Windows 7 Ultimate SP1 + Mac OS X Edition 2013 (x86/x64)


 ဒီဝင်းဒိုးကတော့ Windows 7 OS ကို Mac OS နဲ့ ပေါင်းစပ် ဖန်တီးပေးထားတဲ့ ဝင်းဒိုးအသစ်လေးပါ..။ အထိအတွေ့နဲ့ အမြင်အသစ်အဆန်းလေးမို့ အသုံးပြုရတာ တမျိုးတော့ လန်းနေပါတယ်..။ System အပိုင်းနဲ့ Settings တွေအားလုံးက Windows 7 ပါပဲ.. အမြင်တမျိုးပြောင်းပေးထားခြင်းသာ ဖြစ်ပါတယ်..။ ဒီဖိုင်ထဲမှာ 32-bit နဲ့ 64-bit ၂ခုကို ပေါင်းထည့်ပေးထားလို့ ဖိုင်ဆိုဒ်ကတော့ 4.25 GB ရှိပါတယ်..။ 350 MB စီရှိတဲ့ အပိုင်းအားလုံးပေါင်း ၁၃-ပိုင်းနဲ့ ဖိုင်တွေ ခွဲတင်ပေးထားတဲ့ ကျနော်ဒေါင်းယူလို့ ရထားတဲ့ နိုင်ငံခြား ဝဘ်ဆိုဒ်တခုက ဒါရိုက်လင့်ကိုပဲ ပြန်ပြီး လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ ဒီဖိုင်တွေကို ဒေါင်းယူတဲ့ အခါမှာ အပိုင်း-၁ ပြီးမှ ၊ အပိုင်း-၂ ကိုဒေါင်းယူပါ..။ တချိန်ထဲမှာ အပိုင်း ၃၊၄ ခုကို ဒေါင်းမယ်ဆိုရင်တော့ ဒေါင်းယူလို့ အဆင်မပြေပါဘူး..။ ဒါကြောင့် အပိုင်းတခုချင်းစီ ၊ တခုပြီးမှ နောက်တခု၊ ဒေါင်းယူမှ ဒေါင်းလော့အဆင်ပြေပါလိမ့်မယ်..။ အောက်မှာ ကျနော် ဝင်းဒိုးတင်လို့ ရတဲ့အဆင့်ထိရောက်အောင် တဆင့်ချင်းစီ ဖိုင်တွေပြန်ပေါင်းတာက စပြီး ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ DVD နဲ့ အခွေကူးထားချင်တဲ့သူများနဲ့ USB 8-GB နဲ့ အသုံးပြုချင်တဲ့ သူများအတွက်ပါ တခါတည်း လုပ်တတ်အောင် အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဝင်းဒိုးဒီဇိုင်း အသစ်လေးကို လိုအပ်တဲ့သူများနဲ့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အောက်မှာ ဒေါင်းယူပြီး အသုံးပြုရအဆင်ပြေအောင် ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒေါင်းလော့လင့်တွေ တင်ပေးထားတဲ့ နေရာမှာ ဝင်းဒိုး Activate ဖြစ်အောင် လုပ်ပေးနိုင်တဲ့ Windows 7 Loader နဲ့ USB ဖြင့်ဝင်းဒိုးတင်လို့ ရအောင် လုပ်ပေးနိုင်တဲ့ WinUSB Maker လေးတွေကိုပါ ဒေါင်းယူလို့ရအောင် လင့်တွေ ချိတ်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။
ဒီကောင်လေးကို Unlock Code ယူနည်း ပိုစ့်အတိုင်း ကုဒ်တွေကို ယူထည့်ပေးပြီးမှ ဒီဖိုင်ကို ဒေါင်းယူလို့ ရမှာ ဖြစ်ပါတယ်..။


ဒီအောက်က ပုံလေးကတော့ အပိုင်းအားလုံး ၁၃-ခုကို ဒေါင်းယူပြီးတဲ့ အခါ Folder အသစ်တခုထဲမှာ ထည့်ပြီး Part01 ကနေ Right Click >> Extract files.. ကို ကလစ်ပြီး ဖိုင်တွေကို ဖြည်ချလိုက်ပါတယ်..။ အပိုင်း-၁ ကို ဖြည်ချလိုက်တာနဲ့ ကျန်တဲ့ အပိုင်းတွေပါ လိုက်ပြည်သွားပါလိမ့်မယ်..။ ဒီအောက်က ပုံလေးတွေ အတိုင်းပါ..။






အပေါ်က ပုံအတိုင်း 14% နေရာမှာ 100% ပြည့်တဲ့အထိ စောင့်ပေးလိုက်ပါ..။ 100% ပြည့်သွားရင်တော့ အပေါ်ဆုံးမှာ မျှားပြထားတဲ့ နေရာက အတိုင်း ဖိုင်လေးကို ဖွင့်ကြည့်လိုက်ရင် အောက်ကပုံအတိုင်း ISO ဖိုင်လေး ရလာပါပြီ..။ DVD နဲ့ အခွေကူးမယ့် သူများကတော့ အောက်ကပုံအတိုင်း အဲ့ဒီဖိုင်လေးပေါ်မှာ Right Click >> Open with ကနေ Windows Disc Image Burner ကို ကလစ်ပြီး DVD အခွေသစ်ထည့်ပြီး အခွေကူးလို့ ရသွားပါပြီ..။






အပေါ်ကပုံမှာ ပြထားတဲ့ Burn ကို မနှိပ်ခင် DVD အခွေသစ် ထည့်ပြီးမှ အမှန်ခြစ်ပေးပြီး Burn ကိုနှိပ်ပါ..။
----------------------                -----------------------------------             --------------------  


အောက်ကပုံတွေကတော့ USB နဲ့ ဝင်းဒိုးတင်မယ့် သူများ ဒီအတိုင်း လုပ်ပေးလိုက်ပါ..။ Win USB Maker ကို ၂ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ အောက်ကပုံအတိုင်း ပေါ်လာရင် အောက်ကပုံလေးအတိုင်း တခုချင်းစီ လိုက်ပြောင်းပေးလိုက်ပါ..။ မျှားပြထားတဲ့ နေရာကတော့ မိမိတို့ ဖိုင်တွေ ပြန်ပေါင်းလိုက်လို့ ရလာတဲ့ ISO ဖိုင်ကို သွားရွေးပေးရမှာပါ..။ အောက်က ဒုတိယပုံအတိုင်းပါ..။ USB 8-GB ကို အရင်တပ်ထားဖို့ မမေ့ပါနဲ့..။ 




အားလုံး အဆင်သင့် ဖြစ်ရင်တော့ Make it Bootable စာသားကို တချက်ကလစ်ပေးလိုက်ပါ..။
 




အပေါ်ပုံအတိုင်း ပေါ်လာရင် Yes နှိပ်ပေးလိုက်ပါ..။ သတိပြုရမှာက အခုအသုံးပြုမယ့် USB ထဲမှာ Data တွေ ထည့်မထားဖို့ပါ..။ ဒီကောင်လေးက အားလုံးကို ဖျက်ပစ်ပြီးမှ ISO ဝင်းဒိုးဖိုင်ကို ထည့်ပေးပါလိမ့်မယ်..။ အောက်ကပုံအတိုင်း အလုပ်လုပ်နေပါပြီ..။ မိနစ်-၄၀ လောက်ကြာမှာ ဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်နေပေးလိုက်ပါ..။




အပေါ်က အဆင့်နေရာမှာ ကြာနေမှာ ဖြစ်ပြီး အောက်ကပုံအတိုင်း Done နဲ့ Success စာသားပေါ်လာရင်တော့ OK ပေးလိုက်ပါ..။ ဒါဆိုရင် ဒီ USB လေးနဲ့ ဝင်းဒိုးတင်လို့ ရသွားပါပြီ..။



 ဝင်းဒိုးတင်တာကတော့ ခါတိုင်းနဲ့ အတူတူပါပဲ..။ ဝင်းဒိုးမတင်တတ်သေးတဲ့ သူများကတော့ ဝင်းဒိုးတင်နည်း လေ့ကျင့်ခန်း ပိုစ့်ကို ကြည့်ပြီး လုပ်နိုင်ပါတယ်..။
---------------------------------------------------------------------------------------------------------


