Skype 6.2.32.106 Final


ဒီကောင်လေးကတော့ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ..။ VZO လိုပဲ Video Call / Voice Call နဲ့ Chatting တွေပါ အဆင်ပြေလို့ လူသုံးများ၊ လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေး တစ်ခုပါပဲ..။ ပိုပြီးလူကြိုက်များစေတဲ့ အချက်ကတော့ WIFI သုံလို့ရတဲ့ ဖုန်းတွေနဲ့ပါ Skype အကောင့်ရှိယုံနဲ့ ဆက်သွယ်လို့ရတဲ့အတွက်၊ Chat လို့ရတဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားလို့ နောက်ဆုံးထွက်လေးကို ရှာပြီးတင်ပေးလိုက်ပါတယ်..။ ကျန်ခဲ့တဲ့ တစ်ပါတ်ကလည်း Cbox မှာ အစ်ကိုတစ်ယောက်က Skype မှာ မြန်မာစာ ရေးလို့ ရပါသလားလို့ မေးဖူးပါတယ်..။ ဒါကြောင့် ဒီကောင်လေးကို အကောင့် ဖွင့်တတ်အောင်နဲ့ မြန်မာစာ ရေးလို့ရအောင် ဖေါင့်ပြောင်းပေးရမယ့် နေရာတွေကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.1 MB ရှိပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ ဒီနေ့တင်ပေးလိုက်တဲ့ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


ဒီအောက်က ပုံလေးကတော့ Skype အကောင့် မရှိသေးတဲ့ သူများပါ အကောင့်ဖွင့်တတ်အောင်လို့ Install ထည့်ပြီးတာနဲ့ Create an account စာသားနေရာကို နှိပ်ပြီးသွားလိုက်ပါ..။ VZO အကောင့် ဖွင့်နည်းအတိုင်းပဲ လိုင်းပေါ်ကို ပြေးတက်သွားပါလိမ့်မယ်...။ အဲ့ဒီမှာ အောက်ကပုံလေးတွေအတိုင်း နာမည်ပေး၊ Email လိပ်စာပေး၊ Password မှတ်မိလွယ်တာပေးပြီးရင် ဒီ Skype မှာ အကောင့်တခု ရပါပြီ..။
အကောင့်ရှိပြီးသား သူများကတော့ Name နဲ့ Password မှာ မှန်အောင် ရိုက်ထည့်ပြီး ဝင်လို့ ရပါတယ်..။


အောက်ကပုံအတိုင်း လိုင်းပေါ်မှာ ဖေါင် ဖြည့်ပြီးသွားရင် I agree - Continue စာသားကို နှိပ်လိုက်ပါ..။ အကောင့်တခု ရရှိပါပြီ..။ ဒီအောက်က ပုံရဲ့ အပေါ်ပိုင်းမှာ First Name >> Last Name >> နဲ့ Email လိပ်စာ ဖြည့်ပေးဖို့ လိုပါသေးတယ်..။ ဒီမှာတော့ ပုံကြီးနေလို့ ထပ်မပြတော့ပါဘူး..။ 



အကောင့်ဖွင့်လို့ ရသွားရင် အပေါ်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒါဆိုရင် ကျနော်တို့ Desktop က Skype မှာ အောက်ကပုံအတိုင်း အဲ့ဒီကောင့်နဲ့ ဝင်လိုက်ပါ..။ နာမည်နဲ့ ပါတ်စ်ဝါဒ့်ရေးပြီး Sign in ကိုနှိပ်ပါ..။




အကောင့် ဝင်ပြီးသွားရင် အောက်ကပုံတွေကတော့ ပထမဆုံး အသုံးပြုမှာ ဖြစ်တဲ့အတွက် Mic တို့ Camera တို့ ကောင်းမကောင်း စမ်းသပ်၊ စစ်ဆေးကြည့်ဖို့ တဆင့်ချင်းစီ ပြပေးပါလိမ့်မယ်..။ မိမိတို့စက်ရဲ့ အသုံးပြုမယ့် ကရိယာတွေကို အဆင်သင့် ဖြစ်မဖြစ် အရင် စမ်းသုံးကြည့်နိုင်ပါတယ်..။ ပြီးရင်တော့ Continue စားသားကို နှိပ်သွားလိုက်ပါ..။


မိမိရဲ့ပုံကို မထည့်ချင်သေးဘူးဆိုရင်တော့ Add later နဲ့ သွားလိုက်ပါတယ်..။



အပေါ်ပုံအတိုင်း Start using Skype စာသားကို နှိပ်လိုက်ပြီးရင်တော့ အောက်ကပုံအတိုင်း စပြီး အသုံးပြုလို့ ရသွားပါပြီ..။


မိမိတို့ Add ချင်တဲ့လူ၊ သို့မဟုတ် Skype အကောင့် ရှိပြီးသား သူငယ်ချင်း တစ်ယောက်ယောက်က ကိုရှာတော့မယ်ဆိုရင်တော့ အောက်ကပုံအတိုင်း နာမည်တခုရေးထည့်ပြီး Search all people on Skype စာသားကို နှိပ်လိုက်ပါ..။ အဲ့ဒီအောက်မှာ နာမည်ဆင်တူတဲ့ အကောင့်တွေအများကြီး ပေါ်လာပါလိမ့်မယ်..။ အဲ့ထဲမှာ လိုက်ရှာလိုက်ယုံပါပဲ..။ တွေ့ပြီဆိုရင်တော့ တချက်ကလစ်ပြီး Add တို့ ၊ Chat တို့နဲ့ ဆက်သွယ်လို့ ရသွားပါပြီ..။


ဒီအောက်ကပုံလေးတွေကတော့ Skype မှာ မြန်မာစာ ရေးလို့ ဖတ်လို့ ရအောင် ဒီပရိုဂရမ်ရဲ့ အတွင်းထဲမှာ ဝင်ပြောင်းပေးလိုက်ရင် အောက်ဆုံးပုံလေးအတိုင်း မြန်မာလို ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ်..။ ပုံမှာပြထားတဲ့အတိုင်း Tools >> Options.. ကနေ သွားလိုက်ပါ..။



Change font ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း Zawgyi-One ကို ရွေးပြီး OK ပေးလိုက်ပါ..။ ပြီးရင် Save ပေးလိုက်ရင် မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ 




Group ချက်တွေနဲ့ပါ အသုံးပြုလို့ ရပါသေးတယ်..။ ဖုန်းကို ခေါ်မယ်ဆိုရင်တော့ ဖရီးမရပါဘူး..။ ရိုးရိုး VZO လိုပဲ ၂ဦး၊၂ဖက် ဒီ Skype ရှိမှ အသုံးပြုလို့ ရမှာပါ..။ Video call နဲ့ ခေါ်မယ်ဆိုရင်တော့ အစိမ်းရောင်နဲ့ ပြထားတဲ့ Video call နေရာကို နှိပ်ပြီး ခေါ်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က မြန်မာစာ ပေါ်အောင်နဲ့ အကောင့်ဖွင့်တတ်အောင်ပဲ ပြပေးထားပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment