System Speed Booster 3.0.0.2 Final

ဒီကောင်လေးကတော့ System Tool လေးတခုပါပဲ..။ ကျနော်တို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် Registry Error တွေနဲ့ အမှိုက်တွေကို ရှင်းပေးနိုင်တဲ့ ပရိုဂရမ်ကောင်းလေးတခုပါ..။ အသုံးပြုရတာလည်း လွယ်ကူပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်နည်းကတော့ အရင်တုန်းက ပိုစ့်တွေမှာ လုပ်ပြထားခဲ့တဲ့ နည်းတွေနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ crack ဖိုင်ထည့်တာကို ပုံအနည်းအငယ်နဲ့ပဲ ပြပေးထားပါတယ်..။ အသုံးပြုပုံကိုတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုပြီးတဲ့ အခါတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုပါ..။ လေးနေတဲ့စက်တွေမှာတော့ ပိုပြီးသိပါတယ်..။ အရင်ကထက်ပိုမြန်၊ ပိုသွက်လက်လာတာကို လက်တွေ့ သိမြင်ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


 အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီးတာနဲ့ crack ဖိုင်လေး ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။





Apply >> Ok ပေးလိုက်ရင်တော့ ဒီကောင်လေးကို ဖွင့်ပြီး အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။





အပေါ်က ပုံလေးတွေအတိုင်း No problem ဆိုရင်တော့ ဒီကောင်လေးကို ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ အရင်ကထက် ပိုမိုသွက်လက်နေပါလိမ့်မယ်..။
ဒီအောက်ကပုံမှာပြထားတဲ့ အတိုင်း လုပ်ကြည့်ချင်တဲ့သူများကတော့ ဆက်လုပ်နိုင်ပါတယ်..။ ကျနော်ပြပေးတဲ့ ပုံလေးတွေကတော့ ဒီပိုစ့်မှာ ဒီလောက်ပါပဲ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment