Trojan Killer 2.1.5.4 Final



Trojan Killer 2.1.5.4 နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို အသုံးပြုတဲ့အခါမှာတော့ Trojan လို့ခေါ်တဲ့ စက်ကို လေးအောင်၊ ဟမ်းအောင် လုပ်တတ်တဲ့ ဗိုင်းရပ်စ်တွေကို ဒီကောင်လေးက ဖယ်ရှားပေးနိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် မိမိတို့ စက်ထဲမှာ သိမ်းထားဖို့ လိုအပ်တဲ့ crack , patch , keygen တွေကို အရင်ဆုံး WinRAR နဲ့ ချုပ်ပြီး သေချာတဲ့ USB ထဲမှာ ပြောင်းပြီးသိမ်းထားလိုက်ပါ..။ ဘာလို့လဲဆိုတော့ ဒီ Trojan Killer ပရိုဂရမ်က အဲ့ဒီကောင်လေးတွေ အားလုံးကို ဗိုင်းရပ်စ်ဆိုပြီး ဖျက်ပစ်မှာပါ..။ အောက်မှာ ပုံလေးတွေနဲ့ ကျနော်အသုံးပြုထားတာကို ကြည့်နိုင်ပါတယ်..။  crack , patch , keygen တွေ မရှိတော့ရင် ကျနော်တို့အတွက် ဆော့ဝဲလ်တွေကို ဖူးသုံးဖို့ ခက်သွားပါလိမ့်မယ်..။ ဒီကောင်လေးတွေက မရှိလို့လည်း မဖြစ်၊ ရှိပြန်ရင်လည်း Antivirus နဲ့ မတည့်တဲ့အတွက် အကောင်းဆုံးနည်းက သီးသန့်ဒီကောင်လေးတွေကိုပဲ စုပြီး USB တခုနဲ့ ပြောင်းသိမ်းထားလိုက်ရင် ပိုအဆင်ပြေပါလိမ့်မယ်..။ အသုံးပြုနေတဲ့ အခါမှာ Trojan တစ်ကောင်တွေ့ရင် တခါ ဥြဿဆွဲပြီး အသံပေးပါလိမ့်မယ်..။ အသစ်တွေ့တိုင်း ဒီလို အသံမျိုးနဲ့ အချက်ပြပေးပါလိမ့်မယ်..။ အားလုံးပြီးသွားရင်တော့ အောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း ဗိုင်းရပ်စ်အားလုံးကို Remove နဲ့ ဖျက်ပေးလိုက်ပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ အဆင်ပြေပါတယ်..။ အောက်မှာလည်း patch ထည့်ပြထားပြီး အသုံးပြုပုံပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း အမှန်ခြစ်ဖြုတ်ပြီး Finish နဲ့ ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ အရင်တုန်းက patch ဖိုင်ထည့်နည်းပိုစ့်တွေ အတိုင်း ဒီကောင်လေးကို patch နဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း patch ဖိုင်ထည့်ပြီးသွားရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။


ဒီကောင်လေးကို ၂ချက်တောက်ပြီး ဖွင့်လိုက်တာနဲ့ တန်းပြီး အလုပ်လုပ်ပါလိမ့်မယ်..။ လွှတ်ပေးထားလိုက်ပါ..။



အပေါ်ပုံနဲ့ အောက်ပုံအတိုင်း ဗိုင်းရပ်စ် Trojan တွေကို ရှာတွေ့တဲ့အခါ အနီရောင်နဲ့ ပြပေးထားပါတယ်..။


100% ပြည့်သွားရင်တော့ အောက်ကပုံအတိုင်း Remove Selection ကိုနှိပ်ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း Finish စာသားပေါ်လာရင် OK ပေးလိုက်လို့ ရပါပြီ..။ အပေါ်ပုံတွေကတော့ Quick Scan နဲ့ သွားတာပါ..။ ပိုပြီးသေချာချင်ရင်တော့ အောက်ကပုံအတိုင်း Full scan နဲ့ ထပ်စစ်ပေးလိုက်ပါ..။ ဒီလိုဆိုရင် ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ 


အားလုံးပဲ အဆင်ပြေကြပါစေ..

No comments:

Post a Comment