Photo Collage Max 2.2.0.6


Photo Collage Max 2.2.0.6 နောက်ဆုံးထွက်တော့ မဟုတ်သေးပါ..။ ဒီကောင်လေးနဲ့  မိမိတို့ရဲ့ ပုံတွေကို ဖရိန်တခုထဲမှာ ထည့်ပြီး ပုံတွေအများကြီးကို ပြန်ပြီး ပုံတခုအဖြစ် ထုတ်ပေးနိုင်တဲ့ ဓါတ်ပုံပြင်ဆင်ဖို့ ကောင်းမွန်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ အရင်တုန်းကလည်း ဒီလိုမျိုး ဓါတ်ပုံတွေကို ဖရိန်လေးတွေနဲ့ အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်လေးတွေ တင်ပေးဖူးပါတယ်..။ ဒါလေးကတော့ နောက်တမျိုးပါ..။ ဒီကောင်လေးမှာ အပိုပါတာတွေက Greeting Card နဲ့ Calendar တွေကိုပါ မိမိတို့ ပုံလေးတွေနဲ့ ပြုလုပ်လို့ ရပါသေးတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင်ပါ Patch ဖိုင်လေး ဒီဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို ပိုစ့်တော်တော်များများမှာ လုပ်ပြထားပြီးသားမို့ ဒီပိုစ့်မှာတော့ Patching Done ဖြစ်တဲ့ နေရာကိုပဲ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  34 MB ရှိပါတယ်..။ အသုံးပြုတတ်အောင် ဒီကောင်လေးကို အရင်တုန်းက ပိုစ့်ဖြစ်တဲ့ Photo Collage Max 2.1.7.8 ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။

ပါတ်စ်ဝါ့ဒ်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဆော့ဝဲလ်တွေ ဒေါင်းယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။  


ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း ပိတ်ပစ်လိုက်ပြီး patch ဖိုင်ထည့်ပြီး အရင် ဖူးသုံးလို့ ရအောင် လုပ်ပေးလိုက်ပါ..။





2 comments:

  1. လင့်ခ်သေနေပြီအကိုရေ...
    ပို့စ်အားလုံးအတွက်ကျေးဇူးပါ။

    ReplyDelete
  2. ဒေါင်းလို့မရဘူးအကို
    အမြဲတမ်းကျေးဇူးတင်ပါတယ်

    ReplyDelete