CloneDVD Ultimate 7.0.0.3 Final

CloneDVD Ultimate 7.0.0.3 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ DVD ထဲက ရုပ်ရှင်တွေနဲ့ သီချင်းတွေကို မူရင်း Subtitle တွေ မပျောက်ပျက်အောင်၊ မူရင်းအရည်အသွေးအတိုင်း ဒီကောင်လေးက copy ကူးပေးနိုင်ပါတယ်..။ နောက်ပြီး DVD copy အပြင် နောက်ထပ် ဒီကောင်လေးမှာ အသုံးပြုလို့ ရတဲ့ Features တွေကတော့ DVD Ripper, DVD Creator, Video Converter, Slideshow Maker တို့ပဲ ဖြစ်ပါတယ်..။ ဒီပိုစ့်မှာ ကျနော် DVD Copy ကူးတတ်အောင်နဲ့ Slideshow Maker ကို အသုံးပြုပြီး ဓါတ်ပုံစလိုက်ရှိုး လုပ်တတ်အောင်ပါ အသုံးပြုနည်း ၂-မျိုးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဓါတ်ပုံစလိုက်ရှိုးတွေ အတွက် ဆော့ဝဲလ်တွေ မတင်ပေးဖြစ်တာကြာပြီဖြစ်လို့ ဒီကောင်လေးကို အသုံးပြုပြီး ဓါတ်ပုံစလိုက်ရှိုး လုပ်တတ်သွားအောင်ပါ တခါတည်း ပြပေးလိုက်ပါတယ်..။ 
ဒီ CloneDVD ဆော့ဝဲလ်ကို ဖူးဖြစ်အောင် crack ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာဖြစ်ပြီး.. အောက်မှာ ပုံလေးတွေနဲ့ပါ တခါတည်း crack ထည့်နည်း၊ ဖူးလုပ်တတ်အောင် ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 50 MB ရှိပါတယ်..။


 ဒီကောင်လေး Install ပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်း ပိတ်လိုက်ပါ..။ crack ဖိုင်လေးကို အရင်သွားထည့်ပေးရမှာ ဖြစ်ပါတယ်..။


အောက်ကပုံလေးတွေ အတိုင်း crack ဖိုင်လေးကို ထည့်ပေးပြီး ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။





အပေါ်ကပုံလေးအတိုင်း crack ဖိုင်လေး ရောက်သွားရင်တော့ close ကနေ ပိတ်လို့ ရသွားပါပြီ..။ ဒါဆိုရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပြီဖြစ်လို့ ကျနော် အောက်ကပုံလေးတွေ အတိုင်း အရင်ဆုံး DVD ရုပ်ရှင်ကား တစ်ကားကို clone နည်းနဲ့ copy ကူးယူပါတယ်..။ 
ဒီကောင်လေးကို ဖွင့်လိုက်တာနဲ့ မိမိတို့ စက်ရဲ့ DVD Drive က ပွင့်လာမှာ ဖြစ်ပြီး မိမိတို့ copy ကူးယူလိုတဲ့ DVD အခွေထည့်ပေးလိုက်ပါ..။


DVD ရုပ်ရှင် အခွေကို ထည့်ပေးလိုက်တဲ့အခါ အောက်ကပုံလေးအတိုင်း ပေါ်လာရင် ဘာမှ နှိပ်ဖို့ မလိုပါဘူး..။ အောက်ဆုံးက Start ကို နှိပ်ပေးလိုက်ရင် အဆင်ပြေပါပြီ..။


Copy ယူနေတာ ဖြစ်လို့ 100% ပြည့်တဲ့အထိ စောင့်နေပေးလိုက်ပါ..။ 




100% ပြည့်သွားရင်တော့ အပေါ်ကပုံလေးအတိုင်း ပေါ်လာရင် OK ပေးလိုက်လို့ ရသွားပါပြီ..။ မိမိတို့ copy ကူးယူလိုက်တဲ့ DVD မှ ရုပ်ရှင် ကွန်ပျူတာထဲမှာ သိမ်းထားပြီးသား ဖြစ်သွားပါပြီ..။ 
ပိုကောင်းတဲ့ နည်းကတော့ DVD တချပ်လုံးကို အောက်ကပုံအတိုင်း ISO ဖေါ်မတ်နဲ့ သိမ်းရင် ပိုအဆင်ပြေပါတယ်..။ အခွေပြန်ကူးတဲ့ အခါမှာ ပိုလွယ်တဲ့ အတွက်ကြောင့်ပါ..။

<<>==========<>>
အောက်ကပုံတွေမှာတော့ ကျနော် ဓါတ်ပုံတွေနဲ့ စလိုက်ရှိုးလုပ်ပြပေးမှာ ဖြစ်ပါတယ်..။ ဒါကြောင့် Slideshow Maker နေရာကို တချက်ကလစ်ပြီး အောက်ကပုံလေးအတိုင်း တဆင့်စီ လိုက်ပြောင်းပေးလိုက်ပါ..။


အပေါင်းပုံလေးကနေ မိမိတို့ ထည့်ချင်တဲ့ ဓါတ်ပုံတွေကို ထည့်ပေးလိုက်ပါ..။


ဓါတ်ပုံနောက်ခံ MP3 သီချင်းကို အောက်ကပုံလေးအတိုင်း သွားထည့်ပေးလိုက်ပါ..။



အဆင့်ဆင့် ပြင်ဆင်ပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်း အရင်ဆုံး PLAY ကြည့်ပါ..။ အဆင်ပြေတယ်ဆိုရင်တော့ အောက်ဆုံးက Start ကိုနှိပ်ပြီး ဓါတ်ပုံစလိုက်ရှိုး ထုတ်လို့ ရပါပြီ..။


အောက်ကပုံအတိုင်း အပြာရောင် အဝိုင်းနေရာမှာ အမှန်ခြစ်ဖြုတ်မှ အလုပ်လုပ်ပါတယ်..။ 100% ပြည့်တဲ့ အထိစောင့်နေပေးလိုက်ပါ..။


စလိုက်ရှိုးထုတ်လို့ ပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်း တန်းပေါ်လာပါပြီ..။


 ကျနော် MP4 ဖေါ်မတ်နဲ့ ထုတ်လိုက်တဲ့ စလိုက်ရှိုးကို အပေါ်ကပုံအတိုင်း ဖွင့်လို့ ရသွားပြီဖြစ်လို့ အားလုံးပဲ ဒီနည်းအတိုင်း ဒီကောင်လေးကို အသုံးပြုတတ်နိုင်ကြပါစေ..။
 

No comments:

Post a Comment