Photo Collage Max 2.1.7.8 Final

Photo Collage Max ဆော့ဝဲလ်လေးက မိမိတို့ရဲ့ ပုံတွေကို ဖရိန်တခုထဲမှာ ထည့်ပြီး ပုံတွေအများကြီးကို ပြန်ပြီး ပုံတခုအဖြစ် ထုတ်ပေးနိုင်တဲ့ ဓါတ်ပုံပြင်ဆင်ဖို့ ကောင်းမွန်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ အရင်တုန်းကလည်း ဒီလိုမျိုး ဓါတ်ပုံတွေကို ဖရိန်လေးတွေနဲ့ အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်လေးတွေ တင်ပေးဖူးပါတယ်..။ ဒါလေးကတော့ နောက်တမျိုးပါ..။ ဒီကောင်လေးကမှာ အပိုပါတာတွေက Greeting Card နဲ့ Calendar တွေကိုပါ မိမိတို့ ပုံလေးတွေနဲ့ ပြုလုပ်လို့ ရပါသေးတယ်..။ အောက်မှာတော့ ကျနော် နမူနာတခု လုပ်ပြထားပြီး.. ဒီကောင်လေးကို ဖူးသုံးလို့ ရအောင်ပါ Patch ဖိုင်လေး ဒီဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို ပိုစ့်တော်တော်များများမှာ လုပ်ပြထားပြီးသားမို့ ဒီပိုစ့်မှာတော့ Patching Done ဖြစ်တဲ့ နေရာကိုပဲ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34.1 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။


Install ထည့်ပြီးရင်တော့ အောက်ကပုံအတိုင်း အမှန်ခြစ်ဖြုတ်ပြီး Finish ပေးပါ..။


ပြီးရင်တော့ Desktop မှာပေါ်နေတဲ့ ဒီကောင်လေးရဲ့ Icon လေးပေါ်မှာ Right Click >> Properties >> Open File Lacation >> ဒေါင်းလော့ဖိုင်ထဲမှ Patch ကို copy-paste နဲ့ ထည့်ပါ..။ အောက်ကပုံမှာ ပြထားတဲ့ နံပါတ်စဉ်တိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ပါ..။ ( လိုအပ်ရင်တော့ patch ဖိုင်ထည့်နည်းပိုစ့်တွေမှာ ပြန်ကြည့်လိုက်ပါ.. )


patch နဲ့ဖူးဖြစ်သွားပြီ ဆိုရင်တော့ ဒီကောင်လေးကို ၂ချက်တောက်ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ ကျနော်ကတော့ Photo Wall နဲ့ လုပ်ပြထားပါတယ်..။


အောက်ကပုံမှာတော့ Add Folder ကနေ ပုံတွေရှိတဲ့ဆီကို သွားယူပါတယ်..။ တပုံချင်းစီ ရွေးယူမယ်ဆိုရင်တော့ Add Photo နေရာကို နှိပ်ပြီး ယူပါ..။



အပေါ်ပုံအတိုင်း ဖရိန်တခု ရွေးပေးရပါတယ်..။


အပေါ်ပုံအတိုင်း မြင်ရရင် Edit ကိုနှိပ်ပြီး ပုံတွေကို ပြင်လို့ ရပါတယ်..။ အောက်ကပုံအတိုင်း မိမိပြင်ချင်တဲ့ ပုံကို ၂ချက်တောက်ပြီး ပြင်လိုက်ပါတယ်..။


စိတ်ကြိုက်ဖြစ်လို့ သိမ်းမယ်ဆိုရင်တော့ အောက်ကပုံအတိုင်း သွားလိုက်ပါ..။ File >> Save Collage As Picture ကနေ ဝင်သွားလိုက်ပါ..။



ကျနော်သိမ်းလိုက်တဲ့ ပုံလေး Desktop မှာ ရောက်လာပါပြီ..။ အဲ့ဒီပုံကို ၂ချက်တောက်ပြီး ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ကြည့်လို့ ရပါပြီ..။ အဲ့ဒီပုံပေါ်မှာ Right Click >> Set as desktop background ကိုနှိပ်လိုက်ရင်တော့ အောက်ဆုံးပုံအတိုင်း မြင်ရပါလိမ့်မယ်..။



မိမိတို့ရဲ့ Desktop တခုလုံးကို အပေါ်ပုံအတိုင်း မိမိတို့ရဲ့ ပုံလေးတွေနဲ့ ပြုလုပ်လို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...