Portable Crazy Taxi For PC


 အပေါ်က ပုံလေးကတော့ ဒီဂိမ်းလေးကို ကျနော် စမ်းကစားထားတဲ့ ပုံလေးပါ..။ Portable လေးမို့ ၂ချက်တောက်ပြီး ကစားလို့ ရပါပြီ..။ အညွှန်းတွေကတော့ အဆင့်လိုက်ပုံမှာ ပေါ်နေတဲ့ ကီးတွေကို နှိပ်ပြီး ဝင်သွားရမှာပါ..။ ဥပမာ အောက်ကပုံမှာ ပြထားတဲ့ A ကီးကို ပြထားရင် အဲ့ဒီအဆင့်မှာ A ကီးနဲ့ ဝင်ရမှာပါ..။ ကစားတဲ့အခါမှာတော့ ကီးဘုတ်က မျှားလေးခုနဲ့ပဲ ကစားရတာပါ..။ အချိန်သတ်မှတ်တဲ့နေရာမှာ ရွေးလို့ရပြီး ကစားတဲ့အခါမှာတော့ မြင်သမျှ အကုန်လိုက်တိုက်ပစ်လို့ (အပေါ်ကပုံအတိုင်း) အမှတ်တမှတ်မှ မရပါဘူး..။ 3D မြင်ကွင်းနဲ့ ဖန်တီးထားလို့ ကစားလို့ကောင်းတဲ့ ဂိမ်းလေးပါ..။ ဒီဂိမ်းလေးကို ကစားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20 MB ရှိပါတယ်..။ ဝင်ရမယ့် နေရာတွေကို အောက်မှာ ပုံအနည်းငယ်နဲ့ ပြပေးထားပါတယ်..။


၂ချက်တောက်ပြီး အောက်ကပုံလေးတွေအတိုင်း နှိပ်ပေးလိုက်ရင် ကစားလို့ ရသွားပါပြီ..။



အောက်ကပုံမှာ မျှားပြထားတဲ့ နေရာက အညွှန်းတွေကတော့ အဆင့် တဆင့်နဲ့ တဆင့် မတူပါဘူး..။ အဲ့ဒီနေရာတွေကို ကြည့်ပြီး ဝင်ရမှာဖြစ်ပါတယ်..။




1 comment:

  1. ဒေါင်းသွားတယ်အကိုရေခဲတောင်မှာမောင်နေသလိုပဲ့မြန်လိုက်တာအလုပ်အကိုင်ဆင်ပြေပါစေ

    ReplyDelete