Free Ringtone Maker 2.4.0.1079 Final


ဒီကောင်လေးက ဖရီးအသုံးပြုလို့ ရတဲ့ Free Ringtone Maker 2.4.0.1079 Final ဗါးရှင်းလေးပါ..။ MP3 သီချင်းတွေကို မိမိတို့ လိုတဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူလို့ ရတဲ့၊ အသုံးပြုရတာလည်း လွယ်ကူ ရှင်းလင်းတဲ့၊ သီချင်းဖြတ်တဲ့ Tool လေး တခုပါပဲ..။ MP3 မရှိသေးရင်လည်း ဒီကောင်လေးနဲ့ ရိုးရိုးသီချင်းကို MP3 ပြောင်းပေးနိုင်တဲ့ Converter လေးပါ အပိုပါသေးတယ်..။ မိမိတို့ ဖုန်းတွေနဲ့ တခြား ဓါတ်ပုံ Slide Show တွေဖန်တီးဖို့ အတွက် MP3 သီချင်းတွေကို အလွယ်ဖြတ်ဖို့ ဒီ Free Ringtone Maker လေးက အသုံးဝင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.04 MB ပဲ ရှိပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


Install ထည့်တဲ့ အခါမှာတော့ အာက်ကပုံအတိုင်း အမှန်ခြစ်လေး ၂ခု ထည့်ပေးပြီးမှ အင်စတောလ် ထည့်လို့ ရမှာပါ..။ 



တခါတည်း အသုံးပြုမယ်ဆိုရင်တော့ အပေါ်က ပုံအတိုင်း အမှန်ခြစ်တပ်ပြီး Finish ပေးလိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မျှားအနီနေရာကနေ MP3 သီချင်းတွေကို ဖြတ်ယူမှာပါ..။ မျှားအပြာရောင်ကတော့ ရုပ်ပုံပါတဲ့ သီချင်းတွေကို MP3 ပြောင်းယူဖို့ အတွက် အသုံးဝင်တဲ့ Converter လေးပါ..။ အဲ့ဒီတခုကိုတော့ မိမိကိုယ်တိုင်သာ စမ်းသုံးကြည့်ပါ..။ ကျနော်ကတော့ ဒီပိုစ့်အတွက် MP3 ဖြတ်တာကိုပဲ ပြပေးလိုက်ပါတယ်..။ ဒါကြောင့် မျှားအနီနေရာကို နှိပ်သွားလိုက်ပါတယ်..။ ဆက်ကြည့်ပါဗျာ..။


အပေါ်ပုံက မျှားအနီနေရာကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်း သီချင်းရွေးယူရမယ့် ဘောက်စ်လေးပေါ်လာတဲ့ အခါ မိမိတို့ သိမ်းထားတဲ့ သီချင်းရှိတဲ့နေရာကို သွားပြီး မိမိတို့ ဖြတ်ယူလိုတဲ့ MP3 သီချင်းကို ရွေးယူလိုက်ပါ..။ ကျနော်ကတော့ အောက်ကပုံအတိုင်း သီချင်းတပုဒ်ကို ယူလိုက်ပါတယ်..။


ပုံရဲ့ အပေါ်ဘားတန်းမှာ ပြထားတဲ့ အတိုင်း 1-2-3 အဆင့်သုံးဆင့် အတိုင်း လုပ်ပေးရမှာပါ..။ အခုဒီအဆင့်ကတော့ အဆင့် ၂ကို ရောက်နေပါပြီ..။ အောက်ကပုံအတိုင်း သီချင်းကို နားထောင်ပြီး မိမိတို့ ဖြတ်ယူချင်တဲ့ အပိုင်းလေးကိုပဲ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ဖြတ်ယူလိုက်ပါ..။


Fade in / Fade out မှာ ကျနော်ကတော့ အမှန်ခြစ်လေး ထည့်ပေးပြီးမှ Next ကို နှိပ်ပါတယ်..။  Fade in / Fade out က သီချင်းမှာ ဘယ်လိုသက်ရောက်လဲဆိုတော့ မိမိဖြတ်လိုက်တဲ့ သီချင်းက တခါတည်း တန်းလာတာမျိုး မဟုတ်ပဲ တိုးရာကနေ ကျယ်လာတာပါ..။ ပြီးဆုံးတဲ့ အခါမှာလည်း ဖြေးဖြေးချင်း တိုးပြီး ပိတ်သွားတာပါ..။ ဒီနေရာမှာ Fade in / Fade out နဲ့ ဆိုင်ပါတယ်..။ 
မိမိတို့ စိတ်ကြိုက်ဖြစ်ရင်တော့ ဖြတ်လို့ ရပါပြီ..။ အဆင့် ၃ အတိုင်း အောက်ကပုံမှာ ပြထားတဲ့ မျှားနေရာကို နှိပ်ပြီး သီချင်းကို ဖြတ်ပါပြီ..။ 


ဖြတ်လိုက်တဲ့ သီချင်းကို သိမ်းရမယ့် ဘောက်စ်လေး ပေါ်လာရင် အောက်ကပုံအတိုင်း Desktop >> File Name >> Save လိုက်ရင် ဒီသီချင်းလေး Desktop ပေါ်မှာ ရောက်သွားပါပြီ..။ 



အပေါ်ပုံကတော့ Processing အလုပ်လုပ်နေတာဖြစ်လို့ ခဏလေး စောင့်ပေးလိုက်ပါ..။ ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ကျနော် ဖြတ်လိုက်တဲ့ သီချင်းလေးကို ရရှိပါပြီ..။ ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။


No comments:

Post a Comment