Windows 7 Theme Spooky

ဒီ Theme Spooky လေးကိုလည်း အရင်ပိုစ့်တွေ အတိုင်း (C:) >> Windows >> Resources >> Themes ဖိုဒါထဲမှာ သွားထည့်ပေးရမှာ ဖြစ်ပြီး အသုံးပြုရလွယ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ ပုံလေးတွေ အတိုင်း အဆင့်ဆင့် လိုက်လုပ်ပေးပြီးသွားရင်တော့ အပေါ်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။



ဒီဖိုင်လေးထဲမှာ ဖိုင်၂ခုပါလာမှာဖြစ်ပြီး အောက်ကပုံလေးနဲ့ ပြပေးထားတဲ့ အတိုင်း Thema ဆိုတဲ့ ဖိုင်ထဲမှာ Spooky ဆိုတဲ့ ဖိုင်၂ခုကို လက်ပေးပြီး copy ယူလိုက်ပါ..။


ပြီးရင်တော့ အောက်ကပုံအတိုင်း Computer ကနေ (C:) အပိုင်းကို ဖွင့်ပြီး အောက်ကပုံလေးတွေ အတိုင်း တခုချင်းစီး ဖွင့်ဝင်သွားလိုက်ပါ..။





Themes ဖိုဒါထဲ ရောက်ရင်တော့ အပေါ်က copy နဲ့ယူလာတဲ့ ဖိုင်၂ခုကို paste နဲ့ ထည့်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း Desktop မှာ >> Right Click >> Personalize ကိုကလစ်လိုက်ရင် Spooky ဆိုတဲ့ Icon လေးကို တွေ့ရပါပြီ..။ အဲ့ဒီပုံလေးကို တချက်ကလစ်လိုက်ရင် အောက်ဆုံးပုံလေးအတိုင်း မိမိတို့ရဲ့ Desktop မှာ ပြောင်းလဲသွားပါပြီ..။  



Wallpaper အသစ်လေးတွေနဲ့ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ..။

No comments:

Post a Comment