Acoustica Premium Edition 6.0.8 Final

Acoustica - Easy to use Audio and Music Recording software. Mix, Edit, Burn, Convert, Label, Record and Create.
ဒီကောင်လေးရဲ့ အသုံးဝင်ပုံတွေက အပေါ်မှာ ဖေါ်ပြပေးထားတဲ့ အတိုင်းပါပဲ..။ သီချင်းတွေနဲ့ အပြင်က အသံတွေကို ဒီကောင်လေးက (Recording) အသံဖမ်းပေးနိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ဒီကောင်လေးကို အသံဖမ်းတတ်အောင်နဲ့ သီချင်းတွေကို Effect တွေ ထည့်သုံးလို့ ရတဲ့ နေရာလေးတွေမှာ အသုံးပြုတတ်အောင်ပဲ ပြပေးထားပါတယ်..။ တခြား အသုံးပြုနည်းတွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာစမ်းသုံးကြည့်ပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Install ပြီးတာနဲ့ အဲ့ဒီ crack ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ ရသွားပါပြီ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။




Install ပြီးတာနဲ့ အပေါ်က ပုံအတိုင်း ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း crack ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။



ဒီကောင်လေးကို ဖွင့်သုံးတဲ့အခါမှာ အောက်ကပုံလေးတွေ အတိုင်း လုပ်သွားလိုက်ပါတယ်..။



အပေါ်ပုံမှာတော့ မိမိတို့ အသုံးပြုမယ့် အပိုင်းကို ရွေးယူရမှာပါ..။ ကျနော်ကတော့ New ကနေပဲ သွားလိုက်ပါတယ်..။ အောက်ကပုံအတိုင်း သီချင်းတပုဒ်ကို ယူပြီး Effect တွေနဲ့ လိုသလို အသံပြောင်းလဲ ယူလို့ ရပါတယ်..။



Effect နေရာက ပေါ်လာတဲ့ Effect Tools တွေကို တခုစီလိုက်စမ်းသုံးကြည့်ရမှာပါ..။ ဒီအဆင့်မှာတော့ ကျနော် ဒီတခုပဲ ပြပေးထားပါတယ်..။ အောက်ကပုံအတိုင်း Preview ကနေ သီချင်းကို ဖွင့်ထားပြီး Effect ထည့်လို့ရတဲ့ Fine Tune , Volume , Pan စတဲ့ Button လေးတွေကို လိုသလို မောက်စ်မျှားနဲ့ ရွှေ့ယူလိုက်ရင် အသံကို အမျိုးမျိုး ကြားရပါလိမ့်မယ်..။ အဲ့ဒီအတိုင်း သိမ်းချင်ရင်တော့ OK ပေးပြီး သိမ်းလိုက်လို့ ရသွားပါပြီ..။


အောက်ကပုံလေးတွေကတော့ အပြင်မှာ ကြားနေရတဲ့ စကားပြောသံ၊ သီချင်းသံ စသဖြင့် မိမိတို့ အသံ ဖမ်းထားလိုတဲ့ အချိန်မှာ ဖွင့်ပြီး အသံဖမ်းယူထားလို့ ရတဲ့ နေရာလေးနဲ့ လုပ်တတ်အောင် ပြပေးထားတာပါ..။



အပေါ်ကပုံအတိုင်း Record ကိုနှိပ်ပြီး အသံစဖမ်းလို့ ရပါပြီ..။ ရပ်တော့မယ်ဆိုရင်တော့ Pause ကို နှိပ်ပေးလိုက်ပါ..။ သိမ်းဖို့ကတော့ အောက်ဆုံးက Keep ကိုနှိပ်ပြီး သိမ်းလိုက်လို့ ရပါပြီ..။


မိမိတို့ ဖမ်းယူထားတဲ့ အသံကို အောက်ကပုံအတိုင်း Play ကနေ ပြန်နားထောင်ကြည့်လို့ ရပါတယ်..။


မိမိတို့ ဖမ်းယူထားတဲ့ အသံဖိုင်ကို သိမ်းမယ်ဆိုရင်တော့ အောက်ကပုံအတိုင်း Save as ကနေ သိမ်းလို့ရပါပြီ..။



အပေါ်က ပုံအတိုင်း Mp3 ဖေါ်မတ်နဲ့ သိမ်းလိုက်လို့ ရပါပြီ..။ ပြီးသွားရင်တော့ Desktop မှာ အောက်ဆုံးကပုံအတိုင်း မိမိတို့ အသံဖမ်းယူထားတဲ့ ဖိုင်လေးကို ဖွင့်၍ နားထောင်လို့ ရသွားပါပြီ..။


အားလုံးပဲ အဆင်ပြေကြပါစေ..။

2 comments:

  1. ဒေါင်းမရတော့ဘူးအကို...

    ReplyDelete
  2. ရပါတယ်....အကို အခုပဲ ညီလေး download ဆွဲလိုက်တာ

    ReplyDelete