MiniTool Partition Wizard Home Edition 7.7 - {ဟတ်ဒစ်အပိုင်း မခွဲတတ်သေးတဲ့သူများအတွက် ဒီဆော့ဝဲလ်နဲ့ အပိုင်းခွဲကြည့်ရအောင်}


ဒီကောင်လေးက Latest Update နောက်ဆုံးထွက် ဖရီးဗါးရှင်းလေးပါပဲ..။ အသုံးပြုရတာ လွယ်ကူ အဆင်ပြေလို့.. ပုံလေးတွေနဲ့ပါ တခါတည်း လုပ်ပြထားပါတယ်..။ ဟိုးအရင်တုန်းက တင်ပေးထားခဲ့တဲ့ Minitool Partition Wizard Server Edition v7.1 ပိုစ့်မှာ ပါတေးရှင်း အပိုင်းခွဲနည်းကို လုပ်နည်းတမျိုးဖြစ်တဲ့ Move/Resize တူးနဲ့ လုပ်ပြထားတာ ဖြစ်ပြီး.. ဒီပိုစ့်မှာတော့ လုပ်နည်း စုံသွားအောင်လို့ Split တူးနဲ့ လုပ်ပြထားပါတယ်..။ ဒီဆော့ဝဲလ်နဲ့ နည်းမျိုးစုံ အသုံးပြုတတ်သွားအောင်   အရင်ပိုစ့်မှာလည်း ပြန်ကြည့်ပေးပါ..။ ဖရီးတွေထဲမှာလည်း ဆော့ဝဲလ်ကောင်းလေးတွေ အများကြီးရှိတာမို့ ဖရီးတွေပါဆိုပြီး အထင်သေးလို့ မရပါဘူး..။ တကယ်တော့ ဒီဆော့ဝဲလ်ကို Dynamic ဖြစ်နေတဲ့ ဟတ်ဒစ်မှာ စမ်းပြချင်တာပါ..။ ရမရတော့ သေချာမသိသေး..။ ကျနော့်မှာက Dynamic ဖြစ်နေတဲ့ စက်က မရှိတော့တဲ့အတွက် ရိုးရိုးစက်ဟတ်ဒစ်မှာပဲ ဒီကောင်လေးကို ရိုးရိုးလေး လုပ်ပြထားပါတယ်..။ ဝင်းဒိုးထဲက Disk Management နေရာကနေ ဟတ်ဒစ်ကို အပိုင်းမခွဲတတ်သေးတဲ့သူများ အတွက် အဆင်ပြေအောင်လို့ ဒီကောင်လေးနဲ့ အပိုင်းတွေခွဲထုတ်လို့ ရမှာဖြစ်ပြီး.. တခါတည်း အပိုင်းတွေကို ပြန်ပေါင်းချင်ရင် ပြန်ပေါင်းတတ်အောင်လို့ လုပ်နည်း ၂မျိုးကို ဒီပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒီကောင်လေးကို ဒေါင်းယူပြီး.. အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး အသုံးပြုတတ်အောင် ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။


ဒီအောက်ကပုံကတော့ ဒီကောင်လေးကို အသုံးမပြုခင် ကျနော့်စက်မှာ မြင်နေရတဲ့ ဟတ်ဒစ်အပိုင်းတွေထဲက (E:) အပိုင်းမှာ နောက်အပိုင်းတခု ထပ်ခွဲထုတ်ပြမှာပါ..။ ဆက်ကြည့်လိုက်ပါဗျာ..။


ဒီကောင်လေးကို Install ထည့်တဲ့အခါမှာ မလိုတဲ့ တူးတွေကို အောက်ကပုံအတိုင်း အမှန်ခြစ်တွေ ဖြုတ်ပြီး Next ကိုနှိပ်ပါတယ်..။



Install ပြီးသွားလို့ Finish ပေးပြီး ဒီကောင်လေးကို အောက်ကပုံတွေအတိုင်း ဖွင့်သုံးပါတယ်..။


Dynamic Disk ဖြစ်နေတဲ့ စက်တွေမှာတော့ ဒီပရိုဂရမ်ရဲ့ အပေါ်ဘားတန်းက Dynamic Disk စာသားနေရာကနေ ဝင်ပြီး စမ်းသပ်ကြည့်ကြပါ..။ Dynamic Disk ဖြစ်နေတဲ့စက်နဲ့ မတိုင်ဆိုင်တော့တဲ့ အတွက် ဒီ Dynamic Disk တူးကို ဒီပိုစ့်မှာ ချန်ထားခဲ့ပါတယ်..။ 


