Leawo Total Media Converter Ultimate 6.1.0.0 Final

ဒီ Converter လေးကလည်း သီချင်းတွေနဲ့ Video တွေကို ဖေါ်မတ်အမျိုးမျိုး ပြောင်းလဲပေးနိုင်တဲ့ Leawo Total Media Converter Ultimate 6.1.0.0 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ သီချင်း၊ Video တွေကို Effects တွေနဲ့ Edit လုပ်လို့ ရပြီး ၊ 3D Effects တွေပါ ထပ်ထည့်လို့ရတဲ့အတွက် ဖိုင်ဆိုဒ်တော့ နည်းနည်းများပါတယ်..။ ဒီ Converter လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ ဒီပိုစ့်မှာ patch နဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင် ပုံလေးတွေနဲ့ ပြန်ပြပေးထားပါတယ်..။ လုပ်နည်းက အရင်တုန်းက patch ဖမ်းနည်းတွေနဲ့ အတူတူပါပဲ..။ မသိသေးတဲ့ သူများအတွက် ပြန်ပြပေးလိုက်ပါခြင်းပါ..။ နောက်ပြီး အသုံးပြုတတ်အောင် လုပ်ပြထားပြီး Edit ကနေ Effects တွေ ထည့်ပြီးအသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်..။ ဒီ Ultimate Converter လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 65 MB ရှိပါတယ်..။


Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း အမှန်ခြစ်ဖြုတ်ပြီး ပိတ်လိုက်ပါ..။ ပြီးရင်တော့ အရင်ဆုံး patch ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပေးရမှာပါ..။


အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့်သွားပြီး patch ဖိုင်လေးထည့်ပေးပြီး ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။






Successfully ဆိုရင်တော့ OK ပေးပြီး ဘောက်စ်တွေ အားလုံး ပိတ်လိုက်လို့ ရသွားပါပြီ..။ ပြီးမှ ဒီကောင်လေးကို ပြန်ဖွင့်သုံးပါ..။



အောက်ကပုံလေးအတိုင်း မိမိတို့ ဖေါ်မတ်ပြောင်းလိုတဲ့ သီချင်းတွေကို သွားယူထည့်လိုက်လို့ ရပါပြီ..။



အေက်ကပုံလေးအတိုင်း သီချင်းရောက်လာရင်တော့ ကျနော် .flv ဖေါ်မတ်နဲ့ ပြောင်းထုတ်ပါတယ်..။ မိမိတို့ လိုအပ်တဲ့ သီချင်းရဲ့ ဖေါ်မတ်တွေကို အောက်ကပုံနေရာမှာ ရွေးယူလို့ ရပါတယ်..။


အောက်ကပုံကတော့ သီချင်းကို Edit နေရာကနေ Effects တွေ ကြိုက်သလို ထည့်လို့ရတဲ့ နေရာလေးပါ..။ အောက်မှာ ပုံလေးတွေနဲ့ ပြထားတဲ့ အတိုင်းပါပဲ..။ 



Water Mark နေရာမှာ မိမိတို့ရဲ့ ပုံလေးတွေနဲ့ ထည့်ပေးလိုက်လို့ ရပါတယ်..။ အောက်ကပုံလေးပါ..။




အောက်ကပုံကတော့ 3D Effects တွေကို ထည့်လို့ ရတဲ့ နေရာလေးပါ..။ 


မိမိတို့ စိတ်ကြိုက် ဖေါ်မတ်ရွေးပြီးလို့ Convert ပြောင်းမယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း မျှားပြထားတဲ့ နေရာကို ကလစ်ပြီး အသုံးပြုလို့ ရပါပြီ..။


100% ပြည့်တဲ့ အထိ စောင့်ပေးလိုက်ပါ..။ 100% ပြည့်သွားရင်တော့ အောက်ကပုံလေးတွေ အတိုင်း သီချင်းရှိတဲ့ ဖိုဒါလေးကို ဖွင့်ပြီး ကြည့်လို့ ရပါပြီ..။



ကျနော် .flv ဖေါ်မတ်နဲ့ ပြောင်းလိုက်တဲ့ သီချင်းလေးကို အပေါ်ကပုံအတိုင်း အဲ့ဒီဖေါ်မတ်နဲ့ ရရှိပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment