုက်ပါတယ်..။ genuine စာသားသုံးကြောင်း မရှိတော့တဲ့ အတွက် ဒီဝင်းဒိုးဟာ Active ဖြစ်သွားပါပြီ..။


2 comments:

  1. အစ်ကိုလွင်ရေ ဒီပို့စ် ကိုအစောကြီးကတည်းက တင်ထားတာ မသိဘူး
    အခုလိုသိခွင့်ရလိုက်တဲ့အတွက် ကျေးဇူးနော်အကို။။ကျနော်ကြုံဖူးလို့ပါ။
    အခုတော့ အိုကေသွားပြီ။

    ReplyDelete
  2. အကိုရေ..ကျွန်တော့်စက်မှာ Malwarebytes Anti-Malware နဲ့ avast! Free Antivirus နှစ်ခုရှိပါတယ်..ဘယ်လိုပိတ်ရလဲပြောပြပေးပါလားဗျာ..

    ReplyDelete