ကျနော် အပိုင်း ခွဲထုတ်ချင်တဲ့ ပါတေးရှင်း (E:) ကိုတချက်ကလစ်ပြီး  အပေါ်ပုံအတိုင်း Right Click >> Split ကို နှိပ်ပါတယ်..။ ဘယ်ဘက် အကွက်ထဲက Operations စာသား အောက်က Split Partition ကို နှိပ်ပြီး လုပ်ရင်လည်း အတူတူပါပဲ..။ 
အောက်ကပုံအတိုင်း မျှားနီပြထားတဲ့ နေရာမှာ မောက်စ်မျှားနဲ့ ဖိပြီး မိမိတို့ လိုသလောက်ကို အရှော့အတင်း လုပ်ယူပါ..။ စိတ်ကြိုက်ဖြစ်ရင် OK နှိပ်ပါ..။


အောက်ကပုံအတိုင်း အသစ်ထွက်လာတဲ့ အပိုင်းရဲ့ နာမည် (K:) လိုမျိုး စာသားပေါ်လာရင် ပုံမှာပြထားတဲ့ အတိုင်း Apply ကိုဆက်နှိပ်ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း Yes ပေးပြီးသွားရင် အောက်ကပုံအတိုင်း အလုပ်လုပ်နေတဲ့အခါ ပြီးတဲ့အထိ စောင့်ကြည့်ပေးလိုက်ပါ..။ {မှတ်ချက်။ ။ဒီနေရာမှာ.. ပုံမှန်အတိုင်း ဟတ်ဒစ်ကို အပိုင်းခွဲလို့ မရတဲ့စက်တွေမှာ စက်ပိတ်ပြီး ပြန်ပွင့် Restart ကျသွားပါလိမ့်မယ်..။ အဲ့လိုဖြစ်သွားရင် ဘာမှမနှိပ်ပဲ ဒီတိုင်း လွှတ်ထားပေးလိုက်ပါ..။ သူ့အလိုလို အလုပ်လုပ်ပြီးရင် စက်ပြန်ပွင့်လာပါလိမ့်မယ်..။} 



အပေါ်ပုံအတိုင်း OK ပေးလိုက်ရင်တော့ Computer မှာ ပြန်ဖွင့်ကြည့်လိုက်ရင် အောက်ကပုံအတိုင်း ကျနော်ခွဲထုတ်လိုက်တဲ့ အပိုင်းတခု ဖြစ်တဲ့ (K:) အပိုင်းတခု ရလာပါပြီ..။


ကျနော်တို့ ခွဲထုတ်ထားတဲ့ အပိုင်းကို မလိုတော့တဲ့အခါ အောက်ကပုံတွေအတိုင်း ပြန်ပေါင်း လိုက်ပါတယ်..။ ကျနော် ပြန်ပေါင်းချင်တဲ့ အပိုင်းကို တချက်ကလစ်ပြီး အောက်ကပုံအတိုင်း ဘယ်ဘက်အခြမ်းက Delete Partition ကိုနှိပ်ပါတယ်..။ 



ပြီးရင်တော့ အပေါ်ပုံအတိုင်း Apply ကိုဆက်နှိပ်ပြီး.. အောက်ကပုံတွေအတိုင်း Yes >> OK ပေးလိုက်ပါတယ်..။



ကျနော် ဖျက်ထုတ်ပစ်မယ့် အပိုင်းရဲ့ နာမည် (K:) မရှိတော့မှ ဒီအပိုင်းကို မူရင်းခွဲထုတ်လာတဲ့ အပိုင်း (E:) ကို တချက်ကလစ်ပြီး အောက်ကပုံအတိုင်း Extend Partition ကို ဆက်နှိပ်ပါတယ်..။



အပေါ်ပုံအတိုင်း OK ပေးပြီးရင် အောက်ကပုံအတိုင်း မျှားနီပြထားသလို နောက်ဆုံးကုန်တဲ့အထိ ဆွဲသွားလိုက်ပါ..။ ပြီးရင်တော့ OK ပေးလိုက်ပါ..။


အပေါ်ပုံပျောက်သွားရင် အောက်ကပုံအတိုင်း Apply ပေးလိုက်ပါ..။



Yes ပေးပြီး စောင့်ကြည့်နေလိုက်ပါ..။ အောက်ကပုံအတိုင်း အလုပ်လုပ်နေပါလိမ့်မယ်..။



နောက်ဆုံးအဆင့် OK ပေးလိုက်ရင်တော့ ပါတေးရှင်းအပိုင်း ပြန်ပေါင်းလို့ ပြီးသွားပါပြီ..။ အောက်ကပုံအတိုင်း Computer ကို ပြန်ဖွင့်ကြည့်လိုက်ရင် အပိုင်း (K:) မရှိတော့ပဲ အပိုင်း (E:) ထဲမှာ GB တွေပြန်များလာတာ မြင်နေရပါပြီ..။ 


ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။

No comments:

Post a Comment