Platinum Super Hide IP 3.3.0.6 Final

 Platinum Super Hide IP 3.3.0.6 Final နောက်ဆုံးထွက် Update လေးပါ..။ မိမိတို့ အတွက် ဝင်ကြည့်လို့ မရနိုင်တဲ့ ဝဘ်ဆိုဒ်တွေနဲ့ မိမိတို့ရဲ့ အင်တာနက် လိပ်စာ (IP) ဖျောက်ထားလိုတဲ့ သူများအတွက် ဒီကောင်လေးက အတော်လေး အသုံးဝင်တဲ့ ဆော့ဝဲလ်လေးပါ..။ အရင်ပိုစ့်ဖြစ်တဲ့ Platinum Super Hide IP 3.2.8.2 ဒီကောင်လေးကို အသုံးပြုတတ်အောင် အစ၊အဆုံး ပုံလေးတွေနဲ့ လုပ်ပြပေးခဲ့ပြီ..။ အခုဒီပိုစ့်မှာလည်း ဒီဗါးရှင်းလေးကို ပြန်လည်အသုံးပြုပြထားပါတယ်..။ အသုံးပြုတဲ့ အခါမှာလည်း ဝင်းဒိုး Firewall နဲ့ Antivirus တွေကို ပိတ်ထားပြီးမှ ဒီကောင်လေးကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။
ဒီကောင်လေးက မိမိတို့ အသုံးပြုနေတဲ့၊ IP လို့ခေါ်တဲ့ အင်တာနက်လိပ်စာတွေကို ဖျောက်ထားပေးနိုင်ပါတယ်..။ တနည်းအားဖြင့် တခြားနိုင်ငံတခုရဲ့ IP လိပ်စာကို အစားထိုးပေးနိုင်တဲ့ IP ပြောင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Antivirus တွေကို ပိတ်ထားပြီးမှ ဒီ patch ဖိုင်လေးကို ဖွင့်သုံးလို့ ရပါလိမ့်မယ်..။ patch နဲ့ ဖူးလုပ် အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပြန်လည် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3 MB ပဲ ရှိပါတယ်..။
 


အောက်ကပုံလေးအတိုင်း Browser တွေ မလေးရလေအောင် ဒီကောင်လေးကို Toolbar တွေ ဖြုတ်ပြီးမှ Install ထည့်ပါတယ်..။




Install ပြီးသွားရင်တော့ အပေါ်က ပုံလေးအတိုင်း Finish ပေးပြီး ပိတ်ပါ..။ ပြီးရင် အောက်ကပုံလေးအတိုင်း Patch ဖိုင်လေးကို အရင်ထည့်ပြီး ဖူးသုံးလို့ ရအောင် လုပ်ပေးလိုက်ပါ..။ 





ဒီနေရာမှာ အောက်ကပုံလေးအတိုင်း Install ဝင်သွားတဲ့ ဒီကောင်လေးရဲ့ (C:) ထဲမှ ဖိုင်လေးကို အောက်က ပုံအတိုင်း သွားယူပေးလိုက်ရင် ဒီနောက်ဆုံးထွက် လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



ဒီကောင်လေးကို ဖွင့်သုံးတဲ့ အခါမှာ မိမိတို့ရဲ့ Antivirus တွေနဲ့ Firewall ကို မပိတ်ထားရင် ဒီကောင်လေး အလုပ်မလုပ်နိုင်ပါဘူး..။ ဒါကြေင့် အောက်ဆုံးပုံလေးတွေ အတိုင်း အရင် Antivirus တွေနဲ့ Firewall ကို ပိတ်ထားလိုက်ပါ..။





Antivirus တွေနဲ့ Firewall ကို ပိတ်ပြီးသွားရင် ဒီကောင်လေးကိုပါ အပေါ်ပုံအတိုင်း ပြန်ပိတ်ပြီးမှ ပြန်ဖွင့်သုံးပါ..။ အောက်ကပုံလေးအတိုင်း ကျနော် Argentina IP အင်တာနက် လိပ်စာနဲ့ ကျနော့် Blog ကို ဝင်ကြည့်ထားပါတယ်..။ အရင်ပိုစ့်မှာတော့ အမေရိက လိပ်စာနဲ့ ရုရှားလိပ်တွေနဲ့ လုပ်ပြထားတာ ဖြစ်ပါတယ်..။



အပေါ်က အောက်ဆုံးပုံအတိုင်း ဒီကောင်လေးကို ကောင်းစွာ အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ်..။ အားလုံးပဲ အသုံးပြုတတ်၍ အဆင်ပြေပါစေ..။

1 comment:

  1. patch ဖိုင်က မရဘူးဖြစ်နေတယ်အစ်ကို ဘာဖြစ်လို့လဲ ပြောပြပေးပါ patch file has stopped working ပဲပေါ်နေတယ်အစ်ကို

    ReplyDelete