ဒီအောက်က ပုံလေးတွေကတော့ ဒီဝင်းဒိုးကို ကျနော် တင်ပြီးတဲ့ အခါမှာ မြင်တွေ့ရတဲ့ ပုံလေးတွေပါ..။


ဝင်းဒိုးတင်ပြီးသွားရင်တော့ Apple OS တွေ အတိုင်း အောက်ကပုံလိုမျိုး မြင်တွေ့ ရမှာပါ..။ ဒါကတော့ ကျနော့်စက်အသေးလေး တလုံးနဲ့ စမ်းထားတဲ့ ပုံလေးတွေပါ..။ Apple OS ရဲ့ Wallpaper လေးတွေကို Windows 7 အတိုင်း အထဲမှာ ဝင်ပြောင်းယူလို့ ရပါတယ်..။ ကျနော်က Apple OS နဲ့ ပိုတူအောင် Taskbar ကို အပေါ်ကို ပြောင်းတင်ထားတာပါ..။ အောက်ကပုံလေးတွေကတော့ ဒီဝင်းဒိုးထဲမှာ ပါတဲ့ အမြင် အသစ်အဆန်းလေးတွေပါ...။ အသုံးပြုလိုတဲ့သူများကတော့ လင့်တွေ မပျက်ခင် အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။













8 comments:

  1. ယူသွားပါတယ်ဆရာလွင်ရေ ကျမ်းမာပျော်ရွင်တဲ့ဘဝလေးအမြဲပိုင်ဆိုင်နိုင်မှာ မလွဲပါဘူး ဆရာ ကျမ်းမာပါစေ ချမ်းသာပါစေ ကောင်မချောချောလှလှလေးတွေရဲ့အပျိုတိုင်းကြိုက် နှင်းဆီ ခိုင် ဖြစ်ပါစေလို့ဆုတောင်းပေးပါခင်ဗျာ...လေးစားလျှက်...

    ReplyDelete
  2. ကိုလွင်မင်းဗိုလ်ရေ မင်္ဂလာပါခင်ဗျာ
    ကျွှန်တော့်ကွန်ပြူတာက acer Aspire M1935 ဖြစ်ပါတယ် ဝယ်ထားတာလည်း ၃ လကျော်ကျော်လောက်ပဲရှိသေးတယ်
    ပထမဆုံးတင်တဲ့ဝင်းဒိုး ၇ ကတော်တော်ကောင်းပါတယ် ဒါပေမဲ့ ၃ လလောက်ကြာတော့ ဗိုင်းရပ်(စ်) ကြောင့်ထင်တယ်
    restart ခဏခဏ ကျတယ် ကျွှန်တော်လည်းဝင်းဒိုးအသစ်ပြန်တင်လိုက်တယ် အရင်ဝင်းဒိုးပါပဲ .....
    ဝင်းဒိုးတင်တဲ့အချိန်မှာ partition ပိုင်းတဲ့နေရာရောက်တော့ ကျွှန်တော် partition အားလုံးကို format ချပြီးတော့ deleteလုပ်လိုက်တယ် ပြီးတော့ပြန်ခွဲတယ် ဝင်းဒိုးကိုဆက်တင်လိုက်တယ်
    ဒါပေမဲ့ စက်ဝယ်တုန်းကပါတဲ့ driver မူရင်းခွေက install လုပ်လို့မရတော့ဘူးအကို အခွေက မပျက်သေးပါဘူး install လုပ်လိုက်ရင် Open host protected area failed.For driver download, please visit support.acer.com. လို့ပဲပေါ်တယ် driver ခွေက 2.35MB ပဲရှိတာပါ ဒါပေမဲ့အင်တာနက်သုံးလို့မရဘူး iso ဖိုင်တွေကို Auto run မတတ်တော့ဘူး acer.com မှာ Lan driver ဒေါင်းပြီးထည့်တော့ အင်တာနက်တော့သုံးလို့ရပါပြီ
    ကျွှန်တော့်မူရင်း driver သွင်းလို့မရတာကိုဖြေရှင်းလို့ရပါသလား ဒီအတိုင်းသုံးရတာ သိပ်အဆင်မပြေဘူးဖြစ်နေလို့ပါ
    ဆော့ဝဲတွေသွင်းရင် ERROR တက်တာတွေကြုံရပါတယ် အရင်ကမဖြစ်ပါဘူး ကျွှန်တော်လို ဖြစ်တဲ့စက်တွေရောရှိလား
    ရှိကြမယ်ဆိုရင် အားလုံးအတွက် ကူညီပါဦး အကိုရေ ကျွှန်တော်ကအမြဲတမ်းအကိုဆိုဒ်ကို အားကိုးနေရတာပါ အခုဝင်းဒိုးကို
    လည်းဒေါင်းပြီးသွားပါပြီ ကျေးဇူးအများကြီးတင်ပါတယ် ဒီဝင်းဒိုးကိုမတင်ခင် အကိုရဲ့ Reply ကိုမျှော်နေမယ်နော်
    ကိုလွင်မင်းဗိုလ် ဘဝမှာလိုတိုင်းတ တတိုင်းရ ပါစေ

