ဒေါင်းလော့လင့် ယူတဲ့နေရာမှ Get Unlock Code ကို ဒီလိုကျော်ရအောင်


 ဒါကတော့ Tiny Paste ဆိုဒ်က Get Unlock Code ကိုအလွယ်ကျော်လို့ရမယ့် နောက်မှရလာတဲ့ နည်းအသစ်လေးပါ..။ ကျနော့် Blog မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်တွေကို ဒေါင်းယူဖို့ လင့်တွေ ဝှက်ပေးထားတဲ့ Tiny Paste ဆိုဒ်နေရာက Get Unlock Code ယူရမယ့် စာမျက်နှာကို အကောင့်ဖွင့်စရာ မလိုတော့ပဲ ဒီစာသားလေး /new.php ကို ၎င်းဝဘ်ဆိုဒ်ရဲ့ လိပ်စာ Browser Address Bar ရဲ့နောက်မှာ ထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ရင် ဒေါင်းလော့လင့်တွေကို ယူလို့ရသွားမှာ ဖြစ်ပါတယ်..။ ဒီနည်းက ပိုလွယ်တဲ့အတွက် ပိုစ့်တခုတင်ပြီး ပုံလေးတွေနဲ့ပါ ပြပေးလိုက်ပါတယ်..။ နားလည်လွယ်တဲ့ သူများကတော့ ဒီလောက်ရေးပေးလိုက်ရင် လုပ်တတ်သွားမှာ ဖြစ်ပေမယ့်.. သိပ်မရှင်းသေးတဲ့ သူများအတွက်တော့ ပိုပြီးနားလည်လွယ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အရင်ပိုစ့်တွေတုန်းကလို Get Unlock Code အတွက် အကောင့်ဖွင့်စရာ မလိုတော့ပါဘူး..။ ဒီ /new.php စာသားလေးကို အလွတ်မှတ်ထားလိုက်ရင် နောက်ပိုင်းပိုစ့်တွေက ဆော့ဝဲလ်တွေကိုလည်း ဒီနည်းနဲ့ အလွယ်ဒေါင်းယူလို့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်..။ ပါတ်စ်ဝါဒ့်ကတော့ အရင်တုန်းကလိုပဲ ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကျော်တဲ့နည်းကို သိပ်နားမလည်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။
အောက်ကပုံမှာ ဒီလိုစာမျက်နှာကို မြင်ရတဲ့အခါ မျှားနဲ့ ပြထားတဲ့အတိုင်း Browser ရဲ့ Address Bar ထဲက ဒေါင်းလော့လင့် ပေါ်နေတဲ့ လိပ်စာရဲ့နောက်မှာ ဒီစာသားလေး  /new.php ကိုထည့်ရေးပေးပြီး ကီးဘုတ်မှ Enter တချက်ခေါက် ပေးလိုက်ပါ..။ အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..။



 /new.php စာသားကို ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ရင်တော့ အောက်ကပုံအတိုင်း ဒေါင်းလော့လင့်တွေကို ယူလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေဗျာ..။


1 comment:

Related Posts Plugin for WordPress, Blogger...