    ReplyDelete
    Replies
    1. အခုနောက်ပိုင်းမှာ ကျနော် Reply တွေ သိပ်မလုပ်နိုင်တော့ပါ..။ အလုပ်ကတဖက်နဲ့ ပိုစ့်တင်ဖို့နဲ့ လုံးပန်းနေရတာနဲ့ အချိန်မလုံလောက်တော့လို့ပါ..။ Windows 7 တင်တဲ့ စက်တိုင်း Driver တွေ လိုတတ်ပါတယ်.. ရှားရှားပါးပါး တချို့စက်တွေမှာတော့ Windows 7 တင်ပြီးတာနဲ့ Driver တခုမှ ထည့်ဖို့မလိုတော့ပဲ တန်းသုံးလို့ ရတဲ့စက်တွေလည်း ကြုံတွေ့ဖူးပါတယ်..။ Driver တွေလိုအပ်လို့ရှိရင် ကွန်ပျူတာတိုင်းရဲ့ မူရင်း ဆိုဒ်တွေမှာ သွားဒေါင်းယူလို့ ရပါတယ်..။ Driver အားလုံး တခုချင်းစီ ခွဲပြီး အစုံ တင်ပေးထားကြပါတယ်..။ ဒါကြောင့် မိမိစက်မှာ လိုအပ်တဲ့ Driver မှန်သမျှကို စက်ရဲ့ မူရင်းဆိုဒ်မှာ သွားပြီး ဒေါင်းယူ ၊ Install ထည့်ပေးလိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်..။ အခုနောက်ပိုင်းတော့ Windows 8 မှာ Driver လိုအပ်တဲ့ ပြဿနာ သိပ်မရှိတာကို တွေ့ရပါတယ်..။ ပါတေးရှင်း အပိုင်းခွဲပြီး Windows 8 လည်း စမ်းသုံးကြည့်ပါ..။ အဆင်ပြေနိုင်ပါတယ်..။

      Delete
  3. အခုလို မအားတဲ့ကြားတည်းက ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  4. အစ်ကို လွင်ရေ အရမ်းကိုကျေးဇူတင်မိပါတယ်ဗျာ။ Thanks Sir.

    ReplyDelete
  5. ကိုလွင် .. Windows 7 Ultimate SP1 + Mac OS X Edition 2013 ၀င်းဒိုးတင်တော့ password နေရာကိုဘာမှမပေးပဲ next ပဲလုပ်လိုက်တယ်။
    နောက်ပြီးဝင်းဒိုးကို restart ချလိုက်တော့ user name နဲ့ password တောင်းလာပါလေရောပဲ။
    ကိုယ် မပေးထားမိတဲ့ password ကိုဘယ်လိုလုပ်ပြီးဖြေရှင်ရပါလိမ့်။ ဆရာရယ် အီးဟီးဟီး

    ReplyDelete
  6. မင်္ဂလာပါအစ်ကိုလွင် ကျေးဇူးပြုပြီး ဒီဝင်းဒိုးလေးပြန်တင်ပေးပါလားအစ်ကို ကျနော်လိုချင်လို့ ပါ ကျေးဇူးအထူးတင်ရှိပါတယ်

    ReplyDelete
  7. အကိုကျွန်တော်computerကwindow7တင္လို့မရဘူးဘာလို့လဲခင္မ်

    ReplyDelete